Premier League

မန်စီးတီး၏ သွေးကြွေးပြန်ဆပ်တဲ့ လက်စတာ 0-2 မန်စီးတီး ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7ချက်

ဘန်ဂျမင် မန်ဒီရဲ့ တိုက်စစ်မှူးဆန်တဲ့သွင်းဂိုး
ဧည့်သည် မန်စီးတီးကို လက်စတာရဲ့ ကျစ်လစ်ပြီး ထောင့်စေ့တဲ့ ခံစစ်ကြောင်းက အတော်လေး ခက်ခက်ခဲခဲ ဖြစ်စေခဲ့တယ်။ မဆုတ်သာ မတိုးသာ အားပြိုင်မှုမှာ မန်စီးတီးဘာလုပ်ပြမလဲဆိုတာက ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့တယ်။ ဆာဂျီယို အဂွေရိုနဲ့ ကီဗင် ဒီဘရိုင်းနားတို့အတွက် အပိုင်အခွင့်အရေးဆိုတာ အတော်လေးရှာဖွေယူနေရချိန်မှာ တကယ့်တိုက်စစ်မှူးဆန်ဆန် စွမ်းဆောင်ပြီး အဖွင့်ဂိုးသွင်းယူခဲ့တဲ့ မန်ဒီက မန်စီးတီးကို ထွက်ပေါက်ပေးခဲ့တယ်။ သွေးအေးအေးနဲ့ တည်ငြိမ်စွာ သွင်းယူခဲ့တာက ဒီရာသီတလျှောက်မှာ သူကိုယ်တိုင်နေရာမရခဲ့တဲ့ သူ့အသင်းအတွက် အရေးအကြီးဆုံး ဂိုးတဂိုးဖြစ်နေခဲ့ပါတယ်။

သတိနဲ့ ဉာဏ်နဲ့ သေသေချာချာ ချဉ်းကပ်ခဲ့တဲ့ ပက်ပ်ရဲ့ပွဲ
ပထမအကျော့မှာ အိမ်ကွင်းအီတီဟတ်ရဲ့ ၅ ဂိုးခွင့်ပြုထားခဲ့ရတဲ့ အခါးသီးဆုံး အရေးနိမ့်မှုက ပပ်ရဲ့ စိတ်ထဲမှာ တဆစ်ဆစ်နာကျည်းခဲ့ပုံ ရပါတယ်။ သူက ဒီပွဲကိုသတိနဲ့ ဉာဏ်နဲ့ သေသေချာချာ ချဉ်းကပ်ခဲ့တယ်။ ကွင်းလယ်မှာ သူ့ရဲ့စတိုင်လ်မဟုတ်တဲ့ ဖာနန်ဒင်ညို+ရိုဒရီအတွဲကို ထုတ်သုံးခဲ့တယ်။ တိုက်စစ်မှူး ၂ ဦးတွဲပြီး လက်စတာကို သွေးတိုးစမ်းခဲ့တယ်။ တကယ်အောင်မြင်ခဲ့တယ်။ လက်စတာရဲ့ စိန်ခေါ်မှုကို ပက်ပ် ဂွါဒီယိုလာက ကျော်ဖြတ်ခဲ့တယ်လို့ ချီးကျူးစကားဖြစ်ခဲ့တယ်။

မာန်မချခဲ့တဲ့ ရော့ဂျားစ်
ဘရန်ဒန်ရော့ဂျားစ်အကြောင်းပြောရင်တော့ နည်းပြတယောက်ရဲ့နည်းဗျူဟာက နိုင်ရင်တော့ လုပ်သမျှအကောင်းဖြစ်တယ်။ ရှုံးသွားရင်တော့ ပက်ပက်စက်စက် ပြောစရာဖြစ်တယ်။ ရော့ဂျားစ်ကတော့ မာန်မချခဲ့ဘူး။ ပထမအကျော့က ဂိုးပြတ်နိုင်ထားတဲ့လမ်းစဉ်အတိုင်း မန်စီးတီးကို ရင်ဆိုင်လာခဲ့တယ်။ သူ့လမ်းသူလျှောက်ခဲ့တယ်။ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်တိုင်း ဘောလုံးပေးကိုင်ပြီး ကစားခဲ့တယ်။ အာဆင်နယ်ကိုတော့နိုင်တယ်။ ဒီပွဲရှုံးတယ်။ စိုက်သမျှကိုလည်း ရိတ်သိမ်းသွားခဲ့ရတယ်။

ဖလား ၄ လုံး လမ်းကြောင်းမှာ စစ်မျက်နှာစုံဖွင့်တိုက်ရတော့မယ့် မန်စီးတီး
ဒီပွဲမှာ ဂွန်ဒိုးဝမ် မပါဘူး။ ရာဟင်းမ် စတာလင်းမပါဘူး။ ဘာနတ်ဒို ဆေးလ်ဗားမပါဘူး။ ဖိုဒန်မပါဘူး။ ပပ်က ဒီလိုလူစာရင်းကို ရွေးချယ်ပြီးမှ ရည်ရွယ်ချက်ရှိရှိ ထုတ်သုံးခဲ့တယ်။ ဒါက လာမယ့် ရက်သတ္တပတ်တွေမှာ သူ့အတွက် တိုက်ပွဲ ခေါ်သံတွေကို ပြန်ပြီး စိန်ခေါ်မှုပြုလုပ်လိုက်တာဖြစ်တယ်။ ဖလား ၄ လုံး လမ်းကြောင်းမှာ စစ်မျက်နှာစုံဖွင့်တိုက်ရတော့မယ့် မန်စီးတီးက ဘယ်သူဝင်ကစားသည်ဖြစ်စေ တသင်းလုံးဟန်ချက်ညီနေတယ်။ ဒါကို ပပ်က ပြိုင်ဘက်အသင်းတိုင်းကို ကြေငြာပြခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်ရဲ့ အထူးခြားဆုံးမှတ်တမ်း
ပွဲအစ အဖွင့် ၅ မိနစ်အထိ မန်စီးတီးက ဘောလုံးကို ၁၀၀ ရာခိုင်နှုန်း ကိုင်ကစားသွားခဲ့တာဖြစ်တယ်။ လက်စတာက ၅ မိနစ်အတွင်း တချက်မှ ဘောလုံး မထိခဲ့ရဘူး။ ရော့ဂျားစ်ရဲ့ နည်းဗျူဟာကိုက မန်စီးတီးခြေထဲ ဘောလုံးကို ထည့်ပေးထါးတာဆိုပေမယ့် ဒီမှတ်တမ်းက ပရီးမီးယားလိဂ်သမိုင်းမှာ အတော်လေးအံ့သြစရာဖြစ်ခဲ့ပါတယ်။

လက်စတာကို သွေးကြွေးဆပ်ခဲ့တဲ့ မန်စီးတီး
၂-၅ ရလဒ်ဆိုးနဲ့ ပက်ပ် ဂွါဒီယိုလာရဲ့အိပ်မက်မှာ အုပ်စိုးနေတဲ့ တိမ်မည်းတွေက ဒီနေ့မှာ ရှင်းလင်းကြည်လင်သွားခဲ့တယ်။ လက်စတာကို သွေးကြွေးဆပ်ခဲ့တဲ့ မန်စီးတီးက ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံဖို့ သိပ်ကို အခြေအနေကောင်းသွားခဲ့ပြီဖြစ်တယ်။ ယူနိုက်တက်ကို ၁၇ မှတ်ဖြတ်ဖို့ လက်စတာကို နင်းတက်သွားခဲ့တာက ပက်ပ် ဂွါဒီယိုလာရဲ့အကောင်းဆုံးခံစားချက်ဖြစ်နေပါလိမ့်မယ်။ လက်စတာပေးတဲ့ သင်ခန်းစာနဲ့ လက်စတာကို လက်စားချေခဲ့ပုံက သင်းပါတယ်။

မခွဲခွာခင် အီတီဟက်ကို နမ်းရှိုက်နေတဲ့ အဂွေရို
ရာသီကုန်မှာ အဂွေရိုက မန်စီးတီးနဲ့ လမ်းခွဲတော့မယ်။ ဒါကတရားဝင်ကြေငြာခဲ့ပြီးဖြစ်တယ်။ မခွဲခွာခင်မှာတော့ သူ့အတွက် ကတ္ထီပါလမ်းခွဲဖြစ်လာဖို့ ပပ်ကစီစဉ်ပေးနေတယ်။ သူ့ကို ပွဲထွက်ခွင့်ပေးခဲ့တယ်။ အီတီဟတ်ကို နမ်းရှိုက်ခွင့် ပေးနေတယ်။ ဒီပွဲမှာ အဂွေရိုခြေစွမ်းမပြနိုင်ပါဘူး။ ဒါက တကယ်တမ်းအရေးမပါတော့ပါဘူး။ ရာသီကုန်မှာ မန်စီးတီးရဲ့ ဆုဖလားအောင်မြင်မှုတွေမှာ အဂွေရိုရဲ့ အမည်နာမပါဝင်နေတာက အကောင်းမွန်ဆုံး လမ်းခွဲမှုဖြစ်လာမှာပါ။

INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘန္ဂ်မင္ မန္ဒီရဲ႕ တိုက္စစ္မႉးဆန္တဲ့သြင္းဂိုး
ဧည့္သည္ မန္စီးတီးကို လက္စတာရဲ႕ က်စ္လစ္ၿပီး ေထာင့္ေစ့တဲ့ ခံစစ္ေၾကာင္းက အေတာ္ေလး ခက္ခက္ခဲခဲ ျဖစ္ေစခဲ့တယ္။ မဆုတ္သာ မတိုးသာ အားၿပိဳင္မႈမွာ မန္စီးတီးဘာလုပ္ျပမလဲဆိုတာက ပိုၿပီးစိတ္ဝင္စားစရာေကာင္းခဲ့တယ္။ ဆာဂ်ီယို အေဂြ႐ိုနဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတို႔အတြက္ အပိုင္အခြင့္အေရးဆိုတာ အေတာ္ေလးရွာေဖြယူေနရခ်ိန္မွာ တကယ့္တိုက္စစ္မႉးဆန္ဆန္ စြမ္းေဆာင္ၿပီး အဖြင့္ဂိုးသြင္းယူခဲ့တဲ့ မန္ဒီက မန္စီးတီးကို ထြက္ေပါက္ေပးခဲ့တယ္။ ေသြးေအးေအးနဲ႔ တည္ၿငိမ္စြာ သြင္းယူခဲ့တာက ဒီရာသီတေလွ်ာက္မွာ သူကိုယ္တိုင္ေနရာမရခဲ့တဲ့ သူ႔အသင္းအတြက္ အေရးအႀကီးဆုံး ဂိုးတဂိုးျဖစ္ေနခဲ့ပါတယ္။

သတိနဲ႔ ဉာဏ္နဲ႔ ေသေသခ်ာခ်ာ ခ်ဥ္းကပ္ခဲ့တဲ့ ပက္ပ္ရဲ႕ပြဲ
ပထမအေက်ာ့မွာ အိမ္ကြင္းအီတီဟတ္ရဲ႕ ၅ ဂိုးခြင့္ျပဳထားခဲ့ရတဲ့ အခါးသီးဆုံး အေရးနိမ့္မႈက ပပ္ရဲ႕ စိတ္ထဲမွာ တဆစ္ဆစ္နာက်ည္းခဲ့ပုံ ရပါတယ္။ သူက ဒီပြဲကိုသတိနဲ႔ ဉာဏ္နဲ႔ ေသေသခ်ာခ်ာ ခ်ဥ္းကပ္ခဲ့တယ္။ ကြင္းလယ္မွာ သူ႔ရဲ႕စတိုင္လ္မဟုတ္တဲ့ ဖာနန္ဒင္ညိဳ+႐ိုဒရီအတြဲကို ထုတ္သုံးခဲ့တယ္။ တိုက္စစ္မႉး ၂ ဦးတြဲၿပီး လက္စတာကို ေသြးတိုးစမ္းခဲ့တယ္။ တကယ္ေအာင္ျမင္ခဲ့တယ္။ လက္စတာရဲ႕ စိန္ေခၚမႈကို ပက္ပ္ ဂြါဒီယိုလာက ေက်ာ္ျဖတ္ခဲ့တယ္လို႔ ခ်ီးက်ဴးစကားျဖစ္ခဲ့တယ္။

မာန္မခ်ခဲ့တဲ့ ေရာ့ဂ်ားစ္
ဘရန္ဒန္ေရာ့ဂ်ားစ္အေၾကာင္းေျပာရင္ေတာ့ နည္းျပတေယာက္ရဲ႕နည္းဗ်ဴဟာက ႏိုင္ရင္ေတာ့ လုပ္သမွ်အေကာင္းျဖစ္တယ္။ ရႈံးသြားရင္ေတာ့ ပက္ပက္စက္စက္ ေျပာစရာျဖစ္တယ္။ ေရာ့ဂ်ားစ္ကေတာ့ မာန္မခ်ခဲ့ဘူး။ ပထမအေက်ာ့က ဂိုးျပတ္ႏိုင္ထားတဲ့လမ္းစဥ္အတိုင္း မန္စီးတီးကို ရင္ဆိုင္လာခဲ့တယ္။ သူ႔လမ္းသူေလွ်ာက္ခဲ့တယ္။ အာဆင္နယ္၊ မန္စီးတီးတို႔နဲ႔ ရင္ဆိုင္တိုင္း ေဘာလုံးေပးကိုင္ၿပီး ကစားခဲ့တယ္။ အာဆင္နယ္ကိုေတာ့ႏိုင္တယ္။ ဒီပြဲရႈံးတယ္။ စိုက္သမွ်ကိုလည္း ရိတ္သိမ္းသြားခဲ့ရတယ္။

ဖလား ၄ လုံး လမ္းေၾကာင္းမွာ စစ္မ်က္ႏွာစုံဖြင့္တိုက္ရေတာ့မယ့္ မန္စီးတီး
ဒီပြဲမွာ ဂြန္ဒိုးဝမ္ မပါဘူး။ ရာဟင္းမ္ စတာလင္းမပါဘူး။ ဘာနတ္ဒို ေဆးလ္ဗားမပါဘူး။ ဖိုဒန္မပါဘူး။ ပပ္က ဒီလိုလူစာရင္းကို ေ႐ြးခ်ယ္ၿပီးမွ ရည္႐ြယ္ခ်က္ရွိရွိ ထုတ္သုံးခဲ့တယ္။ ဒါက လာမယ့္ ရက္သတၱပတ္ေတြမွာ သူ႔အတြက္ တိုက္ပြဲ ေခၚသံေတြကို ျပန္ၿပီး စိန္ေခၚမႈျပဳလုပ္လိုက္တာျဖစ္တယ္။ ဖလား ၄ လုံး လမ္းေၾကာင္းမွာ စစ္မ်က္ႏွာစုံဖြင့္တိုက္ရေတာ့မယ့္ မန္စီးတီးက ဘယ္သူဝင္ကစားသည္ျဖစ္ေစ တသင္းလုံးဟန္ခ်က္ညီေနတယ္။ ဒါကို ပပ္က ၿပိဳင္ဘက္အသင္းတိုင္းကို ေၾကျငာျပခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ရဲ႕ အထူးျခားဆုံးမွတ္တမ္း
ပြဲအစ အဖြင့္ ၅ မိနစ္အထိ မန္စီးတီးက ေဘာလုံးကို ၁၀၀ ရာခိုင္ႏႈန္း ကိုင္ကစားသြားခဲ့တာျဖစ္တယ္။ လက္စတာက ၅ မိနစ္အတြင္း တခ်က္မွ ေဘာလုံး မထိခဲ့ရဘူး။ ေရာ့ဂ်ားစ္ရဲ႕ နည္းဗ်ဴဟာကိုက မန္စီးတီးေျခထဲ ေဘာလုံးကို ထည့္ေပးထါးတာဆိုေပမယ့္ ဒီမွတ္တမ္းက ပရီးမီးယားလိဂ္သမိုင္းမွာ အေတာ္ေလးအံ့ၾသစရာျဖစ္ခဲ့ပါတယ္။

လက္စတာကို ေသြးေႂကြးဆပ္ခဲ့တဲ့ မန္စီးတီး
၂-၅ ရလဒ္ဆိုးနဲ႔ ပက္ပ္ ဂြါဒီယိုလာရဲ႕အိပ္မက္မွာ အုပ္စိုးေနတဲ့ တိမ္မည္းေတြက ဒီေန႔မွာ ရွင္းလင္းၾကည္လင္သြားခဲ့တယ္။ လက္စတာကို ေသြးေႂကြးဆပ္ခဲ့တဲ့ မန္စီးတီးက ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံဖို႔ သိပ္ကို အေျခအေနေကာင္းသြားခဲ့ၿပီျဖစ္တယ္။ ယူႏိုက္တက္ကို ၁၇ မွတ္ျဖတ္ဖို႔ လက္စတာကို နင္းတက္သြားခဲ့တာက ပက္ပ္ ဂြါဒီယိုလာရဲ႕အေကာင္းဆုံးခံစားခ်က္ျဖစ္ေနပါလိမ့္မယ္။ လက္စတာေပးတဲ့ သင္ခန္းစာနဲ႔ လက္စတာကို လက္စားေခ်ခဲ့ပုံက သင္းပါတယ္။

မခြဲခြာခင္ အီတီဟက္ကို နမ္းရႈိက္ေနတဲ့ အေဂြ႐ို
ရာသီကုန္မွာ အေဂြ႐ိုက မန္စီးတီးနဲ႔ လမ္းခြဲေတာ့မယ္။ ဒါကတရားဝင္ေၾကျငာခဲ့ၿပီးျဖစ္တယ္။ မခြဲခြာခင္မွာေတာ့ သူ႔အတြက္ ကတၳီပါလမ္းခြဲျဖစ္လာဖို႔ ပပ္ကစီစဥ္ေပးေနတယ္။ သူ႔ကို ပြဲထြက္ခြင့္ေပးခဲ့တယ္။ အီတီဟတ္ကို နမ္းရႈိက္ခြင့္ ေပးေနတယ္။ ဒီပြဲမွာ အေဂြ႐ိုေျခစြမ္းမျပႏိုင္ပါဘူး။ ဒါက တကယ္တမ္းအေရးမပါေတာ့ပါဘူး။ ရာသီကုန္မွာ မန္စီးတီးရဲ႕ ဆုဖလားေအာင္ျမင္မႈေတြမွာ အေဂြ႐ိုရဲ႕ အမည္နာမပါဝင္ေနတာက အေကာင္းမြန္ဆုံး လမ္းခြဲမႈျဖစ္လာမွာပါ။

INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.