Premier League

02 April ညချမ်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ရာသီကုန်မှာ မန်စီးတီးနဲ့လမ်းခွဲတော့မယ်လို့ တရားဝင် အတည်ပြုထားတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွယ်ရိုဟာ ဥရောပအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှု အမြောက်အမြားကို ရရှိနေပေမယ့် ဂျီရူးနေရာကို အစားထိုးမယ့် ချယ်လ်ဆီးအသင်းက သူ့ကို ခေါ်ယူဖို့ အခြေအနေကောင်းနေသလို အင်္ဂလန်မှာ ဆက်နေချင်တဲ့ အဂွယ်ရိုရဲ့ ဆန္ဒကလည်း လန်ဒန်မြေကိုနှစ်သက်နေ။

မက်ဆီကိုမြို့ နိုက်ကီဆိုင်မှ ချဲလ်ဆီးပရိသတ်တစ်ဦး ဝယ်ယူပြီး လူမှုကွန်ရက်မှာတင်ရာကနေ ပေါက်ကြားလာခဲ့တဲ့ ချယ်လ်ဆီးအသင်း လာမယ့်ရာသီသစ်မှာ ဝတ်ဆင်မယ့် ဂျာစီဝတ်စုံဒီဇိုင်းဟာ မှိုင်းညို့နေတဲ့ ခံစားချက်ကို ပေးစွမ်းနေတာကြောင့် ဘောလုံးကွင်းထဲမှာ ပြိုင်ဘက်အသင်းကို စိတ်ညှို့ယူပြီး အိပ်ငွေ့ချဖို့ ထုတ်ထားတာလားလို့ အသင်းပရိသတ်တွေရဲ့ အရွှမ်းဖောက်ပြောခြင်းကို ခံနေရ။

ဘာစီလိုနာအသင်းနှင့် တွေ့ဆုံအပြီး အင်္ဂလန်ကို ခရီးဆက်လာတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းရဲ့ ဖခင်နဲ့ အေးဂျင့် ရွိုင်အိုလာတို့ဟာ လန်ဒန်မြို့ကို ရောက်ရှိနေပြီး ချယ်လ်ဆီးနဲ့ အပြောင်းအရွှေ့တရပ်အတွက် ဆွေးနွေးနေကြောင်း သိရသလို ဟာလန်းရဲ့ အနာဂတ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မြင်တွေ့ရဖို့ ပေါင်သန်း ၁၅၀ တောင်းဆိုထားကြောင်း သိရ။

မေဆန်မောင့်ရဲ့ ခြေစွမ်းကို အပြစ်ပြောနေတဲ့ ဘောလုံးတတ်ယောင်ကားတွေဟာ တကယ့် ကျပ်မပြည့်အရူးတွေလို ရွိုင်ကိန်းက ပစ်ပစ်နှစ်နှစ်ဝေဖန်သွားခဲ့ပြီး အရင်က သူကိုယ်တိုင် အပြစ်ပြောခဲ့တဲ့ ၂၂ နှစ်သားရဲ့ စွမ်းဆောင်ရည်ဟာကို အထူးချီးကျူးသွားခဲ့ပြီး ဒီဘက်ခေတ်မှာ သူ့လို ခြေစွမ်းတည်ငြိမ်ပြီး ခံယူချက်မှန်ကန်တဲ့ ကစားသမားမျိုးဟာ ရှားရှားပါးပါးဖြစ်တယ်လို့ ဆိုသွားခဲ့။

အီတလီမြေကို ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းပြေးနေပေမယ့် နည်းပြသစ်တူဟယ်လ်ရဲ့လက်ရုံးအဖြစ် ပွဲထွက်တနေရာ အခိုင်အမာရရှိနေတဲ့ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းမှာ ဆက်နေမှာဖြစ်ပြီး ဒါဟာ ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ ကစားသမားအေးဂျင့်က အတည်ပြုသွားခဲ့။

ဝက်စ်ဘရွမ်းအသင်းတန်းဆင်းရမယ်ဆိုရင် တကယ်အကျိုးရှိမှာက ချယ်လ်ဆီးအသင်းဖြစ်တယ်လို့ နည်းပြဆမ်အလာဒိုက်စ်က ဆိုခဲ့ပြီး ချယ်လ်ဆီးကနေ အငှားလာရောက်ကစားနေတဲ့ ကွင်းလယ်လူ ကော်နာ ဂယ်လေဟာကို ပြန်မလွှတ်ချင်ကြောင်းဖွင့်ဟခဲ့သလို ၂၁ နှစ်သားဟာ မိမိရဲ့ ဒီရာသီအကောင်းဆုံးခေါ်ယူမှု ဖြစ်တယ်လို့ ချီးကျူး။

ပခုံးဒဏ်ရာရရှိထားတဲ့ အိုဒွိုင်းဟာ ဝက်စ်ဘရွမ်းနဲ့ပွဲကြိုမှာ ချယ်လ်ဆီးအသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းနိုင်ပြီဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်မှာ ၃ ပွဲဆက် ကစားထားရတဲ့ မေဆန်မောင့်၊ ဘန်ချေးလ်ဝဲလ်၊ ရီစီဂျိမ်းစ်တို့အပြင် အမေရိကန်အသင်းခေါင်းဆောင်တာဝန်ယူထားရတဲ့ ပူလီရှစ်ချ်တို့ကိုပါ အနားပေးသွားဖွယ်ရှိပြီး ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး တန်မီ အေဘရာဟမ်အတွက် တူဟယ်လ်ရဲ့ ရွေးချယ်ခြင်းခံရဖို့ အခွင့်ကောင်းဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


မက်ဆီင်္ကိုမြို့ နိုက်ကီဆိုင်မှ ချဲလ်ဆီးပရိသတ်တစ်ဦး ဝယ်ယူပြီး လူမှုကွန်ရက်မှာတင်ရာကနေ ပေါက်ကြားလာခဲ့တဲ့ ချယ်လ်ဆီးအသင်း လာမယ့်ရာသီသစ်မှာ ဝတ်ဆင်မယ့် ဂျာစီဝတ်စုံဒီဇိုင်းဟာ မှိုင်းညို့နေတဲ့ ခံစားချက်ကို ပေးစွမ်းနေတာကြောင့် ဘောလုံးကွင်းထဲမှာ ပြိုင်ဘက်အသင်းကို စိတ်ညှို့ယူပြီး အိပ်ငွေ့ချဖို့ ထုတ်ထားတာလားလို့ အသင်းပရိသတ်တွေရဲ့ အရွှမ်းဖောက်ပြောခြင်းကို ခံနေရ။

ဘာစီလိုနာအသင်းနှင့် တွေ့ဆုံအပြီး အင်္ဂလန်ကို ခရီးဆက်လာတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းရဲ့ ဖခင်နဲ့ အေးဂျင့် ရွိုင်အိုလာတို့ဟာ လန်ဒန်မြို့ကို ရောက်ရှိနေပြီး ချယ်လ်ဆီးနဲ့ အပြောင်းအရွှေ့တရပ်အတွက် ဆွေးနွေးနေကြောင်း သိရသလို ဟာလန်းရဲ့ အနာဂတ်ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ မြင်တွေ့ရဖို့ ပေါင်သန်း ၁၅၀ တောင်းဆိုထားကြောင်း သိရ။




ပခုံးဒဏ်ရာရရှိထားတဲ့ အိုဒွိုင်းဟာ ဝက်စ်ဘရွမ်းနဲ့ပွဲကြိုမှာ ချယ်လ်ဆီးအသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းနိုင်ပြီဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်မှာ ၃ ပွဲဆက် ကစားထားရတဲ့ မေဆန်မောင့်၊ ဘန်ချေးလ်ဝဲလ်၊ ရီစီဂျိမ်းစ်တို့အပြင် အမေရိကန်အသင်းခေါင်းဆောင်တာဝန်ယူထားရတဲ့ ပူလီရှစ်ခ်ျတို့ကိုပါ အနားပေးသွားဖွယ်ရှိပြီး ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး တန်မီ အေဘရာဟမ်အတွက် တူဟယ်လ်ရဲ့ ရွေးချယ်ခြင်းခံရဖို့ အခွင့်ကောင်းဖြစ်လာ။

REF: INTERNET SOURCES
SPORTS A2Z.