Premier League

လီဗာပူးလ္အတြက္ ေျခစြမ္းျပေနတဲ့ လူငယ္ႏွစ္ဦးကို အဂၤလန္ယူ-၂၁ ေရြးခ်ယ္ဖို႔ စိတ္ဝင္စားေန

လီဗာပူးလ္အသင္းရဲ႕ ျပည္တြင္းဖလားပြဲေတြမွာ လူငယ္ေတြကို အဓိကထား အသုံးျပဳကစားေနခဲ့ရာမွာ ဒီထဲကမွ ေျခစြမ္းအျပႏုိင္ဆုံးႏွစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ကားတစ္ဂ်ဳံးစ္နဲ႔ ေတာင္ပံကစားသမား ဟာဗီ အီးလီးေယာ့တုိ႔ကို အဂၤလန္ယူ-၂၁ မွာ ေရြးခ်ယ္ဖို႔ စိတ္ဝင္စားေနၿပီလို႔ သိရပါတယ္။

ရွ႐ူးဘူရီေတာင္းနဲ႔ ကစားခဲ့တဲ့ အန္းဖီးလ္က အက္ဖ္ေအဖလားစတုတၳအဆင့္ ျပန္ကန္ပြဲစဥ္ကို အဂၤလန္ယူ-၂၁ ရဲ႕ လက္ေထာက္နည္းျပ လီးကာစလီနဲ႔ ယူ-၂၀ နည္းျပ ေပါလ္ ဆင့္ပ္ဆန္တုိ႔ လာေရာက္ၾကည့္ရွဳခဲ့ၾကၿပီး ဒီလူငယ္ႏွစ္ဦးကို အႀကဳိက္ေတြ႕ခဲ့တယ္လုိ႔လည္းဆုိပါတယ္။

အဂၤလန္အသင္းအတြက္ ယူ-၁၆ ကေန ယူ-၁၉ အထိ ပါဝင္ကစားေပးခဲ့ၿပီးျဖစ္တဲ့ ကားတစ္ဂ်ဳံးစ္ဟာ လီဗာပူးလ္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ဝက္စ္ဟမ္းကို အႏုိင္ရရွိတဲ့ ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ စတင္ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီးျဖစ္သလို အက္ဖ္ေအဖလား တတိယအဆင့္မွာလည္း အဲဗာတန္အသင္းဘက္ကို လွပတဲ့ အႏုိင္ဂိုးတစ္ဂိုး သြင္းယူေပးခဲ့သူျဖစ္ပါတယ္။

အဂၤလန္ ယူ-၁၇ လက္ေရြးစင္ျဖစ္ၿပီး ေတာင္ပံမွာ ကစားတဲ့ အီးလီးေယာ့ကေတာ့ အသက္ ၁၆ ႏွစ္ အရြယ္သာ ရွိေသးသူျဖစ္ၿပီး နည္းျပ အိတ္ဒီ ဘို႔သ္ရြဳိက္ကေတာ့ သူ႕ကို ယူ-၂၁ အဆင့္မွာ ကစားႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္းလည္း သိရပါတယ္။

ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ အသက္အငယ္ဆုံးကပၸတိန္ျဖစ္လာခဲ့တဲ့ ကားတစ္ဂ်ဳံးစ္နဲ႔ လူငယ္ကစားသမား အီးလီးေယာ့တုိ႔အေနနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္ ကတိေပးထားတဲ့အတိုင္း အေကာင္းဆုံးကစားသမားႏွစ္ဦးဟာ ေနာက္တစ္ဆင့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ကစားခြင့္ရမယ္ဆုိတဲ့ အခြင့္အေရးကို ဆုပ္ကိုင္သြားႏိုင္မလားဆုိတာလည္း ေစာင့္ၾကည့္သြားရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ပြည်တွင်းဖလားပွဲတွေမှာ လူငယ်တွေကို အဓိကထား အသုံးပြုကစားနေခဲ့ရာမှာ ဒီထဲကမှ ခြေစွမ်းအပြနိုင်ဆုံးနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ကားတစ်ဂျုံးစ်နဲ့ တောင်ပံကစားသမား ဟာဗီ အီးလီးယော့တို့ကို အင်္ဂလန်ယူ-၂၁ မှာ ရွေးချယ်ဖို့ စိတ်ဝင်စားနေပြီလို့ သိရပါတယ်။

ရှရူးဘူရီတောင်းနဲ့ ကစားခဲ့တဲ့ အန်းဖီးလ်က အက်ဖ်အေဖလားစတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်ကို အင်္ဂလန်ယူ-၂၁ ရဲ့ လက်ထောက်နည်းပြ လီးကာစလီနဲ့ ယူ-၂၀ နည်းပြ ပေါလ် ဆင့်ပ်ဆန်တို့ လာရောက်ကြည့်ရှုခဲ့ကြပြီး ဒီလူငယ်နှစ်ဦးကို အကြိုက်တွေ့ခဲ့တယ်လို့လည်းဆိုပါတယ်။

အင်္ဂလန်အသင်းအတွက် ယူ-၁၆ ကနေ ယူ-၁၉ အထိ ပါဝင်ကစားပေးခဲ့ပြီးဖြစ်တဲ့ ကားတစ်ဂျုံးစ်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကို အနိုင်ရရှိတဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ကစားခွင့် ရရှိခဲ့ပြီးဖြစ်သလို အက်ဖ်အေဖလား တတိယအဆင့်မှာလည်း အဲဗာတန်အသင်းဘက်ကို လှပတဲ့ အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

အင်္ဂလန် ယူ-၁၇ လက်ရွေးစင်ဖြစ်ပြီး တောင်ပံမှာ ကစားတဲ့ အီးလီးယော့ကတော့ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးသူဖြစ်ပြီး နည်းပြ အိတ်ဒီ ဘို့သ်ရွိုက်ကတော့ သူ့ကို ယူ-၂၁ အဆင့်မှာ ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသက်အငယ်ဆုံးကပ္ပတိန်ဖြစ်လာခဲ့တဲ့ ကားတစ်ဂျုံးစ်နဲ့ လူငယ်ကစားသမား အီးလီးယော့တို့အနေနဲ့ နည်းပြ ယာဂန် ကလော့ပ် ကတိပေးထားတဲ့အတိုင်း အကောင်းဆုံးကစားသမားနှစ်ဦးဟာ နောက်တစ်ဆင့် ချဲလ်ဆီးနဲ့ပွဲမှာ ကစားခွင့်ရမယ်ဆိုတဲ့ အခွင့်အရေးကို ဆုပ်ကိုင်သွားနိုင်မလားဆိုတာလည်း စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.