Premier League

ရော်နယ်ဒို ဒေါသတကြီး ပစ်ပေါက်ခဲ့တဲ့ အသင်းခေါင်းဆောင် လက်ပတ်ရဲ့ နောက်ဆက်တွဲ အံ့သြဖွယ်ဖြစ်ရပ်

ပြီးခဲ့တဲ့ ဆာဘီးယားနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုဖလားခြေစစ်ပွဲစဥ်မှာ နောက်ဆုံးမိနစ်အနိုင်သွင်းဂိုးကို ခွင့်မပြုခဲ့လို့ ရော်နယ်ဒိုက အသင်းခေါင်းဆောင်လက်ပတ်ကို မြေပေါ် ဒေါသတကြီးပစ်ပေါက်ခဲ့တာက အတော်လေးပွဲဆူခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ အဆိုးထဲက ကောင်းမွန်လှပတဲ့လုပ်ရပ်လေးတခု ထွက်ပေါ်လာခဲ့တယ်လို့သာ ဝမ်းမြောက်ဝမ်းသာ ဆိုရမှာပါ။ တာဝန်ကျ ဆားဘီယား မီးသတ်ရဲဘော်တဦးက သူ့အနား ကျလာတဲ့ ရော်နယ်ဒိုရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ကောက်ယူသွားခဲ့ပါတယ်။ သူ့ရဲ့အမည်က Djordje Vukicevic ပါ။

သူက ဒီလက်ပတ်ကို လေလံတင်ရောင်းချခဲ့တယ်။ ရလာတဲ့ ငွေကြေးကို အာရုံကြောနဲ့ ကိုယ်အင်္ဂါသိမ်ရောဂါဝေဒနာခံစားနေရတဲ့ ၆ လသားအရွယ် ဆာဘီးယားကလေးငယ် Gavrilo Djurdjevic ရဲ့ ကုသမှုအတွက် လှူဒါန်းပေးသွားခဲ့ကြောင်း သိရပါတယ်။

မီးသတ်ရဲဘော်ဟာ ကလေးငယ် Gavrilo အတွက် ဆေးဝါးကုသမှုစရိတ် ယူရို ၂ သန်းခွဲရသည်အထိ ကူညီပေးသွားမယ်လို့ ဆိုခဲ့တာဟာ အင်မတန် မွန်မြတ်တဲ့လုပ်ရပ်တခုကို မြင်တွေ့ခဲရတာဖြစ်ပါတယ်။

သူတို့မီးသတ်ရဲဘော်တပ်ဖွဲ့တခုလုံးဟာ ကမ္ဘာကျော် ကစားသမားတွေဆီ ရရှိလာတဲ့ အမှတ်တရ ပစ္စည်းစုတိုင်းကို လေလံတင်ရောင်းချကာ ကလေးငယ်ရဲ့အသက်ကို ကယ်တင်ပေးသွားမယ်လို့ သဘောတူဆုံးဖြတ်ပြီး သစ္စာပြုထားကြတာပါ။

ကလေးငယ် Gavril လေးရဲ့ မိခင်က လက်ရှိမှာ ဆေးကုသစရိတ် လှူဒါန်းငွေဟာ ယူရို ၅ သိန်းအထိ ရရှိထားပြီဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး ရော်နယ်ဒိုရဲ့ လက်ပတ်ဟာလည်း လေလံတင်ရောင်းချငွေကတဆင့် ကျန်းမာရေးချို့တဲ့နေတဲ့ ကလေးငယ်လေးအတွက် အကျိုးပြုသွားစေခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကလေးငယ်တွေအတွက် အစဥ်တစိုက်ကူညီလုပ်ဆောင်ပေးနေတဲ့ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်စရာ ကိစ္စတရပ်လို့လည်း ဆိုရမှာပါပဲ။

မိမိတို့ကို လူချင်း ခင်မင်ရင်းနှီးသိကျွမ်းခြင်းတောင်မရှိတဲ့ မီးသတ်ရဲဘော်တွေရဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ လူသားဆန်တဲ့အပြုအမူဟာ ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင်အထိဖြစ်ရပြီး မိမိတို့ကလေးငယ်အတွက် အခုလိုကူညီပေးမယ်လို့ မထင်ထားမိတဲ့အတွက် အထူးတလည်ကို ဝမ်းသာရတယ်လို့ ကလေးငယ်လေးရဲ့မိခင်ကလည်း ကျေးဇူးတင်စကား ဖွင့်ဆိုသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ဆာဘီးယားနဲ႔ ေပၚတူဂီအသင္းတို႔ရဲ႕ ၂ ဂိုးစီ သေရက်ခဲ့တဲ့ ယူ႐ိုဖလားေျခစစ္ပြဲစဥ္မွာ ေနာက္ဆုံးမိနစ္အႏိုင္သြင္းဂိုးကို ခြင့္မျပဳခဲ့လို႔ ေရာ္နယ္ဒိုက အသင္းေခါင္းေဆာင္လက္ပတ္ကို ေျမေပၚ ေဒါသတႀကီးပစ္ေပါက္ခဲ့တာက အေတာ္ေလးပြဲဆူခဲ့ပါတယ္။

ဒီျဖစ္ရပ္မွာ အဆိုးထဲက ေကာင္းမြန္လွပတဲ့လုပ္ရပ္ေလးတခု ထြက္ေပၚလာခဲ့တယ္လို႔သာ ဝမ္းေျမာက္ဝမ္းသာ ဆိုရမွာပါ။ တာဝန္က် ဆားဘီယား မီးသတ္ရဲေဘာ္တဦးက သူ႔အနား က်လာတဲ့ ေရာ္နယ္ဒိုရဲ႕ အသင္းေခါင္းေဆာင္လက္ပတ္ကို ေကာက္ယူသြားခဲ့ပါတယ္။ သူ႔ရဲ႕အမည္က Djordje Vukicevic ပါ။

သူက ဒီလက္ပတ္ကို ေလလံတင္ေရာင္းခ်ခဲ့တယ္။ ရလာတဲ့ ေငြေၾကးကို အာ႐ုံေၾကာနဲ႔ ကိုယ္အဂၤါသိမ္ေရာဂါေဝဒနာခံစားေနရတဲ့ ၆ လသားအ႐ြယ္ ဆာဘီးယားကေလးငယ္ Gavrilo Djurdjevic ရဲ႕ ကုသမႈအတြက္ လႉဒါန္းေပးသြားခဲ့ေၾကာင္း သိရပါတယ္။

မီးသတ္ရဲေဘာ္ဟာ ကေလးငယ္ Gavrilo အတြက္ ေဆးဝါးကုသမႈစရိတ္ ယူ႐ို ၂ သန္းခြဲရသည္အထိ ကူညီေပးသြားမယ္လို႔ ဆိုခဲ့တာဟာ အင္မတန္ မြန္ျမတ္တဲ့လုပ္ရပ္တခုကို ျမင္ေတြ႕ခဲရတာျဖစ္ပါတယ္။

သူတို႔မီးသတ္ရဲေဘာ္တပ္ဖြဲ႕တခုလုံးဟာ ကမာၻေက်ာ္ ကစားသမားေတြဆီ ရရွိလာတဲ့ အမွတ္တရ ပစၥည္းစုတိုင္းကို ေလလံတင္ေရာင္းခ်ကာ ကေလးငယ္ရဲ႕အသက္ကို ကယ္တင္ေပးသြားမယ္လို႔ သေဘာတူဆုံးျဖတ္ၿပီး သစၥာျပဳထားၾကတာပါ။

ကေလးငယ္ Gavril ေလးရဲ႕ မိခင္က လက္ရွိမွာ ေဆးကုသစရိတ္ လႉဒါန္းေငြဟာ ယူ႐ို ၅ သိန္းအထိ ရရွိထားၿပီျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ လက္ပတ္ဟာလည္း ေလလံတင္ေရာင္းခ်ေငြကတဆင့္ က်န္းမာေရးခ်ိဳ႕တဲ့ေနတဲ့ ကေလးငယ္ေလးအတြက္ အက်ိဳးျပဳသြားေစခဲ့ၿပီျဖစ္ပါတယ္။ ဒါဟာ ကေလးငယ္ေတြအတြက္ အစဥ္တစိုက္ကူညီလုပ္ေဆာင္ေပးေနတဲ့ သူ႔အတြက္ ဂုဏ္ယူဝမ္းေျမာက္စရာ ကိစၥတရပ္လို႔လည္း ဆိုရမွာပါပဲ။

မိမိတို႔ကို လူခ်င္း ခင္မင္ရင္းႏွီးသိကြၽမ္းျခင္းေတာင္မရွိတဲ့ မီးသတ္ရဲေဘာ္ေတြရဲ႕ မြန္ျမတ္တဲ့ စိတ္ထားနဲ႔ လူသားဆန္တဲ့အျပဳအမူဟာ ကိုယ္တိုင္ မယုံၾကည္ႏိုင္ေလာက္ေအာင္အထိျဖစ္ရၿပီး မိမိတို႔ကေလးငယ္အတြက္ အခုလိုကူညီေပးမယ္လို႔ မထင္ထားမိတဲ့အတြက္ အထူးတလည္ကို ဝမ္းသာရတယ္လို႔ ကေလးငယ္ေလးရဲ႕မိခင္ကလည္း ေက်းဇူးတင္စကား ဖြင့္ဆိုသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.