Bundesliga Match Report Premier League UCL&UEL

အဝေးဂိုးပေးလိုက်ရပြီး အနိုင်မပြတ်သားခဲ့လို့ နောက်တစ်ဆင့်အတွက် ရင်မအေးရသေးတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒေါ့မွန်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အိမ်ကွင်းမှာ ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ နောက်တစ်ဆင့်အတွက် ရင်မအေးရသေးတဲ့ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး လူငယ်ကွင်းလယ်လူ ဖိုဒန်ရဲ့ ကယ်တင်မှုကိုတော့ အသိအမှတ် ပြုခဲ့ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ကန်ဆယ်လိုကို Inverted Wing Back အဖြစ် ကစားခိုင်းပြီး တိုက်စစ်မှူးတစ်ယောက်မှ ထည့်မလာတဲ့ စီးတီးရဲ့ ဒီနေ့ကစားပုံက ကွင်းလယ်မှာ တုံ့ဆိုင်းနေပြီး Direct Attacking သွားတဲ့ ဒေါ့မွန်ကို ဖိကစားဖို့ထက် တစ်ချက်ကောင်းထိုးနှက်မှုတွေကတောင် ပိုပြီး အလုပ်ဖြစ်ခဲ့တာကိုပဲ တွေ့ရပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ သွင်းယူတဲ့ ဒီဘရိုင်းနားရဲ့ဂိုးက ပုံမှန် တီကီတာကာထက် ဂိုးဧရိယာထဲ အမြန်ပို့တဲ့ တစ်ချက်ကောင်း Vertical Tiki Taka ကနေ ရသွားတာဖြစ်ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုကနေ ညာခြမ်းက ရသွားတဲ့ မာရက်ဇ်က ခင်းပေးခဲ့တာကို စီးတီးအသင်းခေါင်းဆောင်က အနီးကပ် ပိတ်သွင်းယူခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာ မန်စီးတီးတို့ ပင်နယ်တီရခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ နစ်နာခဲ့ရသလို ဒေါ့မွန်ရဲ့ အမ်မရီချန်ကလည်း အဝါတစ်ကတ် အဖတ်တင်ပြီး ပြန်အဖျက်မခံခဲ့ရတာကလည်း သူ့အတွက် နစ်နာခဲ့ရပြီး ဒိုင်လူကြီး ဟာတီဂန်ကတော့ မသိချင်ယောင်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ Football Manager စကားနဲ့ ပြောရရင် Eccentricity များနေပြီး Risk ယူတတ်တဲ့ အီဒါဆန်ဆီက ဘယ်လင်ဂမ်က ဘောလုံးရယူပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် လုယူချိန်မှာ Foul အဖြစ် သက်ညှာစွာ သတ်မှတ်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင်တော့ ဒါဟာ Minimal Contact အဖြစ် ပေးနိုင်တဲ့ ဂိုးမျိုးလည်းဖြစ်နေခဲ့တာပါ။

အီဒါဆန်အနေနဲ့ နောက်ပြန်ပေးတဲ့ ဘောလုံးကို တစ်ဖက်ကစားသမားနဲ့ နီးကပ်နေချိန်မှာ ကြုံသလို ရှင်းထုတ်ပစ်ရမှာဖြစ်ပြီး ဒါကို ထိန်းပြီးမှ စွမ်းရည်ပြချင်တဲ့ ပေးပို့မှုမျိုးလုပ်တာကတော့ ထိပ်တန်းအဆင့်နဲ့ မဆီလျော်သေးဘူးလို့ ပြောရမှာဖြစ်ပြီး ဒါကလည်း သူ့အနေနဲ့ ဘရာဇီးလ်မှာ ဦးစားပေး မဖြစ်တဲ့အကြောင်းတစ်ချက် ဖြစ်နိုင်ပါတယ်။

ပထမပိုင်းမှာ စီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဘော်ဒီချင်းရော အမြန်နှုန်းချင်းပါ မယှဉ်နိုင်တဲ့ ရူဘင် ဒီယက်စ်ကို ဖြတ်ကျော်ခဲ့တဲ့ ဟားလန်းရဲ့ ကန်ချက်ကို အီဒါဆန် ခြေထောက်နဲ့ ပိတ်ဆို့သွားနိုင်ခဲ့လို့ ဒေါ့မွန်တို့ ချေပဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

အိမ်ကွင်းမှာ တစ်ဂိုးတည်းနဲ့ ကစားဖို့ကတော့ လက်မခံနိုင်တဲ့ အကြောင်းပြချက်ဖြစ်နေတာကြောင့် ဂွါဒီယိုလာအနေနဲ့ ဘာနာဒို ဆေးလ်ဗားနေရာမှာ ဂျေဆူးစ်ကို ထပ်ထည့်ခဲ့ပြီး တိုက်စစ်မြှင့်ခဲ့သလို ဒေါ့မွန်ကတော့ လူငယ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အမေရိကန်သား ရေးနားကို ထည့်သွင်းခဲ့ပါတယ်။

၇၅ မိနစ်မှာ ဒီဘရိုင်းနားရဲ့ တစ်ကိုယ်တော်ရုန်းအားနဲ့ ကန်ချက် တိုင်ဘေးက ထွက်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ဖိုဒန်ရဲ့ ကန်ချက်ကိုလည်း ဂိုးသမားနဲ့ နောက်တန်းတွေ ရှင်းထုတ်နိုင်ခဲ့လို့ စီးတီးတို့ ဂိုးထပ်မရဘဲဖြစ်နေခဲ့ပြီး ဂျေဆူးစ်ရဲ့ နောက်ကျနေမှုတွေကလည်း ကွင်းလယ်လူတွေက Half Chance တွေကို မဖြစ်မနေ ကန်သွင်းဖို့ပဲ ရွေးချယ်ခဲ့ရတာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဒေါ့မွန်တို့ တိုက်စစ်ဆင်လာခဲ့ပြီး စီးတီးလူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ အသင်းခေါင်းဆောင် မာကို ရွိုက်စ်က ဟားလန်းပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းပြီး အဝေးတိုင်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့ရာမှာ အဖိုးတန် အဝေးကွင်းသွင်းဂိုးနဲ့ ချေပနိုင်ခဲ့ပါတယ်။

ဒီဂိုးကြောင့် တစ်ဂိုးစီနဲ့ ဂွါဒီယိုလာတို့ မျက်နှာပျက်ရတော့မယ်လို့ ထင်နေတုန်းမှာပဲ ပွဲချိန် မိနစ် ၉၀ မှာတော့ ပထမဂိုးဆန်ဆန်ပဲ မတူညီတဲ့ ဘယ်ခြမ်းကနေ ဂွန်ဒိုးဝမ်က ရယူပြီး ပြန်ချပေးတဲ့ ဘောလုံးကို ဖိုဒန် အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့ပြီး စီးတီးတို့ အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဒီရလဒ်နဲ့တော့ မန်ချက်စတာစီးတီးအသင်းရဲ့ နောက်တစ်ဆင့်တက်ရေးအတွက် အာမခံချက် မရှိသေးသလို အဝေးဂိုးတစ်ဂိုး ပေးခဲ့ရလို့ ဒေါ့မွန်ကွင်းမှာ ဂိုးပြန်သွင်းနိုင်ဖို့ လိုအပ်နေပြီး ဂွါဒီယိုလာအတွက်တော့ နောက်တစ်ဆင့်က ပိုမိုခက်ခဲသွားခဲ့သလို Signal Iduna Park မှာ ရုန်းကန်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေဒါ့မြန္ကို ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ အိမ္ကြင္းမွာ ကစားႏိုင္ခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ ေနာက္တစ္ဆင့္အတြက္ ရင္မေအးရေသးတဲ့ ရလဒ္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး လူငယ္ကြင္းလယ္လူ ဖိုဒန္ရဲ႕ ကယ္တင္မႈကိုေတာ့ အသိအမွတ္ ျပဳခဲ့ရတဲ့ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။

ကန္ဆယ္လိုကို Inverted Wing Back အျဖစ္ ကစားခိုင္းၿပီး တိုက္စစ္မႉးတစ္ေယာက္မွ ထည့္မလာတဲ့ စီးတီးရဲ႕ ဒီေန႔ကစားပုံက ကြင္းလယ္မွာ တုံ႔ဆိုင္းေနၿပီး Direct Attacking သြားတဲ့ ေဒါ့မြန္ကို ဖိကစားဖို႔ထက္ တစ္ခ်က္ေကာင္းထိုးႏွက္မႈေတြကေတာင္ ပိုၿပီး အလုပ္ျဖစ္ခဲ့တာကိုပဲ ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ သြင္းယူတဲ့ ဒီဘ႐ိုင္းနားရဲ႕ဂိုးက ပုံမွန္ တီကီတာကာထက္ ဂိုးဧရိယာထဲ အျမန္ပို႔တဲ့ တစ္ခ်က္ေကာင္း Vertical Tiki Taka ကေန ရသြားတာျဖစ္ၿပီး အျပန္အလွန္တိုက္စစ္ဆင္မႈကေန ညာျခမ္းက ရသြားတဲ့ မာရက္ဇ္က ခင္းေပးခဲ့တာကို စီးတီးအသင္းေခါင္းေဆာင္က အနီးကပ္ ပိတ္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ မန္စီးတီးတို႔ ပင္နယ္တီရခဲ့ေပမယ့္ VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္ခဲ့လို႔ နစ္နာခဲ့ရသလို ေဒါ့မြန္ရဲ႕ အမ္မရီခ်န္ကလည္း အဝါတစ္ကတ္ အဖတ္တင္ၿပီး ျပန္အဖ်က္မခံခဲ့ရတာကလည္း သူ႔အတြက္ နစ္နာခဲ့ရၿပီး ဒိုင္လူႀကီး ဟာတီဂန္ကေတာ့ မသိခ်င္ေယာင္ေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ Football Manager စကားနဲ႔ ေျပာရရင္ Eccentricity မ်ားေနၿပီး Risk ယူတတ္တဲ့ အီဒါဆန္ဆီက ဘယ္လင္ဂမ္က ေဘာလုံးရယူၿပီး ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လုယူခ်ိန္မွာ Foul အျဖစ္ သက္ညႇာစြာ သတ္မွတ္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရပါတယ္။ ပရီးမီးယားလိဂ္မွာဆိုရင္ေတာ့ ဒါဟာ Minimal Contact အျဖစ္ ေပးႏိုင္တဲ့ ဂိုးမ်ိဳးလည္းျဖစ္ေနခဲ့တာပါ။

အီဒါဆန္အေနနဲ႔ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို တစ္ဖက္ကစားသမားနဲ႔ နီးကပ္ေနခ်ိန္မွာ ႀကဳံသလို ရွင္းထုတ္ပစ္ရမွာျဖစ္ၿပီး ဒါကို ထိန္းၿပီးမွ စြမ္းရည္ျပခ်င္တဲ့ ေပးပို႔မႈမ်ိဳးလုပ္တာကေတာ့ ထိပ္တန္းအဆင့္နဲ႔ မဆီေလ်ာ္ေသးဘူးလို႔ ေျပာရမွာျဖစ္ၿပီး ဒါကလည္း သူ႔အေနနဲ႔ ဘရာဇီးလ္မွာ ဦးစားေပး မျဖစ္တဲ့အေၾကာင္းတစ္ခ်က္ ျဖစ္ႏိုင္ပါတယ္။

ပထမပိုင္းမွာ စီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ေဘာ္ဒီခ်င္းေရာ အျမန္ႏႈန္းခ်င္းပါ မယွဥ္ႏိုင္တဲ့ ႐ူဘင္ ဒီယက္စ္ကို ျဖတ္ေက်ာ္ခဲ့တဲ့ ဟားလန္းရဲ႕ ကန္ခ်က္ကို အီဒါဆန္ ေျခေထာက္နဲ႔ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ ေဒါ့မြန္တို႔ ေခ်ပဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

အိမ္ကြင္းမွာ တစ္ဂိုးတည္းနဲ႔ ကစားဖို႔ကေတာ့ လက္မခံႏိုင္တဲ့ အေၾကာင္းျပခ်က္ျဖစ္ေနတာေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ ဘာနာဒို ေဆးလ္ဗားေနရာမွာ ေဂ်ဆူးစ္ကို ထပ္ထည့္ခဲ့ၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ေဒါ့မြန္ကေတာ့ လူငယ္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ အေမရိကန္သား ေရးနားကို ထည့္သြင္းခဲ့ပါတယ္။

၇၅ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ တစ္ကိုယ္ေတာ္႐ုန္းအားနဲ႔ ကန္ခ်က္ တိုင္ေဘးက ထြက္သြားခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ဖိုဒန္ရဲ႕ ကန္ခ်က္ကိုလည္း ဂိုးသမားနဲ႔ ေနာက္တန္းေတြ ရွင္းထုတ္ႏိုင္ခဲ့လို႔ စီးတီးတို႔ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ၿပီး ေဂ်ဆူးစ္ရဲ႕ ေနာက္က်ေနမႈေတြကလည္း ကြင္းလယ္လူေတြက Half Chance ေတြကို မျဖစ္မေန ကန္သြင္းဖို႔ပဲ ေ႐ြးခ်ယ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ေဒါ့မြန္တို႔ တိုက္စစ္ဆင္လာခဲ့ၿပီး စီးတီးလူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ အသင္းေခါင္းေဆာင္ မာကို ႐ြိဳက္စ္က ဟားလန္းေပးလိုက္တဲ့ ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး အေဝးတိုင္ေထာင့္ကို လွလွပပ ကန္သြင္းယူခဲ့ရာမွာ အဖိုးတန္ အေဝးကြင္းသြင္းဂိုးနဲ႔ ေခ်ပႏိုင္ခဲ့ပါတယ္။

ဒီဂိုးေၾကာင့္ တစ္ဂိုးစီနဲ႔ ဂြါဒီယိုလာတို႔ မ်က္ႏွာပ်က္ရေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ပထမဂိုးဆန္ဆန္ပဲ မတူညီတဲ့ ဘယ္ျခမ္းကေန ဂြန္ဒိုးဝမ္က ရယူၿပီး ျပန္ခ်ေပးတဲ့ ေဘာလုံးကို ဖိုဒန္ အနီးကပ္ ပိတ္သြင္းသြားႏိုင္ခဲ့ၿပီး စီးတီးတို႔ အိမ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ဒီရလဒ္နဲ႔ေတာ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္တစ္ဆင့္တက္ေရးအတြက္ အာမခံခ်က္ မရွိေသးသလို အေဝးဂိုးတစ္ဂိုး ေပးခဲ့ရလို႔ ေဒါ့မြန္ကြင္းမွာ ဂိုးျပန္သြင္းႏိုင္ဖို႔ လိုအပ္ေနၿပီး ဂြါဒီယိုလာအတြက္ေတာ့ ေနာက္တစ္ဆင့္က ပိုမိုခက္ခဲသြားခဲ့သလို Signal Iduna Park မွာ ႐ုန္းကန္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.