Article Premier League

အဝေးက မြက်ခင်းက ပိုမစိမ်းဘူး အာဆင်နယ်

အဝေးက မြက်က ပိုစိမ်းတယ်ဆိုတဲ့ စကားကို ကြားဖူးကြပါလိမ့်မယ်။ ဒီစကားရဲ့ အဓိပ္ပါယ်က ကိုယ့်အနီးအနားက အရာထက် အဝေးက အရာက ပိုကောင်းတယ်လို့ ထင်တဲ့ မရောင့်ရဲနိုင်တဲ့ အတွေးတွေရဲ့ အများအားဖြင့် မှားယွင်းတတ်မှုကို ပြဆိုတာဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ် တာဝန်ရှိသူတွေအတွက် မြက်က တကယ်တမ်း မစိမ်းတာလည်းဖြစ်နေခဲ့ပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အာဆင်ဝင်းဂါးကို လက်လွှတ်လိုက်ပြီး အူနိုင်း အမ်မရီကို ခန့်အပ်ခဲ့ချိန်မှာ ဟာသလုပ်ခဲ့တဲ့ ကာတွန်းတစ်ခုက အင်တာဗျူးမှာ သူဟာ ရီးရဲလ်၊ ဘာဆာ၊ တီကိုတို့ပြီးရင် အမြင့်ဆုံးမှာ ရပ်တည်နိုင်တယ်လို့ဆိုတော့ ဂန်းနားတွေဘက်က ဒါဟာ အဆင့်လေးပဲဆိုပြီး ဝမ်းမြောက်ဝမ်းသာ ခန့်အပ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ပထမရာသီမှာ အဆင့်ငါးဖြစ်ခဲ့သလို သူ့ရဲ့လပ်ကီး ယူရိုပါလိဂ်ကိုလည်း ရှုံးနိမ့်ခဲ့ချိန်မှာတော့ အခြေအနေက ယိုင်လာခဲ့ပါတယ်။

ဒုတိယရာသီမှာ အသင်းမှာ မသုံးမယ့် ဆာလီဘာ၊ အမှားများတဲ့ ဒေးဗစ် လူးဝစ်ဇ်၊ သူမကြိုက်တဲ့ ပေပေ၊ ဒဏ်ရာအကင်းမသေတဲ့ တီယာနီစတဲ့ ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို ၄-၃-၃ ကစားဖို့ တာဝန်ရှိသူတွေက ဖိအားပေးခဲ့ချိန်မှာ အမ်မရီတစ်ယောက် ကျရှုံးခဲ့ပြီး ဆိုးရွားလာခဲ့တဲ့ ရလဒ်တွေမှာ မန်စီးတီးလက်ထောက်နည်းပြ မီခယ်လ် အာတီတာကို အစားထိုးလိုက်တာပါ။

ဒီအချိန်အထိ အမ်မရီဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၅၁ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၂၅ ပွဲနိုင်၊ ၁၃ ပွဲသရေ၊ ၁၂ ပွဲရှုံး၊ ရဂိုး ၉၁ ဂိုး၊ ပေးဂိုး ၆၈ ဂိုး၊ ရမှတ် ၈၈ မှတ်နဲ့ ယူရိုပါလိဂ် ငွေတံဆိပ်တစ်ခုကိုတော့ ရယူပေးနိုင်ခဲ့ပြီး သူ့ကို အမြင်မကြည်တဲ့ ပရိသတ်၊ ကစားသမားတွေနဲ့ ဘာသာစကား ပြဿနာတွေကြားမှာ နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

သူ့အလွန်မှာ ဖရက်ဒီ ယွန်းဘတ်ကို ခဏကိုင်တွယ်ခိုင်းပြီး အာဆင်နယ်တို့ ပေခေါက်ခဲ့သေးပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တဲ့အခါမှာ အာတီတာကို ခေါ်ယူခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တရားဝင်နည်းပြဖြစ်လာခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်းဟာ ပရိသတ်တွေကို အတိုင်းအတာ တစ်ခုအထိတော့ ကျေနပ်စေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တိုက်စစ်ဖန်တီးမှုတွေမှာ သိသာတဲ့ လျော့ကျမှုတွေနဲ့ အဆုံးသတ်ပိုင်းတွေ မကောင်းမွန်ခြင်းက အသင်းကို အဆင့် ၄ အတွင်း ဝင်အောင် တွန်းမတင်နိုင်ခဲ့သလို ဇယားအလယ်အသင်းတစ်သင်းအဖြစ် ကျဆင်းစေခဲ့ပြီး မနှစ်က အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ကန်ခွင့်ရခဲ့တဲ့ အခြေအနေကနေ ဒီနှစ်မှာရော ဘယ်လိုမျိုးပုံစံနဲ့ ဥရောပကို ရောက်ဦးမလဲဆိုတာကတော့ အာဆင်နယ်ပရိသတ်တွေ တစ်စတစ်စ မေးခွန်းထုတ်စရာ ဖြစ်လာတာပါ။

ပရီးမီးယားလိဂ်ချန်ပီယံ၊ စိန်ခေါ်သူ၊ ထိပ်ဆုံးလေးသင်းဝင်အဆင့်ကနေ အလတ်အလတ်အဆင့်သာ ရှိတော့တဲ့အထိ တဖြည်းဖြည်း လျော့ကျ လာခဲ့မှုမှာ နည်းပြရဲ့ အရည်အသွေးရော ဘုတ်အဖွဲ့၊ ပိုင်ရှင်တွေရဲ့ အရည်အသွေးမှာပါ တာဝန်ရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ သူတို့ အားကိုးတကြီး ခန့်အပ်လိုက်တဲ့ အာတီတာရဲ့ မှတ်တမ်းက ပရီးမီးယားလိဂ်ပွဲ ၅၀ ပြည့်ခဲ့ချိန်မှာ ဘယ်လိုဖြစ်နေသလဲဆိုတာ စောင့်ကြည့်သူတွေက ဖော်ပြခဲ့ပါတယ်။

အမ်မရီကို ဆက်ခံတဲ့ အာတီတာဟာ လီဗာပူးလ်နဲ့ပွဲမှာ သုံးဂိုး-ဂိုးမရှိအရှုံးနဲ့ အာဆင်နယ်နဲ့ ပွဲ ၅၀ ပြည့်ခဲ့ပြီး ၂၁ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၁၇ ပွဲရှုံး၊ ရဂိုး ၇၂ ဂိုး၊ ပေးဂိုး ၅၆ ဂိုး၊ ရမှတ် ၇၅ မှတ်နဲ့ ဘုတ်အဖွဲ့ထောက်ခံမှုကို ဆက်လက်ရရှိနေချိန်မှာ အမ်မရီကတော့ သူ့ထက်များတဲ့ ရမှတ်နဲ့ အဖြုတ်ခံခဲ့ရတာဆိုတော့ ပြီးခဲ့တဲ့ ရာသီက ဆုံးဖြတ်ချက်က ပရိသတ်တွေ မဟုတ်တဲ့ စောင့်ကြည့်သူတွေအတွက် ရယ်စရာလည်းဖြစ်ခဲ့ပါတယ်။

အမ်မရီကို ထောက်ပံ့မပေးဘဲ အဝေးက မြက်က ပိုစိမ်းတဲ့ လုပ်ရပ်ကတော့ လက်ရှိမှာ အဆင့် ၁၀ ကို လိဒ်စ်နဲ့ ပြိုင်ဆိုင်ရဖို့ပဲ ဖြစ်လာခဲ့ပြီး သူတို့ထက် မာကျောပြီး အင်အားတောင့်တင်းတဲ့ ဗီလာ၊ စပါးစ်၊ အဲဗာတန်၊ ဝက်စ်ဟမ်း၊ လက်စတာ၊ ချဲလ်ဆီးတို့လို အသင်းတွေဆီက ဥရောပအတွက် ဝင်ခွင့်တစ်နေရာကို အမှတ်ပေးဇယားကနေ လုဖို့ဆိုတာကတော့ တော်တော်လေး ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်နေပါတယ်။

အသင်းရဲ့ ခံစစ်မှာ ဘယ်လာရင်(ဆီးဒရစ်)+ဟိုးလ်ဒင်း+ဂါဘရီယယ်လ်+တီယာနီတို့ အတွဲအဖက်ကို တတ်နိုင်သလောက် အထိုင်မဖျက်ဘဲ သုံးရမယ့်အချိန်မှာ ဒဏ်ရာကင်းစင်လျက်နဲ့ အထိုင်အမြဲဖျက်ပြီး လှည့်ပတ်သုံးစွဲတဲ့ ဒဏ်တွေက တချို့ပွဲတွေမှာ ရသင့်တဲ့ အမှတ်တွေကို ဆုံးရှုံးစေခဲ့ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ၈ ပွဲသာ ကျန်တော့ချိန်မှာ ဘာတွေဆက်ပြီး အပြောင်းအလဲလုပ်နိုင်ဦးမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ။

ပရိသတ်တွေကတော့ အကြံကုန် ဂဠုန်ဆားချက်နေတဲ့ တိုက်စစ်အတွက် အူဘာမီယန်းကို ခေါက်ပြီး မာတီနယ်လီကို နေရာပေးဖို့တောင် ဆိုနေခဲ့ကြချိန်မှာ အကောင်းမြင်သမားတွေကတော့ မျှော်လင့်ချက်တွေ ထားနေကြဦးမှာဖြစ်ပြီး အာတီတာအောက်တွေလည်း များပြားနေခဲ့ချိန်မှာ နာကျင်စရာစကားတွေနဲ့ ဘာမှ မပြောချင်ပေမယ့် “အဝေးက မြက်ခင်းက ပိုမစိမ်းခဲ့ဘူး အာဆင်နယ်”လို့ပဲ ပြောရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အေဝးက ျမက္က ပိုစိမ္းတယ္ဆိုတဲ့ စကားကို ၾကားဖူးၾကပါလိမ့္မယ္။ ဒီစကားရဲ႕ အဓိပၸါယ္က ကိုယ့္အနီးအနားက အရာထက္ အေဝးက အရာက ပိုေကာင္းတယ္လို႔ ထင္တဲ့ မေရာင့္ရဲႏိုင္တဲ့ အေတြးေတြရဲ႕ အမ်ားအားျဖင့္ မွားယြင္းတတ္မႈကို ျပဆိုတာျဖစ္ၿပီး လက္ရွိမွာေတာ့ အာဆင္နယ္ တာဝန္ရွိသူေတြအတြက္ ျမက္က တကယ္တမ္း မစိမ္းတာလည္းျဖစ္ေနခဲ့ၿပီလားလို႔ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အာဆင္ဝင္းဂါးကို လက္လႊတ္လိုက္ၿပီး အူႏိုင္း အမ္မရီကို ခန႔္အပ္ခဲ့ခ်ိန္မွာ ဟာသလုပ္ခဲ့တဲ့ ကာတြန္းတစ္ခုက အင္တာဗ်ဴးမွာ သူဟာ ရီးရဲလ္၊ ဘာဆာ၊ တီကိုတို႔ၿပီးရင္ အျမင့္ဆုံးမွာ ရပ္တည္ႏိုင္တယ္လို႔ဆိုေတာ့ ဂန္းနားေတြဘက္က ဒါဟာ အဆင့္ေလးပဲဆိုၿပီး ဝမ္းေျမာက္ဝမ္းသာ ခန႔္အပ္ခဲ့တာလို႔ ေဖာ္ျပခဲ့ပါတယ္။ တကယ္တမ္းမွာေတာ့ ပထမရာသီမွာ အဆင့္ငါးျဖစ္ခဲ့သလို သူ႔ရဲ႕လပ္ကီး ယူ႐ိုပါလိဂ္ကိုလည္း ရႈံးနိမ့္ခဲ့ခ်ိန္မွာေတာ့ အေျခအေနက ယိုင္လာခဲ့ပါတယ္။

ဒုတိယရာသီမွာ အသင္းမွာ မသုံးမယ့္ ဆာလီဘာ၊ အမွားမ်ားတဲ့ ေဒးဗစ္ လူးဝစ္ဇ္၊ သူမႀကိဳက္တဲ့ ေပေပ၊ ဒဏ္ရာအကင္းမေသတဲ့ တီယာနီစတဲ့ ကစားသမားေတြကို ေခၚယူၿပီး အသင္းကို ၄-၃-၃ ကစားဖို႔ တာဝန္ရွိသူေတြက ဖိအားေပးခဲ့ခ်ိန္မွာ အမ္မရီတစ္ေယာက္ က်ရႈံးခဲ့ၿပီး ဆိုး႐ြားလာခဲ့တဲ့ ရလဒ္ေတြမွာ မန္စီးတီးလက္ေထာက္နည္းျပ မီခယ္လ္ အာတီတာကို အစားထိုးလိုက္တာပါ။

ဒီအခ်ိန္အထိ အမ္မရီဟာ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ ၅၁ ပြဲ ကိုင္တြယ္ခဲ့ရာမွာ ၂၅ ပြဲႏိုင္၊ ၁၃ ပြဲသေရ၊ ၁၂ ပြဲရႈံး၊ ရဂိုး ၉၁ ဂိုး၊ ေပးဂိုး ၆၈ ဂိုး၊ ရမွတ္ ၈၈ မွတ္နဲ႔ ယူ႐ိုပါလိဂ္ ေငြတံဆိပ္တစ္ခုကိုေတာ့ ရယူေပးႏိုင္ခဲ့ၿပီး သူ႔ကို အျမင္မၾကည္တဲ့ ပရိသတ္၊ ကစားသမားေတြနဲ႔ ဘာသာစကား ျပႆနာေတြၾကားမွာ ႏႈတ္ဆက္သြားခဲ့တာျဖစ္ပါတယ္။

သူ႔အလြန္မွာ ဖရက္ဒီ ယြန္းဘတ္ကို ခဏကိုင္တြယ္ခိုင္းၿပီး အာဆင္နယ္တို႔ ေပေခါက္ခဲ့ေသးေပမယ့္ ဘယ္လိုမွ မျဖစ္ႏိုင္တဲ့အခါမွာ အာတီတာကို ေခၚယူခဲ့ၿပီး ဒီဇင္ဘာလ ၂၀ ရက္ေန႔မွာ တရားဝင္နည္းျပျဖစ္လာခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္းဟာ ပရိသတ္ေတြကို အတိုင္းအတာ တစ္ခုအထိေတာ့ ေက်နပ္ေစႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ တိုက္စစ္ဖန္တီးမႈေတြမွာ သိသာတဲ့ ေလ်ာ့က်မႈေတြနဲ႔ အဆုံးသတ္ပိုင္းေတြ မေကာင္းမြန္ျခင္းက အသင္းကို အဆင့္ ၄ အတြင္း ဝင္ေအာင္ တြန္းမတင္ႏိုင္ခဲ့သလို ဇယားအလယ္အသင္းတစ္သင္းအျဖစ္ က်ဆင္းေစခဲ့ၿပီး မႏွစ္က အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ ကန္ခြင့္ရခဲ့တဲ့ အေျခအေနကေန ဒီႏွစ္မွာေရာ ဘယ္လိုမ်ိဳးပုံစံနဲ႔ ဥေရာပကို ေရာက္ဦးမလဲဆိုတာကေတာ့ အာဆင္နယ္ပရိသတ္ေတြ တစ္စတစ္စ ေမးခြန္းထုတ္စရာ ျဖစ္လာတာပါ။

ပရီးမီးယားလိဂ္ခ်န္ပီယံ၊ စိန္ေခၚသူ၊ ထိပ္ဆုံးေလးသင္းဝင္အဆင့္ကေန အလတ္အလတ္အဆင့္သာ ရွိေတာ့တဲ့အထိ တျဖည္းျဖည္း ေလ်ာ့က် လာခဲ့မႈမွာ နည္းျပရဲ႕ အရည္အေသြးေရာ ဘုတ္အဖြဲ႕၊ ပိုင္ရွင္ေတြရဲ႕ အရည္အေသြးမွာပါ တာဝန္ရွိေနခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူတို႔ အားကိုးတႀကီး ခန႔္အပ္လိုက္တဲ့ အာတီတာရဲ႕ မွတ္တမ္းက ပရီးမီးယားလိဂ္ပြဲ ၅၀ ျပည့္ခဲ့ခ်ိန္မွာ ဘယ္လိုျဖစ္ေနသလဲဆိုတာ ေစာင့္ၾကည့္သူေတြက ေဖာ္ျပခဲ့ပါတယ္။

အမ္မရီကို ဆက္ခံတဲ့ အာတီတာဟာ လီဗာပူးလ္နဲ႔ပြဲမွာ သုံးဂိုး-ဂိုးမရွိအရႈံးနဲ႔ အာဆင္နယ္နဲ႔ ပြဲ ၅၀ ျပည့္ခဲ့ၿပီး ၂၁ ပြဲႏိုင္၊ ၁၂ ပြဲသေရ၊ ၁၇ ပြဲရႈံး၊ ရဂိုး ၇၂ ဂိုး၊ ေပးဂိုး ၅၆ ဂိုး၊ ရမွတ္ ၇၅ မွတ္နဲ႔ ဘုတ္အဖြဲ႕ေထာက္ခံမႈကို ဆက္လက္ရရွိေနခ်ိန္မွာ အမ္မရီကေတာ့ သူ႔ထက္မ်ားတဲ့ ရမွတ္နဲ႔ အျဖဳတ္ခံခဲ့ရတာဆိုေတာ့ ၿပီးခဲ့တဲ့ ရာသီက ဆုံးျဖတ္ခ်က္က ပရိသတ္ေတြ မဟုတ္တဲ့ ေစာင့္ၾကည့္သူေတြအတြက္ ရယ္စရာလည္းျဖစ္ခဲ့ပါတယ္။

အမ္မရီကို ေထာက္ပံ့မေပးဘဲ အေဝးက ျမက္က ပိုစိမ္းတဲ့ လုပ္ရပ္ကေတာ့ လက္ရွိမွာ အဆင့္ ၁၀ ကို လိဒ္စ္နဲ႔ ၿပိဳင္ဆိုင္ရဖို႔ပဲ ျဖစ္လာခဲ့ၿပီး သူတို႔ထက္ မာေက်ာၿပီး အင္အားေတာင့္တင္းတဲ့ ဗီလာ၊ စပါးစ္၊ အဲဗာတန္၊ ဝက္စ္ဟမ္း၊ လက္စတာ၊ ခ်ဲလ္ဆီးတို႔လို အသင္းေတြဆီက ဥေရာပအတြက္ ဝင္ခြင့္တစ္ေနရာကို အမွတ္ေပးဇယားကေန လုဖို႔ဆိုတာကေတာ့ ေတာ္ေတာ္ေလး ခက္ခဲတဲ့ စိန္ေခၚမႈတစ္ရပ္လည္းျဖစ္ေနပါတယ္။

အသင္းရဲ႕ ခံစစ္မွာ ဘယ္လာရင္(ဆီးဒရစ္)+ဟိုးလ္ဒင္း+ဂါဘရီယယ္လ္+တီယာနီတို႔ အတြဲအဖက္ကို တတ္ႏိုင္သေလာက္ အထိုင္မဖ်က္ဘဲ သုံးရမယ့္အခ်ိန္မွာ ဒဏ္ရာကင္းစင္လ်က္နဲ႔ အထိုင္အၿမဲဖ်က္ၿပီး လွည့္ပတ္သုံးစြဲတဲ့ ဒဏ္ေတြက တခ်ိဳ႕ပြဲေတြမွာ ရသင့္တဲ့ အမွတ္ေတြကို ဆုံးရႈံးေစခဲ့ၿပီး လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ ၈ ပြဲသာ က်န္ေတာ့ခ်ိန္မွာ ဘာေတြဆက္ၿပီး အေျပာင္းအလဲလုပ္ႏိုင္ဦးမလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

ပရိသတ္ေတြကေတာ့ အႀကံကုန္ ဂဠဳန္ဆားခ်က္ေနတဲ့ တိုက္စစ္အတြက္ အူဘာမီယန္းကို ေခါက္ၿပီး မာတီနယ္လီကို ေနရာေပးဖို႔ေတာင္ ဆိုေနခဲ့ၾကခ်ိန္မွာ အေကာင္းျမင္သမားေတြကေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ထားေနၾကဦးမွာျဖစ္ၿပီး အာတီတာေအာက္ေတြလည္း မ်ားျပားေနခဲ့ခ်ိန္မွာ နာက်င္စရာစကားေတြနဲ႔ ဘာမွ မေျပာခ်င္ေပမယ့္ “အေဝးက ျမက္ခင္းက ပိုမစိမ္းခဲ့ဘူး အာဆင္နယ္”လို႔ပဲ ေျပာရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.