Premier League

ကို႐ိုနာေၾကာင့္ ျပန္ကစားဖို႔ ေႏွာင့္ေႏွးေနတာကို စိတ္ပ်က္ေနတဲ့ ဆာေနး

UNICODE: ၂၀၁၉-၂၀၂၀ ဘောလုံးရာသီဟာ သူ့အတွက်တော့ အင်မတန်မှ စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပြီး ဒဏ်ရာကြောင့် ကိုးလလောက် အနားယူခဲ့ရသလို ပြန်ကစားနိုင်တော့မယ့် အချိန်မှာလည်း ခုလိုမျိုး ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားလိုက်တာနဲ့ ကြုံခဲ့ရလို့ မန်ချက်စတာ စီးတီးတောင်ပံကစားသမား လီရွိုင်း ဆာနေးက စိတ်ပျက်ကြောင်းပြောကြားလိုက်ပါတယ်။

ဆာနေးက ပြီးခဲ့တဲ့ သြဂုတ်လက လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြို ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲတဲ့ဒဏ်ရာဟာ သူ့ဘဝမှာ အဆိုးရွားဆုံးနဲ့ အကြာရှည်ဆုံး အနားယူခဲ့ရတဲ့ ဒဏ်ရာဖြစ်ခဲ့တယ်လို့လည်း ပြောလိုက်ပြီး လက်ရှိမှာလည်း ကစားခွင့်မရသေးတာက ဆိုးရွားကြောင်းလည်း ဆိုခဲ့ပါတယ်။

ဒီအသက် ၂၃ နှစ်အရွယ် ဆီနီဂေါနွယ်ဖွား ဂျာမန်တောင်ပံကစားသမားအတွက်တော့ ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရပ်နားထားတဲ့ ကာလဟာ အဆိုးထက် အကောင်းပိုဖြစ်နိုင်ပြီး အားကစားလောကက ဒဏ်ရာတွေထဲမှာ အဆိုးဆုံးဒဏ်ရာတစ်မျိုးဖြစ်တဲ့ သူ့ရဲ့ ဒူးအရွတ်အတွက်တော့ ပိုမိုအသားသေစေနိုင်မှာလည်းဖြစ်ပါတယ်။

“ဒီဒဏ်ရာကတော့ ကျွန်တော့်ကစားသမားဘဝမှာ အခက်အခဲဆုံး၊ အဆိုးရွားဆုံးနဲ့ အရှည်ကြားဆုံးဖြစ်ခဲ့တဲ့ ဒဏ်ရာပါ။ ဒါက တော်တော်လေး ဆိုးရွားပြီး ခွဲစိတ်ကုသပြီး နောက်တစ်ရက်မှာ ကျွန်တော် လှုပ်တောင်မလှုပ်နိုင်ခဲ့ဘဲ အားကစားသမားတွေရဲ့ သဘာဝနဲ့ ဆန့်ကျင်ဘက်လည်း ဖြစ်ခဲ့ပါတယ်။ ပြန်လည်သန်စွမ်းရေးတွေကို တော်တော်ကြာကြာလုပ်ခဲ့ရပြီး ဒါက အသန်မာဆုံးနဲ့ အကြံ့ခိုင်ဆုံးပြန်လာနိုင်မယ့် အခွင့်အရေးလို့ပဲ တွေးခဲ့ရပါတယ်”လို့ ဆာနေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်က စတင်လေ့ကျင့်နိုင်ခဲ့ပြီး မန်စီးတီး ယူ-၂၃ အသင်းနဲ့လည်း သွားရောက်စမ်းသပ်ကစားခဲ့တဲ့ ဆာနေးဟာ ဒီကာလ လွန်မြောက်လို့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လာရင်တော့ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ဖွယ်ရှိပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ တစ်ကျော့ပြန် စိတ်ဝင်စားမှုမှာ အသင်းနဲ့အတူ ဆက်ရှိနေနိုင်မလားကိုတော့ စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီဟာ သူ႕အတြက္ေတာ့ အင္မတန္မွ စိတ္ပ်က္စရာေကာင္းတဲ့ ေဘာလုံးရာသီတစ္ခုျဖစ္ၿပီး ဒဏ္ရာေၾကာင့္ ကိုးလေလာက္ အနားယူခဲ့ရသလို ျပန္ကစားႏုိင္ေတာ့မယ့္ အခ်ိန္မွာလည္း ခုလိုမ်ဳိး ပရီးမီးယားလိဂ္ပြဲေတြ ရပ္နားလုိက္တာနဲ႔ ႀကဳံခဲ့ရလို႔ မန္ခ်က္စတာ စီးတီးေတာင္ပံကစားသမား လီရြဳိင္း ဆာေနးက စိတ္ပ်က္ေၾကာင္းေျပာၾကားလုိက္ပါတယ္။

ဆာေနးက ၿပီးခဲ့တဲ့ ၾသဂုတ္လက လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တဲ့ ရာသီႀကဳိ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒူးအရြတ္စုတ္ျပဲတဲ့ဒဏ္ရာဟာ သူ႕ဘဝမွာ အဆုိးရြားဆုံးနဲ႔ အၾကာရွည္ဆုံး အနားယူခဲ့ရတဲ့ ဒဏ္ရာျဖစ္ခဲ့တယ္လုိ႔လည္း ေျပာလိုက္ၿပီး လက္ရွိမွာလည္း ကစားခြင့္မရေသးတာက ဆုိးရြားေၾကာင္းလည္း ဆုိခဲ့ပါတယ္။

ဒီအသက္ ၂၃ ႏွစ္အရြယ္ ဆီနီေဂါႏြယ္ဖြား ဂ်ာမန္ေတာင္ပံကစားသမားအတြက္ေတာ့ ဒီကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ရပ္နားထားတဲ့ ကာလဟာ အဆုိးထက္ အေကာင္းပုိျဖစ္ႏိုင္ၿပီး အားကစားေလာကက ဒဏ္ရာေတြထဲမွာ အဆုိးဆုံးဒဏ္ရာတစ္မ်ဳိးျဖစ္တဲ့ သူ႕ရဲ႕ ဒူးအရြတ္အတြက္ေတာ့ ပိုမိုအသားေသေစႏုိင္မွာလည္းျဖစ္ပါတယ္။

“ဒီဒဏ္ရာကေတာ့ ကၽြန္ေတာ့္ကစားသမားဘဝမွာ အခက္အခဲဆုံး၊ အဆုိးရြားဆုံးနဲ႔ အရွည္ၾကားဆုံးျဖစ္ခဲ့တဲ့ ဒဏ္ရာပါ။ ဒါက ေတာ္ေတာ္ေလး ဆုိးရြားၿပီး ခြဲစိတ္ကုသၿပီး ေနာက္တစ္ရက္မွာ ကၽြန္ေတာ္ လွဳပ္ေတာင္မလွဳပ္ႏုိင္ခဲ့ဘဲ အားကစားသမားေတြရဲ႕ သဘာဝနဲ႔ ဆန္႔က်င္ဘက္လည္း ျဖစ္ခဲ့ပါတယ္။ ျပန္လည္သန္စြမ္းေရးေတြကို ေတာ္ေတာ္ၾကာၾကာလုပ္ခဲ့ရၿပီး ဒါက အသန္မာဆုံးနဲ႔ အႀကံ့ခိုင္ဆုံးျပန္လာႏိုင္မယ့္ အခြင့္အေရးလို႔ပဲ ေတြးခဲ့ရပါတယ္”လုိ႔ ဆာေနးက ဆုိပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္က စတင္ေလ့က်င့္ႏုိင္ခဲ့ၿပီး မန္စီးတီး ယူ-၂၃ အသင္းနဲ႔လည္း သြားေရာက္စမ္းသပ္ကစားခဲ့တဲ့ ဆာေနးဟာ ဒီကာလ လြန္ေျမာက္လို႔ ပရီးမီးယားလိဂ္ပြဲေတြ ျပန္လာရင္ေတာ့ အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပႏုိင္ဖြယ္ရွိၿပီး ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ တစ္ေက်ာ့ျပန္ စိတ္ဝင္စားမွဳမွာ အသင္းနဲ႔အတူ ဆက္ရွိေနႏုိင္မလားကိုေတာ့ ေစာင့္ၾကည့္သြားရမွာလည္းျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.