Premier League

ကစားသမားေတြရဲ႕ သူငယ္ခ်င္းတစ္ေယာက္အျဖစ္ပဲ ေနခဲ့တယ္ဆုိတဲ့ ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က သူ႕အေနနဲ႔ ကစားသမားေတြကို နားလည္ေအာင္ ႀကဳိးစားခဲ့ၿပီး သူတုိ႔ကို ေဘာလုံးကစားနည္းထဲမွာ နည္းျပဖို႔အတြက္ အတူတူ နားလည္သေဘာေပါက္ၿပီး တူညီတဲ့ ရည္မွန္းခ်က္ကို လက္တြဲခ်ီတက္ဖို႔ လူသားဆန္တဲ့ နည္းလမ္းကိုပဲ အသုံးျပဳခဲ့တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားလုိက္ပါတယ္။

ဘယ္ေန႔က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးလုိ႔ေတာ့ အတိအက် မသိရေပမယ့္ ဒီဗီဒီယိုဖိုင္ကို ဒီေန႔မွာ သတင္းဌာနေတြက တင္ဆက္ခဲ့တာျဖစ္ၿပီး အန္းဖီးလ္ကြင္းတြင္းမွာ ေမးျမန္းမွဳေတြကို ေျဖၾကားခဲ့တဲ့ ဂ်ာမန္သားရဲ႕ ခံယူခ်က္ေတြနဲ႔ သေဘာက်စရာ အေတြးအေခၚေတြကို ျမင္ေတြ႕ခဲ့ရတာလည္း ျဖစ္ပါတယ္။

“ကၽြန္ေတာ္က သာမန္နည္းျပတစ္ေယာက္ပါပဲ။ အဓိကေတာ့ ကၽြန္ေတာ့္ကစားသမားေတြရဲ႕ အရည္အေသြးကို ယုံၾကည္ေပးၿပီး သူတို႔ဟာ တကယ္ေကာင္းမြန္တဲ့ လူသားေတြ ျဖစ္ၾကလို႔ပါ။ လက္ရွိအေနနဲ႔ ကၽြန္ေတာ္တုိ႔အားလုံး တူညီတဲ့အခ်ိန္မွာ တူညီတဲ့ လားရာကို ဦးတည္ၿပီး မွန္ကန္တဲ့ ေနရာကို သြားေရာက္ႏုိင္ၾကဖို႔ သေဘာတူညီထားၾကပါတယ္”လို႔ ယာဂန္ ကေလာ့ပ္က ဆိုပါတယ္။

“ေဘာလုံးက ကစားနည္းတစ္ခုပဲဗ်… ဒီေလာက္အေရးႀကီးတဲ့ အရာမဟုတ္ဘူး။ ဒီထက္ အေရးႀကီးတာကေတာ တစ္ဦးခ်င္းရဲ႕ ဘဝေတြနဲ႔ပဲ ပတ္သက္ပါတယ္။ ကၽြန္ေတာ့္ကစားသမားဘဝက ဒီေလာက္ေအာင္ျမင္ခဲ့တာမွ မဟုတ္တာ။ ဒါေပမယ့္ ကၽြန္ေတာ့္အေနနဲ႔ အသင္းရဲ႕ အင္ဂ်င္တစ္လုံးျဖစ္ခဲ့ၿပီး နည္းျပရဲ႕ ယုံၾကည္မွဳကို ရခဲ့တယ္။ သူတုိ႔ေတြ အမွားလုပ္မိတုိင္း ကၽြန္ေတာ္ေျပာျဖစ္တာက အမွားဆုိတာ ျဖစ္ႏုိင္ၿပီး ဒီထက္ ပိုေကာင္းေအာင္လုပ္ဖို႔ပဲ ရွိတယ္ဆိုတာပါပဲ”လို႔ မိန္႔ဇ္နဲ႔ ကစားသမားဘဝကို ျဖတ္သန္းၿပီး ထိပ္တန္းအဆင့္ကို ေရာက္လာခဲ့သူက ဆုိပါတယ္။

“ကၽြန္ေတာ္က ကြင္းထဲမွာေတာ့ နည္းျပေပါ့ဗ်ာ။ ဒါေပမယ့္ သူ႕ကို နည္းျပလို ညႊန္ၾကားၿပီးရင္ သူငယ္ခ်င္းလိုပဲ စကားေတြကို ျပန္နားေထာင္တတ္ပါတယ္။ ကစားသမားေတြရဲ႕ သူငယ္ခ်င္းေကာင္းတစ္ေယာက္အေနနဲ႔ သူတုိ႔ေတြဟာ ေငြလာရွာတာ၊ မိသားစုကို ဂုဏ္တက္ေစဖို႔ လာတာ၊ တစ္ႏိုင္ငံလုံးကို ကိုယ္စားျပဳခ်င္လို႔ လာခဲ့တာ… ရည္ရြယ္ခ်က္အမ်ဳိးမ်ဳိးကို စာနာလက္ခံေပးၿပီး သူတုိ႔ေတြရဲ႕ ယုံၾကည္ခ်က္ကို ျမႇင့္တင္ေပးဖို႔ ဒီနားလည္မွဳက အေရးႀကီးပါတယ္”လုိ႔ လီဗာပူးလ္နည္းျပက သူ႕ကစားသမားေတြနဲ႔ လွပတဲ့ ဆက္ဆံေရးအေၾကာင္း ေျပာျပသြားခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က သူ့အနေနဲ့ ကစားသမားတွေကို နားလည်အောင် ကြိုးစားခဲ့ပြီး သူတို့ကို ဘောလုံးကစားနည်းထဲမှာ နည်းပြဖို့အတွက် အတူတူ နားလည်သဘောပေါက်ပြီး တူညီတဲ့ ရည်မှန်းချက်ကို လက်တွဲချီတက်ဖို့ လူသားဆန်တဲ့ နည်းလမ်းကိုပဲ အသုံးပြုခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

ဘယ်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလို့တော့ အတိအကျ မသိရပေမယ့် ဒီဗီဒီယိုဖိုင်ကို ဒီနေ့မှာ သတင်းဌာနတွေက တင်ဆက်ခဲ့တာဖြစ်ပြီး အန်းဖီးလ်ကွင်းတွင်းမှာ မေးမြန်းမှုတွေကို ဖြေကြားခဲ့တဲ့ ဂျာမန်သားရဲ့ ခံယူချက်တွေနဲ့ သဘောကျစရာ အတွေးအခေါ်တွေကို မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်က သာမန်နည်းပြတစ်ယောက်ပါပဲ။ အဓိကတော့ ကျွန်တော့်ကစားသမားတွေရဲ့ အရည်အသွေးကို ယုံကြည်ပေးပြီး သူတို့ဟာ တကယ်ကောင်းမွန်တဲ့ လူသားတွေ ဖြစ်ကြလို့ပါ။ လက်ရှိအနေနဲ့ ကျွန်တော်တို့အားလုံး တူညီတဲ့အချိန်မှာ တူညီတဲ့ လားရာကို ဦးတည်ပြီး မှန်ကန်တဲ့ နေရာကို သွားရောက်နိုင်ကြဖို့ သဘောတူညီထားကြပါတယ်”လို့ ယာဂန် ကလော့ပ်က ဆိုပါတယ်။

“ဘောလုံးက ကစားနည်းတစ်ခုပဲဗျ… ဒီလောက်အရေးကြီးတဲ့ အရာမဟုတ်ဘူး။ ဒီထက် အရေးကြီးတာကတော တစ်ဦးချင်းရဲ့ ဘဝတွေနဲ့ပဲ ပတ်သက်ပါတယ်။ ကျွန်တော့်ကစားသမားဘဝက ဒီလောက်အောင်မြင်ခဲ့တာမှ မဟုတ်တာ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ အသင်းရဲ့ အင်ဂျင်တစ်လုံးဖြစ်ခဲ့ပြီး နည်းပြရဲ့ ယုံကြည်မှုကို ရခဲ့တယ်။ သူတို့တွေ အမှားလုပ်မိတိုင်း ကျွန်တော်ပြောဖြစ်တာက အမှားဆိုတာ ဖြစ်နိုင်ပြီး ဒီထက် ပိုကောင်းအောင်လုပ်ဖို့ပဲ ရှိတယ်ဆိုတာပါပဲ”လို့ မိန့်ဇ်နဲ့ ကစားသမားဘဝကို ဖြတ်သန်းပြီး ထိပ်တန်းအဆင့်ကို ရောက်လာခဲ့သူက ဆိုပါတယ်။

“ကျွန်တော်က ကွင်းထဲမှာတော့ နည်းပြပေါ့ဗျာ။ ဒါပေမယ့် သူ့ကို နည်းပြလို ညွှန်ကြားပြီးရင် သူငယ်ချင်းလိုပဲ စကားတွေကို ပြန်နားထောင်တတ်ပါတယ်။ ကစားသမားတွေရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ သူတို့တွေဟာ ငွေလာရှာတာ၊ မိသားစုကို ဂုဏ်တက်စေဖို့ လာတာ၊ တစ်နိုင်ငံလုံးကို ကိုယ်စားပြုချင်လို့ လာခဲ့တာ… ရည်ရွယ်ချက်အမျိုးမျိုးကို စာနာလက်ခံပေးပြီး သူတို့တွေရဲ့ ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ ဒီနားလည်မှုက အရေးကြီးပါတယ်”လို့ လီဗာပူးလ်နည်းပြက သူ့ကစားသမားတွေနဲ့ လှပတဲ့ ဆက်ဆံရေးအကြောင်း ပြောပြသွားခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.