Match Report Other Leagues Premier League UCL&UEL

အိမ်ကွင်းမှာ သရေကျပြီး နောက်တစ်ဆင့်အတွက် ရုန်းကန်ရတော့မယ့် အာဆင်နယ်

ဒီနေ့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အိမ်ကွင်းအဖြစ် လက်ခံကစားရတဲ့ တစ်သင်းမှ အနိုင်မရခဲ့တာက ထူးခြားမှုတစ်ခုဖြစ်ခဲ့ချိန်မှာ အာဆင်နယ် အသင်းကလည်း ဒီအထဲကို ပါဝင်သွားခဲ့ပြီး ၂၀၀၇ ခုနှစ်တုန်းက ခုနစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ဖူးတာဟာ နတ်သမီးပုံပြင်လားလို့ ထင်ရလောက်အောင် ဖြစ်ခဲ့ရပါတယ်။

အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် လုံလောက်တဲ့ အတွဲအဖက်နဲ့ ဖန်တီးမှုတွေကို မပြုလုပ်နိုင်ခဲ့တဲ့ အာဆင်နယ်ကို ဆလားဗီးယား ပရပ်ဂ်တို့ကတောင်မှ စတင်ခြိမ်းခြောက်နိုင်ခဲ့ပြီး လေးလံနေသလို နေရာယူပုံတွေ မကောင်းတဲ့ ကွင်းလယ်က တိုက်စစ်တွေကို ဖော်ဆောင်ဖို့လည်း ထင်တာထက် ခက်ခဲနေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာ ဆလားဗီးယားညာနောက်ခံလူကြောင့် လူကျွံထောင်ချောက် မအောင်မြင်ရာကနေ ရရှိသွားတဲ့ လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးကို ဆာကာ မကန်သွင်းတတ်ခဲ့လို့ အာဆင်နယ်တို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပြီး ဒီလူငယ်ဟာ One on One တွေမှာ အားနည်းမှုတွေကို အမြန်ဆုံး ပြုပြင်သွားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ အခွင့်အရေးတွေကို အသုံးမချတတ်ခဲ့သလို ဟိုးလ်ဒင်းရဲ့ ခေါင်းတိုက်ချက်ကိုလည်း ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပြီး ဆလားဗီးယားဘက်ကတော့ ကွာလတီတိုက်စစ်မှူးတွေ မပါဝင်တဲ့အတွက် အဆုံးသတ်ပိုင်း အားနည်းမှုတွေနဲ့အတူ ပွဲက ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ လူတံတိုင်းဘေးက ပတ်ကန်တဲ့ ဝီလီယန်ရဲ့ ဖရီးကစ် တိုင်ထိထွက်ခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပြီး ဆလားဗီးယား အသင်းခေါင်းဆောင် ဘိုရီလ်ရဲ့ တန်ပြန်တိုက်စစ်က ကန်ချက်ကိုတော့ လီနို ခြေထောက်နဲ့ ပိတ်ဆို့သွားနိုင်ခဲ့လို့ နှစ်သင်းစလုံး ဂိုးပေါက်ရှာမတွေ့ဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ လာကာဇက်ရဲ့ ဘောလုံးလုယူပြီး တစ်ယောက်တည်း လွတ်ထွက်သွားတဲ့ အကောင်းဆုံးအခွင့်အရေးကို အသုံးချမှုက တိုင်နဲ့ပဲ မိတ်ဆက်ခဲ့ရပြီး နောက်က ပါလာတဲ့ စမစ်ရိုးကလည်း အနည်းငယ်နောက်ကျနေတာကြောင့် အာဆင်နယ်တို့ အကြီးကြီး နစ်နာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ လာကာဇက်၊ အူဘာမီယန်း၊ မာတီနယ်လီတို့ရဲ့ အခွင့်အရေးတွေ လွဲချော်နေခဲ့အပြီး ပွဲချိန် ၈၆ မိနစ်မှာတော့ ဆာကာအစား ဝင်လာခဲ့တဲ့ ပေပေက တန်ပြန်တိုက်စစ်ကနေ အူဘာမီယန်းပေးတာကို သူ့ရဲ့ လိုင်လီပုံစံပြန်ရနေမှုနဲ့ အကောင်းဆုံးဆွဲပြေးပြီး ဂိုးသမားနဲ့အတွေ့မှာ အသာကန်သွင်းနိုင်ခဲ့လို့ အာဆင်နယ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်တို့ရဲ့ နိုင်ပွဲကို ဆလားဗီးယားတို့က မဆုတ်မနစ်တဲ့ စိတ်ဓာတ်နဲ့ ဖျက်ဆီးသွားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ ရရှိတဲ့ ထောင့်ကန်ဘောကနေ ပေပေနဲ့ ထိပြီး ဘေးထွက်လာတဲ့ ဘောလုံးကို နောက်ခံလူ ဟိုလက်ရှ်က ပြေးဝင်ခေါင်းတိုက်ပြီး ချေပဂိုးရယူသွားနိုင်ခဲ့လို့ တစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ အာဆင်နယ်တို့အတွက်တော့ ဒီရလဒ်က တော်တော်လေး နစ်နာခဲ့ရပြီး ပေပေ ခြေမှန် ပြန်ရချိန်မှာ တစ်သင်းလုံးကျဆင်းသွားမှုက ပရိသတ်တွေနဲ့ နည်းပြ အာတီတာကို စိတ်ပျက်စေခဲ့သလို လာမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ ဆလားဗီးယားတို့ဆီမှာ ရုန်းကန်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ရဲ႕ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာ အိမ္ကြင္းအျဖစ္ လက္ခံကစားရတဲ့ တစ္သင္းမွ အႏိုင္မရခဲ့တာက ထူးျခားမႈတစ္ခုျဖစ္ခဲ့ခ်ိန္မွာ အာဆင္နယ္ အသင္းကလည္း ဒီအထဲကို ပါဝင္သြားခဲ့ၿပီး ၂၀၀၇ ခုႏွစ္တုန္းက ခုနစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ဖူးတာဟာ နတ္သမီးပုံျပင္လားလို႔ ထင္ရေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။

အိမ္ကြင္းမွာ ကစားခဲ့ရေပမယ့္ လုံေလာက္တဲ့ အတြဲအဖက္နဲ႔ ဖန္တီးမႈေတြကို မျပဳလုပ္ႏိုင္ခဲ့တဲ့ အာဆင္နယ္ကို ဆလားဗီးယား ပရပ္ဂ္တို႔ကေတာင္မွ စတင္ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ေလးလံေနသလို ေနရာယူပုံေတြ မေကာင္းတဲ့ ကြင္းလယ္က တိုက္စစ္ေတြကို ေဖာ္ေဆာင္ဖို႔လည္း ထင္တာထက္ ခက္ခဲေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာ ဆလားဗီးယားညာေနာက္ခံလူေၾကာင့္ လူကြၽံေထာင္ေခ်ာက္ မေအာင္ျမင္ရာကေန ရရွိသြားတဲ့ လြတ္လြတ္ကြၽတ္ကြၽတ္ အခြင့္အေရးကို ဆာကာ မကန္သြင္းတတ္ခဲ့လို႔ အာဆင္နယ္တို႔ အဖြင့္ဂိုးနဲ႔ ေဝးခဲ့ရၿပီး ဒီလူငယ္ဟာ One on One ေတြမွာ အားနည္းမႈေတြကို အျမန္ဆုံး ျပဳျပင္သြားဖို႔ေကာင္းေနတာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ အခြင့္အေရးေတြကို အသုံးမခ်တတ္ခဲ့သလို ဟိုးလ္ဒင္းရဲ႕ ေခါင္းတိုက္ခ်က္ကိုလည္း ဂိုးသမား ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ဆလားဗီးယားဘက္ကေတာ့ ကြာလတီတိုက္စစ္မႉးေတြ မပါဝင္တဲ့အတြက္ အဆုံးသတ္ပိုင္း အားနည္းမႈေတြနဲ႔အတူ ပြဲက ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ လူတံတိုင္းေဘးက ပတ္ကန္တဲ့ ဝီလီယန္ရဲ႕ ဖရီးကစ္ တိုင္ထိထြက္ခဲ့လို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရၿပီး ဆလားဗီးယား အသင္းေခါင္းေဆာင္ ဘိုရီလ္ရဲ႕ တန္ျပန္တိုက္စစ္က ကန္ခ်က္ကိုေတာ့ လီႏို ေျခေထာက္နဲ႔ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ ႏွစ္သင္းစလုံး ဂိုးေပါက္ရွာမေတြ႕ဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ လာကာဇက္ရဲ႕ ေဘာလုံးလုယူၿပီး တစ္ေယာက္တည္း လြတ္ထြက္သြားတဲ့ အေကာင္းဆုံးအခြင့္အေရးကို အသုံးခ်မႈက တိုင္နဲ႔ပဲ မိတ္ဆက္ခဲ့ရၿပီး ေနာက္က ပါလာတဲ့ စမစ္႐ိုးကလည္း အနည္းငယ္ေနာက္က်ေနတာေၾကာင့္ အာဆင္နယ္တို႔ အႀကီးႀကီး နစ္နာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ လာကာဇက္၊ အူဘာမီယန္း၊ မာတီနယ္လီတို႔ရဲ႕ အခြင့္အေရးေတြ လြဲေခ်ာ္ေနခဲ့အၿပီး ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဆာကာအစား ဝင္လာခဲ့တဲ့ ေပေပက တန္ျပန္တိုက္စစ္ကေန အူဘာမီယန္းေပးတာကို သူ႔ရဲ႕ လိုင္လီပုံစံျပန္ရေနမႈနဲ႔ အေကာင္းဆုံးဆြဲေျပးၿပီး ဂိုးသမားနဲ႔အေတြ႕မွာ အသာကန္သြင္းႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္ အာဆင္နယ္တို႔ရဲ႕ ႏိုင္ပြဲကို ဆလားဗီးယားတို႔က မဆုတ္မနစ္တဲ့ စိတ္ဓာတ္နဲ႔ ဖ်က္ဆီးသြားခဲ့ၿပီး နာက်င္အခ်ိန္ပို ၃ မိနစ္မွာ ရရွိတဲ့ ေထာင့္ကန္ေဘာကေန ေပေပနဲ႔ ထိၿပီး ေဘးထြက္လာတဲ့ ေဘာလုံးကို ေနာက္ခံလူ ဟိုလက္ရွ္က ေျပးဝင္ေခါင္းတိုက္ၿပီး ေခ်ပဂိုးရယူသြားႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီေန႔ပြဲမွာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔အတြက္ေတာ့ ဒီရလဒ္က ေတာ္ေတာ္ေလး နစ္နာခဲ့ရၿပီး ေပေပ ေျခမွန္ ျပန္ရခ်ိန္မွာ တစ္သင္းလုံးက်ဆင္းသြားမႈက ပရိသတ္ေတြနဲ႔ နည္းျပ အာတီတာကို စိတ္ပ်က္ေစခဲ့သလို လာမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မွာေတာ့ ဒီရာသီမွာ အိမ္ကြင္းရႈံးပြဲမရွိေသးတဲ့ ဆလားဗီးယားတို႔ဆီမွာ ႐ုန္းကန္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.