Premier League Serie A

စာခ်ဳပ္သစ္အသံေၾကာင့္ ပရိသတ္ေတြ အျမင္ၾကည္စျပဳေနတုန္း ဂ်ဴဗင္တပ္စ္အက်ႌေၾကာင့္ ေပါ့ဘာ ေျဖရွင္းခဲ့ရ

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိေတာ့မယ္လို႔ သတင္းထြက္ခဲ့လို႔ ပရိသတ္ေတြရဲ႕ အျမင္ၾကည္မွဳကို စတင္ရရွိလာခဲ့ေပမယ့္ အိမ္မွာ ေလ့က်င့္ခန္းျပဳလုပ္ေနစဥ္မွာ ဂ်ဴဗင္တပ္စ္အက်ႌနဲ႔ အျငင္းပြားစရာျဖစ္ခဲ့တာေၾကာင့္ ေျဖရွင္းခဲ့ရေသးတယ္လို႔ သိရပါတယ္။

ေပါ့ဘာဟာ ဒဏ္ရာကေန သက္သာေကာင္းမြန္ေနၿပီးလည္းျဖစ္ၿပီး ပရီးမီးယားလိဂ္ရပ္နားထားခ်ိန္မွာ အိမ္မွာ အျပည့္အဝ ႀကဳိးစားေလ့က်င့္ ေနေၾကာင္းကို “ေလ့က်င့္ေရးစခန္းသစ္ ဖြင့္ထားၿပီး Quarantine PP (Paul Pogba) Arena လို႔ ေခၚတယ္။ ၂၄ နာရီ ၇ ရက္ ပိတ္ရက္မရွိပါ”လို႔ အသင္းေဖာ္ ဗစ္တာ လင္ဒီေလာ့ဖ္နဲ႔အတူ ေလ့က်င့္ေနတဲ့ ဗီဒီယိုကို အင္စတာဂရမ္မွာ တင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ သူဝတ္ထားတဲ့ အက်ႌေၾကာင့္ အထင္မွားခဲ့ၾကတာပါ။

အီတလီေျမ အသင္းေဟာင္းကို ျပန္ေတာ့မယ္လို႔ သတင္းထြက္ခဲ့ဖူးတဲ့ ေပါ့ဘာအတြက္ တခ်ဳိ႕ယူႏုိက္တက္ပရိသတ္ေတြက ေဒါသထြက္ခဲ့ၾကတာျဖစ္ေပမယ့္ ေပါ့ဘာကေတာ့ သူဝတ္ထားတာဟာ အသင္းေဖာ္ေဟာင္း ဘလဲစ္ မာတြီဒီရဲ႕ နံပါတ္ ၁၄ အက်ႌပဲျဖစ္ၿပီး ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳ ခံေနရတဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ျပင္သစ္အသင္းေဖာ္ကို အားေပးခဲ့တာျဖစ္တယ္လုိ႔ ျပန္လည္ရွင္းျပခဲ့ပါတယ္။

ကြင္းလယ္လူ မာတြီဒီဟာ သူ႕ရဲ႕ အင္တုိက္အားတုိက္ႀကဳိးစားကစားတတ္တဲ့ဟန္ေၾကာင့္ သေဘာက်တဲ့ ပရိသတ္ေပါမ်ားသူတစ္ဦးျဖစ္ၿပီး သူ႕ကို ၿပီးခဲ့တဲ့ အဂၤါေန႔က ေဆးစစ္ရာမွာ ေပါ့စစ္တစ္ျဖစ္ခဲ့တာေၾကာင့္ ဒီဗိုင္းရပ္စ္ပုိးေတြ႕ရွိတဲ့ ဒုတိယေျမာက္ ဂ်ဴဗင္တပ္စ္ကစားသမားလည္းျဖစ္လာလို႔ ေပါ့ဘာက အားေပးခဲ့တာလည္းျဖစ္ပါတယ္။

ေဘာလုံးအလိမ္အေခါက္၊ ေျခအႏုတ္အသိမ္း သြက္လက္မွဳ၊ တာတုိအေျပးနဲ႔ အတိုေပးပို႔မွဳေတြကို ေလ့က်င့္ေနတဲ့ ေပါ့ဘာဟာ မန္ခ်က္စတာ ယူႏုိက္တက္ရဲ႕ ကြင္းလယ္မွာ လက္ရွိေျခစြမ္းျပေနတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ပူးေပါင္းၿပီး အသင္းရဲ႕ ေပါက္ကြဲအားျဖစ္ေစဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ခံ ထားရသူလည္းျဖစ္ၿပီး သူက ဂ်ဴဗင္တပ္စ္အက်ႌကို ဝတ္လို႔ အထင္မလြဲၾကဖို႔နဲ႔ သူ႕သူငယ္ခ်င္းေတြျဖစ္တဲ့ မာတြီဒီနဲ႔ အက္ခ္ဒဲလ္တုိ႔ကို အားေပးတဲ့အေနနဲ႔ ဝတ္ျပခဲ့တာလုိ႔လည္း ျပန္လည္ရွင္းလင္းသြားခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မယ်လို့ သတင်းထွက်ခဲ့လို့ ပရိသတ်တွေရဲ့ အမြင်ကြည်မှုကို စတင်ရရှိလာခဲ့ပေမယ့် အိမ်မှာ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ဂျူဗင်တပ်စ်အင်္ကျီနဲ့ အငြင်းပွားစရာဖြစ်ခဲ့တာကြောင့် ဖြေရှင်းခဲ့ရသေးတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ဒဏ်ရာကနေ သက်သာကောင်းမွန်နေပြီးလည်းဖြစ်ပြီး ပရီးမီးယားလိဂ်ရပ်နားထားချိန်မှာ အိမ်မှာ အပြည့်အဝ ကြိုးစားလေ့ကျင့် နေကြောင်းကို “လေ့ကျင့်ရေးစခန်းသစ် ဖွင့်ထားပြီး Quarantine PP (Paul Pogba) Arena လို့ ခေါ်တယ်။ ၂၄ နာရီ ၇ ရက် ပိတ်ရက်မရှိပါ”လို့ အသင်းဖော် ဗစ်တာ လင်ဒီလော့ဖ်နဲ့အတူ လေ့ကျင့်နေတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူဝတ်ထားတဲ့ အင်္ကျီကြောင့် အထင်မှားခဲ့ကြတာပါ။

အီတလီမြေ အသင်းဟောင်းကို ပြန်တော့မယ်လို့ သတင်းထွက်ခဲ့ဖူးတဲ့ ပေါ့ဘာအတွက် တချို့ယူနိုက်တက်ပရိသတ်တွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပေမယ့် ပေါ့ဘာကတော့ သူဝတ်ထားတာဟာ အသင်းဖော်ဟောင်း ဘလဲစ် မာတွီဒီရဲ့ နံပါတ် ၁၄ အင်္ကျီပဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ခံနေရတဲ့ ဂျူဗင်တပ်စ်နဲ့ ပြင်သစ်အသင်းဖော်ကို အားပေးခဲ့တာဖြစ်တယ်လို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။

ကွင်းလယ်လူ မာတွီဒီဟာ သူ့ရဲ့ အင်တိုက်အားတိုက်ကြိုးစားကစားတတ်တဲ့ဟန်ကြောင့် သဘောကျတဲ့ ပရိသတ်ပေါများသူတစ်ဦးဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆေးစစ်ရာမှာ ပေါ့စစ်တစ်ဖြစ်ခဲ့တာကြောင့် ဒီဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ ဒုတိယမြောက် ဂျူဗင်တပ်စ်ကစားသမားလည်းဖြစ်လာလို့ ပေါ့ဘာက အားပေးခဲ့တာလည်းဖြစ်ပါတယ်။

ဘောလုံးအလိမ်အခေါက်၊ ခြေအနုတ်အသိမ်း သွက်လက်မှု၊ တာတိုအပြေးနဲ့ အတိုပေးပို့မှုတွေကို လေ့ကျင့်နေတဲ့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ လက်ရှိခြေစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ပူးပေါင်းပြီး အသင်းရဲ့ ပေါက်ကွဲအားဖြစ်စေဖို့ ပရိသတ်တွေက မျှော်လင့်ခံ ထားရသူလည်းဖြစ်ပြီး သူက ဂျူဗင်တပ်စ်အင်္ကျီကို ဝတ်လို့ အထင်မလွဲကြဖို့နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ မာတွီဒီနဲ့ အက်ခ်ဒဲလ်တို့ကို အားပေးတဲ့အနေနဲ့ ဝတ်ပြခဲ့တာလို့လည်း ပြန်လည်ရှင်းလင်းသွားခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.