Match Report Premier League

လင်ဂတ်အစွမ်း အံ့မခန်းနဲ့ ဝံပုလွေတွေ တူထုခံခဲ့ရပြီး အဆင့် ၄ ကို ရောက်လာတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ မိုလီနူးကွင်းမှာ ကစားရတဲ့ ပွဲမှာ သူတို့ကို အိမ်ကွင်းအားကိုးနဲ့ ဖိကစားခဲ့တဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကို ကောင်းမွန်သေသပ်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ပထမပိုင်း ခပ်စောစောမှာပဲ သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီး ချဲလ်ဆီးတို့ရဲ့ ခြေချော်မှုကို အပြည့်အဝ အခွင့်အရေးယူနိုင်ခဲ့ပါတယ်။

ခံစစ်မှာ ပိတ်ဆို့ကစားပြီး ကောင်တာကစားပုံတွေနဲ့ ထိုးဖောက်တဲ့ ဝက်စ်ဟမ်းရဲ့ ဘိုဝင်တစ်ယောက်တည်းနဲ့ မပြည့်စုံတဲ့ တောင်ပံတွေမှာ လင်ဂတ်ရောက်ရှိလာတာက သူတို့တွေကို ပိုမိုကောင်းမွန်တဲ့ အင်အားကို ဖန်တီးနိုင်ခဲ့ပြီး ဒီနေ့မှာလည်း လင်ဂတ်ရဲ့ အကောင်းဆုံးခြေစွမ်းတွေက နိုင်ပွဲရဖို့ အဓိက ကျခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ရဲ့ ဖြတ်တင်ဘောကို ဖျက်ထုတ်ရင်း ညာတောင်ပံက ပိုင်ဆိုင်မှု ပြန်ရလာတဲ့ ကူဖယ်လ် ထုတ်ပေးလိုက်တဲ့ ဘောလုံးကို လင်ဂတ်က ဝက်စ်ဟမ်းကွင်းဘက်ခြမ်းကနေ တစ်ဖက်ဂိုးရှေ့အထိ တောက်လျှောက်ဆွဲပြေးပြီး ခံစစ်မှာ ပြန်ဆင်းဖို့ နောက်ကျနေတဲ့ ဆီမီဒိုကြောင့် ဖြစ်နေတဲ့ ကွက်လပ်ကို အရောက်မှာ ဘယ်ခြေနဲ့ ဂိုးဧရိယာထဲကနေ အဆုံးသတ် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ဘာစီလိုနာကနေ ဒန်နီယယ်လ် အဲလ်ဗက်စ်ကို ဆက်ခံသူလို့ ထင်ခဲ့ကြဖူးတဲ့ ဆီမီဒိုကို ဘာကြောင့် ရောင်းထုတ်သလိုက်သလဲဆိုတဲ့ အဖြေလည်းဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေ ဘောလုံးစတင်ချိန်မှာ လင်ဂတ်နဲ့ တစ်တန်းတည်းလောက်မှာ ရှိနေတဲ့ ပေါ်တူဂီသားအနေနဲ့ ခံစစ်ပြန်လိုက်ဖို့ စိတ်ပါလက်ပါ ပြေးမဆင်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဂိုးထပ်ရခဲ့ပြီး ထောင့်ကန်အလံတိုင်နားအထိ ရောက်သွားခဲ့တဲ့ ဘောလုံးကို လင်ဂတ်က တစ်ပတ်လှည့်ပြီး ကြောင်ကြည့်နေတဲ့ ဆီမီဒိုရှေ့က ဘောလုံးထုတ်လိုက်ချိန်မှာ ပြေးတက်လာတဲ့ မာဆူအာကူးက ဂိုးရှေ့ချိုးပေးခဲ့တာကို ဖော်နယ်လ်က အဝေးတိုင်ထောင့်ကို အသာအယာ ပိတ်သွင်းရသူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ ဧည့်သည်တွေအတွက် တတိယမြောက်ဂိုးကို ဘိုဝင်က သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လင်ဂတ်ရဲ့ ကွင်းတစ်ဝက်လောက် ဆွဲပြေးပြီး ထိုးပေးတာကို Angle ပိတ်ပုံ မသေသပ်ခဲ့တဲ့ ရူအီ ပက်ထရီစီယိုရဲ့ အနီးတိုင် ထောင့်ကျဉ်းထဲကို ချန်ပီယံရှစ် ရော်ဘင်က ဘယ်ခြေနဲ့ ချိုးကန်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမပြီးခင် တစ်မိနစ်အလိုမှာတော့ အိမ်ရှင်ဝုလ်ဗ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အဒါမာ ထရာအိုရေး တစ်ကိုယ်တော် ဆွဲပြေးပြီး ဘယ်ခြမ်းကနေ ဖြတ်တင်ပေးခဲ့တာကို အထောင်တိုက်စစ်ကစားပြီး ဘယ်လိုအဆုံးသတ်နေမှန်း မသိတဲ့ ဝီလီယန် ဂျိုဆေးရဲ့ နေရာမှာ အသင့်ဝင်ပြီး နေရာယူထားတဲ့ ကွင်းလယ်အဖျက်သမား ဒန်ဒွန့်ကာက အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူနိုင်ခဲ့လို့ ၄၅ မိနစ်ပြည့်ချိန်မှာ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ ပိုဖိကစားလာခဲ့ပေမယ့် အဆုံးသတ် မသေချာခဲ့လို့ ဂိုးရဖို့ ခက်နေခဲ့ပြီး ဝက်စ်ဟမ်းဘက်က ဆူးချက်ခ်က တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးမသွင်းခင် လက်နဲ့ ထိန်းခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ပွဲချိန် ၆၈ မိနစ်ရောက်တော့မှ လူစားဝင်တိုက်စစ်မှူး ဖာဘီယို ဆေးလ်ဗားက နီတိုရဲ့ ဖန်တီးမှုကနေ ထောင့်ပိတ်ပုံ လိုအပ်ချက်ကြောင့် အဝေးတိုင်မှာ လွတ်နေတဲ့ ဖာဘီယန်စကီးရဲ့ အားနည်းချက်ကို အနိုင်ယူပြီး ဒုတိယချေပဂိုး သွင်းယူခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ သရေရနိုင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် ဂိုးထပ်မရတော့ဘဲ မိုလီနူးမှာ ဝက်စ်ဟမ်းတို့ အောင်ပွဲခံခဲ့ပြီး ချဲလ်ဆီးရဲ့ အိမ်ကွင်းရှုံးပွဲကြောင့် ဖြစ်ပေါ်နေတဲ့ အဆင့်လေးအခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားနိုင်ခဲ့သလို အဲဗာတန်ကလည်း အိမ်ကွင်းမှာ ခြေချော်ခဲ့ချိန်မှာ ဒေးဗစ် မွိုက်စ်နဲ့ လင်ဂတ်တို့အဖွဲ့ မျက်နှာပန်းလှနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းဟာ မိုလီႏူးကြင္းမွာ ကစားရတဲ့ ပြဲမွာ သူတို႔ကို အိမ္ကြင္းအားကိုးနဲ႔ ဖိကစားခဲ့တဲ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကို ေကာင္းမြန္ေသသပ္တဲ့ တန္ျပန္တိုက္စစ္ေတြနဲ႔ ပထမပိုင္း ခပ္ေစာေစာမွာပဲ သြင္းဂိုးေတြ ရယူႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးတို႔ရဲ႕ ေျခေခ်ာ္မႈကို အျပည့္အဝ အခြင့္အေရးယူႏိုင္ခဲ့ပါတယ္။

ခံစစ္မွာ ပိတ္ဆို႔ကစားၿပီး ေကာင္တာကစားပုံေတြနဲ႔ ထိုးေဖာက္တဲ့ ဝက္စ္ဟမ္းရဲ႕ ဘိုဝင္တစ္ေယာက္တည္းနဲ႔ မျပည့္စုံတဲ့ ေတာင္ပံေတြမွာ လင္ဂတ္ေရာက္ရွိလာတာက သူတို႔ေတြကို ပိုမိုေကာင္းမြန္တဲ့ အင္အားကို ဖန္တီးႏိုင္ခဲ့ၿပီး ဒီေန႔မွာလည္း လင္ဂတ္ရဲ႕ အေကာင္းဆုံးေျခစြမ္းေတြက ႏိုင္ပြဲရဖို႔ အဓိက က်ခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔ရဲ႕ ျဖတ္တင္ေဘာကို ဖ်က္ထုတ္ရင္း ညာေတာင္ပံက ပိုင္ဆိုင္မႈ ျပန္ရလာတဲ့ ကူဖယ္လ္ ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို လင္ဂတ္က ဝက္စ္ဟမ္းကြင္းဘက္ျခမ္းကေန တစ္ဖက္ဂိုးေရွ႕အထိ ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ခံစစ္မွာ ျပန္ဆင္းဖို႔ ေနာက္က်ေနတဲ့ ဆီမီဒိုေၾကာင့္ ျဖစ္ေနတဲ့ ကြက္လပ္ကို အေရာက္မွာ ဘယ္ေျခနဲ႔ ဂိုးဧရိယာထဲကေန အဆုံးသတ္ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးဟာ ဘာစီလိုနာကေန ဒန္နီယယ္လ္ အဲလ္ဗက္စ္ကို ဆက္ခံသူလို႔ ထင္ခဲ့ၾကဖူးတဲ့ ဆီမီဒိုကို ဘာေၾကာင့္ ေရာင္းထုတ္သလိုက္သလဲဆိုတဲ့ အေျဖလည္းျဖစ္ၿပီး တန္ျပန္တိုက္စစ္ကေန ေဘာလုံးစတင္ခ်ိန္မွာ လင္ဂတ္နဲ႔ တစ္တန္းတည္းေလာက္မွာ ရွိေနတဲ့ ေပၚတူဂီသားအေနနဲ႔ ခံစစ္ျပန္လိုက္ဖို႔ စိတ္ပါလက္ပါ ေျပးမဆင္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ဂိုးထပ္ရခဲ့ၿပီး ေထာင့္ကန္အလံတိုင္နားအထိ ေရာက္သြားခဲ့တဲ့ ေဘာလုံးကို လင္ဂတ္က တစ္ပတ္လွည့္ၿပီး ေၾကာင္ၾကည့္ေနတဲ့ ဆီမီဒိုေရွ႕က ေဘာလုံးထုတ္လိုက္ခ်ိန္မွာ ေျပးတက္လာတဲ့ မာဆူအာကူးက ဂိုးေရွ႕ခ်ိဳးေပးခဲ့တာကို ေဖာ္နယ္လ္က အေဝးတိုင္ေထာင့္ကို အသာအယာ ပိတ္သြင္းရသူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ဧည့္သည္ေတြအတြက္ တတိယေျမာက္ဂိုးကို ဘိုဝင္က သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန လင္ဂတ္ရဲ႕ ကြင္းတစ္ဝက္ေလာက္ ဆြဲေျပးၿပီး ထိုးေပးတာကို Angle ပိတ္ပုံ မေသသပ္ခဲ့တဲ့ ႐ူအီ ပက္ထရီစီယိုရဲ႕ အနီးတိုင္ ေထာင့္က်ဥ္းထဲကို ခ်န္ပီယံရွစ္ ေရာ္ဘင္က ဘယ္ေျခနဲ႔ ခ်ိဳးကန္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမၿပီးခင္ တစ္မိနစ္အလိုမွာေတာ့ အိမ္ရွင္ဝုလ္ဗ္စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန အဒါမာ ထရာအိုေရး တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး ဘယ္ျခမ္းကေန ျဖတ္တင္ေပးခဲ့တာကို အေထာင္တိုက္စစ္ကစားၿပီး ဘယ္လိုအဆုံးသတ္ေနမွန္း မသိတဲ့ ဝီလီယန္ ဂ်ိဳေဆးရဲ႕ ေနရာမွာ အသင့္ဝင္ၿပီး ေနရာယူထားတဲ့ ကြင္းလယ္အဖ်က္သမား ဒန္ဒြန႔္ကာက အားပါတဲ့ ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူႏိုင္ခဲ့လို႔ ၄၅ မိနစ္ျပည့္ခ်ိန္မွာ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ ပိုဖိကစားလာခဲ့ေပမယ့္ အဆုံးသတ္ မေသခ်ာခဲ့လို႔ ဂိုးရဖို႔ ခက္ေနခဲ့ၿပီး ဝက္စ္ဟမ္းဘက္က ဆူးခ်က္ခ္က တစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဂိုးမသြင္းခင္ လက္နဲ႔ ထိန္းခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ပြဲခ်ိန္ ၆၈ မိနစ္ေရာက္ေတာ့မွ လူစားဝင္တိုက္စစ္မႉး ဖာဘီယို ေဆးလ္ဗားက နီတိုရဲ႕ ဖန္တီးမႈကေန ေထာင့္ပိတ္ပုံ လိုအပ္ခ်က္ေၾကာင့္ အေဝးတိုင္မွာ လြတ္ေနတဲ့ ဖာဘီယန္စကီးရဲ႕ အားနည္းခ်က္ကို အႏိုင္ယူၿပီး ဒုတိယေခ်ပဂိုး သြင္းယူခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ သေရရႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ၾကေပမယ့္ အဆုံးသတ္ မေသခ်ာမႈေတြေၾကာင့္ ဂိုးထပ္မရေတာ့ဘဲ မိုလီႏူးမွာ ဝက္စ္ဟမ္းတို႔ ေအာင္ပြဲခံခဲ့ၿပီး ခ်ဲလ္ဆီးရဲ႕ အိမ္ကြင္းရႈံးပြဲေၾကာင့္ ျဖစ္ေပၚေနတဲ့ အဆင့္ေလးအခြင့္အေရးကို အမိအရ ဆုပ္ကိုင္သြားႏိုင္ခဲ့သလို အဲဗာတန္ကလည္း အိမ္ကြင္းမွာ ေျခေခ်ာ္ခဲ့ခ်ိန္မွာ ေဒးဗစ္ မြိဳက္စ္နဲ႔ လင္ဂတ္တို႔အဖြဲ႕ မ်က္ႏွာပန္းလွႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.