Premier League

ဂရန်နာဒါ 0:2 မန်ချက်စတာယူနိုက်တက် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ် ပြောစရာ 7ချက်

စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်
ဒီပွဲမှာ ဂရန်နာဒါကို အခြိမ်းခြောက်နိုင်ဆုံး ကစားသမားက ရက်ရှ်ဖို့ဒ်ဖြစ်သလို သူ့ရဲ့ အဖွင့်ဦးဆောင်ဂိုးကလည်း သိပ်ပြီး စိတ်လှုပ်ရှားကောင်းပါတယ်။ တိုနီ ခရူးစ်ဝင်စားသလား အောက်မေ့ရတဲ့ လန်ဒလော့ဖ်ရဲ့ တိကျသေသပ်တဲ့ အဝေးဘောပေးပို့မှုကို ရက်ရှ်ဖို့ဒ်ရဲ့ အထိန်းအသိမ်းနဲ့ အဆုံးသတ်နိုင်ခဲ့ပုံက ဝေဖန်မှုတွေကို ချေဖျက်သွားခဲ့တယ်။ ဘယ်သူတွေ ဘယ်လိုပြောပြော သူက ဒီရာသီ ယူနိုက်တက်အတွက် ဂိုး ၂၀ သွင်းခဲ့ပြီဖြစ်တယ်။

ကွင်းလယ်ကို အုပ်စိုးခဲ့တဲ့ ပေါ့ဘာ
ပေါ့ဘာရဲ့ ကွင်းလယ်လွှမ်းမိုးနိုင်စွမ်းက ဒီနိုင်ပွဲမှာ အခရာကျခဲ့တယ်။ သူက ပွဲအတင်အချကိုလည်း ပါးပါနပ်နပ် လုပ်ပြသွားတယ်။ သူ့ကို ဆိုးလ်ရှားက ကွင်းလယ်ဗဟိုနေရာမှာ တော်မီနေးနဲ့ တွဲကစားစေခဲ့ပြီး အလုပ်ဖြစ်ခဲ့တယ်။ တော်မီနေးနဲ့က ဂရန်နာဒါနတိုက်စစ်ဆင်မှုကို အကြမ်းအရမ်းဖျက်ထုတ်နေချိန်မှာ ပေါ့ဘာက ကောင်းကောင်းကြီး တိုက်စစ်ဆင်နေနိုင်ခဲ့တယ်။ နှစ်ဦးစလုံး တာဝန်ကိုယ်စီကျေခဲ့လို့ ဒီနိုင်ပွဲရဲ့ Credit နဲ့ ထိုက်တန်သူတွေဖြစ်ပါတယ်။

တကျော့ပြန် ဒဟဲယားရဲ့ ပေးဂိုးမရှိပွဲ
သားဦးလေးမွေးဖွားထားလို့ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် ယူနိုက်တက်နဲ့ တလတာ ကင်းကွာနေခဲ့တဲ့ ဒဟဲယားက ဒီနေ့ပွဲမှာ သူ့ရဲ့ နံပါတ် ၁ ဂိုးသမားနေရာကနေ တကျော့ပြန်ပွဲထွက်လာခဲ့တယ်။ တိုက်စစ်ပိုင်းအားနည်းပြီး ဂိုးပေါက်ခြိမ်းခြောက်မှု နည်းပါးခဲ့တဲ့ ဂရန်ဒါနာကြောင့် ဒဟဲယားက လက်စွမ်းပြခဲ့တယ်လို့ ဆိုရခက်ပေမယ့် ပွဲနဲ့အသားကျအောင် အရှိန်ပြန်ယူရစဉ်မှာ သူက ပေးဂိုးမရှိပွဲဖြစ်အောင် Clean Sheet ယူခဲ့တာက သေချာပေါက်ချီးကျူးရမှာဖြစ်တယ်။

နောက်တဆင့်တက်ဖို့ စိတ်အေးသွားခဲ့တဲ့ ယူနိုက်တက် ယူရိုပါလိဂ်ဒဏ်ရာကို ကုသနိုင်မှာလား
အဝေးဂိုး ၂ ဂိုးရယူနိုင်ခဲ့ခြင်းက ယူနိုက်တက်အတွက် အတော်လေးအဖိုးတန်ခဲ့တယ်။ နောက်တဆင့်တက်ဖို့ စိတ်အေးသွားခဲ့ရလို့ နောက်တကျော့ အိမ်ကွင်းပွဲစဉ်မတိုင်မီမှာ ပရီးမီးယားလိဂ်ပွဲကို အာရုံစိုက်ကစားနိုင်သွားပြီဖြစ်တယ်။ နည်းပြဆိုးလ်ရှားအနေနဲ့ EPL အဆင့် ၄ အတွင်းဝင်ပြီး အဆင့် ၂ နေရာကို ဆက်လက်ထိန်းသိမ်းထားဖို့ ပိုပြီးအားရစရာ အခြေအနေတခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ အားအပြည့်ထည့်ပြီး ရုန်းနိုင်သလို မနှစ်က ရရှိခဲ့တဲ့ ယူရိုပါလိဂ်ဒဏ်ရာကိုလည်း ပြန်လည်ကုသဖို့ အချိန်တန်ပြီဖြစ်တယ်။

နောက်တကျော့မှာ ကစားသမား ၃ ဦးကို လက်လွှတ်ရမယ့် ဆိုးလ်ရှား
လုခ်ရှော၊ မက်တော်မီနေးနဲ့အတူ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားတို့ ၃ ဦးဟာ နောက်တကျော့ ယူရိုပါလိဂ်ကွာတားပွဲကို လွဲသွားတော့မှာပါ။ ဒီပွဲမှာ ၃ ဦးစလုံး အဝါကတ်ထိခဲ့လို့ တပွဲအပယ်ခံရမှာဖြစ်တယ်။ ဒါက နောက်တပတ်မှာ သူတို့ကို လက်လွှတ်ရခြင်းနဲ့အတူ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့်မှာ ပွဲပယ်မထိဖို့ ကြိုတင်ပြင်ဆင်ပြီး စွန့်စားခဲ့လေသလားလို့လည်း ပရိသတ်တွေဘက်က အားရကျေနပ်မှုတခုအဖြစ် ယူဆစရာရှိနေပါတယ်။

ဆိုးလ်ရှားရဲ့ နည်းပြဘဝ ပထမဆုံးဆုဖလားကို မက်မောစရာ ရှိနေပြီလား
ယူနိုက်တက်မှာ ဆိုးလ်ရှားရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေက ငြင်းကွယ်ထားလို့မရအောင် အသင်းရဲ့ ခြေစွမ်းမှာ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပြီး အနာဂတ်သစ်တခုကို ယူနိုက်တက်တို့ မျှော်လင့်လာနိုင်ချိန်မှာပဲ ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘဝ အသက်ဆက်ဖို့က သူ့ရဲ့ ပထမဆုံးအောင်မြင်မှုအဖြစ် ပြဌာန်းမယ့် ဆုဖလားတလုံးကိုလည်း လိုအပ်နေပြီဖြစ်တယ်။

ဒါကို ဆိုးလ်ရှားက မက်မောနေမှာဖြစ်ပြီး ယူနိုက်တက်ဟာလည်း ယူရိုပါလိဂ် ဗိုလ်ဝင်ခံဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်ရပ်တည်လာသလို ဒီပြိုင်ပွဲမှာ အတောက်ပဆုံးနဲ့ အတောင့်တင်းဆုံး လူအင်အားပိုင်ဆိုင်မှုကလည်း သူ့ကို မျှော်လင့်ချက်အိပ်မက်တွေ တဒိတ်ဒိတ်တိုးနေစေမှာပါ။

ဂိုးသွင်းမုဆိုးစစ်စစ်ကို ရှာဖွေရဦးမယ့် ယူနိုက်တက်
ယူနိုက်တက်ရဲ့ ထုံးစံအတိုင်း ဒီပွဲမှာလည်း အဆုံးသတ်ပိုင်နိုင်တဲ့ ဂိုးသွင်းမုဆိုးစစ်စစ်ဆိုတာက ပျောက်ဆုံးနေခဲ့တယ်။ ဂရင်းဝုဒ်က အတွေ့အကြုံနုလွန်းလို့ ရုန်းကန်နေရဆဲဖြစ်တာကို တွေ့ခဲ့ရတယ်။ ၈၅ မိနစ်အတွင်း ဂိုးပေါက်တည့်မှု တကြိမ်မှ မကန်သွင်းနိုင်ခဲ့ဘူး။ ခြိမ်းခြောက်နိုင်စွမ်း အားပျော့လွန်းတယ်။

သေချာကတော့ ယူနိုက်တက်ဟာ နွေရာသီမှာ တိုက်စစ်မှူးစစ်စစ်တဦးကို ရှာဖွေရမှာဖြစ်ပြီး ပရိသတ်တွေရဲ့ အမြင်မှာ အားမလိုအားမရဖြစ်စရာကောင်းလွန်းနေတဲ့ အသင်းတိုက်စစ်ပိုင်းက မာစီယယ်လ်၊ ဂရင်းဝုဒ်တို့နဲ့ လုံလောက်တယ်လို့ ပျားရည်နဲ့ဝမ်းချနေတဲ့ ဆိုးလ်ရှားရဲ့ စကားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာဟာ မျက်မြင်ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

စိတ္လႈပ္ရွားစရာေကာင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္
ဒီပြဲမွာ ဂရန္နာဒါကို အၿခိမ္းေျခာက္ႏိုင္ဆုံး ကစားသမားက ရက္ရွ္ဖို႔ဒ္ျဖစ္သလို သူ႔ရဲ႕ အဖြင့္ဦးေဆာင္ဂိုးကလည္း သိပ္ၿပီး စိတ္လႈပ္ရွားေကာင္းပါတယ္။ တိုနီ ခ႐ူးစ္ဝင္စားသလား ေအာက္ေမ့ရတဲ့ လန္ဒေလာ့ဖ္ရဲ႕ တိက်ေသသပ္တဲ့ အေဝးေဘာေပးပို႔မႈကို ရက္ရွ္ဖို႔ဒ္ရဲ႕ အထိန္းအသိမ္းနဲ႔ အဆုံးသတ္ႏိုင္ခဲ့ပုံက ေဝဖန္မႈေတြကို ေခ်ဖ်က္သြားခဲ့တယ္။ ဘယ္သူေတြ ဘယ္လိုေျပာေျပာ သူက ဒီရာသီ ယူႏိုက္တက္အတြက္ ဂိုး ၂၀ သြင္းခဲ့ၿပီျဖစ္တယ္။

ကြင္းလယ္ကို အုပ္စိုးခဲ့တဲ့ ေပါ့ဘာ
ေပါ့ဘာရဲ႕ ကြင္းလယ္လႊမ္းမိုးႏိုင္စြမ္းက ဒီႏိုင္ပြဲမွာ အခရာက်ခဲ့တယ္။ သူက ပြဲအတင္အခ်ကိုလည္း ပါးပါနပ္နပ္ လုပ္ျပသြားတယ္။ သူ႔ကို ဆိုးလ္ရွားက ကြင္းလယ္ဗဟိုေနရာမွာ ေတာ္မီေနးနဲ႔ တြဲကစားေစခဲ့ၿပီး အလုပ္ျဖစ္ခဲ့တယ္။ ေတာ္မီေနးနဲ႔က ဂရန္နာဒါနတိုက္စစ္ဆင္မႈကို အၾကမ္းအရမ္းဖ်က္ထုတ္ေနခ်ိန္မွာ ေပါ့ဘာက ေကာင္းေကာင္းႀကီး တိုက္စစ္ဆင္ေနႏိုင္ခဲ့တယ္။ ႏွစ္ဦးစလုံး တာဝန္ကိုယ္စီေက်ခဲ့လို႔ ဒီႏိုင္ပြဲရဲ႕ Credit နဲ႔ ထိုက္တန္သူေတြျဖစ္ပါတယ္။

တေက်ာ့ျပန္ ဒဟဲယားရဲ႕ ေပးဂိုးမရွိပြဲ
သားဦးေလးေမြးဖြားထားလို႔ ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္ေၾကာင့္ ယူႏိုက္တက္နဲ႔ တလတာ ကင္းကြာေနခဲ့တဲ့ ဒဟဲယားက ဒီေန႔ပြဲမွာ သူ႔ရဲ႕ နံပါတ္ ၁ ဂိုးသမားေနရာကေန တေက်ာ့ျပန္ပြဲထြက္လာခဲ့တယ္။ တိုက္စစ္ပိုင္းအားနည္းၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈ နည္းပါးခဲ့တဲ့ ဂရန္ဒါနာေၾကာင့္ ဒဟဲယားက လက္စြမ္းျပခဲ့တယ္လို႔ ဆိုရခက္ေပမယ့္ ပြဲနဲ႔အသားက်ေအာင္ အရွိန္ျပန္ယူရစဥ္မွာ သူက ေပးဂိုးမရွိပြဲျဖစ္ေအာင္ Clean Sheet ယူခဲ့တာက ေသခ်ာေပါက္ခ်ီးက်ဴးရမွာျဖစ္တယ္။

ေနာက္တဆင့္တက္ဖို႔ စိတ္ေအးသြားခဲ့တဲ့ ယူႏိုက္တက္ ယူ႐ိုပါလိဂ္ဒဏ္ရာကို ကုသႏိုင္မွာလား
အေဝးဂိုး ၂ ဂိုးရယူႏိုင္ခဲ့ျခင္းက ယူႏိုက္တက္အတြက္ အေတာ္ေလးအဖိုးတန္ခဲ့တယ္။ ေနာက္တဆင့္တက္ဖို႔ စိတ္ေအးသြားခဲ့ရလို႔ ေနာက္တေက်ာ့ အိမ္ကြင္းပြဲစဥ္မတိုင္မီမွာ ပရီးမီးယားလိဂ္ပြဲကို အာ႐ုံစိုက္ကစားႏိုင္သြားၿပီျဖစ္တယ္။ နည္းျပဆိုးလ္ရွားအေနနဲ႔ EPL အဆင့္ ၄ အတြင္းဝင္ၿပီး အဆင့္ ၂ ေနရာကို ဆက္လက္ထိန္းသိမ္းထားဖို႔ ပိုၿပီးအားရစရာ အေျခအေနတခုကို ပိုင္ဆိုင္သြားခဲ့ပါတယ္။ ယူ႐ိုပါလိဂ္မွာ အားအျပည့္ထည့္ၿပီး ႐ုန္းႏိုင္သလို မႏွစ္က ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ဒဏ္ရာကိုလည္း ျပန္လည္ကုသဖို႔ အခ်ိန္တန္ၿပီျဖစ္တယ္။

ေနာက္တေက်ာ့မွာ ကစားသမား ၃ ဦးကို လက္လႊတ္ရမယ့္ ဆိုးလ္ရွား
လုခ္ေရွာ၊ မက္ေတာ္မီေနးနဲ႔အတူ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားတို႔ ၃ ဦးဟာ ေနာက္တေက်ာ့ ယူ႐ိုပါလိဂ္ကြာတားပြဲကို လြဲသြားေတာ့မွာပါ။ ဒီပြဲမွာ ၃ ဦးစလုံး အဝါကတ္ထိခဲ့လို႔ တပြဲအပယ္ခံရမွာျဖစ္တယ္။ ဒါက ေနာက္တပတ္မွာ သူတို႔ကို လက္လႊတ္ရျခင္းနဲ႔အတူ ဆီမီးဖိုင္နယ္နဲ႔ ဖိုင္နယ္အဆင့္မွာ ပြဲပယ္မထိဖို႔ ႀကိဳတင္ျပင္ဆင္ၿပီး စြန႔္စားခဲ့ေလသလားလို႔လည္း ပရိသတ္ေတြဘက္က အားရေက်နပ္မႈတခုအျဖစ္ ယူဆစရာရွိေနပါတယ္။

ဆိုးလ္ရွားရဲ႕ နည္းျပဘဝ ပထမဆုံးဆုဖလားကို မက္ေမာစရာ ရွိေနၿပီလား
ယူႏိုက္တက္မွာ ဆိုးလ္ရွားရဲ႕ ျပဳျပင္ေျပာင္းလဲမႈလုပ္ငန္းစဥ္ေတြက ျငင္းကြယ္ထားလို႔မရေအာင္ အသင္းရဲ႕ ေျခစြမ္းမွာ တိုးတက္မႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး အနာဂတ္သစ္တခုကို ယူႏိုက္တက္တို႔ ေမွ်ာ္လင့္လာႏိုင္ခ်ိန္မွာပဲ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္နည္းျပဘဝ အသက္ဆက္ဖို႔က သူ႔ရဲ႕ ပထမဆုံးေအာင္ျမင္မႈအျဖစ္ ျပဌာန္းမယ့္ ဆုဖလားတလုံးကိုလည္း လိုအပ္ေနၿပီျဖစ္တယ္။ ဒါကို ဆိုးလ္ရွားက မက္ေမာေနမွာျဖစ္ၿပီး ယူႏိုက္တက္ဟာလည္း ယူ႐ိုပါလိဂ္ ဗိုလ္ဝင္ခံဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ရပ္တည္လာသလို ဒီၿပိဳင္ပြဲမွာ အေတာက္ပဆုံးနဲ႔ အေတာင့္တင္းဆုံး လူအင္အားပိုင္ဆိုင္မႈကလည္း သူ႔ကို ေမွ်ာ္လင့္ခ်က္အိပ္မက္ေတြ တဒိတ္ဒိတ္တိုးေနေစမွာပါ။

ဂိုးသြင္းမုဆိုးစစ္စစ္ကို ရွာေဖြရဦးမယ့္ ယူႏိုက္တက္
ယူႏိုက္တက္ရဲ႕ ထုံးစံအတိုင္း ဒီပြဲမွာလည္း အဆုံးသတ္ပိုင္ႏိုင္တဲ့ ဂိုးသြင္းမုဆိုးစစ္စစ္ဆိုတာက ေပ်ာက္ဆုံးေနခဲ့တယ္။ ဂရင္းဝုဒ္က အေတြ႕အႀကဳံႏုလြန္းလို႔ ႐ုန္းကန္ေနရဆဲျဖစ္တာကို ေတြ႕ခဲ့ရတယ္။ ၈၅ မိနစ္အတြင္း ဂိုးေပါက္တည့္မႈ တႀကိမ္မွ မကန္သြင္းႏိုင္ခဲ့ဘူး။ ၿခိမ္းေျခာက္ႏိုင္စြမ္း အားေပ်ာ့လြန္းတယ္။

ေသခ်ာကေတာ့ ယူႏိုက္တက္ဟာ ေႏြရာသီမွာ တိုက္စစ္မႉးစစ္စစ္တဦးကို ရွာေဖြရမွာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အျမင္မွာ အားမလိုအားမရျဖစ္စရာေကာင္းလြန္းေနတဲ့ အသင္းတိုက္စစ္ပိုင္းက မာစီယယ္လ္၊ ဂရင္းဝုဒ္တို႔နဲ႔ လုံေလာက္တယ္လို႔ ပ်ားရည္နဲ႔ဝမ္းခ်ေနတဲ့ ဆိုးလ္ရွားရဲ႕ စကားေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနတာဟာ မ်က္ျမင္ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.