Premier League

ပရီးမီးယားလိဂ္ကို ၿပီးဆုံးေအာင္ဆက္ကစားဖို႔ နည္းလမ္းရွာေဖြသြားမယ္လို႔ အစည္းအေဝးဆုံးျဖတ္

ဒီေန႔မွာ ေဆြးေႏြးတုိင္ပင္ခဲ့ၾကတဲ့ ပရီးမီးယားလိဂ္အသင္း ၂၀ နဲ႔ တာဝန္ရွိသူေတြရဲ႕ အစည္းအေဝးမွာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ရာသီကို ၿပီးဆုံးေအာင္ ဆက္ကစားဖို႔အတြက္ နည္းလမ္းေတြ ရွာေဖြလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဆုံးျဖတ္ခ်က္ခ်ခဲ့ၾကတယ္လုိ႔ ထုတ္ျပန္လုိက္ပါတယ္။

ဒီထုတ္ျပန္လုိက္တဲ့ ေၾကျငာခ်က္မွာ ေဘာလုံးအဖြဲ႕ခ်ဳပ္ FA, အဂၤလန္ႏုိင္ငံရဲ႕ အမွတ္ေပးၿပဳိင္ပြဲေတြျဖစ္တဲ့ EFL နဲ႔ အမ်ဳိးသမီးေတြရဲ႕ WSL ၿပဳိင္ပြဲေတြအားလုံးကို ပါဝင္အက်ဳိးသက္ေရာက္မွဳ ရွိခဲ့တာလည္းျဖစ္ၿပီး အဂၤလန္၊ စေကာ့တလန္၊ ေဝးလ္စ္၊ ေျမာက္အုိင္ယာလန္ႏုိင္ငံေတြက ၿပဳိင္ပြဲေတြကို ဆက္လက္က်င္းပသြားဖို႔လည္း ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ယူအီးအက္ဖ္ေအရဲ႕ ေၾကျငာခ်က္အျဖစ္ ထုတ္ျပန္ခဲ့တဲ့ ယူ႐ို ၂၀၂၀ ကို ဒီႏွစ္မွာ မက်င္းပေတာ့ဘဲ တစ္ႏွစ္ေရႊ႕ဆုိင္းဖို႔ ဆုံးျဖတ္လုိက္တာကလည္း ပရီးမီးယားလိဂ္နဲ႔ ၿပဳိင္ပြဲေတြကို ေနာက္ဆုတ္က်င္းပရင္း ၿပီးဆုံးေအာင္ကစားဖို႔ ပုိမိုလြယ္ကူေစခဲ့ၿပီး လာမယ့္ရာသီ စတင္ခ်ိန္ ကိုလည္း အနည္းငယ္ေနာက္ေရႊ႕သြားဖြယ္ရွိႏုိင္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ေၾကျငာခ်က္မွာေတာ့ အက္ဖ္ေအ၊ ပရီးမီးယားလိဂ္၊ အဂၤလန္အမွတ္ေပးၿပဳိင္ပြဲ၊ အမ်ဳိးသမီးပေရာ္ဖက္ရွင္နယ္ အဖြဲ႕ခ်ဳပ္၊ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအစည္းအ႐ုံးနဲ႔ လိဂ္မန္ေနဂ်ာမ်ားအစည္းအ႐ုံးတုိ႔ အားလုံးအေနနဲ႔ မေမွ်ာ္လင့္ခဲ့တဲ့ COVID-19 ေရာဂါ ခံစားခဲ့ရသူေတြနဲ႔အတူ ရွိေနေၾကာင္းဆိုခဲ့ၿပီး အားလုံးစုစည္းၿပီး ဒီ ၂၀၁၉-၂၀ ရာသီကို ၿပီးဆုံးႏုိင္ဖို႔ နည္းလမ္းရွာေဖြသြားမယ္လုိ႔ ပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ၿပဳိင္ပြဲေတြကို ဧၿပီလ ၃၀ ရက္ေန႔ထက္ မေစာတဲ့ အခ်ိန္ကာလအထိ ထပ္မံေရႊ႕ဆုိင္းသြားႏိုင္ေျခရွိတယ္လုိ႔လည္း အက္ဖ္ေအရဲ႕ ဘုတ္အဖြဲ႕အေနနဲ႔ ပရီးမီးယားလိဂ္နဲ႔ အျခားၿပဳိင္ပြဲေတြကို ဘယ္အခ်ိန္မွာ ၿပီးဆုံးရမယ္လို႔ ကန္႔သတ္ခ်က္မရွိဘဲ ျဖစ္ႏုိင္တဲ့ နည္းလမ္းေတြနဲ႔ ၿပီးဆုံးေအာင္ ဆက္လက္ကစားဖို႔ နည္းလမ္းရွာေဖြလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေၾကျငာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: YAHOO NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့မှာ ဆွေးနွေးတိုင်ပင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်အသင်း ၂၀ နဲ့ တာဝန်ရှိသူတွေရဲ့ အစည်းအဝေးမှာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီကို ပြီးဆုံးအောင် ဆက်ကစားဖို့အတွက် နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ကြတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်လိုက်တဲ့ ကြေငြာချက်မှာ ဘောလုံးအဖွဲ့ချုပ် FA, အင်္ဂလန်နိုင်ငံရဲ့ အမှတ်ပေးပြိုင်ပွဲတွေဖြစ်တဲ့ EFL နဲ့ အမျိုးသမီးတွေရဲ့ WSL ပြိုင်ပွဲတွေအားလုံးကို ပါဝင်အကျိုးသက်ရောက်မှု ရှိခဲ့တာလည်းဖြစ်ပြီး အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယာလန်နိုင်ငံတွေက ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပသွားဖို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ယူအီးအက်ဖ်အေရဲ့ ကြေငြာချက်အဖြစ် ထုတ်ပြန်ခဲ့တဲ့ ယူရို ၂၀၂၀ ကို ဒီနှစ်မှာ မကျင်းပတော့ဘဲ တစ်နှစ်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာကလည်း ပရီးမီးယားလိဂ်နဲ့ ပြိုင်ပွဲတွေကို နောက်ဆုတ်ကျင်းပရင်း ပြီးဆုံးအောင်ကစားဖို့ ပိုမိုလွယ်ကူစေခဲ့ပြီး လာမယ့်ရာသီ စတင်ချိန် ကိုလည်း အနည်းငယ်နောက်ရွှေ့သွားဖွယ်ရှိနိုင်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကြေငြာချက်မှာတော့ အက်ဖ်အေ၊ ပရီးမီးယားလိဂ်၊ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ၊ အမျိုးသမီးပရော်ဖက်ရှင်နယ် အဖွဲ့ချုပ်၊ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံးနဲ့ လိဂ်မန်နေဂျာများအစည်းအရုံးတို့ အားလုံးအနေနဲ့ မမျှော်လင့်ခဲ့တဲ့ COVID-19 ရောဂါ ခံစားခဲ့ရသူတွေနဲ့အတူ ရှိနေကြောင်းဆိုခဲ့ပြီး အားလုံးစုစည်းပြီး ဒီ ၂၀၁၉-၂၀ ရာသီကို ပြီးဆုံးနိုင်ဖို့ နည်းလမ်းရှာဖွေသွားမယ်လို့ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲတွေကို ဧပြီလ ၃၀ ရက်နေ့ထက် မစောတဲ့ အချိန်ကာလအထိ ထပ်မံရွှေ့ဆိုင်းသွားနိုင်ခြေရှိတယ်လို့လည်း အက်ဖ်အေရဲ့ ဘုတ်အဖွဲ့အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အခြားပြိုင်ပွဲတွေကို ဘယ်အချိန်မှာ ပြီးဆုံးရမယ်လို့ ကန့်သတ်ချက်မရှိဘဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပြီးဆုံးအောင် ဆက်လက်ကစားဖို့ နည်းလမ်းရှာဖွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေငြာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: YAHOO NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.