La Liga Premier League

အက္သလက္တီကိုနဲ႔ စာခ်ဳပ္အဆင္မေျပတဲ့ ကြင္းလယ္လူကို ၾကားျဖတ္ေခၚယူဖို႔ မန္ယူစီစဥ္

အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သစ္အတြက္ ညႇိႏွဳိင္းမွဳမွာ အဆင္မေျပျဖစ္ခဲ့ၿပီး သေဘာတူညီမွဳ မရရွိခဲ့တဲ့ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးနဲ႔အၿပဳိင္ ၾကားျဖတ္ေခၚယူဖို႔ စီစဥ္လာခဲ့ပါတယ္။

စပိန္ကလာတဲ့ သတင္းေတြအရေတာ့ အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ကလပ္အသင္းဘက္က ကမ္းလွမ္းတဲ့ ေငြေၾကးပမာဏထက္ ပုိမိုအလိုရွိေနတယ္လို႔ သိရၿပီး ဒါေၾကာင့္လည္း စာခ်ဳပ္သစ္အတြက္ သေဘာမတူညီႏုိင္ခဲ့တာျဖစ္တယ္လို႔ သိရၿပီး ေပါ့ဘာကို အစားထိုးလာႏုိင္တဲ့ ယူႏုိက္တက္နဲ႔ ဖာနန္ဒင္ညဳိကို အစားထိုးလာမယ့္ စီးတီးတုိ႔က စိတ္ဝင္စားေနတာလည္းျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္မွာ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္ၿပီး ဒီေႏြမွာ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ရွိေတာ့မယ့္ စပိန္သားအတြက္ မန္ခ်က္စတာအသင္းႏွစ္သင္းက ေစာင့္ၾကည့္ေနခဲ့တာၾကာၿပီျဖစ္ၿပီး ႏွစ္သင္းစလုံးက သေဘာက်တဲ့ ဆာအူးလ္ကို အက္သလက္တီကို မက္ဒရစ္ကေတာ့ အလြယ္တကူ လက္မလႊတ္ရေစဖို႔ ယူ႐ိုသန္း ၁၅၀(ေပါင္ ၁၄၁ သန္း)တန္ ေလ်ာ္ေၾကးစာခ်ဳပ္ ထည့္သြင္းထားပါတယ္။

တုိက္စစ္မွဴး အြန္ထြာ ဂရစ္ဇ္မန္းကို ေရာင္းခ်ၿပီး ဂ်ဳိအာအုိ ဖီးလစ္ကို ျပန္လည္ေခၚယူခဲ့တဲ့ အက္သလက္တီကိုအတြက္ေတာ့ ဒီရာသီဟာ အျမတ္အစြန္း နည္းပါးခဲ့တဲ့ ရာသီလည္းျဖစ္ၿပီး သေရပြဲေတြမ်ားၿပီး ႏုိင္ပြဲနည္းေနလုိ႔ ဥေရာပဝင္ခြင့္ေတာင္မွ မေသခ်ာသလိုျဖစ္ေနတဲ့ ရပ္တည္မွဳအရေတာ့ လာမယ့္ရာသီမွာ အေျပာင္းအလဲႀကီးႀကီးမားမားလုပ္ဖို႔ ရွိေနၿပီး စာခ်ဳပ္အဆင္မေျပႏိုင္ရင္ေတာ့ ဆာအူးလ္ကိုပါ ေရာင္းခ်သြားႏုိင္ေျခလည္း ရွိေနခဲ့တာပါ။

အက္သလက္တီကိုနည္းျပ ဒီေယဂို ဆီမီယြန္နီအတြက္ေတာ့ အဓိကကစားသမားတစ္ဦးျဖစ္ေနတဲ့ ဆာအူးလ္ ညီးရက္ဇ္ဟာ အလြယ္တကူ လက္လႊတ္ဖို႔ ခက္ခဲတဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္ သူ႕အေနနဲ႔ မန္ခ်က္စတာအသင္းေတြက ေပးလာမယ့္ လစာေငြမ်ဳိးကို မတတ္ႏုိင္တာေၾကာင့္ ဘာေတြျဖစ္လာမလဲဆုိတာ စိတ္ဝင္စားရာေကာင္းေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်သစ်အတွက် ညှိနှိုင်းမှုမှာ အဆင်မပြေဖြစ်ခဲ့ပြီး သဘောတူညီမှု မရရှိခဲ့တဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့အပြိုင် ကြားဖြတ်ခေါ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

စပိန်ကလာတဲ့ သတင်းတွေအရတော့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ ကလပ်အသင်းဘက်က ကမ်းလှမ်းတဲ့ ငွေကြေးပမာဏထက် ပိုမိုအလိုရှိနေတယ်လို့ သိရပြီး ဒါကြောင့်လည်း စာချုပ်သစ်အတွက် သဘောမတူညီနိုင်ခဲ့တာဖြစ်တယ်လို့ သိရပြီး ပေါ့ဘာကို အစားထိုးလာနိုင်တဲ့ ယူနိုက်တက်နဲ့ ဖာနန်ဒင်ညိုကို အစားထိုးလာမယ့် စီးတီးတို့က စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ဒီနွေမှာ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့မယ့် စပိန်သားအတွက် မန်ချက်စတာအသင်းနှစ်သင်းက စောင့်ကြည့်နေခဲ့တာကြာပြီဖြစ်ပြီး နှစ်သင်းစလုံးက သဘောကျတဲ့ ဆာအူးလ်ကို အက်သလက်တီကို မက်ဒရစ်ကတော့ အလွယ်တကူ လက်မလွှတ်ရစေဖို့ ယူရိုသန်း ၁၅၀(ပေါင် ၁၄၁ သန်း)တန် လျော်ကြေးစာချုပ် ထည့်သွင်းထားပါတယ်။

တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းကို ရောင်းချပြီး ဂျိုအာအို ဖီးလစ်ကို ပြန်လည်ခေါ်ယူခဲ့တဲ့ အက်သလက်တီကိုအတွက်တော့ ဒီရာသီဟာ အမြတ်အစွန်း နည်းပါးခဲ့တဲ့ ရာသီလည်းဖြစ်ပြီး သရေပွဲတွေများပြီး နိုင်ပွဲနည်းနေလို့ ဥရောပဝင်ခွင့်တောင်မှ မသေချာသလိုဖြစ်နေတဲ့ ရပ်တည်မှုအရတော့ လာမယ့်ရာသီမှာ အပြောင်းအလဲကြီးကြီးမားမားလုပ်ဖို့ ရှိနေပြီး စာချုပ်အဆင်မပြေနိုင်ရင်တော့ ဆာအူးလ်ကိုပါ ရောင်းချသွားနိုင်ခြေလည်း ရှိနေခဲ့တာပါ။

အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမီယွန်နီအတွက်တော့ အဓိကကစားသမားတစ်ဦးဖြစ်နေတဲ့ ဆာအူးလ် ညီးရက်ဇ်ဟာ အလွယ်တကူ လက်လွှတ်ဖို့ ခက်ခဲတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် သူ့အနေနဲ့ မန်ချက်စတာအသင်းတွေက ပေးလာမယ့် လစာငွေမျိုးကို မတတ်နိုင်တာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားရာကောင်းနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.