Premier League

ၿပဳိင္ပြဲကို ရပ္ၿပီး လီဗာပူးလ္ ခ်န္ပီယံျဖစ္မွာမ်ဳိး မရွိႏိုင္ဘူးလို႔ ေျပာလိုက္တဲ့ ယူအီးအက္ဖ္ေအဥကၠဌ

ယူအီးအက္ဖ္ေအရဲ႕ ဥကၠဌျဖစ္သူ အလက္ဇန္းဒါး ဆက္ဖရင္က ပရီးမီးယားလိဂ္ကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ၿပီးဆုံးေအာင္ မကစားႏုိင္ဘဲ လက္ရွိအေျခအေနမွာ ရပ္တန္႔လိုက္ရရင္ ရလဒ္ေတြဟာ ထည့္သြင္းေရတြက္ေတာ့မွာ မဟုတ္ဘဲ လီဗာပူးလ္အသင္းအေနနဲ႔လည္း ခ်န္ပီယံ မျဖစ္ႏုိင္ဘူးလို႔ ေျပာၾကားလုိက္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လက္ရွိအေျခအေနအရ ရပ္တန္႔ထားရခ်ိန္မွာ ေကာလဟာလေတြ အမ်ဳိးမ်ဳိးထြက္ေပၚၿပီး တခ်ဳိ႕အသင္းေတြအေနနဲ႔ ၿပဳိင္ပြဲကို ရပ္နားၿပီး ရလဒ္ေတြကို ပယ္ဖ်က္ခ်င္ေၾကာင္း ဆုိခဲ့ၾကတယ္လို႔ ေျပာေနၾကသလို တခ်ဳိ႕ကေတာ့ ၂၂ သင္း ပရီးမီးယားလိဂ္ျဖစ္လာမယ္လို႔လည္း ခန္႔မွန္းေနခဲ့ၾကပါတယ္။

ေနာက္ဆုံးရရွိထားတဲ့ သတင္းေတြအရေတာ့ ပရီးမီးယားလိဂ္က ကစားသမားေတြအေနနဲ႔ ၿပဳိင္ပြဲကို ၿပီးဆုံးေအာင္ ကစားခ်င္ေနၾကတယ္လုိ႔ သိရၿပီး ယူအီးအက္ဖ္ေအဥကၠဌ ဆက္ဖရင္ကလည္း ဥေရာပတစ္ဝွမ္းက အမွတ္ေပးၿပဳိင္ပြဲေတြကို ဆက္ကစားၿပီး ဇြန္လမွာ ၿပီးဆုံးႏုိင္ဖို႔ ရည္ရြယ္ေၾကာင္း ဆုိထားခဲ့တာပါ။

“ကၽြန္ေတာ့္အေနနဲ႔ ယူအီးအက္ဖ္ေအက ၿပဳိင္ပြဲေတြကို ရပ္တန္႔ဖို႔နဲ႔ လက္ရွိအမွတ္ေပးဇယားအရ ဘယ္သူက ခ်န္ပီယံျဖစ္မယ္ဆုိတာကို ဆုံးျဖတ္ဖို႔ တိုက္တြန္းေနတယ္ဆုိတဲ့ သတင္းအတုအေယာင္ေတြကို ျမင္ခဲ့ၾကားခဲ့ရပါတယ္။ အခု ကၽြန္ေတာ့္အေနနဲ႔ ဒါေတြမွာ မမွန္ကန္ေၾကာင္း ဆုိခ်င္ပါတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ ရည္မွန္းခ်က္က အမွတ္ေပးၿပဳိင္ပြဲေတြကို ၿပီးဆုံးေအာင္ကစားဖို႔နဲ႔ ဒီလိုမ်ဳိး ဆုံးျဖတ္ခ်က္ေတြခ်မွာကို မေထာက္ခံဖို႔ပဲ ျဖစ္ပါတယ္”လို႔ ဆက္ဖရင္က ျပတ္ျပတ္သားသားေျပာၾကားလုိက္ပါတယ္။

ဆက္ဖရင္ရဲ႕စကားကို စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌျဖစ္တဲ့ လူးဝစ္ ႐ူဘီယာလက္စ္ကလည္း ေထာက္ခံေျပာၾကားလုိက္ၿပီး ၿပဳိင္ပြဲေတြအေနနဲ႔ ဇြန္လကုန္မွာ မၿပီးဆုံးတာမ်ဳိးျဖစ္ႏိုင္ေပမယ့္ ရပ္တန္႔ၿပီး လက္ရွိအေနအထားအတုိင္း အဆင့္သတ္မွတ္ခ်က္ေပးဖို႔ကေတာ့ မတရားဘူးလို႔လည္း ဆုိခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ယူအီးအက်ဖ်အေရဲ့ ဥက္ကဌဖြစ်သူ အလက်ဇန်းဒါး ဆက်ဖရင်က ပရီးမီးယားလိဂ်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးဆုံးအောင် မကစားနိုင်ဘဲ လက်ရှိအခြေအနေမှာ ရပ်တန့်လိုက်ရရင် ရလဒ်တွေဟာ ထည့်သွင်းရေတွက်တော့မှာ မဟုတ်ဘဲ လီဗာပူးလ်အသင်းအနေနဲ့လည်း ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိအခြေအနေအရ ရပ်တန့်ထားရချိန်မှာ ကောလဟာလတွေ အမျိုးမျိုးထွက်ပေါ်ပြီး တချို့အသင်းတွေအနေနဲ့ ပြိုင်ပွဲကို ရပ်နားပြီး ရလဒ်တွေကို ပယ်ဖျက်ချင်ကြောင်း ဆိုခဲ့ကြတယ်လို့ ပြောနေကြသလို တချို့ကတော့ ၂၂ သင်း ပရီးမီးယားလိဂ်ဖြစ်လာမယ်လို့လည်း ခန့်မှန်းနေခဲ့ကြပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရတော့ ပရီးမီးယားလိဂ်က ကစားသမားတွေအနေနဲ့ ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားချင်နေကြတယ်လို့ သိရပြီး ယူအီးအက်ဖ်အေဥက္ကဌ ဆက်ဖရင်ကလည်း ဥရောပတစ်ဝှမ်းက အမှတ်ပေးပြိုင်ပွဲတွေကို ဆက်ကစားပြီး ဇွန်လမှာ ပြီးဆုံးနိုင်ဖို့ ရည်ရွယ်ကြောင်း ဆိုထားခဲ့တာပါ။

“ကျွန်တော့်အနေနဲ့ ယူအီးအက်ဖ်အေက ပြိုင်ပွဲတွေကို ရပ်တန့်ဖို့နဲ့ လက်ရှိအမှတ်ပေးဇယားအရ ဘယ်သူက ချန်ပီယံဖြစ်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ တိုက်တွန်းနေတယ်ဆိုတဲ့ သတင်းအတုအယောင်တွေကို မြင်ခဲ့ကြားခဲ့ရပါတယ်။ အခု ကျွန်တော့်အနေနဲ့ ဒါတွေမှာ မမှန်ကန်ကြောင်း ဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အမှတ်ပေးပြိုင်ပွဲတွေကို ပြီးဆုံးအောင်ကစားဖို့နဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေချမှာကို မထောက်ခံဖို့ပဲ ဖြစ်ပါတယ်”လို့ ဆက်ဖရင်က ပြတ်ပြတ်သားသားပြောကြားလိုက်ပါတယ်။

ဆက်ဖရင်ရဲ့စကားကို စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့ လူးဝစ် ရူဘီယာလက်စ်ကလည်း ထောက်ခံပြောကြားလိုက်ပြီး ပြိုင်ပွဲတွေအနေနဲ့ ဇွန်လကုန်မှာ မပြီးဆုံးတာမျိုးဖြစ်နိုင်ပေမယ့် ရပ်တန့်ပြီး လက်ရှိအနေအထားအတိုင်း အဆင့်သတ်မှတ်ချက်ပေးဖို့ကတော့ မတရားဘူးလို့လည်း ဆိုခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.