La Liga Match Report Premier League UCL&UEL

အားလုံးမျှော်လင့်ထားတဲ့အတိုင်း အဝေးကွင်းမှာ ရလဒ်ကောင်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရလဒ်ကောင်းနိုင်ဖို့ ဂိုးသမား ဒဟေးယားအပါအဝင် ပထမ ကစားသမားအများစုကို အဝေးကွင်းမှာ ပွဲထုတ်လာခဲ့ပြီး စပိန်ကလပ် ဂရန်နာဒါကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ပါတယ်။

အဝေးကွင်းမှာ ယူနိုက်တက်တို့ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် စိတ်လောနေတဲ့ ကွင်းလယ်ကစားသမားတွေရဲ့ အပေါက်မရှိတဲ့ နေရာတွေက ကလေးဆန်ဆန် ကန်သွင်းချက်တွေကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ကောင်တာကစားတာကလွဲရင် စနစ်တကျ ကစားကွက်၊ တွဲလုံးတွေနဲ့ ထိုးဖောက်တတ်ဖို့ နည်းပြ ဆိုးလ်ရှားရော သူ့လူတွေပါ သင်ယူရဦးမှာကိုလည်း သတိထားစရာဖြစ်ခဲ့ပါတယ်။

အိမ်ရှင်ဂရန်နာဒါတို့ကတော့ ယူနိုက်တက်နောက်တန်းကို ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့ပြီး ဧည့်သည်တွေပဲ ပိုအခွင့်အရေးရခဲ့သလို ပွဲချိန် ၃၁ မိနစ်မှာတော့ ခံစစ်ကနေ ဘယ်သူမှ ဖိအားပေးတာ မခံရဘဲ ကန်တင်ပေးလိုက်တဲ့ လင်ဒီလော့ဖ်ရဲ့ အဝေးဘောကို ရက်ရှ်ဖို့ဒ်က လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ကောင်းမွန်တဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ ကန်သွင်းနိုင်ခဲ့လို့ မန်ချက်စတာသားတွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် ဂရန်နာဒါတို့ ကောင်းကောင်းမတုံ့ပြန်နိုင်ခဲ့ဘဲ ထောင့်ကျဉ်းအနေအထားက ကန်ချက်တစ်ခု တိုင်ထိတာလောက်ပဲ ပြောစရာရှိခဲ့သလို ယူနိုက်တက်တို့ ဖရိုဖရဲနဲ့ ကြုံသလို ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ လုခ်ရှောအစား အဲလက်စ် တဲလစ်ကို ယူနိုက်တက်တို့ ထည့်ကစားခဲ့ပြီး ဂရန်နာဒါကတော့ အဝေးကန်ချက်တွေနဲ့ ဂိုးဧရိယာအပြင်ကနေ ခြိမ်းခြောက်နေခဲ့လို့ ဒဟေးယား သတိထားခဲ့ရသလို မက်ဂွိုင်းယားရဲ့ ကွင်းလယ်ကနေ တစ်ကိုယ်တော် ဖြတ်ကျော်မှုက ကောင်းခဲ့ပေမယ့် ကန်သွင်းအဆုံးသတ်မှုကတော့ ဂိုးတိုင်ဘေးကိုပဲ ဖြစ်ခဲ့လို့ ရင်ခုန်ဖို့ မလုံလောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပေါ့ဘာအစား မာတစ်၊ ရက်ရှ်ဖို့ဒ်အစား ကာဗာနီနဲ့ ဂရင်းဝုဒ်အစား ဗန်ဒဘိခ်တို့ကို ထည့်ကစားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ ယူနိုက်တက်တို့ ပြင်ဆင်လာခဲ့သလို တိုက်စစ်ကလည်း အခွင့်အရေးတွေ ပိုမိုဖော်ဆောင်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဘယ်တောင်ပံက အဲလက်စ် တဲလက်စ်ရဲ့ ဖြတ်တင်မှုကို ဂရန်နာဒါတို့ ကာကွယ်ရင်း ဂိုးဧရိယာထဲမှာ လူစားဝင်လာတာ သုံးမိနစ်ပဲ ရှိသေးတဲ့ ကွင်းလယ်လူ ဘရိုက်စ် အီတီကီက ဘရူနို ဖာနန်ဒက်စ်ကို တွန်းမိခဲ့လို ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။

ဒီအခွင့်အရေးကိုတော့ ပေါ်တူဂီသားက သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့ရာမှာ ကန်နေကျပုံစံအတိုင်း မခုန်ဘဲနဲ့ ပုံစံပြောင်းပြီး ရပ်ကန်သွင်းခဲ့ရာမှာ ဂိုးသမားလက်နဲ့ ထိခဲ့ပေမယ့် ဂိုးထဲ ဝင်ခဲ့လို့ ပရိသတ်တွေ ထိတ်လန့်ခဲ့ရပြီးမှ စိတ်အေးစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်တို့ အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီပုံစံအတိုင်း ဆက်သွားရင် ကစားပုံမကောင်းလည်း လိုအပ်တဲ့ ရလဒ်တွေကို ရယူနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ယူရိုပါလိဂ်ကို လမိုင်းကပ်စွာနဲ့ အောင်မြင်နိုင်ဖို့ အခြေအနေကောင်းကိုလည်း ပိုင်ဆိုင်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ ရလဒ္ေကာင္းႏိုင္ဖို႔ ဂိုးသမား ဒေဟးယားအပါအဝင္ ပထမ ကစားသမားအမ်ားစုကို အေဝးကြင္းမွာ ပြဲထုတ္လာခဲ့ၿပီး စပိန္ကလပ္ ဂရန္နာဒါကို ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ျပင္ဆင္လာခဲ့ပါတယ္။

အေဝးကြင္းမွာ ယူႏိုက္တက္တို႔ ေျခအသာနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ စိတ္ေလာေနတဲ့ ကြင္းလယ္ကစားသမားေတြရဲ႕ အေပါက္မရွိတဲ့ ေနရာေတြက ကေလးဆန္ဆန္ ကန္သြင္းခ်က္ေတြကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ေကာင္တာကစားတာကလြဲရင္ စနစ္တက် ကစားကြက္၊ တြဲလုံးေတြနဲ႔ ထိုးေဖာက္တတ္ဖို႔ နည္းျပ ဆိုးလ္ရွားေရာ သူ႔လူေတြပါ သင္ယူရဦးမွာကိုလည္း သတိထားစရာျဖစ္ခဲ့ပါတယ္။

အိမ္ရွင္ဂရန္နာဒါတို႔ကေတာ့ ယူႏိုက္တက္ေနာက္တန္းကို ၿခိမ္းေျခာက္ႏိုင္မႈ နည္းပါးခဲ့ၿပီး ဧည့္သည္ေတြပဲ ပိုအခြင့္အေရးရခဲ့သလို ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ခံစစ္ကေန ဘယ္သူမွ ဖိအားေပးတာ မခံရဘဲ ကန္တင္ေပးလိုက္တဲ့ လင္ဒီေလာ့ဖ္ရဲ႕ အေဝးေဘာကို ရက္ရွ္ဖို႔ဒ္က လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ေကာင္းမြန္တဲ့ ေဘာလုံးအထိန္းအသိမ္းနဲ႔ ကန္သြင္းႏိုင္ခဲ့လို႔ မန္ခ်က္စတာသားေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရေပမယ့္ ဂရန္နာဒါတို႔ ေကာင္းေကာင္းမတုံ႔ျပန္ႏိုင္ခဲ့ဘဲ ေထာင့္က်ဥ္းအေနအထားက ကန္ခ်က္တစ္ခု တိုင္ထိတာေလာက္ပဲ ေျပာစရာရွိခဲ့သလို ယူႏိုက္တက္တို႔ ဖ႐ိုဖရဲနဲ႔ ႀကဳံသလို ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိ ရလဒ္ပဲ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ လုခ္ေရွာအစား အဲလက္စ္ တဲလစ္ကို ယူႏိုက္တက္တို႔ ထည့္ကစားခဲ့ၿပီး ဂရန္နာဒါကေတာ့ အေဝးကန္ခ်က္ေတြနဲ႔ ဂိုးဧရိယာအျပင္ကေန ၿခိမ္းေျခာက္ေနခဲ့လို႔ ဒေဟးယား သတိထားခဲ့ရသလို မက္ဂြိဳင္းယားရဲ႕ ကြင္းလယ္ကေန တစ္ကိုယ္ေတာ္ ျဖတ္ေက်ာ္မႈက ေကာင္းခဲ့ေပမယ့္ ကန္သြင္းအဆုံးသတ္မႈကေတာ့ ဂိုးတိုင္ေဘးကိုပဲ ျဖစ္ခဲ့လို႔ ရင္ခုန္ဖို႔ မလုံေလာက္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေပါ့ဘာအစား မာတစ္၊ ရက္ရွ္ဖို႔ဒ္အစား ကာဗာနီနဲ႔ ဂရင္းဝုဒ္အစား ဗန္ဒဘိခ္တို႔ကို ထည့္ကစားခဲ့ၿပီး အႏိုင္ရလဒ္ကို ထိန္းသိမ္းႏိုင္ဖို႔ ယူႏိုက္တက္တို႔ ျပင္ဆင္လာခဲ့သလို တိုက္စစ္ကလည္း အခြင့္အေရးေတြ ပိုမိုေဖာ္ေဆာင္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ဘယ္ေတာင္ပံက အဲလက္စ္ တဲလက္စ္ရဲ႕ ျဖတ္တင္မႈကို ဂရန္နာဒါတို႔ ကာကြယ္ရင္း ဂိုးဧရိယာထဲမွာ လူစားဝင္လာတာ သုံးမိနစ္ပဲ ရွိေသးတဲ့ ကြင္းလယ္လူ ဘ႐ိုက္စ္ အီတီကီက ဘ႐ူႏို ဖာနန္ဒက္စ္ကို တြန္းမိခဲ့လို ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ေပးခဲ့ပါတယ္။

ဒီအခြင့္အေရးကိုေတာ့ ေပၚတူဂီသားက သူကိုယ္တိုင္ပဲ ကန္သြင္းခဲ့ရာမွာ ကန္ေနက်ပုံစံအတိုင္း မခုန္ဘဲနဲ႔ ပုံစံေျပာင္းၿပီး ရပ္ကန္သြင္းခဲ့ရာမွာ ဂိုးသမားလက္နဲ႔ ထိခဲ့ေပမယ့္ ဂိုးထဲ ဝင္ခဲ့လို႔ ပရိသတ္ေတြ ထိတ္လန႔္ခဲ့ရၿပီးမွ စိတ္ေအးေစမယ့္ ဒုတိယဂိုးကို ရရွိခဲ့ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ယူႏိုက္တက္တို႔ အေဝးကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ဒီပုံစံအတိုင္း ဆက္သြားရင္ ကစားပုံမေကာင္းလည္း လိုအပ္တဲ့ ရလဒ္ေတြကို ရယူႏိုင္တဲ့ အသင္းတစ္သင္းအျဖစ္ ယူ႐ိုပါလိဂ္ကို လမိုင္းကပ္စြာနဲ႔ ေအာင္ျမင္ႏိုင္ဖို႔ အေျခအေနေကာင္းကိုလည္း ပိုင္ဆိုင္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.