La Liga Match Report Premier League UCL&UEL

ရီးရဲလ်ကို ရှုံးကြွေးမဆပ်နိုင်ခဲ့ပေမယ့် အဝေးဂိုးနဲ့ နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပြန်လည်တွေ့ဆုံတဲ့ ချန်ပီယံလိဂ်ဖိုင်နယ် စိတ်မကျေပွဲမှာ ရှုံးကြွေးဆပ်နိုင်ဖို့ မျှော်လင့် ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အဝေးဂိုးတစ်ဂိုးနဲ့ပဲ ကျေနပ်လိုက်ရပြီး နောက်တစ်ဆင့်အတွက် အိမ်ကွင်းမှာ လက်စားချေနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ သုံးခဲ့တဲ့ နာသန် ဖိလစ်ကိုပဲ ဆက်လက်အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ ပုံစံကောင်းရနေတဲ့ ပေါ်တူဂီသား ဂျိုတာကို ဖာမီနိုရဲ့ နေရာမှာ သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ သီယာဂိုကို အရန်ခုံမှာပဲ ထားခဲ့ပြီး ကီတာကို ပွဲထုတ်လာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ညာနောက်ခံလူနေရာမှာ တောင်ပံကစားသမား လူးကပ်စ် ဗက်ဇ်ကေးကို သုံးတဲ့အထိ တိုက်စစ်ကို အားပြုလာခဲ့ပြီး ပွဲစတာနဲ့ လီဗာပူးလ်တို့ဘက်ကို တောက်လျှောက်ဖိကစားနေခဲ့သလို ဘယ်တောင်ပံက ဗီနီးရှပ်စ် ဂျူနီယာရဲ့ ထိုးဖောက်မှုတွေကို တော်တော်လေး အသုံးပြုခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ လီဗာပူးလ်တို့ ကိုယ့်အကွက်နဲ့ကိုယ် ခံလိုက်ရပြီး ဟန်ဒါဆန်နဲ့ မာနေး လုပ်စားနေကြပုံစံအတိုင်း ခံစစ်ရှေ့နားကနေ တိုနီ ခရူးစ်က ဗီနီးရှပ်စ် ဂျူနီယာဆီ ရိုက်တင်ပေးခဲ့ပြီး ဘရာဇီးလ်လူငယ်က မြေမကျခင်မှာ ရင်ဘတ်နဲ့ ဖမ်းထိန်းခဲ့သလို နောက်ခံလူနှစ်ဦးကြားထဲကနေ ပြေးထွက်ပြီး အယ်လစ်ဆန်ရဲ့ ညာဘက်အောက်ကို ပါးပါးနပ်နပ်နဲ့ အသာအယာ အဆုံးသတ်သွားခဲ့လို့ ရီးရဲလ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

လီဗာပူးလ်တို့ ခံစစ်ပိုင်း နေရာယူပုံတွေက ဒီနေ့ပွဲမှာ တော်တော်လေး အားနည်းခဲ့ပြီး ရီးရဲလ်တိုက်စစ်မှူးတွေကို အဝေးကနေ လွှတ်ထားသလိုမျိုး မြင်ခဲ့ရသလို ဘင်ဇီးမားကလည်း တစ်ချိန်လုံး ဒုက္ခပေးနေခဲ့ပြီး သူ့ကို ဘောလုံးမထိဘဲ ပင်နယ်တီဧရိယာထဲမှာ ဝင်ဖျက်တဲ့ အိုဇန် ကာဘက်ရဲ့ ဖျက်ထုတ်မှုကို ဒိုင်လူကြီး မျက်ကွယ်ပြုသွားခဲ့လို့သာ သက်သာခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ရီးရဲလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ခရူးစ်ကပဲ ပေးတဲ့ အဝေးဘောကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က အယ်လစ်ဆန်ကို ခေါင်းတိုက် ပြန်ပေးတာကို မာကို အဆန်စီယိုက ဂိုးသမားကို ကျော်ယူပြီး ကန်သွင်းသွားခဲ့ဖြစ်ပါတယ်။ ဒီဂိုးမှာ ဘရာဇီးလ်သား ဂိုးသမားအနေနဲ့ ရှေ့ကို ထွက်ဖို့ အနည်းငယ် တုံ့ဆိုင်းနေခဲ့တာကြောင့် အဆန်စီယိုက အခွင့်အရေးရသွားခဲ့တာလည်းဖြစ်ပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ရီးရဲလ်တို့ပဲ ဖိကစားနေခဲ့ပြီး လီဗာပူးလ်တို့ကတော့ ကောင်တာကို အားပြုခဲ့သလို ပွဲချိန် ၅၁ မိနစ်မှာတော့ ဗိုင်နယ်လ်ဒွမ် ဆွဲယူလာပြီး ပေးတဲ့ ဘောလုံးကို ဂျိုတာ ကန်သွင်းဖို့ ကြိုးစားရာကနေ ပျက်သွားခဲ့တာကို အနားမှာ အဆင်သင့်ရှိနေတဲ့ ဆားလားက ပိတ်သွင်းပြီး အဖိုးတန် အဝေးဂိုးတစ်ဂိုးနဲ့ ချေပနိုင်ခဲ့ပါတယ်။

ဒီစတီဖာနိုကွင်းမှာ နှစ်ဂိုး-တစ်ဂိုးရလဒ် ဖြစ်သွားချိန်မှာ ဒီရလဒ်နဲ့ဆိုရင်တော့ အိမ်ရှင်တွေအတွက် တော်တော်လေး အန္တရာယ်များတာဖြစ်လို့ ရီးရဲလ်တို့ ပိုကြိုးစားခဲ့သလို လီဗာပူးလ်တို့ကလည်း သရေရနိုင်ဖို့ ပိုပြီး ထိုးဖောက်လာခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ လီဗာပူးလ်ရဲ့ ထောင့်ကန်ဘောကို ကူတွာ အမိဖမ်းပြီး ပြန်ပေးခဲ့တာကို ဘင်ဇီးမားနဲ့ အဆန်စီယိုတို့ ပေါင်းပြီး ဗီနီးရှပ်စ်ဆီ ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် အာနိုးလ်ဒ် ပိတ်ထားနိုင်ခဲ့လို့ သက်သာခဲ့ရပေမယ့် ဒီကနေ ဖြစ်သွားခဲ့တဲ့ လက်ပစ်ဘောကနေ မိုဒရစ်က ဂိုးဧရိယာထဲ ပို့ပေးတာကို ဗီနီးရှပ်စ်ကပဲ ထိန်းမလိုနဲ့ အနိမ့်ဘော အမြန်ကန်သွင်းခဲ့ရာမှာ အယ်လစ်ဆန် အငိုက်မိခဲ့ပြီး တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပိုင်အခွင့်အရေးတွေ သိပ်မရတော့ဘဲ ဒီထက် ဂိုးပိုပေးလို့မဖြစ်တော့တဲ့ နှစ်ဖက်အသင်း ခံစစ်တွေက သတိနဲ့ ကစားသွားခဲ့ကြလို့ သုံးဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့သလို ရီးရဲလ်တို့အတွက် နိုင်ပေမယ့် စိတ်မချရတဲ့ ရလဒ်ပဲဖြစ်ခဲ့ပြီး လီဗာပူးလ်တို့ အိမ်ကွင်းမှာ အဝေးဂိုးတစ်ဂိုးနဲ့အတူ ရလဒ်ကို ပြောင်းပြန်လှန်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ျပန္လည္ေတြ႕ဆုံတဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ စိတ္မေက်ပြဲမွာ ရႈံးေႂကြးဆပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ ထားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ အေဝးဂိုးတစ္ဂိုးနဲ႔ပဲ ေက်နပ္လိုက္ရၿပီး ေနာက္တစ္ဆင့္အတြက္ အိမ္ကြင္းမွာ လက္စားေခ်ႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္အေနနဲ႔ အာဆင္နယ္နဲ႔ပြဲမွာ သုံးခဲ့တဲ့ နာသန္ ဖိလစ္ကိုပဲ ဆက္လက္အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ ပုံစံေကာင္းရေနတဲ့ ေပၚတူဂီသား ဂ်ိဳတာကို ဖာမီႏိုရဲ႕ ေနရာမွာ သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ သီယာဂိုကို အရန္ခုံမွာပဲ ထားခဲ့ၿပီး ကီတာကို ပြဲထုတ္လာခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ ညာေနာက္ခံလူေနရာမွာ ေတာင္ပံကစားသမား လူးကပ္စ္ ဗက္ဇ္ေကးကို သုံးတဲ့အထိ တိုက္စစ္ကို အားျပဳလာခဲ့ၿပီး ပြဲစတာနဲ႔ လီဗာပူးလ္တို႔ဘက္ကို ေတာက္ေလွ်ာက္ဖိကစားေနခဲ့သလို ဘယ္ေတာင္ပံက ဗီနီးရွပ္စ္ ဂ်ဴနီယာရဲ႕ ထိုးေဖာက္မႈေတြကို ေတာ္ေတာ္ေလး အသုံးျပဳခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ကိုယ့္အကြက္နဲ႔ကိုယ္ ခံလိုက္ရၿပီး ဟန္ဒါဆန္နဲ႔ မာေနး လုပ္စားေနၾကပုံစံအတိုင္း ခံစစ္ေရွ႕နားကေန တိုနီ ခ႐ူးစ္က ဗီနီးရွပ္စ္ ဂ်ဴနီယာဆီ ႐ိုက္တင္ေပးခဲ့ၿပီး ဘရာဇီးလ္လူငယ္က ေျမမက်ခင္မွာ ရင္ဘတ္နဲ႔ ဖမ္းထိန္းခဲ့သလို ေနာက္ခံလူႏွစ္ဦးၾကားထဲကေန ေျပးထြက္ၿပီး အယ္လစ္ဆန္ရဲ႕ ညာဘက္ေအာက္ကို ပါးပါးနပ္နပ္နဲ႔ အသာအယာ အဆုံးသတ္သြားခဲ့လို႔ ရီးရဲလ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

လီဗာပူးလ္တို႔ ခံစစ္ပိုင္း ေနရာယူပုံေတြက ဒီေန႔ပြဲမွာ ေတာ္ေတာ္ေလး အားနည္းခဲ့ၿပီး ရီးရဲလ္တိုက္စစ္မႉးေတြကို အေဝးကေန လႊတ္ထားသလိုမ်ိဳး ျမင္ခဲ့ရသလို ဘင္ဇီးမားကလည္း တစ္ခ်ိန္လုံး ဒုကၡေပးေနခဲ့ၿပီး သူ႔ကို ေဘာလုံးမထိဘဲ ပင္နယ္တီဧရိယာထဲမွာ ဝင္ဖ်က္တဲ့ အိုဇန္ ကာဘက္ရဲ႕ ဖ်က္ထုတ္မႈကို ဒိုင္လူႀကီး မ်က္ကြယ္ျပဳသြားခဲ့လို႔သာ သက္သာခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ခ႐ူးစ္ကပဲ ေပးတဲ့ အေဝးေဘာကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က အယ္လစ္ဆန္ကို ေခါင္းတိုက္ ျပန္ေပးတာကို မာကို အဆန္စီယိုက ဂိုးသမားကို ေက်ာ္ယူၿပီး ကန္သြင္းသြားခဲ့ျဖစ္ပါတယ္။ ဒီဂိုးမွာ ဘရာဇီးလ္သား ဂိုးသမားအေနနဲ႔ ေရွ႕ကို ထြက္ဖို႔ အနည္းငယ္ တုံ႔ဆိုင္းေနခဲ့တာေၾကာင့္ အဆန္စီယိုက အခြင့္အေရးရသြားခဲ့တာလည္းျဖစ္ၿပီး ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ရီးရဲလ္တို႔ပဲ ဖိကစားေနခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ ေကာင္တာကို အားျပဳခဲ့သလို ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဗိုင္နယ္လ္ဒြမ္ ဆြဲယူလာၿပီး ေပးတဲ့ ေဘာလုံးကို ဂ်ိဳတာ ကန္သြင္းဖို႔ ႀကိဳးစားရာကေန ပ်က္သြားခဲ့တာကို အနားမွာ အဆင္သင့္ရွိေနတဲ့ ဆားလားက ပိတ္သြင္းၿပီး အဖိုးတန္ အေဝးဂိုးတစ္ဂိုးနဲ႔ ေခ်ပႏိုင္ခဲ့ပါတယ္။

ဒီစတီဖာႏိုကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးရလဒ္ ျဖစ္သြားခ်ိန္မွာ ဒီရလဒ္နဲ႔ဆိုရင္ေတာ့ အိမ္ရွင္ေတြအတြက္ ေတာ္ေတာ္ေလး အႏၲရာယ္မ်ားတာျဖစ္လို႔ ရီးရဲလ္တို႔ ပိုႀကိဳးစားခဲ့သလို လီဗာပူးလ္တို႔ကလည္း သေရရႏိုင္ဖို႔ ပိုၿပီး ထိုးေဖာက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ လီဗာပူးလ္ရဲ႕ ေထာင့္ကန္ေဘာကို ကူတြာ အမိဖမ္းၿပီး ျပန္ေပးခဲ့တာကို ဘင္ဇီးမားနဲ႔ အဆန္စီယိုတို႔ ေပါင္းၿပီး ဗီနီးရွပ္စ္ဆီ ဖန္တီးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အာႏိုးလ္ဒ္ ပိတ္ထားႏိုင္ခဲ့လို႔ သက္သာခဲ့ရေပမယ့္ ဒီကေန ျဖစ္သြားခဲ့တဲ့ လက္ပစ္ေဘာကေန မိုဒရစ္က ဂိုးဧရိယာထဲ ပို႔ေပးတာကို ဗီနီးရွပ္စ္ကပဲ ထိန္းမလိုနဲ႔ အနိမ့္ေဘာ အျမန္ကန္သြင္းခဲ့ရာမွာ အယ္လစ္ဆန္ အငိုက္မိခဲ့ၿပီး တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အပိုင္အခြင့္အေရးေတြ သိပ္မရေတာ့ဘဲ ဒီထက္ ဂိုးပိုေပးလို႔မျဖစ္ေတာ့တဲ့ ႏွစ္ဖက္အသင္း ခံစစ္ေတြက သတိနဲ႔ ကစားသြားခဲ့ၾကလို႔ သုံးဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးဆုံးခဲ့သလို ရီးရဲလ္တို႔အတြက္ ႏိုင္ေပမယ့္ စိတ္မခ်ရတဲ့ ရလဒ္ပဲျဖစ္ခဲ့ၿပီး လီဗာပူးလ္တို႔ အိမ္ကြင္းမွာ အေဝးဂိုးတစ္ဂိုးနဲ႔အတူ ရလဒ္ကို ေျပာင္းျပန္လွန္သြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.