Premier League

အော်ဒီဂွါဒ်ကို အာဆင်နယ် ခေါ်ယူနိုင်ဖို့ ပေါင် သန်း၁၀၀ တန်ဖြစ်လာတဲ့ ဆာကာက အစတေးခံဖြစ်လာလေမလား

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွေ့မှာ ရီးရဲလ် မက်ဒရစ်အသင်းကနေ အာဆင်နယ်မှာ အငှားလာရောက်ကစားနေတဲ့ မာတင် အော်ဒီဂွာဒ်ကို အာဆင်နယ်အသင်းက အပြီးသတ်ခေါ်ယူဖို့ အတော်လေးစိတ်ဝင်စားနေချိန်မှာ ရီးရဲလ်နည်းပြဇီဒန်းက သူ့အတွက် မိမိအသင်းမှာ နေရာမရှိတော့ဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဇီဒန်းရဲ့ ပြောစကားကြောင့် ရီးရဲလ်မက်ဒရစ်ကို လက်ပြနှုတ်ဆက်ဖို့ သေချာသွားပြီး အော်ဒီဂွါဒ်အနေနဲ့ ယခုရာသီကုန်မှာ သူ့အနာဂတ်အတွက် အသင်းသစ်ကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

90 min သတင်းရဲ့ဖော်ပြချက်အရ နော်ဝေသားဟာ ဇီဒန်းရဲ့စကားကြောင့် အတော်လေးစိတ်ထိခိုက်ခံစားခဲ့ရပြီး အသည်းကွဲခဲ့ရကာ ရီးရဲလ်ဘက်ကလည်း ဟာလန်း သို့ အမ်ဘာပေကို ဝယ်ယူမယ်ဆိုရင် ငွေဖော်သွားဖို့ကလည်း ရှောင်လွှဲမရတဲ့ အခြေအနေဖြစ်နေတယ်။

သူနဲ့ ဂါရက်သ်ဘေးလ်၊ ဆီဘာယော့စ်တို့ကို ထုတ်ရောင်းဖို့ သေချာသလောက်ရှိနေပြီး အိုဒီဂွာဒ်ရဲ့ ပြောင်းရွေ့ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်ထားကြောင်း သိရတာပါ။ ၂၂ နှစ်သားဟာ ပါရမီရှင်ခြေစွမ်းကြောင့် အသင်းကြီးတိုင်းရဲ့ မျက်စိကျမှုကို ဖိတ်ခေါ်လာတယ်။

အာဆင်နယ်အသင်းအနေနဲ့ အော်ဒီဂွါဒ်ကို တခြားပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ အပြိုင် ခေါ်ယူရမယ့် ပြဿနာတရပ်ကလည်း ရှိနေသေးပြီး အကြောင်းကတော့ ချယ်လ်ဆီးအပါအဝင် အာဆင်နယ်ရဲ့ ရန်ဘက် ပရီးမီးယားလိဂ် ၃ သင်းက သူနဲ့ ပတ်သက်ပြီး ရီးရဲလ်ရဲ့ ကမ်းလှမ်းပြောဆိုမှုကို တချိန်တည်းမှာ ရရှိထားတာကြောင့်ပါ။

လက်ရှိ အာဆင်နယ်မှာ အချိန်တိုအတွင်း အံဝင်ပြီး ခြေစွမ်းပြကစားနေသလို အဖိုးတန်သွင်းဂိုးတွေပါ ရယူပြီး အာတီတာရဲ့နည်းဗျူဟာနဲ့ အလိုက်သင့်စီးမျောနိုင်တဲ့ အော်ဒီဂွာဒ်ရဲ့ ခြေစွမ်းကြောင့် အာဆင်နယ်အသင်းအနေနဲ့ သူ့ကို သဘောကျနေတဲ့တဖက်မှာ တပတ် ပေါင် ၂ သိန်းဆိုတဲ့ လစာပေးချေမှုကလည်း စောင့်ကြိုနေတယ်။

ပီအက်စ်ဂျီ၊ အင်တာမီလန်အသင်းတို့ကလည်း လိုက်နေတဲ့ သူ့ကို အရဝယ်ယူဖို့ဆိုရင် ဘူကာယိုဆာကာကို ပေါင်သန်း ၁၀၀ တန်ကြေးနဲ့ ထုတ်ရောင်းဖို့လည်း အာဆင်နယ်က စီစဉ်သွားတော့မယ့် သဘောကို မြင်တွေ့နေရတယ်။

ဘဏ္ဍာရေးတနှစ်အတွင်းမှာ ပေါင်သန်း ၄၇.၈ အရှုံးပေါ်နေတဲ့ အာဆင်နယ်ဟာ ဒီရာသီအကုန်မှာလည်း ပေါင်သန်း ၁၅၀ အထိ အရှုံးပေါ်မှာကြောင့် ပေါင်သန်း ၁၀၀နဲ့ ဆာကာကိုရောင်းမယ်၊ ငွေဖော်မယ်၊ အော်ဒီဂွာဒ်ကို ပေါင်သန်း ၄၀ သန်းနဲ့ ပြန်ဖြည့်တင်းမယ်၊ ဒါက အာတီတာသွားတော့မယ့် လမ်းကြောင်းဖြစ်လာတယ်။ အော်ဒီဂွာဒ်ကို ဝယ်ဖို့ အာတီတာက ဆာကာကို စတေးတော့မလားဆိုတဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကိုတော့ ဆက်လက်စောင့်ကြည့်ကြရအောင်ပါ။

အော်ဒီဂွါဒ်ကို သူ့ရဲ့ ငယ်စဉ်ဘဝက ကစားချင်တဲ့ လီဗာပူးလ်အသင်းကလည်း ခေါ်ယူချင်နေပြီး အော်ဒီဂွါဒ်နဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်တို့ အာဆင်နယ်က လီဗာပူးလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲအပြီး တရင်းတနှီး ဖက်လှဲတကင်း ရင်းနှီးစွာ ပြောဆိုနေမှုကလည်း အာဆင်နယ်နဲ့ အာတီတာအနေနဲ့ အော်ဒီဂွါဒ်ကို ခေါ်ယူချင်လျှင် တုံ့ဆိုင်းမနေသင့်ပဲ အမြန်ခေါ်ယူသင့်ကြောင်း အချက်ပြလိုက်တာပဲ ဖြစ်ပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ ရီးရဲလ္ မက္ဒရစ္အသင္းကေန အာဆင္နယ္မွာ အငွားလာေရာက္ကစားေနတဲ့ မာတင္ ေအာ္ဒီဂြာဒ္ကို အာဆင္နယ္အသင္းက အၿပီးသတ္ေခၚယူဖို႔ အေတာ္ေလးစိတ္ဝင္စားေနခ်ိန္မွာ ရီးရဲလ္နည္းျပဇီဒန္းက သူ႔အတြက္ မိမိအသင္းမွာ ေနရာမရွိေတာ့ဘူးလို႔ ေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။ ဇီဒန္းရဲ႕ ေျပာစကားေၾကာင့္ ရီးရဲလ္မက္ဒရစ္ကို လက္ျပႏႈတ္ဆက္ဖို႔ ေသခ်ာသြားၿပီး ေအာ္ဒီဂြါဒ္အေနနဲ႔ ယခုရာသီကုန္မွာ သူ႔အနာဂတ္အတြက္ အသင္းသစ္ကို ရွာေဖြရေတာ့မွာ ျဖစ္ပါတယ္။

90 min သတင္းရဲ႕ေဖာ္ျပခ်က္အရ ေနာ္ေဝသါးဟာ ဇီဒန္းရဲ႕စကားေၾကာင့္ အေတာ္ေလးစိတ္ထိခိုက္ခံစားခဲ့ရၿပီး အသည္းကြဲခဲ့ရကာ ရီးရဲလ္ဘက္ကလည္း ဟာလန္း သို႔ အမ္ဘာေပကို ဝယ္ယူမယ္ဆိုရင္ ေငြေဖာ္သြားဖို႔ကလည္း ေရွာင္လႊဲမရတဲ့ အေျခအေနျဖစ္ေနတယ္။

သူနဲ႔ ဂါရက္သ္ေဘးလ္၊ ဆီဘာေယာ့စ္တို႔ကို ထုတ္ေရာင္းဖို႔ ေသခ်ာသေလာက္ရွိေနၿပီး အိုဒီဂြာဒ္ရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို ေပါင္သန္း ၄၀ သတ္မွတ္ထားေၾကာင္း သိရတာပါ။ ၂၂ ႏွစ္သားဟာ ပါရမီရွင္ေျခစြမ္းေၾကာင့္ အသင္းႀကီးတိုင္းရဲ႕ မ်က္စိက်မႈကို ဖိတ္ေခၚလာတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ေအာ္ဒီဂြါဒ္ကို တျခားပရီးမီးယားလိဂ္အသင္းႀကီးေတြနဲ႔ အၿပိဳင္ ေခၚယူရမယ့္ ျပႆနာတရပ္ကလည္း ရွိေနေသးၿပီး အေၾကာင္းကေတာ့ ခ်ယ္လ္ဆီးအပါအဝင္ အာဆင္နယ္ရဲ႕ ရန္ဘက္ ပရီးမီးယားလိဂ္ ၃ သင္းက သူနဲ႔ ပတ္သက္ၿပီး ရီးရဲလ္ရဲ႕ ကမ္းလွမ္းေျပာဆိုမႈကို တခ်ိန္တည္းမွာ ရရွိထားတာေၾကာင့္ပါ။

လက္ရွိ အာဆင္နယ္မွာ အခ်ိန္တိုအတြင္း အံဝင္ၿပီး ေျခစြမ္းျပကစားေနသလို အဖိုးတန္သြင္းဂိုးေတြပါ ရယူၿပီး အာတီတာရဲ႕နည္းဗ်ဴဟာနဲ႔ အလိုက္သင့္စီးေမ်ာႏိုင္တဲ့ ေအာ္ဒီဂြာဒ္ရဲ႕ ေျခစြမ္းေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ သူ႔ကို သေဘာက်ေနတဲ့တဖက္မွာ တပတ္ ေပါင္ ၂ သိန္းဆိုတဲ့ လစာေပးေခ်မႈကလည္း ေစာင့္ႀကိဳေနတယ္။

ပီအက္စ္ဂ်ီ၊ အင္တာမီလန္အသင္းတို႔ကလည္း လိုက္ေနတဲ့ သူ႔ကို အရဝယ္ယူဖို႔ဆိုရင္ ဘူကာယိုဆာကာကို ေပါင္သန္း ၁၀၀ တန္ေၾကးနဲ႔ ထုတ္ေရာင္းဖို႔လည္း အာဆင္နယ္က စီစဥ္သြားေတာ့မယ့္ သေဘာကို ျမင္ေတြ႕ေနရတယ္။

ဘ႑ာေရးတႏွစ္အတြင္းမွာ ေပါင္သန္း ၄၇.၈ အရႈံးေပၚေနတဲ့ အာဆင္နယ္ဟာ ဒီရာသီအကုန္မွာလည္း ေပါင္သန္း ၁၅၀ အထိ အရႈံးေပၚမွာေၾကာင့္ ေပါင္သန္း ၁၀၀နဲ႔ ဆာကာကိုေရာင္းမယ္၊ ေငြေဖာ္မယ္၊ ေအာ္ဒီဂြာဒ္ကို ေပါင္သန္း ၄၀ သန္းနဲ႔ ျပန္ျဖည့္တင္းမယ္၊ ဒါက အာတီတာသြားေတာ့မယ့္ လမ္းေၾကာင္းျဖစ္လာတယ္။ ေအာ္ဒီဂြာဒ္ကို ဝယ္ဖို႔ အာတီတာက ဆာကာကို စေတးေတာ့မလားဆိုတဲ့ ေနာက္ဆက္တြဲျဖစ္စဥ္ေတြကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရေအာင္ပါ။

ေအာ္ဒီဂြါဒ္ကို သူ႔ရဲ႕ ငယ္စဥ္ဘဝက ကစားခ်င္တဲ့ လီဗာပူးလ္အသင္းကလည္း ေခၚယူခ်င္ေနၿပီး ေအာ္ဒီဂြါဒ္နဲ႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္တို႔ အာဆင္နယ္က လီဗာပူးလ္ကို ၃ ဂိုး ဂိုးမရွိနဲ႔ ရႈံးပြဲအၿပီး တရင္းတႏွီး ဖက္လွဲတကင္း ရင္းႏွီးစြာ ေျပာဆိုေနမႈကလည္း အာဆင္နယ္နဲ႔ အာတီတာအေနနဲ႔ ေအာ္ဒီဂြါဒ္ကို ေခၚယူခ်င္လွ်င္ တုံ႔ဆိုင္းမေနသင့္ပဲ အျမန္ေခၚယူသင့္ေၾကာင္း အခ်က္ျပလိုက္တာပဲ ျဖစ္ပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.