လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အမ်းမရိတ်ပွဲကြိုမှာ ချိန်ဘာလိန်ကို တိုက်စစ်မှူးနေရာကို ပွဲထုတ်လာဖို့ သဲလွန်စပေးသွားခဲ့ကာ ပြီးခဲ့တဲ့လက ဝုဗ်အသင်းနဲ့ကစားခဲ့တဲ့ No.9 တိုက်စစ်မှုးနေရာမှာ ကစားသလို တရာသီလုံး ကစားပြီး အသင်းကို အကျိုးပြုပေး သွားမယ်လို့ ယုံကြည်နေသလို သူဟာ စွယ်စွယ်စုံရကစားသမားအဖြစ် အထင်ကြီးခြေစွမ်းကို ပိုင်ဆိုင်ထားကြောင်းဖွင့်ဟ။
ဘာစီလိုနာအသင်းကိုပြောင်းရွေ့ကစားမယ်လို့ သတင်းတွေကြီးနေတဲ့ ဗိုင်နယ်ဒမ်ရဲ့ ဖြစ်ရပ်ဟာ မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ စာချုပ်သစ်ကိစ္စရပ်ကြောင့် အတားအဆီးတခုဖြစ်လာသလို ဘာစီလိုနာဥက္ကဌသစ် လာပေါ့တာက ဗိုင်နယ်ဒမ်ကို ခေါ်ယူဖို့ထက် လူငယ်ကစားသမားလေး မိုရီဘာကို မြေတောင်မြှောက်ဖို့သာ ဆန္ဒရှိလာ။
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က မိုဆာလားကို လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကစားခွင့်ပြုပေးဖို့ ပရီးမီးယားလိဂ်ကို စာတင်ခဲ့တဲ့နောက်မှာတော့ လီဗာပူးလ်အသင်းဟာ သူနဲ့ စကားပြောဆိုမှုပြုလုပ်နေပြီး မိုဆာလားကိုယ်တိုင် ဆန္ဒရှိနေတဲ့အတိုင်း အီဂျစ်အတွက် ကစားပေးခဲ့မယ်ဆိုရင်တော့ သူဟာ လီဗာပူးလ်ရဲ့ ရာသီကြိုအစီအစဉ်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ရာသီအစပိုင်းကိုပါ လွဲချော်သွားဖို့ရှိ။
မိုက်ကယ် အိုဝင်က ဒီနေ့ည အမ်းမရိတ်မြေမှ ပွဲကြီးပွဲကောင်းဖြစ် အာဆင်နယ် Vs လီဗာပူးလ်ရဲ့ ပွဲပြီးရလဒ်ကို ၁-၁ စီ သရေကျမယ်လို့ ခန့်မှန်းသွားခဲ့ပြီး အာဆင်နယ်နဲ့ နောက်ဆုံး အဝေးကွင်း ပွဲ ၂၀ မှာ ၂ ပွဲသာ အနိုင်ရထားတဲ့ လီဗာပူးလ်ဟာ အာဆင်နယ်ကို အနိုင်ကစားဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သွား။
အာဆင်နယ်နဲ့ပွဲအတွက် လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ပေါ်တူဂီအသင်းနဲ့အတူ ဂိုးမြူးပြီး ပြန်လာခဲ့တဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာနဲ့ ပတ်သတ်လို့ ဆုံးဖြတ်ချက်တရပ် ချမှတ်သွားမှာဖြစ်ပြီး ဒဏ်ရာကနေ သက်သာစ ဖာမီနိုကို အရန်ခုံပို့ပြီး မာနေး၊ မိုဆာလား၊ ဂျိုတာအတွဲကို ပွဲထုတ်လာမယ်လို့ သုံးသပ်ခံထားရ။
လီဗာပူးလ်ဟာ ရာသီအသိမ်းမှာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်းဝင်မယ်ဆိုရင် ဘာမဆိုလုပ်ဆောင်သွားမှာဖြစ်တယ်လို့ စိတ်ပိုင်းဖြတ်ပြီးကြောင်း ကလော့ပ်က ကြုံးဝါးသွားခဲ့ပြီး အာဆင်နယ်ပွဲကစလို့ ရမှတ် တမှတ်တောင်မှ အဆုံးရှုံးမခံနိုင်တော့ဘူးလို့ အသင်းသားတွေကို ပြင်းပြင်းထန်ထန် သတိပေးမှုပြုလုပ်။
ထရန့် အလက်ဇန်းဒါး အာနိုးလ်ကို အင်္ဂလန်လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ထားခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့ လုပ်ရပ်ကို နားမလည်နိုင်ကြောင်း ကလော့ပ်က ဝေဖန်သွားခဲ့ပြီး ထရန့်ကို ခြေစွမ်းကျဆင်းနေတယ်လို့ ဆိုလိုတာဟာ မက်ဆီကို ခြေကျနေတယ်လို့ ပြောနေသလို အဓိပ္ပာယ်မရှိကြောင်းနဲ့ သူ့ကစားသမားရဲ့ အဆင့်အတန်းဟာ အမြင့်ဆုံးမှာ ရှိနေကာ မက်ဆီကျဆင်းနေချိန်ကို တကွက်ထဲကွက်ကြည့်ပြီး မက်ဆီရဲ့အဆင့်အတန်းကို လျှော့ချလို့မရပဲ အာဂျင်တီးနားအသင်းလက်ရွေးစင်မှာ ရွေးခဲ့တယ်ဆိုတာနဲ့ ပုံခိုင်းနှိုင်းသွားခဲ့။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဟာ အာဆင္နယ္နဲ႔ ရင္ဆိုင္ရမယ့္ အမ္းမရိတ္ပြဲႀကိဳမွာ ခ်ိန္ဘာလိန္ကို တိုက္စစ္မႉးေနရာကို ပြဲထုတ္လာဖို႔ သဲလြန္စေပးသြားခဲ့ကာ ၿပီးခဲ့တဲ့လက ဝုဗ္အသင္းနဲ႔ကစားခဲ့တဲ့ No.9 တိုက္စစ္မႈးေနရာမွာ ကစားသလို တရာသီလုံး ကစားၿပီး အသင္းကို အက်ိဳးျပဳေပး သြားမယ္လို႔ ယုံၾကည္ေနသလို သူဟာ စြယ္စြယ္စုံရကစားသမားအျဖစ္ အထင္ႀကီးေျခစြမ္းကို ပိုင္ဆိုင္ထားေၾကာင္းဖြင့္ဟ။
ဘာစီလိုနာအသင္းကိုေျပာင္းေ႐ြ႕ကစားမယ္လို႔ သတင္းေတြႀကီးေနတဲ့ ဗိုင္နယ္ဒမ္ရဲ႕ ျဖစ္ရပ္ဟာ မက္ဆီနဲ႔ ဘာစီလိုနာတို႔ရဲ႕ စာခ်ဳပ္သစ္ကိစၥရပ္ေၾကာင့္ အတားအဆီးတခုျဖစ္လာသလို ဘာစီလိုနာဥကၠဌသစ္ လာေပါ့တာက ဗိုင္နယ္ဒမ္ကို ေခၚယူဖို႔ထက္ လူငယ္ကစားသမားေလး မိုရီဘာကို ေျမေတာင္ေျမႇာက္ဖို႔သာ ဆႏၵရွိလာ။
အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္က မိုဆာလားကို လာမယ့္ အိုလံပစ္ၿပိဳင္ပြဲမွာ ကစားခြင့္ျပဳေပးဖို႔ ပရီးမီးယားလိဂ္ကို စာတင္ခဲ့တဲ့ေနာက္မွာေတာ့ လီဗာပူးလ္အသင္းဟာ သူနဲ႔ စကားေျပာဆိုမႈျပဳလုပ္ေနၿပီး မိုဆာလားကိုယ္တိုင္ ဆႏၵရွိေနတဲ့အတိုင္း အီဂ်စ္အတြက္ ကစားေပးခဲ့မယ္ဆိုရင္ေတာ့ သူဟာ လီဗာပူးလ္ရဲ႕ ရာသီႀကိဳအစီအစဥ္နဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ရာသီအစပိုင္းကိုပါ လြဲေခ်ာ္သြားဖို႔ရွိ။
မိုက္ကယ္ အိုဝင္က ဒီေန႔ည အမ္းမရိတ္ေျမမွ ပြဲႀကီးပြဲေကာင္းျဖစ္ အာဆင္နယ္ Vs လီဗာပူးလ္ရဲ႕ ပြဲၿပီးရလဒ္ကို ၁-၁ စီ သေရက်မယ္လို႔ ခန႔္မွန္းသြားခဲ့ၿပီး အာဆင္နယ္နဲ႔ ေနာက္ဆုံး အေဝးကြင္း ပြဲ ၂၀ မွာ ၂ ပြဲသာ အႏိုင္ရထားတဲ့ လီဗာပူးလ္ဟာ အာဆင္နယ္ကို အႏိုင္ကစားဖို႔ မျဖစ္ႏိုင္ဘူးလို႔ သုံးသပ္သြား။
အာဆင္နယ္နဲ႔ပြဲအတြက္ လီဗာပူးလ္နည္းျပ ကေလာ့ပ္ဟာ ေပၚတူဂီအသင္းနဲ႔အတူ ဂိုးျမဴးၿပီး ျပန္လာခဲ့တဲ့ တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာနဲ႔ ပတ္သတ္လို႔ ဆုံးျဖတ္ခ်က္တရပ္ ခ်မွတ္သြားမွာျဖစ္ၿပီး ဒဏ္ရာကေန သက္သာစ ဖာမီႏိုကို အရန္ခုံပို႔ၿပီး မာေနး၊ မိုဆာလား၊ ဂ်ိဳတာအတြဲကို ပြဲထုတ္လာမယ္လို႔ သုံးသပ္ခံထားရ။
လီဗာပူးလ္ဟာ ရာသီအသိမ္းမွာ ပရီးမီးယားလိဂ္ အဆင့္ ၄ အတြင္းဝင္မယ္ဆိုရင္ ဘာမဆိုလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ စိတ္ပိုင္းျဖတ္ၿပီးေၾကာင္း ကေလာ့ပ္က ႀကဳံးဝါးသြားခဲ့ၿပီး အာဆင္နယ္ပြဲကစလို႔ ရမွတ္ တမွတ္ေတာင္မွ အဆုံးရႈံးမခံႏိုင္ေတာ့ဘူးလို႔ အသင္းသားေတြကို ျပင္းျပင္းထန္ထန္ သတိေပးမႈျပဳလုပ္။
ထရန႔္ အလက္ဇန္းဒါး အာႏိုးလ္ကို အဂၤလန္လက္ေ႐ြးစင္လူစာရင္းကေန ခ်န္လွပ္ထားခဲ့တဲ့ နည္းျပေဆာက္ဂိတ္ရဲ႕ လုပ္ရပ္ကို နားမလည္ႏိုင္ေၾကာင္း ကေလာ့ပ္က ေဝဖန္သြားခဲ့ၿပီး ထရန႔္ကို ေျခစြမ္းက်ဆင္းေနတယ္လို႔ ဆိုလိုတာဟာ မက္ဆီကို ေျခက်ေနတယ္လို႔ ေျပာေနသလို အဓိပၸာယ္မရွိေၾကာင္းနဲ႔ သူ႔ကစားသမားရဲ႕ အဆင့္အတန္းဟာ အျမင့္ဆုံးမွာ ရွိေနကာ မက္ဆီက်ဆင္းေနခ်ိန္ကို တကြက္ထဲကြက္ၾကည့္ၿပီး မက္ဆီရဲ႕အဆင့္အတန္းကို ေလွ်ာ့ခ်လို႔မရပဲ အာဂ်င္တီးနားအသင္းလက္ေ႐ြးစင္မွာ ေ႐ြးခဲ့တယ္ဆိုတာနဲ႔ ပုံခိုင္းႏႈိင္းသြားခဲ့။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.