Article Premier League

တူဟယ်လ်အတွက် သတိပေးခေါင်းလောင်းသံနဲ့အတူ တုံ့ပြန်ပြောင်းလဲနိုင်မှာလား

ပြီးခဲ့တဲ့ ပွဲတွေမှာ ရှုံးပွဲမရှိပုံစံကောင်းတွေနဲ့ မတ်လအတွက် အကောင်းဆုံး နည်းပြဆုကို အရယူနိုင်ခဲ့တဲ့ သောမတ်စ် တူဟယ်လ်အနေနဲ့ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းအသင်းကို ရှုံးနိမ့်လိုက်တာက အသင်းအတွက် အပြောင်းအလဲလုပ်ရမယ့် အခြေအနေတစ်ခုကို ရောက်လာပြီး အရင်လိုမျိုး မျှောလိုက်နေလို့ မရတော့ဘူးလို့ သတိပေးခေါင်းလောင်းသံလည်းဖြစ်ခဲ့ပါတယ်။

သီယာဂို ဆေးလ်ဗားရဲ့ အရေးမကြီးတဲ့ အချိန်မှာ ဒုတိယ အဝါကတ် ဝယ်ယူတဲ့ ဖျက်ထုတ်မှု၊ တီမို ဗာနာရဲ့ ဂိုးမသွင်းနိုင်လည်း ဖြစ်ပါတယ်ဆိုတဲ့ တိုက်စစ်ကစားဟန်၊ တိုက်စစ်မှူးနောက်က သုံးယောက်တန်းကို ဂဏန်းမငြိမ်တာ၊ အသင်းတွင်းမှာ ကစားသမားတွေကို ကိုင်တွယ်တတ်ဖို့ လိုနေတာတွေဟာ တူဟယ်လ်အတွက်တော့ စိန်ခေါ်မှုတွေလည်းဖြစ်ပါတယ်။

ရှေ့လာမယ့် ခရစ္စတယ်လ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ်လည်း ခက်ခဲတဲ့ ပြိုင်ဆိုင်မှုကို ပေးစွမ်းဦးမှာဖြစ်တာနဲ့အညီ ဂျာမန်နည်းပြအနေနဲ့ သူ့ရဲ့ ပထမဆုံးအပြောင်းအလဲအဖြစ် သီယာဂို ဆေးလ်ဗားနေရာကို ဘယ်သူဝင်မလဲဆိုတဲ့ ပုစ္ဆာကနေ စတင်ဖြေရှင်းရဖို့ ရှိနေသလို အသင်းရဲ့ ရလဒ်တွေကို ရုန်းကန်ရစေတဲ့ တီမို ဗာနာကိုလည်း လူစားဝင်တိုက်စစ်မှူးနေရာကို ပို့ပစ်ဖို့ လိုနေပြီဖြစ်ပါတယ်။

မျှော်လင့်တကြီးနဲ့ ခေါ်ယူလိုက်တဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူးဟောင်းဟာ တကယ်တမ်းမှာတော့ ၄-၄-၂ ဘယ်ခြမ်းတိုက်စစ်မှူးနေရာမှာ အကောင်းဆုံးဖြစ်ပြီး ကျန်တဲ့ ၄-၃-၃ နဲ့ ၄-၅-၁ တွေမှာ ရုန်းကန်ရလေ့ရှိတာဟာ ပရီးမီးယားလိဂ်မှာတော့ ပိုမိုဆိုးရွားသွားခဲ့ပြီး ဒါကို အဖြေရှာဖို့ သူ့ကိုပဲ ရင်းမလား ကစားကွက်ကိုပဲ ပြောင်းမလားဆိုတာ တူဟယ်လ်အနေနဲ့ ဆုံးဖြတ်ရမှာပါ။

ဒီနေ့ခေတ် တောင်ပံသမားတွေရဲ့ ခြေစွမ်းပြနိုင်မှုဟာ Inverted Role ကစားခွင့်နဲ့ ထပ်တူကျနေချိန်မှာ ပူလီရှစ်ချ်ကို ဘယ်ခြမ်း သို့မဟုတ် အလယ်မှာ ပြောင်းလဲသုံးစွဲဖို့လည်း ကြိုးစားရမှာဖြစ်ပြီး နောက်ဆုံးပေါ် ပြဿနာဖြစ်တဲ့ ထရိန်နင်မှာ ကစားသမားချင်း ကြမ်းတတ်တဲ့ အန်တိုနီယို ရူဒီဂါကိုလည်း ဝမ်နင်ပေးဖို့ လိုအပ်လာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာနဲ့ ထရိန်နင်မှာ ငြိဖူးတဲ့ ရူဒီဂါအတွက် တူဟယ်လ်ကတော့ အကောင်းမြင်နေပြီး နောက်ဆုံးငြိခဲ့တဲ့ ဂိုးသမား ကီပါနဲ့ ကိစ္စမှာတော့ ဆီယာရာလီယွန်ဖွား ဂျာမန်နောက်ခံလူက တောင်းပန်ထားတယ်လို့လည်း သိရတာကြောင့် တူဟယ်လ်အနေနဲ့ ဒါကိုတော့ နည်းနည်းပါးပါး စကားပြောလို့ ပြီးသွားမယ့် ကိစ္စတစ်ခုဖြစ်နေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ပေါ်တိုအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရဖို့လည်း ရှိနေပြီး အငှားချထားတဲ့ နောက်ခံလူ မာလန်းဆားရ်နဲ့ တွေ့ဆုံရမှာဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း လန်ဒန်ဒါဘီအသေးစားတစ်ခုကို ကစားရမှာဖြစ်လို့ ဒီပွဲစဉ်တွေ မတိုင်ခင် တူဟယ်လ်အနေနဲ့ အသင်းကို နည်းနည်းကြိုးတင်းဖို့ လိုအပ်နေပြီး အချိန်မီလုပ်ဆောင်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ပြဲေတြမွာ ရႈံးပြဲမရွိပုံစံေကာင္းေတြနဲ႔ မတ္လအတြက္ အေကာင္းဆုံး နည္းျပဆုကို အရယူႏိုင္ခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အိမ္ကြင္းမွာ ဝက္စ္ဘ႐ြန္းအသင္းကို ရႈံးနိမ့္လိုက္တာက အသင္းအတြက္ အေျပာင္းအလဲလုပ္ရမယ့္ အေျခအေနတစ္ခုကို ေရာက္လာၿပီး အရင္လိုမ်ိဳး ေမွ်ာလိုက္ေနလို႔ မရေတာ့ဘူးလို႔ သတိေပးေခါင္းေလာင္းသံလည္းျဖစ္ခဲ့ပါတယ္။

သီယာဂို ေဆးလ္ဗားရဲ႕ အေရးမႀကီးတဲ့ အခ်ိန္မွာ ဒုတိယ အဝါကတ္ ဝယ္ယူတဲ့ ဖ်က္ထုတ္မႈ၊ တီမို ဗာနာရဲ႕ ဂိုးမသြင္းႏိုင္လည္း ျဖစ္ပါတယ္ဆိုတဲ့ တိုက္စစ္ကစားဟန္၊ တိုက္စစ္မႉးေနာက္က သုံးေယာက္တန္းကို ဂဏန္းမၿငိမ္တာ၊ အသင္းတြင္းမွာ ကစားသမားေတြကို ကိုင္တြယ္တတ္ဖို႔ လိုေနတာေတြဟာ တူဟယ္လ္အတြက္ေတာ့ စိန္ေခၚမႈေတြလည္းျဖစ္ပါတယ္။

ေရွ႕လာမယ့္ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ အေဝးကြင္းပြဲစဥ္လည္း ခက္ခဲတဲ့ ၿပိဳင္ဆိုင္မႈကို ေပးစြမ္းဦးမွာျဖစ္တာနဲ႔အညီ ဂ်ာမန္နည္းျပအေနနဲ႔ သူ႔ရဲ႕ ပထမဆုံးအေျပာင္းအလဲအျဖစ္ သီယာဂို ေဆးလ္ဗားေနရာကို ဘယ္သူဝင္မလဲဆိုတဲ့ ပုစာၦကေန စတင္ေျဖရွင္းရဖို႔ ရွိေနသလို အသင္းရဲ႕ ရလဒ္ေတြကို ႐ုန္းကန္ရေစတဲ့ တီမို ဗာနာကိုလည္း လူစားဝင္တိုက္စစ္မႉးေနရာကို ပို႔ပစ္ဖို႔ လိုေနၿပီျဖစ္ပါတယ္။

ေမွ်ာ္လင့္တႀကီးနဲ႔ ေခၚယူလိုက္တဲ့ RB လိုက္ပ္ဇစ္တိုက္စစ္မႉးေဟာင္းဟာ တကယ္တမ္းမွာေတာ့ ၄-၄-၂ ဘယ္ျခမ္းတိုက္စစ္မႉးေနရာမွာ အေကာင္းဆုံးျဖစ္ၿပီး က်န္တဲ့ ၄-၃-၃ နဲ႔ ၄-၅-၁ ေတြမွာ ႐ုန္းကန္ရေလ့ရွိတာဟာ ပရီးမီးယားလိဂ္မွာေတာ့ ပိုမိုဆိုး႐ြားသြားခဲ့ၿပီး ဒါကို အေျဖရွာဖို႔ သူ႔ကိုပဲ ရင္းမလား ကစားကြက္ကိုပဲ ေျပာင္းမလားဆိုတာ တူဟယ္လ္အေနနဲ႔ ဆုံးျဖတ္ရမွာပါ။

ဒီေန႔ေခတ္ ေတာင္ပံသမားေတြရဲ႕ ေျခစြမ္းျပႏိုင္မႈဟာ Inverted Role ကစားခြင့္နဲ႔ ထပ္တူက်ေနခ်ိန္မွာ ပူလီရွစ္ခ်္ကို ဘယ္ျခမ္း သို႔မဟုတ္ အလယ္မွာ ေျပာင္းလဲသုံးစြဲဖို႔လည္း ႀကိဳးစားရမွာျဖစ္ၿပီး ေနာက္ဆုံးေပၚ ျပႆနာျဖစ္တဲ့ ထရိန္နင္မွာ ကစားသမားခ်င္း ၾကမ္းတတ္တဲ့ အန္တိုနီယို ႐ူဒီဂါကိုလည္း ဝမ္နင္ေပးဖို႔ လိုအပ္လာခဲ့ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းအတြင္းကလည္း အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာနဲ႔ ထရိန္နင္မွာ ၿငိဖူးတဲ့ ႐ူဒီဂါအတြက္ တူဟယ္လ္ကေတာ့ အေကာင္းျမင္ေနၿပီး ေနာက္ဆုံးၿငိခဲ့တဲ့ ဂိုးသမား ကီပါနဲ႔ ကိစၥမွာေတာ့ ဆီယာရာလီယြန္ဖြား ဂ်ာမန္ေနာက္ခံလူက ေတာင္းပန္ထားတယ္လို႔လည္း သိရတာေၾကာင့္ တူဟယ္လ္အေနနဲ႔ ဒါကိုေတာ့ နည္းနည္းပါးပါး စကားေျပာလို႔ ၿပီးသြားမယ့္ ကိစၥတစ္ခုျဖစ္ေနပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ ဗုဒၶဟူးေန႔ညမွာ ေပၚတိုအသင္းကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရဖို႔လည္း ရွိေနၿပီး အငွားခ်ထားတဲ့ ေနာက္ခံလူ မာလန္းဆားရ္နဲ႔ ေတြ႕ဆုံရမွာျဖစ္သလို ပရီးမီးယားလိဂ္မွာလည္း လန္ဒန္ဒါဘီအေသးစားတစ္ခုကို ကစားရမွာျဖစ္လို႔ ဒီပြဲစဥ္ေတြ မတိုင္ခင္ တူဟယ္လ္အေနနဲ႔ အသင္းကို နည္းနည္းႀကိဳးတင္းဖို႔ လိုအပ္ေနၿပီး အခ်ိန္မီလုပ္ေဆာင္သြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.