Premier League

လီဗာပူးလ် အဆင့် ၄ အတွင်းဝင်မှာကို မသက်မသာနဲ့ အောင့်သက်သက်ခံစားနေရတယ်လို့ ဖာဒီနန်ထုတ်ပြော

ခြေစွမ်းတွေ ထိုးစိုက်ဆင််းခဲ့ကာ ရှူံးပွဲတွေဆက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ အာဆင်နယ်အသင်းကို အမ်းမရိတ်မြေမှာ ချနင်းရင်း အရင်ပုံစံအတိုင်း ခြေစွမ်းပြပြီး ၃ ဂိုးပြတ်အနိုင်နဲ့ ယုံကြည်မှုအစစ်ကို ပြန်လည်တည်ဆောက်သွားခဲ့တာက လီဗာပူးလ်အသင်းရဲ့ မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်တခုအဖြစ် မြင်တွေ့ခဲ့ရတယ်။

တချိန်တည်းမှာ ဒီအသင်းက ရာသီသိမ်းတိုက်ပွဲအတွက် ဘယ်လိုခြေလှမ်းလှမ်းလာမလဲဆိုတာ သုံးသပ်မှုတွေ မြိုင်ဆိုင်လာချိန်မှာ စပါးစ်ခြေချော်တယ်။ ချယ်လ်ဆီးဂိုးပြတ်ရှုံးတယ်။ ချယ်လ်ဆီး ဂိုးပြတ်ရှုံးချိန်မှာ ၃ မှတ်အကွာကနေ ဖိအားပေးနေတဲ့ စပါးစ်က အနိုင်ရရင် အဆင့် ၄ အတွင်းဝင်မယ့်အနေအထားဆိုပေမယ့် စပါးစ်က ဒါကို ထပ်မံလက်လွှတ်ခဲ့တယ်။

ဒါတွေက ကလော့ပ်ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ကြီးကြီးမားမား အထောက်အပံ့ဖြစ်သွားခဲ့တယ်။ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်အားထက်သန်မှုနဲ့ မျှော်လင့်ချက်ကို မီးစပြင်းပြင်း ထိုးပေးလိုက်တယ်။

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စပါးစ်ရဲ့ ကြီးမားတဲ့ လက်ဆောင်ပေးမှုကို ရခဲ့တဲ့ လီဗာပူးလ်ကို အဆင့် ၄ အတွင်း ဝင်မယ်ဆိုရင်တော့ မိမိအတွက် အတော်ခံရခက်တဲ့ ကိစ္စတခုဖြစ်​ကြောင်း ယူနိုက်တက် ကစားသမားဟောင်း ရီယိုဖာဒီနန်က သူ့ခံစားချက်ကို အခုလို ပြောပြသွားခဲ့တာပါ။

” လီဗာပူးလ်က ဖြဲတော့မယ်ပုံဗျ။ အာဆင်နယ်ကို ဘယ်လိုကစားသွားခဲ့သလဲ ကြည့်လေ။ ယုံကြည်မှုအပြည့်၊ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကစားပြသွားတယ်။ လိုချင်တဲ့ရလဒ်ကောင်းကို ယူသွားတယ်။ အဲဒီယုံကြည်မှုက အဆင့် ၄ အတွင်းဝင်အောင်လုပ်မယ်ဆိုတဲ့ ယုံကြည်မှုပဲ ”

” ဖာဘင်ညိုပြန်လာပြီ။ သူတို့အသင်းအတွက် တကယ့်အားပဲ။ ပြီးခဲ့တဲ့ ၂ ရာသီက သူတို့ကစားခဲ့ပုံကိုကြည့်ရင် ဒီပရီးမီးယားလိဂ်မှာ ဘာတွေလုပ်ပြီး လိုချင်တာကို ဘယ်လိုရအောင်ယူရမလဲဆိုတာ သူတို့အသင်းက ကောင်းကောင်းနပ်နေပြီ။ နောကျောနေပြီ ”

” ချယ်လ်ဆီး၊ လက်စတာ၊ စပါး၊ လီဗာပူးလ် လေးသင်းထဲမှာ ကျွန်တော်ကတော့ အဆင့် ၄ ဝင်မယ့်အသင်းက လီဗာပူးလ်လို့ပြောချင်တယ်။ သူတို့မှာ အဲဒီမာန်ရှိတယ်။ နောက် ၆ ပွဲ၊ ၇ ပွဲအတွင်းမှာ သူတို့က အားလုံးကိုကျော်ဖြတ်ပြီး အဆင့် ၄ နေရာကို တက်သိမ်းလိမ့်မယ်။ ”

” ကျွန်တော်ပြောမယ်ဗျာ။ လီဗာပူးလ် အဆင့် ၄ ဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမှာကို ကျွန်တော် မသက်မသာနဲ့ အောင့်သက်သက်ခံစားရပါတယ်။ တကယ်ကို မသိုးမသန့်ခံစားချက်ပါ။ ဒါကြောင့် သူတို့အသင်း အဆင့် ၄ အတွင်း မဝင်ပါစေနဲ့လို့ပဲ ကျွန်တော်ကတော့ မျှော်လင့်ထားတယ်။ ” လို့ ဖာဒီနန်က သူ့အမြင်ကို သုံးသပ်ရင်း ခံစားချက်တွေကိုပါ ပြောပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ေျခစြမ္းေတြ ထိုးစိုက္ဆင္္းခဲ့ကာ ရႉံးပြဲေတြဆက္ေနခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္အသင္းကို အမ္းမရိတ္ေျမမွာ ခ်နင္းရင္း အရင္ပုံစံအတိုင္း ေျခစြမ္းျပၿပီး ၃ ဂိုးျပတ္အႏိုင္နဲ႔ ယုံၾကည္မႈအစစ္ကို ျပန္လည္တည္ေဆာက္သြားခဲ့တာက လီဗာပူးလ္အသင္းရဲ႕ မယုံၾကည္ႏိုင္စရာ စြမ္းေဆာင္ရည္တခုအျဖစ္ ျမင္ေတြ႕ခဲ့ရတယ္။

တခ်ိန္တည္းမွာ ဒီအသင္းက ရာသီသိမ္းတိုက္ပြဲအတြက္ ဘယ္လိုေျခလွမ္းလွမ္းလာမလဲဆိုတာ သုံးသပ္မႈေတြ ၿမိဳင္ဆိုင္လာခ်ိန္မွာ စပါးစ္ေျခေခ်ာ္တယ္။ ခ်ယ္လ္ဆီးဂိုးျပတ္ရႈံးတယ္။ ခ်ယ္လ္ဆီး ဂိုးျပတ္ရႈံးခ်ိန္မွာ ၃ မွတ္အကြာကေန ဖိအားေပးေနတဲ့ စပါးစ္က အႏိုင္ရရင္ အဆင့္ ၄ အတြင္းဝင္မယ့္အေနအထားဆိုေပမယ့္ စပါးစ္က ဒါကို ထပ္မံလက္လႊတ္ခဲ့တယ္။

ဒါေတြက ကေလာ့ပ္ရဲ႕ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ကို ႀကီးႀကီးမားမား အေထာက္အပံ့ျဖစ္သြားခဲ့တယ္။ လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိတ္အားထက္သန္မႈနဲ႔ ေမွ်ာ္လင့္ခ်က္ကို မီးစျပင္းျပင္း ထိုးေပးလိုက္တယ္။

ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ စပါးစ္ရဲ႕ ႀကီးမားတဲ့ လက္ေဆာင္ေပးမႈကို ရခဲ့တဲ့ လီဗာပူးလ္ကို အဆင့္ ၄ အတြင္း ဝင္မယ္ဆိုရင္ေတာ့ မိမိအတြက္ အေတာ္ခံရခက္တဲ့ ကိစၥတခုျဖစ္​ေၾကာင္း ယူႏိုက္တက္ ကစားသမားေဟာင္း ရီယိုဖာဒီနန္က သူ႔ခံစားခ်က္ကို အခုလို ေျပာျပသြားခဲ့တာပါ။

” လီဗာပူးလ္က ၿဖဲေတာ့မယ္ပုံဗ်။ အာဆင္နယ္ကို ဘယ္လိုကစားသြားခဲ့သလဲ ၾကည့္ေလ။ ယုံၾကည္မႈအျပည့္၊ စြမ္းေဆာင္ရည္ေကာင္းေကာင္းနဲ႔ ကစားျပသြားတယ္။ လိုခ်င္တဲ့ရလဒ္ေကာင္းကို ယူသြားတယ္။ အဲဒီယုံၾကည္မႈက အဆင့္ ၄ အတြင္းဝင္ေအာင္လုပ္မယ္ဆိုတဲ့ ယုံၾကည္မႈပဲ ”

” ဖာဘင္ညိဳျပန္လာၿပီ။ သူတို႔အသင္းအတြက္ တကယ့္အားပဲ။ ၿပီးခဲ့တဲ့ ၂ ရာသီက သူတို႔ကစားခဲ့ပုံကိုၾကည့္ရင္ ဒီပရီးမီးယားလိဂ္မွာ ဘာေတြလုပ္ၿပီး လိုခ်င္တာကို ဘယ္လိုရေအာင္ယူရမလဲဆိုတာ သူတို႔အသင္းက ေကာင္းေကာင္းနပ္ေနၿပီ။ ေနာေက်ာေနၿပီ ”

” ခ်ယ္လ္ဆီး၊ လက္စတာ၊ စပါး၊ လီဗာပူးလ္ ေလးသင္းထဲမွာ ကြၽန္ေတာ္ကေတာ့ အဆင့္ ၄ ဝင္မယ့္အသင္းက လီဗာပူးလ္လို႔ေျပာခ်င္တယ္။ သူတို႔မွာ အဲဒီမာန္ရွိတယ္။ ေနာက္ ၆ ပြဲ၊ ၇ ပြဲအတြင္းမွာ သူတို႔က အားလုံးကိုေက်ာ္ျဖတ္ၿပီး အဆင့္ ၄ ေနရာကို တက္သိမ္းလိမ့္မယ္။ ”

” ကြၽန္ေတာ္ေျပာမယ္ဗ်ာ။ လီဗာပူးလ္ အဆင့္ ၄ ဝင္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာကို ကြၽန္ေတာ္ မသက္မသာနဲ႔ ေအာင့္သက္သက္ခံစားရပါတယ္။ တကယ္ကို မသိုးမသန္႔ခံစားခ်က္ပါ။ ဒါေၾကာင့္ သူတို႔အသင္း အဆင့္ ၄ အတြင္း မဝင္ပါေစနဲ႔လို႔ပဲ ကြၽန္ေတာ္ကေတာ့ ေမွ်ာ္လင့္ထားတယ္။ ” လို႔ ဖာဒီနန္က သူ႔အျမင္ကို သုံးသပ္ရင္း ခံစားခ်က္ေတြကိုပါ ေျပာျပသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z