Premier League

ယူနိုက်တက်မှာပျောက်ဆုံးနေတဲ့ တက်ကြွမှုတွေကို ပေါ့ဘာက ပြန်လည်ယူဆောင်လာမယ်လို့ ဆိုးလ်ရှားအာမခံ

မန်ချက်စတာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒဏ်ရာတောထဲက ရုန်းထလာတဲ့ ပေါ့ဘာဟာ လက်ရှိယူနိုက်တက်ရဲ့ ကစားပုံမှာ ပျောက်ဆုံးနေတဲ့ တက်ကြွမှု၊ စိတ်အားထက်သန်မှုတွေကို ပြန်လည်ယူဆောင်လာမယ့်သူဖြစ်တယ်လို့ ပရိသတ်အသိပေးပြီး အာမခံချက်ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတွေကို ပြန်ကြည့်ရင် ယူနိုက်တက်အသင်းရဲ့ အရေးအပါဆုံး အဓိက ကစားသမားအဖြစ် အသုံးတော်ခံလာခဲ့တဲ့ ပေါ့ဘာဟာ ဒီရာသီမှာတော့ ​ခြေစွမ်းကျဆင်းမှု၊ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး မိုက်မဲတဲ့ ​​ခြေစွမ်းတချို့နဲ့အတူ ပရိသတ်တွေရဲ့ ဝေဖန်မေးခွန်းထုတ်ခံထားရတဲ့ အရှိတရားက ငြင်းကွယ််လို့ မရခဲ့ပါဘူး။

ပေါင်ဒဏ်ရာကနေ သက်သာလာပြီး အေစီမီလန်နဲ့ ဒုတိယအကျော့မှာ ပါဝင်ကစားခဲ့သလို ယူနိုက်တက်ကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပို့ဆောင်ပေးခဲ့တဲ့ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ပေါ့ဘာဟာ လက်ရှိမှာတော့ ကြံခိုင်မှုပြန်လည်ပြည့်ဝလာခဲ့ပြီလို့ ယူဆခံထားရပြီး ပြင်သစ်အသင်းနဲ့ ပူးပေါင်းခဲ့မှုမှာလည်း ကျေနပ်စရာ စွမ်းဆောင်ရည်ကို ပြသခဲ့တာကို တွေ့ခဲ့ရတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာဟာ နိုင်ငံတကာပွဲစဥ်တွေကနေ ပြန်လည်ရောက်ရှိလာပြီး ယူနိုက်တက်အသင်းနဲ့အတူ တက်တက်ကြွကြွပူးပေါင်းနေပြီဖြစ်တယ်လို့ ဆိုခဲ့သလို သူဟာ ပရီးမီးယားလိဂ် ရာသီသိမ်းတိုက်ပွဲအတွက်လည်း ကောင်းကောင်းကြီး အဆင်သင့်ဖြစ်နေတယ်လို့ အခိုင်အမာပြောသွားခဲ့ပါတယ်။

” ပေါ့ဘာက ပြန်လာပါပြီ။ ယူနိုက်တက်အတွက် ပြန်ကစားနိုင်တော့မှာပါ။ ဒါက အလွန်ကို ထူးကဲစေတဲ့အရာပါ။ အရမ်းကို တက်ကြွနေတယ်။ ရွှင်လန်းနေတယ်။ သူ့ပုံစံက အရမ်းကို အဆင်သင့်ဖြစ်နေပါတယ်။ ဒီကစားသမားက ကျွန်တော်တို့အသင်းအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်းနားလည်ထားပါတယ် ”

” ပေါ့ဘာလို အရည်အသွေးမြင့်ကို ကစားသမားမျိုးကို လက်လွှတ်ရတဲ့အခါ သူမရှိမှ သူ့တန်ဖိုးကို သိရတာပါ။ အခု ကျွန်တော်တို့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝပြီး လန်းဆန်းနေတဲ့ ပေါ့ဘာစစ်စစ်ကို ပြန်လည်ရရှိတော့မှာပါ။ ”

” ကျွန်တော်တို့ တိုက်စစ်မှူးတွေအတွက် တကယ့်အားဆေးတခွက်ပါ။ သူ​က မီးကုန်ယမ်းကုန် ခြေစွမ်းပြမယ့်အပြင် အသင်းတိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်အောင် ပေးဆပ်ပံ့ပိုးသွားတော့မှာပါ။ ” လို့ ဆိုးလ်ရှားက ဘရိုက်တန်အသင်းနဲ့ပွဲကြိုမှာ ပေါ့ဘာနဲ့ပတ်သက်လို့ အာမခံချက်ပေးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.