Premier League

စူပါမန်းလို ရုန်းထလာတဲ့ တူဟယ်လ်ကြောင့် ပဲလေ့စ် 1:4 ချဲလ်ဆီး နိုင်ပွဲအပြီး ထူးထူးခြားခြား ပြောစရာ 7 ချက်

တုံဏှိဘာဝေ ဘဝကနေ ဘီလူးဝင်စီးသွားတဲ့ ခိုင်ဟာဗတ်ဇ်
အမြဲတမ်း မလှုပ်မယှက်နဲ့ တုံဏှိဘာဝေ ကစားနေလို့ ပြင်းထန်တဲ့ ဝေဖန်မှုတွေခံနေရတဲ့ ခိုင်ဟာဗတ်ဇ်က ဒီနေ့မှာတော့ ဝိဉာဉ်အစီးခံရပြီး သရဲမရဲစီးနေသလို ကစားပြသွားတာ အံ့သြယူခဲ့ရတယ်။ ပေါင်သန်း ၇၀ နဲ့ ဘာကြောင့်ထိုက်တန်သလဲဆိုတာကို သူ့ကစားပုံနဲ့ အဖြေထုတ်ပေးသွားခဲ့တယ်။ ပေါ်တိုနဲ့ပွဲက ခြေစွမ်းညံ့ဖျင်းမှုကို ဒီပွဲမှာ ချေဖျက်ပြပြီး တူဟယ်လ်ရဲ့ ယုံကြည်ကိုးစားမှုကို ပြန်လည်ပေးဆပ်ခဲ့တယ်။ ဒီပွဲမှာ ဘီလူးစီးနေသလို ဖိဖိစီးစီးနဲ့ ပြင်းပြင်းပြပြ ကစားသွားခဲ့တဲ့ အကြောင်းရင်းကတော့ False Nine ဆန်ဆန်ကစားရတာက သူ့အတွက်အလွတ်လပ်ဆုံး ကစားခွင့်ရစေတဲ့ နေရာလို့လည်း ခိုင်ဟာဗတ်ဇ်ပြောပြသွားခဲ့တယ်။

ပဲလေ့စ်တိုက်စစ်ကို အစွယ်ချိုးပေးခဲ့တဲ့ ချယ်လ်ဆီးရဲ့ကျောက်ဆောင်ခံစစ်
ချယ်လ်ဆီးရဲ့ စုစည်းမာကျောပြီး ကျစ်လစ်တဲ့ ကျောက်ဆောင်ခံစစ်ရဲ့ တိုက်ဖျက်မှုအောက်မှာ ဘန်တီကီ၊ ဇာဟာ၊ အက်ဇီနဲ့ ဂျော်ဒန် အယူးတို့ ဦးဆောင်တဲ့ ပဲလေ့စ်တိုက်စစ်က အစွယ်ထုတ်ခံထားရသလို ဦးကျိူးသွားခဲ့ရတယ်။ ဘန်တီကီရဲ့ ခေါင်းတိုက်ချက်တခုလောက်သာ ပဲလေ့စ်အတွက် ဖြစ်ဖြစ်မြောက်မြောက်ရှိခဲ့ပြီး ချယ်လ်ဆီးလက်အောက်မှာ ပဲလေ့စ်ရဲ့ တိုက်စစ်၊ ခံစစ်၊ ကွင်းလယ်အားလုံးဟာ အလုံးစုံချေဖျက်ခံခဲ့ရတယ်။

ဝက်စ်ဘရွမ်းကို ၅ ဂိုးပေးရတဲ့ အိပ်မက်ဆိုးထဲက စူပါမန်းလို ရုန်းထလာတဲ့ တူဟယ်လ်
တူဟယ်လ်က ချယ်လ်ဆီးနည်းပြဘဝ အဆိုးရွားဆိုးရလဒ်ကို ဝက်စ်ဘရွမ်း နဲ့ ပရီးမီးယားလိဂ်ပွဲမှာ အိပ်မက်ဆိုးမက်ခဲ့ရတယ်။ တကယ့်ခြောက်အိပ်မက်ဆိုးစစ်စစ်ဖြစ်လို့ ပေါ်တိုနဲ့ပွဲက နိုင်ပွဲက မလုံလောက်ခဲ့ပေမယ့် ပဲ့လေ့စ်ကို ဂိုးပြတ်သွင်းခဲ့တာက သူ့ကို စူပါမန်းလို ရုန်းထနိုင်စေခဲ့တယ်။ တကယ်ဆို ချယ်လ်ဆီးက ၄-၁ ထက်ပိုကောင်းတဲ့ ရလဒ်နဲ့တောင် ထိုက်တန်နေတာဖြစ်ပြီး နောက်ထပ် ၂ဂိုး၊ ၃ ဂိုး ရခဲ့သင့်ပါသေးတယ်။ ဒီနေ့ပွဲစဉ်ကခြေစွမ်းဟာ တူဟယ်လ်လက်ထက်မှာ ချယ်လ်ဆီးရဲ့အပြောင်မြောက်ဆုံးစွမ်းဆောင်ရည်အဖြစ် သတ်မှတ်ရမှာပါ။

တကျော့ပြန်ဂိုးမြူးတဲ့ ပူလီရှစ်ချ်
ဒီနေ့ပွဲမှာ နည်းပြရော ပရိသတ်တွေကပါ ခြေစွမ်းပြန်လည်ပြသဖို့ မျှော်လင့်ခဲ့တဲ့သူက ပူလီရှစ်ချ်ပါ။ သူက ပထမပိုင်းမှာ တဂိုး၊ ဒုတိယပိုင်းမှာ တဂိုးသွင်းယူပြီး အားလုံးကိုကျေနပ်စေခဲ့တယ်။ ပိုပြီးကျေနပ်စရာကောင်းတာတဲ့ ဧရိယာထဲမှာ ဂိုးသွင်းယူဖို့ အချိန်ကိုက်၊ နေရာမှန်မှာ အဆင်သင့်ရှိနေခဲ့တဲ့ သူ့ရဲ့တွက်ချက်မှုစွမ်းရည်၊ ဘောလုံးအမြင်နဲ့ ပါးနပ်မှုတွေကို ပေါင်းစပ်ဖော်ပြသွားခဲ့တာဖြစ်တယ်။

ခိုင်ဟာဗတ်ဇ်၊ မေဆန်မောင့်တို့နဲ့ အတွဲညီခဲ့သလို သူက အန္တရာယ်ကြီးသူအဖြစ် ဘောလုံးလိမ်ခေါက်ကျော်ဖြတ်မှု၊ တိကျပြီး လှပတဲ့ ဘောလုံးပေးပို့မှုတွေနဲ့ ပဲ့လေ့စ်ကို ထိုးနှက်ခြိမ်းခြောက်သွားခဲ့တယ်။

ညာတောင်ပံနေရာကို အပိုင်စားယူသွားတဲ့ ဟဒ်ဆန်-အိုဒွိုင်း
တူဟယ်လ်ရဲ့ ၃-၄-၃ မှာ ညာတောင်ပံ Wing Back နေရာကို အပိုင်စားယူနေတဲ့ ဟဒ်ဆန်-အိုဒွိုင်းက ဒီနေ့မှာလည်း ပိုတိုးတက်ပြီး ပိုထက်မြက်လာခဲ့တယ်။ ဂိုးဖန်တီးမှု ၁ ကြိမ်ရတယ်။ ကန်သွင်းချက် ၂ ကြိမ်နဲ့ အခွင့်အရေးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ခဲ့တယ်။ သူက ညာတောင်ပံတလျှောက်မှာ အတက်အဆင်း မြန်မြန်၊ မှန်မှန်နဲ့ တိုက်စစ်ခံစစ် ဟန်ချက်ညီအောင် ကစားသွားတယ်။ အဆုံးသတ်ပိုင်းတွေမှာ အားနည်းချက်တချို့ ရှိနေသေးပေမယ့် သူ့ရဲ့ပေါက်ကွဲအားနဲ့ အာရုံစူးစိူက်မှုက အထူးချီးကျုးစရာဖြစ်ပါတယ်။ တူဟယ်လ်မှာဟဒ်ဆန်-အိုဒွိုင်လား၊ ရီးစ် ဂျိမ်းစ်လား ရွေးချယ်စရာ ဖြစ်လာပါပြီ။

နာရီဝက်အတွင်း ရွိုင်းဟော့ဆန်ကို တူဟယ်လ် ဘယ်လို ဖျက်ဆီးပစ်လိုက်လဲ
ပဲလေ့စ်ကို ၄၄၂ နဲ့ပွဲထွက်စေခဲ့ပြီး ခံစစ်အားသန် ၆ ဦးထည့်သွင်းကာ လေးယောက်တန်း ခံစစ် ၂ တန်းနဲ့ Low Block ချခဲ့တဲ့ ရွိုင်းရဲ့ အစီအစဉ်ကို ပွဲအစ မိနစ် ၃၀ အတွင်းမှာပဲ တူဟယ်လ်က ကောင်းကောင်းဖျက်ဆီးသွားတယ်။

ပဲလေ့စ်ရဲ့ ပိတ်ဆို့ထားတဲ့ ခံစစ်ကို ကိုဗာချစ်နဲ့ ဂျော်ဂျင်ဟိုတို့ ကွင်းလယ်အတွဲက အသာအယာလေး သော့ဖွင့်သွားခဲ့တယ်။ ဘောလုံးကို ကောင်းကောင်းကိုင်ချိန်ရပြီး ပဲ့လေ့စ်ခံစစ်ကြောင်းကို ဖြဲဆုတ်ပစ်ခဲ့တယ်။ မိနစ် ၃၀ အတွင်းမှာတင် ချယ်လ်ဆီးက ၃ ဂိုးသွင်းပြီး ပွဲကိုစောစောစီးစီး အပြီးသတ်ပစ်ခဲ့တယ်။

အဆင့် ၄ အတွက် သာယာသွားတဲ့ ချယ်လ်ဆီး
အဆင့် ၃ နေရာက လက်စတာနဲ့ နောက်မှာ ၂ မှတ်အကွာနဲ့ ချယ်လ်ဆီးက ဖိအားဆက်ပေးနိုင်ခဲ့တယ်။ လက်စတာကတော့ ပွဲကျန်တပွဲကစားဖို့ရှိနေသေးတယ်။ ဝက်စ်ဟမ်းနဲ့ လီဗာပူးလ်တို့ကို စောစောမျက်ခြေဖြတ်ဖို့လည်း တူဟယ်လ်က အခုထက်ပိုပြီး ကြိုးစားလာဖို့ရှိတယ်။ ချယ်လ်ဆီးရဲ့ကစားပုံက အတော်လေးအလုပ်ကြိူးစားပြီး ထက်မြက်ကျစ်လျစ်သလို အဆင့် ၄ ကို ထိထိမိမိ အပိုင်သိမ်းနိုင်မှသာ တူဟယ်လ်ကို နည်းပြသစ်ခန့်အပ်ခဲ့ခြင်းက ထိရောက်မှာဖြစ်လို့ တူဟယ်လ်အတွက်က လက်လွှတ်မခံရမယ့် အခွင့်အရေး ဖြစ်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

တုံဏွိဘာေဝဘဝကေန ဘီလူးဝင္စီးသြားတဲ့ ခိုင္ဟာဗတ္ဇ္
အၿမဲတမ္း မလႈပ္မယွက္နဲ႔ တုံဏွိဘာေဝ ကစားေနလို႔ ျပင္းထန္တဲ့ ေဝဖန္မႈေတြခံေနရတဲ့ ခိုင္ဟာဗတ္ဇ္က ဒီေန႔မွာေတာ့ ဝိဉာဥ္အစီးခံရၿပီး သရဲမရဲစီးေနသလို ကစားျပသြားတာ အံ့ၾသယူခဲ့ရတယ္။ ေပါင္သန္း ၇၀ နဲ႔ ဘာေၾကာင့္ထိုက္တန္သလဲဆိုတာကို သူ႔ကစားပုံနဲ႔ အေျဖထုတ္ေပးသြားခဲ့တယ္။ ေပၚတိုနဲ႔ပြဲက ေျခစြမ္းညံ့ဖ်င္းမႈကို ဒီပြဲမွာ ေခ်ဖ်က္ျပၿပီး တူဟယ္လ္ရဲ႕ ယုံၾကည္ကိုးစားမႈကို ျပန္လည္ေပးဆပ္ခဲ့တယ္။ ဒီပြဲမွာ ဘီလူးစီးေနသလို ဖိဖိစီးစီးနဲ႔ ျပင္းျပင္းျပျပ ကစားသြားခဲ့တဲ့ အေၾကာင္းရင္းကေတာ့ False Nine ဆန္ဆန္ကစားရတာက သူ႔အတြက္အလြတ္လပ္ဆုံး ကစားခြင့္ရေစတဲ့ ေနရာလို႔လည္း ခိုင္ဟာဗတ္ဇ္ေျပာျပသြားခဲ့တယ္။

ပဲေလ့စ္တိုက္စစ္ကို အစြယ္ခ်ိဳးေပးခဲ့တဲ့ ခ်ယ္လ္ဆီးရဲ႕ေက်ာက္ေဆာင္ခံစစ္
ခ်ယ္လ္ဆီးရဲ႕ စုစည္းမာေက်ာၿပီး က်စ္လစ္တဲ့ ေက်ာက္ေဆာင္ခံစစ္ရဲ႕ တိုက္ဖ်က္မႈေအာက္မွာ ဘန္တီကီ၊ ဇာဟာ၊ အက္ဇီနဲ႔ ေဂ်ာ္ဒန္ အယူးတို႔ ဦးေဆာင္တဲ့ ပဲေလ့စ္တိုက္စစ္က အစြယ္ထုတ္ခံထားရသလို ဦးက်ိဴးသြားခဲ့ရတယ္။ ဘန္တီကီရဲ႕ ေခါင္းတိုက္ခ်က္တခုေလာက္သာ ပဲေလ့စ္အတြက္ ျဖစ္ျဖစ္ေျမာက္ေျမာက္ရွိခဲ့ၿပီး ခ်ယ္လ္ဆီးလက္ေအာက္မွာ ပဲေလ့စ္ရဲ႕ တိုက္စစ္၊ ခံစစ္၊ ကြင္းလယ္အားလုံးဟာ အလုံးစုံေခ်ဖ်က္ခံခဲ့ရတယ္။

ဝက္စ္ဘ႐ြမ္းကို ၅ ဂိုးေပးရတဲ့ အိပ္မက္ဆိုးထဲက စူပါမန္းလို ႐ုန္းထလာတဲ့ တူဟယ္လ္
တူဟယ္လ္က ခ်ယ္လ္ဆီးနည္းျပဘဝ အဆိုး႐ြားဆိုးရလဒ္ကို ဝက္စ္ဘ႐ြမ္း နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ အိပ္မက္ဆိုးမက္ခဲ့ရတယ္။ တကယ့္ေျခာက္အိပ္မက္ဆိုးစစ္စစ္ျဖစ္လို႔ ေပၚတိုနဲ႔ပြဲက ႏိုင္ပြဲက မလုံေလာက္ခဲ့ေပမယ့္ ပဲ့ေလ့စ္ကို ဂိုးျပတ္သြင္းခဲ့တာက သူ႔ကို စူပါမန္းလို ႐ုန္းထႏိုင္ေစခဲ့တယ္။ တကယ္ဆို ခ်ယ္လ္ဆီးက ၄-၁ ထက္ပိုေကာင္းတဲ့ ရလဒ္နဲ႔ေတာင္ ထိုက္တန္ေနတာျဖစ္ၿပီး ေနာက္ထပ္ ၂ဂိုး၊ ၃ ဂိုး ရခဲ့သင့္ပါေသးတယ္။ ဒီေန႔ပြဲစဥ္ကေျခစြမ္းဟာ တူဟယ္လ္လက္ထက္မွာ ခ်ယ္လ္ဆီးရဲ႕အေျပာင္ေျမာက္ဆုံးစြမ္းေဆာင္ရည္အျဖစ္ သတ္မွတ္ရမွာပါ။

တေက်ာ့ျပန္ဂိုးျမဴးတဲ့ ပူလီရွစ္ခ်္
ဒီေန႔ပြဲမွာ နည္းျပေရာ ပရိသတ္ေတြကပါ ေျခစြမ္းျပန္လည္ျပသဖို႔ ေမွ်ာ္လင့္ခဲ့တဲ့သူက ပူလီရွစ္ခ်္ပါ။ သူက ပထမပိုင္းမွာ တဂိုး၊ ဒုတိယပိုင္းမွာ တဂိုးသြင္းယူၿပီး အားလုံးကိုေက်နပ္ေစခဲ့တယ္။ ပိုၿပီးေက်နပ္စရာေကာင္းတာတဲ့ ဧရိယာထဲမွာ ဂိုးသြင္းယူဖို႔ အခ်ိန္ကိုက္၊ ေနရာမွန္မွာ အဆင္သင့္ရွိေနခဲ့တဲ့ သူ႔ရဲ႕တြက္ခ်က္မႈစြမ္းရည္၊ ေဘာလုံးအျမင္နဲ႔ ပါးနပ္မႈေတြကို ေပါင္းစပ္ေဖာ္ျပသြားခဲ့တာျဖစ္တယ္။

ခိုင္ဟာဗတ္ဇ္၊ ေမဆန္ေမာင့္တို႔နဲ႔ အတြဲညီခဲ့သလို သူက အႏၲရာယ္ႀကီးသူအျဖစ္ ေဘာလုံးလိမ္ေခါက္ေက်ာ္ျဖတ္မႈ၊ တိက်ၿပီး လွပတဲ့ ေဘာလုံးေပးပို႔မႈေတြနဲ႔ ပဲ့ေလ့စ္ကို ထိုးႏွက္ၿခိမ္းေျခာက္သြားခဲ့တယ္။

ညာေတာင္ပံေနရာကို အပိုင္စားယူသြားတဲ့ ဟဒ္ဆန္-အိုဒြိဳင္း
တူဟယ္လ္ရဲ႕ ၃-၄-၃ မွာ ညာေတာင္ပံ Wing Back ေနရာကို အပိုင္စားယူေနတဲ့ ဟဒ္ဆန္-အိုဒြိဳင္းက ဒီေန႔မွာလည္း ပိုတိုးတက္ၿပီး ပိုထက္ျမက္လာခဲ့တယ္။ ဂိုးဖန္တီးမႈ ၁ ႀကိမ္ရတယ္။ ကန္သြင္းခ်က္ ၂ ႀကိမ္နဲ႔ အခြင့္အေရးဖန္တီးမႈ ၆ ႀကိမ္ျပဳလုပ္ခဲ့တယ္။ သူက ညာေတာင္ပံတေလွ်ာက္မွာ အတက္အဆင္း ျမန္ျမန္၊ မွန္မွန္နဲ႔ တိုက္စစ္ခံစစ္ ဟန္ခ်က္ညီေအာင္ ကစားသြားတယ္။ အဆုံးသတ္ပိုင္းေတြမွာ အားနည္းခ်က္တခ်ိဳ႕ ရွိေနေသးေပမယ့္ သူ႔ရဲ႕ေပါက္ကြဲအားနဲ႔ အာ႐ုံစူးစိူက္မႈက အထူးခ်ီးက်ဳးစရာျဖစ္ပါတယ္။ တူဟယ္လ္မွာဟဒ္ဆန္-အိုဒြိဳင္လား၊ ရီးစ္ ဂ်ိမ္းစ္လား ေ႐ြးခ်ယ္စရာ ျဖစ္လာပါၿပီ။

နာရီဝက္အတြင္း ႐ြိဳင္းေဟာ့ဆန္ကို တူဟယ္လ္ ဘယ္လို ဖ်က္ဆီးပစ္လိုက္လဲ
ပဲေလ့စ္ကို ၄၄၂ နဲ႔ပြဲထြက္ေစခဲ့ၿပီး ခံစစ္အားသန္ ၆ ဦးထည့္သြင္းကာ ေလးေယာက္တန္း ခံစစ္ ၂ တန္းနဲ႔ Low Block ခ်ခဲ့တဲ့ ႐ြိဳင္းရဲ႕ အစီအစဥ္ကို ပြဲအစ မိနစ္ ၃၀ အတြင္းမွာပဲ တူဟယ္လ္က ေကာင္းေကာင္းဖ်က္ဆီးသြားတယ္။

ပဲေလ့စ္ရဲ႕ ပိတ္ဆို႔ထားတဲ့ ခံစစ္ကို ကိုဗာခ်စ္နဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ ကြင္းလယ္အတြဲက အသာအယာေလး ေသာ့ဖြင့္သြားခဲ့တယ္။ ေဘာလုံးကို ေကာင္းေကာင္းကိုင္ခ်ိန္ရၿပီး ပဲ့ေလ့စ္ခံစစ္ေၾကာင္းကို ၿဖဲဆုတ္ပစ္ခဲ့တယ္။ မိနစ္ ၃၀ အတြင္းမွာတင္ ခ်ယ္လ္ဆီးက ၃ ဂိုးသြင္းၿပီး ပြဲကိုေစာေစာစီးစီး အၿပီးသတ္ပစ္ခဲ့တယ္။

အဆင့္ ၄ အတြက္ သာယာသြားတဲ့ ခ်ယ္လ္ဆီး
အဆင့္ ၃ ေနရာက လက္စတာနဲ႔ ေနာက္မွာ ၂ မွတ္အကြာနဲ႔ ခ်ယ္လ္ဆီးက ဖိအားဆက္ေပးႏိုင္ခဲ့တယ္။ လက္စတာကေတာ့ ပြဲက်န္တပြဲကစားဖို႔ရွိေနေသးတယ္။ ဝက္စ္ဟမ္းနဲ႔ လီဗာပူးလ္တို႔ကို ေစာေစာမ်က္ေျချဖတ္ဖို႔လည္း တူဟယ္လ္က အခုထက္ပိုၿပီး ႀကိဳးစားလာဖို႔ရွိတယ္။ ခ်ယ္လ္ဆီးရဲ႕ကစားပုံက အေတာ္ေလးအလုပ္ႀကိဴးစားၿပီး ထက္ျမက္က်စ္လ်စ္သလို အဆင့္ ၄ ကို ထိထိမိမိ အပိုင္သိမ္းႏိုင္မွသာ တူဟယ္လ္ကို နည္းျပသစ္ခန႔္အပ္ခဲ့ျခင္းက ထိေရာက္မွာျဖစ္လို႔ တူဟယ္လ္အတြက္က လက္လႊတ္မခံရမယ့္ အခြင့္အေရး ျဖစ္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.