Match Report Premier League

တူဟယ်လ်ကို မရှူမကယ်နိုင်အောင် အရှုံးနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ဆမ်ကြီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ အိမ်ကွင်းပွဲစဉ်မှာ အားလုံးရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်ခဲ့ပြီး ထိပ်ဆုံးလေးသင်းထဲကနေ ဘယ်မှ မထွက်နိုင်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေကို နည်းနည်းပြန်စဉ်းစားရအောင် လုပ်သွားခဲ့သလို ပထမပိုင်းတစ်ဝက်ကျော်လောက်မှာကတည်းက ဆယ်ယောက်နဲ့ ကစားခဲ့ရပြီး နည်းပြ တူဟယ်လ်အနေနဲ့ အရှုံးရဲ့ အရသာကို မြည်းစမ်းခွင့် ရသွားခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခင်းကျင်းလာတဲ့ ကစားကွက်က ဒီနေ့မှာ ရိုးလွန်းနေခဲ့တာကို တွေ့ရပြီး ဝက်စ်ဘရွန်းနဲ့ အလာဒိုက်စ်ရဲ့ ကြံ့ခိုင်မှု ဦးစားပေးတဲ့ ကစားကွက်ကို တုံ့ပြန်ရာမှာ ချဲလ်ဆီးတို့အနေနဲ့ အခက်အခဲရှိနေခဲ့သလို ကွန်တေ ပါမလာတဲ့ ကွင်းလယ်နဲ့ ဇီးယက်ရှ်ရဲ့ တိုက်စစ်တွေကလည်း အလုပ်သိပ်မဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဒီပွဲအတွက် အလှည့်အပြောင်းစတင်ရာအဖြစ် ပွဲချိန် ၅ မိနစ်မှာ သီယာဂို ဆေးလ်ဗား အဝါကတ်ထိခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာတော့ မားကို့စ် အလွန်ဆိုရဲ့ တိုက်ရိုက်ကန်သွင်းတဲ့ ဖရီးကစ်ကနေ တိုင်ထိပြီး ပြန်ထွက်လာတာကို နောက်က ပါလာခဲ့တဲ့ ခရစ္စတီယန် ပူလီရှစ်ချ်က ပိတ်သွင်းယူပြီး ချဲလ်ဆီးတို့ကို စတင်ဦးဆောင်စေခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၂၉ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဂိုးဧရိယာထိပ်က ကန်ဖို့ ကြိုးစားတဲ့ ဝက်စ်ဘရွန်းကွင်းလယ်လူ အိုကေး ယူကူးရှလူးရဲ့ အားထုတ်မှုကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ သီယာဂို ဆေးလ်ဗားကို သူ့ရဲ့ ဖျက်ထုတ်မှုက တစ်စုံတစ်ရာ ကြီးကြီးမားမား သက်ရောက်ခြင်း မရှိပေမယ့် ဒိုင်လူကြီး ဒေးဗစ်ကုထ်က ဒုတိယအဝါနဲ့ ထုတ်ပယ်လိုက်လို့ ချဲလ်ဆီးတို့ ဆယ်ယောက်ဖြစ်သွားခဲ့သလို အလာဒိုက်စ်ကတော့ လူတစ်ယောက်သာတာကို အသုံးချနိုင်ဖို့ ကယ်လမ် ရော်ဘင်ဆန်ကို ထည့်သွင်းခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဘောလုံးကို ကန်တင်ပေးလိုက်ပြီး တန်ပြန်တိုက်စစ် စတင်နိုင်ခဲ့ပြီလို့ စိတ်ချလက်ချဖြစ်နေတဲ့ နောက်တန်းကို တီမို ဗာနာ ဘောလုံးမရခင် ထွက်ရှင်းထုတ်ခဲ့တဲ့ ဂျွန်စတုန်းစ်ရဲ့ ကန်ချက်က အငိုက်မိစေခဲ့ပြီး ဒီကနေ လွတ်ထွက်သွားခဲ့တဲ့ မက်သီးယပ်စ် ပါရဲရားက မန်ဒီနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပေါ်က ကျော်ကန်ပြီး ချေပဂိုးရယူသွားခဲ့ပါတယ်။

တစ်ဂိုးစီနဲ့ ပထမပိုင်းပြီးမယ်လို့ ထင်နေတုန်းမှာပဲ ချဲလ်ဆီးတို့ လူပေးမှားတာကနေ ဝက်စ်ဘရွန်းတို့ နာကျင်အချိန်ပို ၄ မိနစ်မှာ ဘောလုံးရလာပြန်ပြီး တိုက်စစ်မှူး ဒီယက်ဂ်နီရယူပြီး ပြန်ချပေးတဲ့ ဘောလုံးကို မာ့ခ် ဖိလစ်က မယူဘဲ နောက်တန်းတွေကို ကာထားပေးခဲ့ချိန်မှာ ပါရဲရားကပဲ တစ်ကိုယ်တော်ခြေစွမ်းနဲ့ အချိန်လုံလုံလောက်လောက်ရပြီး မျက်စေ့မှောက်နေတဲ့ မန်ဒီကို အနိုင်ယူသွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဝက်စ်ဘရွန်းတို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ချဲလ်ဆီးတို့ဘက်က ပူလီရှစ်ချ်အစား မေဆန်မောင့်ကို လူစားလဲခဲ့ပေမယ့် သိပ်တော့ မထူးခြားခဲ့ဘဲ ပွဲချိန် ၆၃ မိနစ်မှာတော့ ညာတောင်ပံကနေ နောက်ခံလူ ဖားလောင်းရဲ့ ဖြတ်တင်ဘောကို ဘယ်သူကပ်တာမှ ခံမထားရတဲ့ ရော်ဘင်ဆန်က ဂိုးဧရိယာထိပ်ကနေ မြေမကျပိတ်သွင်းခဲ့ပြီး တတိယမြောက်ဂိုးကို ဝက်စ်ဘရွန်းတို့အတွက် သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝက်စ်ဘရွန်းတို့ ဘောလုံးပြန်ရသွားခဲ့ပြီး မေဆန်မောင့်ရဲ့ ဖျက်ထုတ်မှု ချော်သွားခဲ့တာကနေ ဆက်လက်ပြီး အခွင့်အရေးရသွားခဲ့သလို ဒီကနေ ပြန်ချိုးပေးတာကိုတော့ ဧရိယာအတွင်းကို နောက်ကျမှ ရောက်လာခဲ့တဲ့ ဒီယက်ဂ်နီက အဝေးတိုင်ထောင့်ကို မြေလှိမ့်ဘော ပိတ်သွင်းယူနိုင်ခဲ့လို့ လေးဂိုး-တစ်ဂိုးနဲ့ အိမ်ရှင်တွေ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေမှာ နောက်တန်းတွေရဲ့ ခြေလေးနေခဲ့တာတွေကို တွေ့ရပြီး International Break ကြောင့် သံချေးတက်နေကြတာလည်း ဖြစ်နိုင်ပေမယ့် ဂိုးသမား မန်ဒီကတော့ အေးခဲနေတဲ့ ပုံစံမျိုးကို မြင်ခဲ့ရသလို အနည်းငယ် မြင်ကွင်းပိတ်ဆို့လိုက်တာနဲ့ မကာကွယ်နိုင်တော့ဘဲ ကီပါသာဆိုရင်ဆိုတဲ့ အတွေးမျိုးကို ချဲလ်ဆီးပရိသတ်တွေ တွေးမိခဲ့ကြမှာလည်း သေချာပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ သိက္ခာဆည်ဂိုးတစ်ဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီး လူကျွံဘောဖမ်းတာ မသေသပ်တဲ့ နောက်ခံလူ ဆမ်မီ အဂျာယီရဲ့ ခပ်ညံ့ညံ့အမှား၊ ပေါ့ပေါ့ဆဆ ကစားဟန်ကနေ အလွန်ဆိုက ချိုးပေးတာကို တီမို ဗာနာက ကန်ခွင့်မသာလို့ ဘယ်ဘက်ကို ပြန်ထိုးပေးတာကို မေဆန်မောင့်က ပိတ်သွင်းနိုင်ခဲ့လို့ လေးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပါတယ်။ ဒီဂိုးအတွက် ဂိုးသမား ဂျွန်စတုန်းကတော့ အဂျာယီကို ပေါက်ကွဲခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

၇၅ မိနစ်မှာ ထောင့်ကန်ဘောက ကျလာတဲ့ အပိုင်အခွင့်အရေးကို ဇူးမား ပိတ်သွင်းတာ လွဲချော်သွားခဲ့လို့ ရလဒ်က ဝက်စ်ဘရွန်းတို့ဘက်မှာပဲ ရှိနေခဲ့ပြီး နာကျင်အချိန်ပို တစ်မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ချဲလ်ဆီးလူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ရော်ဘင်ဆန်က ထောင့်ကျဉ်းအနေအထားကနေ မန်ဒီကို ကျော်ကန်ပြီး ပဉ္စမမြောက်ဂိုးကို သွင်းယူသွားခဲ့လို့ အိမ်ကွင်းမှာ တူဟယ်လ်တစ်ယောက် အရှုံးအရသာကို ခါးခါးသီးသီး မြည်းစမ်းခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အသင်းရဲ့ ပွဲပန်းမှုကို ထည့်မတွက်ဘဲ ကစားခဲ့တဲ့ တူဟယ်လ်ရဲ့ လိုအပ်ချက်၊ သံချေးတက်နေတဲ့ အသင်းလိုက် စုစည်းမှု၊ ဂိုးသမား မန်ဒီရဲ့ အေးခဲနေမှုနဲ့ အရေးမကြီးတဲ့ ဖျက်ထုတ်မှုမှာ တစ်ဝါထိထားတဲ့ ကစားသမားကို သက်ညှာခြင်းမရှိခဲ့တဲ့ ဒိုင်လူကြီး ဒေးဗစ်ကုထ်တို့ကတော့ ဒီပွဲရဲ့ ပြည်သူ့မေတ္တာ ခံယူချင်စရာကိစ္စတွေလည်းဖြစ်ခဲ့ပြီး ဆမ်အလာဒိုက်စ်ကတော့ အားလုံးကို မင်သက်မိအောင် အပြောင်းအလဲလုပ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် အဆင့်လေးနေရာ ခိုင်မြဲနိုင်ရေးအတွက် ချဲလ်ဆီးတို့ မျက်ခုံးလှုပ်သွားခဲ့ရသလို လာမယ့်ရက်တွေမှာ ဆက်လက်ကစားမယ့် ဝက်စ်ဟမ်း၊ စပါးစ်တို့ရဲ့ ရလဒ်တွေကို စောင့်ကြည့်ရတော့မှာဖြစ်ပြီး သူတို့နှစ်သင်း အနိုင်ရရှိခဲ့ရင် အဆင့် ၆ ကို ဆင်းပေးရမယ့်အဖြစ်နဲ့ ရင်ဆိုင်တွေ့ခဲ့ရသလို ရှုံးပွဲမရှိနဲ့ မတ်လအတွက် အကောင်းဆုံးနည်းပြဖြစ်ခဲ့တဲ့ တူဟယ်လ်အနေနဲ့ လာမယ့်ပွဲတွေကို လုံးဝ အမှားခံလို့ မဖြစ်တော့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ အိမ္ကြင္းပြဲစဥ္မွာ အားလုံးရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးပစ္ခဲ့ၿပီး ထိပ္ဆုံးေလးသင္းထဲကေန ဘယ္မွ မထြက္ႏိုင္ဘူးဆိုတဲ့ ခန႔္မွန္းခ်က္ေတြကို နည္းနည္းျပန္စဥ္းစားရေအာင္ လုပ္သြားခဲ့သလို ပထမပိုင္းတစ္ဝက္ေက်ာ္ေလာက္မွာကတည္းက ဆယ္ေယာက္နဲ႔ ကစားခဲ့ရၿပီး နည္းျပ တူဟယ္လ္အေနနဲ႔ အရႈံးရဲ႕ အရသာကို ျမည္းစမ္းခြင့္ ရသြားခဲ့ပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခင္းက်င္းလာတဲ့ ကစားကြက္က ဒီေန႔မွာ ႐ိုးလြန္းေနခဲ့တာကို ေတြ႕ရၿပီး ဝက္စ္ဘ႐ြန္းနဲ႔ အလာဒိုက္စ္ရဲ႕ ႀကံ့ခိုင္မႈ ဦးစားေပးတဲ့ ကစားကြက္ကို တုံ႔ျပန္ရာမွာ ခ်ဲလ္ဆီးတို႔အေနနဲ႔ အခက္အခဲရွိေနခဲ့သလို ကြန္ေတ ပါမလာတဲ့ ကြင္းလယ္နဲ႔ ဇီးယက္ရွ္ရဲ႕ တိုက္စစ္ေတြကလည္း အလုပ္သိပ္မျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။

ဒီပြဲအတြက္ အလွည့္အေျပာင္းစတင္ရာအျဖစ္ ပြဲခ်ိန္ ၅ မိနစ္မွာ သီယာဂို ေဆးလ္ဗား အဝါကတ္ထိခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ မားကို႔စ္ အလြန္ဆိုရဲ႕ တိုက္႐ိုက္ကန္သြင္းတဲ့ ဖရီးကစ္ကေန တိုင္ထိၿပီး ျပန္ထြက္လာတာကို ေနာက္က ပါလာခဲ့တဲ့ ခရစၥတီယန္ ပူလီရွစ္ခ်္က ပိတ္သြင္းယူၿပီး ခ်ဲလ္ဆီးတို႔ကို စတင္ဦးေဆာင္ေစခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဂိုးဧရိယာထိပ္က ကန္ဖို႔ ႀကိဳးစားတဲ့ ဝက္စ္ဘ႐ြန္းကြင္းလယ္လူ အိုေကး ယူကူးရွလူးရဲ႕ အားထုတ္မႈကို ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ သီယာဂို ေဆးလ္ဗားကို သူ႔ရဲ႕ ဖ်က္ထုတ္မႈက တစ္စုံတစ္ရာ ႀကီးႀကီးမားမား သက္ေရာက္ျခင္း မရွိေပမယ့္ ဒိုင္လူႀကီး ေဒးဗစ္ကုထ္က ဒုတိယအဝါနဲ႔ ထုတ္ပယ္လိုက္လို႔ ခ်ဲလ္ဆီးတို႔ ဆယ္ေယာက္ျဖစ္သြားခဲ့သလို အလာဒိုက္စ္ကေတာ့ လူတစ္ေယာက္သာတာကို အသုံးခ်ႏိုင္ဖို႔ ကယ္လမ္ ေရာ္ဘင္ဆန္ကို ထည့္သြင္းခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ေဘာလုံးကို ကန္တင္ေပးလိုက္ၿပီး တန္ျပန္တိုက္စစ္ စတင္ႏိုင္ခဲ့ၿပီလို႔ စိတ္ခ်လက္ခ်ျဖစ္ေနတဲ့ ေနာက္တန္းကို တီမို ဗာနာ ေဘာလုံးမရခင္ ထြက္ရွင္းထုတ္ခဲ့တဲ့ ဂြၽန္စတုန္းစ္ရဲ႕ ကန္ခ်က္က အငိုက္မိေစခဲ့ၿပီး ဒီကေန လြတ္ထြက္သြားခဲ့တဲ့ မက္သီးယပ္စ္ ပါရဲရားက မန္ဒီနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ အေပၚက ေက်ာ္ကန္ၿပီး ေခ်ပဂိုးရယူသြားခဲ့ပါတယ္။

တစ္ဂိုးစီနဲ႔ ပထမပိုင္းၿပီးမယ္လို႔ ထင္ေနတုန္းမွာပဲ ခ်ဲလ္ဆီးတို႔ လူေပးမွားတာကေန ဝက္စ္ဘ႐ြန္းတို႔ နာက်င္အခ်ိန္ပို ၄ မိနစ္မွာ ေဘာလုံးရလာျပန္ၿပီး တိုက္စစ္မႉး ဒီယက္ဂ္နီရယူၿပီး ျပန္ခ်ေပးတဲ့ ေဘာလုံးကို မာ့ခ္ ဖိလစ္က မယူဘဲ ေနာက္တန္းေတြကို ကာထားေပးခဲ့ခ်ိန္မွာ ပါရဲရားကပဲ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ အခ်ိန္လုံလုံေလာက္ေလာက္ရၿပီး မ်က္ေစ့ေမွာက္ေနတဲ့ မန္ဒီကို အႏိုင္ယူသြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဝက္စ္ဘ႐ြန္းတို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ပူလီရွစ္ခ်္အစား ေမဆန္ေမာင့္ကို လူစားလဲခဲ့ေပမယ့္ သိပ္ေတာ့ မထူးျခားခဲ့ဘဲ ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ညာေတာင္ပံကေန ေနာက္ခံလူ ဖားေလာင္းရဲ႕ ျဖတ္တင္ေဘာကို ဘယ္သူကပ္တာမွ ခံမထားရတဲ့ ေရာ္ဘင္ဆန္က ဂိုးဧရိယာထိပ္ကေန ေျမမက်ပိတ္သြင္းခဲ့ၿပီး တတိယေျမာက္ဂိုးကို ဝက္စ္ဘ႐ြန္းတို႔အတြက္ သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဝက္စ္ဘ႐ြန္းတို႔ ေဘာလုံးျပန္ရသြားခဲ့ၿပီး ေမဆန္ေမာင့္ရဲ႕ ဖ်က္ထုတ္မႈ ေခ်ာ္သြားခဲ့တာကေန ဆက္လက္ၿပီး အခြင့္အေရးရသြားခဲ့သလို ဒီကေန ျပန္ခ်ိဳးေပးတာကိုေတာ့ ဧရိယာအတြင္းကို ေနာက္က်မွ ေရာက္လာခဲ့တဲ့ ဒီယက္ဂ္နီက အေဝးတိုင္ေထာင့္ကို ေျမလွိမ့္ေဘာ ပိတ္သြင္းယူႏိုင္ခဲ့လို႔ ေလးဂိုး-တစ္ဂိုးနဲ႔ အိမ္ရွင္ေတြ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ေပးလိုက္ရတဲ့ ဂိုးေတြမွာ ေနာက္တန္းေတြရဲ႕ ေျခေလးေနခဲ့တာေတြကို ေတြ႕ရၿပီး International Break ေၾကာင့္ သံေခ်းတက္ေနၾကတာလည္း ျဖစ္ႏိုင္ေပမယ့္ ဂိုးသမား မန္ဒီကေတာ့ ေအးခဲေနတဲ့ ပုံစံမ်ိဳးကို ျမင္ခဲ့ရသလို အနည္းငယ္ ျမင္ကြင္းပိတ္ဆို႔လိုက္တာနဲ႔ မကာကြယ္ႏိုင္ေတာ့ဘဲ ကီပါသာဆိုရင္ဆိုတဲ့ အေတြးမ်ိဳးကို ခ်ဲလ္ဆီးပရိသတ္ေတြ ေတြးမိခဲ့ၾကမွာလည္း ေသခ်ာပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ သိကၡာဆည္ဂိုးတစ္ဂိုး ျပန္သြင္းယူႏိုင္ခဲ့ၿပီး လူကြၽံေဘာဖမ္းတာ မေသသပ္တဲ့ ေနာက္ခံလူ ဆမ္မီ အဂ်ာယီရဲ႕ ခပ္ညံ့ညံ့အမွား၊ ေပါ့ေပါ့ဆဆ ကစားဟန္ကေန အလြန္ဆိုက ခ်ိဳးေပးတာကို တီမို ဗာနာက ကန္ခြင့္မသာလို႔ ဘယ္ဘက္ကို ျပန္ထိုးေပးတာကို ေမဆန္ေမာင့္က ပိတ္သြင္းႏိုင္ခဲ့လို႔ ေလးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့ပါတယ္။ ဒီဂိုးအတြက္ ဂိုးသမား ဂြၽန္စတုန္းကေတာ့ အဂ်ာယီကို ေပါက္ကြဲခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

၇၅ မိနစ္မွာ ေထာင့္ကန္ေဘာက က်လာတဲ့ အပိုင္အခြင့္အေရးကို ဇူးမား ပိတ္သြင္းတာ လြဲေခ်ာ္သြားခဲ့လို႔ ရလဒ္က ဝက္စ္ဘ႐ြန္းတို႔ဘက္မွာပဲ ရွိေနခဲ့ၿပီး နာက်င္အခ်ိန္ပို တစ္မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ခ်ဲလ္ဆီးလူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ေရာ္ဘင္ဆန္က ေထာင့္က်ဥ္းအေနအထားကေန မန္ဒီကို ေက်ာ္ကန္ၿပီး ပၪၥမေျမာက္ဂိုးကို သြင္းယူသြားခဲ့လို႔ အိမ္ကြင္းမွာ တူဟယ္လ္တစ္ေယာက္ အရႈံးအရသာကို ခါးခါးသီးသီး ျမည္းစမ္းခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အသင္းရဲ႕ ပြဲပန္းမႈကို ထည့္မတြက္ဘဲ ကစားခဲ့တဲ့ တူဟယ္လ္ရဲ႕ လိုအပ္ခ်က္၊ သံေခ်းတက္ေနတဲ့ အသင္းလိုက္ စုစည္းမႈ၊ ဂိုးသမား မန္ဒီရဲ႕ ေအးခဲေနမႈနဲ႔ အေရးမႀကီးတဲ့ ဖ်က္ထုတ္မႈမွာ တစ္ဝါထိထားတဲ့ ကစားသမားကို သက္ညႇာျခင္းမရွိခဲ့တဲ့ ဒိုင္လူႀကီး ေဒးဗစ္ကုထ္တို႔ကေတာ့ ဒီပြဲရဲ႕ ျပည္သူ႔ေမတၱာ ခံယူခ်င္စရာကိစၥေတြလည္းျဖစ္ခဲ့ၿပီး ဆမ္အလာဒိုက္စ္ကေတာ့ အားလုံးကို မင္သက္မိေအာင္ အေျပာင္းအလဲလုပ္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ အဆင့္ေလးေနရာ ခိုင္ၿမဲႏိုင္ေရးအတြက္ ခ်ဲလ္ဆီးတို႔ မ်က္ခုံးလႈပ္သြားခဲ့ရသလို လာမယ့္ရက္ေတြမွာ ဆက္လက္ကစားမယ့္ ဝက္စ္ဟမ္း၊ စပါးစ္တို႔ရဲ႕ ရလဒ္ေတြကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ၿပီး သူတို႔ႏွစ္သင္း အႏိုင္ရရွိခဲ့ရင္ အဆင့္ ၆ ကို ဆင္းေပးရမယ့္အျဖစ္နဲ႔ ရင္ဆိုင္ေတြ႕ခဲ့ရသလို ရႈံးပြဲမရွိနဲ႔ မတ္လအတြက္ အေကာင္းဆုံးနည္းျပျဖစ္ခဲ့တဲ့ တူဟယ္လ္အေနနဲ႔ လာမယ့္ပြဲေတြကို လုံးဝ အမွားခံလို႔ မျဖစ္ေတာ့ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.