Bundesliga La Liga Premier League

ဘာစီလုိနာရဲ႕ ဘရာဇီးလ္ကြင္းလယ္လူကို ေခၚယူဖို႔ ေရပန္းစားေနတဲ့ ခ်ဲလ္ဆီး

လာမယ့္ရာသီမွာ အသင္းက ဝါရင့္ကြင္းလယ္ကစားသမားတခ်ဳိ႕ ထြက္ခြာဖြယ္ရွိေနၿပီး တခ်ဳိ႕ကစားသမားေတြကလည္း ႀကံ့ခိုင္မွဳ မျပည့္ဝေသးတဲ့ အေျခအေနနဲ႔ ရင္ဆုိင္ေနရတဲ့ ခ်ဲလ္ဆီးအသင္းဟာ ဘာစီလိုနာအသင္းရဲ႕ ဘရာဇီးလ္ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိကို ေခၚယူဖို႔ ေရပန္းစားလာခဲ့ပါတယ္။

အသင္းကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ယူ႐ို ၁၄၅ သန္း(ေပါင္ ၁၃၆ သန္း)နဲ႔ ေခၚယူထားခဲ့ေပမယ့္လည္း သူ႕ရဲ႕ အားသန္တဲ့ ကစားဟန္ျဖစ္တဲ့ ကြင္းလယ္တစ္ေၾကာကို ေမႊေႏွာက္ခ်င္တဲ့ ပုံစံဟာ အဓိက ကစားသမား လီယြန္နယ္ မက္ဆီနဲ႔ ဘယ္လိုမွ အဆင္မေျပခဲ့တဲ့အတြက္ ဒီရာသီမွာ ေတာင္ပံကစားသမားေတြကို ပုိမုိအားျပဳမွဳနဲ႔အတူ ဘိုင္ယန္ျမဴးနစ္ကို အငွားနဲ႔ ထြက္ခြာခဲ့ရတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းမွာ တစ္ရာသီခြဲအတြင္း ၇၆ ပြဲကစား ၂၁ ဂိုးသြင္းယူႏုိင္ခဲ့တဲ့အျပင္ ၁၉ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့တဲ့ ေကာ္တင္ညဳိဟာ ဘုိင္ယန္ျမဴးနစ္အသင္းမွာလည္း ေျခစြမ္းျပသႏုိင္ခဲ့ၿပီး ၃၂ ပြဲမွာ ၉ ဂိုးသြင္း ၈ ဂိုး ဖန္တီးေပးထားႏိုင္သူလည္းျဖစ္သလို လက္ရွိအသင္းနဲ႔ အၿပီးသတ္ ေခၚယူခြင့္ကို ယူ႐ိုသန္း ၁၂၀(ေပါင္ ၁၁၃ သန္း)နဲ႔ ထည့္သြင္းထားတယ္လို႔လည္း သိရပါတယ္။

ဘြန္ဒက္စ္လီဂါမွာ ရွဳံးပြဲေတြ ဆက္ခဲ့ရာကေန နည္းျပသစ္ ဟန္းစ္ ဒိုင္ယက္တာ ဖလစ္ခ္လက္ေအာက္ ဇယားထိပ္ဆုံးကို ျပန္လည္တက္လွမ္းႏုိင္ခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္အသင္းအတြက္ေတာ့ ေကာ္တင္ညဳိအေနနဲ႔ ေျခစြမ္းျပခဲ့ေပမယ့္လည္း အေရးပါတဲ့ ကစားသမားတစ္ေယာက္အျဖစ္နဲ႔ေတာ့ ရွဳျမင္ေသးပုံ မရဘဲ အၿပီးသတ္ကမ္းလွမ္းမွဳအတြက္ လက္ရွိအခ်ိန္ထိ ခ်ိန္ဆေနဆဲလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းနဲ႔အတူ ပြဲေပါင္း ၂၀၀ ေက်ာ္မွာ ဂိုး ၅၀ ေက်ာ္သြင္းယူေပးခဲ့ၿပီး ကြင္းလယ္တုိက္စစ္မွာ ေနရာစုံကစားႏုိင္တဲ့ ဒီအသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္လက္ေရြးစင္ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းထက္ လက္ဦးမွဳရယူ ကမ္းလွမ္းဖို႔ ရိွေနၿပီး ကစားသမားအေနနဲ႔လည္း သူေအာင္ျမင္ခဲ့တဲ့ ပရီးမီးယားလိဂ္ကို အသင္းႀကီးတစ္သင္းနဲ႔အတူ တစ္ေက်ာ့ျပန္ေျခခ်ဖို႔ လက္ခံႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာမယ့်ရာသီမှာ အသင်းက ဝါရင့်ကွင်းလယ်ကစားသမားတချို့ ထွက်ခွာဖွယ်ရှိနေပြီး တချို့ကစားသမားတွေကလည်း ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို ခေါ်ယူဖို့ ရေပန်းစားလာခဲ့ပါတယ်။

အသင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို ၁၄၅ သန်း(ပေါင် ၁၃၆ သန်း)နဲ့ ခေါ်ယူထားခဲ့ပေမယ့်လည်း သူ့ရဲ့ အားသန်တဲ့ ကစားဟန်ဖြစ်တဲ့ ကွင်းလယ်တစ်ကြောကို မွှေနှောက်ချင်တဲ့ ပုံစံဟာ အဓိက ကစားသမား လီယွန်နယ် မက်ဆီနဲ့ ဘယ်လိုမှ အဆင်မပြေခဲ့တဲ့အတွက် ဒီရာသီမှာ တောင်ပံကစားသမားတွေကို ပိုမိုအားပြုမှုနဲ့အတူ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ တစ်ရာသီခွဲအတွင်း ၇၆ ပွဲကစား ၂၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ၁၉ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ ကော်တင်ညိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ၃၂ ပွဲမှာ ၉ ဂိုးသွင်း ၈ ဂိုး ဖန်တီးပေးထားနိုင်သူလည်းဖြစ်သလို လက်ရှိအသင်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ကို ယူရိုသန်း ၁၂၀(ပေါင် ၁၁၃ သန်း)နဲ့ ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲတွေ ဆက်ခဲ့ရာကနေ နည်းပြသစ် ဟန်းစ် ဒိုင်ယက်တာ ဖလစ်ခ်လက်အောက် ဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက်တော့ ကော်တင်ညိုအနေနဲ့ ခြေစွမ်းပြခဲ့ပေမယ့်လည်း အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့တော့ ရှုမြင်သေးပုံ မရဘဲ အပြီးသတ်ကမ်းလှမ်းမှုအတွက် လက်ရှိအချိန်ထိ ချိန်ဆနေဆဲလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့အတူ ပွဲပေါင်း ၂၀၀ ကျော်မှာ ဂိုး ၅၀ ကျော်သွင်းယူပေးခဲ့ပြီး ကွင်းလယ်တိုက်စစ်မှာ နေရာစုံကစားနိုင်တဲ့ ဒီအသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကို ချဲလ်ဆီးအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းထက် လက်ဦးမှုရယူ ကမ်းလှမ်းဖို့ ရှိနေပြီး ကစားသမားအနေနဲ့လည်း သူအောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကို အသင်းကြီးတစ်သင်းနဲ့အတူ တစ်ကျော့ပြန်ခြေချဖို့ လက်ခံနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.