Premier League

ချောမွေ့ ဖြောင့်ဖြူးနေတဲ့ အာတီတာရဲ့ ရာသီသိမ်း ပန်းခင်းလမ်း

၂၀၂၀-၂၁ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ရာသီအသိမ်းပိုင်းကို ရောက်ရှိလာတာနဲ့အမျှ ကလပ်အသင်းကိုယ်စီရဲ့ ရမှတ်စုဆောင်းစရာ လက်ကျန်ပွဲစဥ်တွေဟာ လက်ထဲမှာ အများကြီးမကျန်တော့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဂုဏ်မောက်မောက်နဲ့ ရပ်တည်ဖို့ ထိရောက်အောင် အသုံးချဖို့ လိုနေတာလည်းဖြစ်သလို အခွင့်အရေးတွေကလည်း တဖြည်းဖြည်းကျဥ်းမြောင်းလာပြီဖြစ်တယ်။

နိုင်ငံတကာပွဲစဥ် ရက်သတ္တပတ်အပြီးမှာ ကလပ်တသင်းချင်းစီက ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြရတော့မှာဖြစ်ပြီး လက်ကျန်ပွဲက တသင်းကို အမြင့်ဆုံးမှ ၁၀ ပွဲသာ ကစားရတော့မှာပါ။ အမြင့်ဆုံး ရမှတ်အနေနဲ့ ၃၀မှတ်သာ စုဆောင်းခွင့်ရှိတော့မှာဖြစ်ပြီး ပွဲပိုကစားထားတဲ့ အသင်းတွေကတော့ ရမှတ်စုဆောင်းခွင့်မှာ ဒီထက် ပိုလျော့နည်းမှာပါ။

လက်ကျန်ပွဲစဥ်ဇယားအရ အချို့အသင်းတွေက အတော်လေး ပွဲချောင်နေပြီး ပွဲကျပ်တဲ့ အသင်းတွေကလည်း အတော့်ကို ပွဲကျပ်နေတာတွေ့ရပါတယ်။ဘရိုက်တန်၊ခရစ္စတယ်လ်ပဲလေ့စ် နဲ့ ဝက်စ်ဘရွမ်းအသင်းတို့ အပါအဝင် ဇယားထိပ်ပိုင်းက လက်စတာ၊ မန်စီးတီးတို့လို အချို့အသင်းကြီးတွေကတော့ အတော်လေးအကျပ်အတည်းတွေ့လာဖို့ ရှိနေတာပါ။

ဒီထဲမှာ နည်းပြ မီခေးလ် အာတီတာရဲ့ အာဆင်နယ်အသင်းကတော့ ပွဲစဥ်ဇယားအရ ကျန် ၁၉သင်းလုံးထက် ပွဲအချောင်ဆုံး လမ်းခရီးကို ပိုင်ဆိုင်ထားပြီး ရာသီအစ တာထွက်မှာ ရုန်းကန်ခဲ့ရသမျှ အခုရာသီအသိမ်းမှာတော့ အင်မတန်မျက်နှာပန်းလှဖွယ် ရှိနေတာကို တွေ့ရသလို မြို့ခံရန်ဘက် စပါးစ်အသင်းကို ဒီရာသီမှာတော့ အမှတ်ပေးဇယား အပေါ်စီးက ခုထိုင်ထားပြီး ဘဝင်ကျကျနဲ့ အဆုံးသတ်သွားနိုင်ဖို့လည်း ရှိနေတယ်။

အာတီတာဟာ လီဗာပူးလ်၊ ချယ်လ်ဆီးတို့နဲ့ ရင်ဆိုင်ရဦးမှာ ဆိုပေမယ့် ဇယားအောက်ပိုင်း အသင်းတွေနဲ့သာ အများဆုံးကစားသွားရဖို့ ရှိနေတော့တာပါ။ ရှက်ဖီးလ်၊ ဖူလ်ဟမ်၊ ပဲလေ့၊ ဘရိုက်တန်တို့လို အသင်းငယ်လေးတွေနဲ့သာ ဆက်တိုက်တွေ့ဆုံသွားတော့မှာဖြစ်ပြီး အသင်းသားတွေကသာ ရာသီကုန်မှာ ညှစ်ထုတ်ပြီး ပြောင်ပြောင်မြောက်မြောက်​​ခြေစွမ်းပြသနိုင်ရင်တော့ အာဆင်နယ်ရဲ့ ဒီရာသီဇာတ်သိမ်းက လှလှပပလေး မြင်တွေ့ရဖွယ် ရှိနေတယ်။

ဒါ့အပြင် အာဆင်နယ်အတွက် ပိုပြီးအားသာနေတာက ဥရောပပြိုင်ပွဲ၊ ကွာတားဖိုင်နယ်အဆင့်မှာ ဆလားဗီးယား ပရာ့ဂ်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ ယူရိုပါလိဂ် ပထမအကျော့အပြီး ကြားဝင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဥ်က တန်းဆင်းဖို့ သေချာသွားပြီဖြစ်တဲ့ ရှက်ဖီးလ်အသင်းနဲ့ ပွဲစဥ်ဖြစ်နေတယ်။

ဒါကြောင့် အာတီတာရဲ့ ယူရိုပါလိဂ်အိပ်မက်ကလည်း တောက်တောက်ပပဖြစ်လာဖို့ ပွဲစဥ်ဇယားက အကျိုးပြုနေတာကို မြင်တွေ့ရတာကြောင့် အသင်းပရိသတ်တွေအတွက် ဒိီရာသီအသိမ်း ရင်ခုန်သံ၊ မျှော်လင့်ချက်တွေက ပိုပြီးစီးပိုင်လာစေမှာဖြစ်တယ်။ အာတီတာနဲ့ အာဆင်နယ်ရဲ့ အထွဋ်အထိပ် ရာသီတခုဖြစ်လာမလားဆိုတာကတော့ စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
၂၀၂၀-၂၁ ပရီးမီးယားလိဂ္ ေဘာလုံးရာသီဟာ ရာသီအသိမ္းပိုင္းကို ေရာက္ရွိလာတာနဲ႔အမွ် ကလပ္အသင္းကိုယ္စီရဲ႕ ရမွတ္စုေဆာင္းစရာ လက္က်န္ပြဲစဥ္ေတြဟာ လက္ထဲမွာ အမ်ားႀကီးမက်န္ေတာ့သလို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ဂုဏ္ေမာက္ေမာက္နဲ႔ ရပ္တည္ဖို႔ ထိေရာက္ေအာင္ အသုံးခ်ဖို႔ လိုေနတာလည္းျဖစ္သလို အခြင့္အေရးေတြကလည္း တျဖည္းျဖည္းက်ဥ္းေျမာင္းလာၿပီျဖစ္တယ္။

ႏိုင္ငံတကာပြဲစဥ္ ရက္သတၱပတ္အၿပီးမွာ ကလပ္တသင္းခ်င္းစီက ကိုယ့္အလုပ္ကိုယ္ျပန္လုပ္ၾကရေတာ့မွာျဖစ္ၿပီး လက္က်န္ပြဲက တသင္းကို အျမင့္ဆုံးမွ ၁၀ ပြဲသာ ကစားရေတာ့မွာပါ။ အျမင့္ဆုံး ရမွတ္အေနနဲ႔ ၃၀မွတ္သာ စုေဆာင္းခြင့္ရွိေတာ့မွာျဖစ္ၿပီး ပြဲပိုကစားထားတဲ့ အသင္းေတြကေတာ့ ရမွတ္စုေဆာင္းခြင့္မွာ ဒီထက္ ပိုေလ်ာ့နည္းမွာပါ။

လက္က်န္ပြဲစဥ္ဇယားအရ အခ်ိဳ႕အသင္းေတြက အေတာ္ေလး ပြဲေခ်ာင္ေနၿပီး ပြဲက်ပ္တဲ့ အသင္းေတြကလည္း အေတာ့္ကို ပြဲက်ပ္ေနတာေတြ႕ရပါတယ္။ဘ႐ိုက္တန္၊ခရစၥတယ္လ္ပဲေလ့စ္ နဲ႔ ဝက္စ္ဘ႐ြမ္းအသင္းတို႔ အပါအဝင္ ဇယားထိပ္ပိုင္းက လက္စတာ၊ မန္စီးတီးတို႔လို အခ်ိဳ႕အသင္းႀကီးေတြကေတာ့ အေတာ္ေလးအက်ပ္အတည္းေတြ႕လာဖို႔ ရွိေနတာပါ။

ဒီထဲမွာ နည္းျပ မီေခးလ္ အာတီတာရဲ႕ အာဆင္နယ္အသင္းကေတာ့ ပြဲစဥ္ဇယားအရ က်န္ ၁၉သင္းလုံးထက္ ပြဲအေခ်ာင္ဆုံး လမ္းခရီးကို ပိုင္ဆိုင္ထားၿပီး ရာသီအစ တာထြက္မွာ ႐ုန္းကန္ခဲ့ရသမွ် အခုရာသီအသိမ္းမွာေတာ့ အင္မတန္မ်က္ႏွာပန္းလွဖြယ္ ရွိေနတာကို ေတြ႕ရသလို ၿမိဳ႕ခံရန္ဘက္ စပါးစ္အသင္းကို ဒီရာသီမွာေတာ့ အမွတ္ေပးဇယား အေပၚစီးက ခုထိုင္ထားၿပီး ဘဝင္က်က်နဲ႔ အဆုံးသတ္သြားႏိုင္ဖို႔လည္း ရွိေနတယ္။

အာတီတာဟာ လီဗာပူးလ္၊ ခ်ယ္လ္ဆီးတို႔နဲ႔ ရင္ဆိုင္ရဦးမွာ ဆိုေပမယ့္ ဇယားေအာက္ပိုင္း အသင္းေတြနဲ႔သာ အမ်ားဆုံးကစားသြားရဖို႔ ရွိေနေတာ့တာပါ။ ရွက္ဖီးလ္၊ ဖူလ္ဟမ္၊ ပဲေလ့၊ ဘ႐ိုက္တန္တို႔လို အသင္းငယ္ေလးေတြနဲ႔သာ ဆက္တိုက္ေတြ႕ဆုံသြားေတာ့မွာျဖစ္ၿပီး အသင္းသားေတြကသာ ရာသီကုန္မွာ ညႇစ္ထုတ္ၿပီး ေျပာင္ေျပာင္ေျမာက္ေျမာက္​​ေျခစြမ္းျပသႏိုင္ရင္ေတာ့ အာဆင္နယ္ရဲ႕ ဒီရာသီဇာတ္သိမ္းက လွလွပပေလး ျမင္ေတြ႕ရဖြယ္ ရွိေနတယ္။

ဒါ့အျပင္ အာဆင္နယ္အတြက္ ပိုၿပီးအားသာေနတာက ဥေရာပၿပိဳင္ပြဲ၊ ကြာတားဖိုင္နယ္အဆင့္မွာ ဆလားဗီးယား ပရာ့ဂ္အသင္းနဲ႔ ရင္ဆိုင္ရခ်ိန္မွာ ယူ႐ိုပါလိဂ္ ပထမအေက်ာ့အၿပီး ၾကားဝင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္က တန္းဆင္းဖို႔ ေသခ်ာသြားၿပီျဖစ္တဲ့ ရွက္ဖီးလ္အသင္းနဲ႔ ပြဲစဥ္ျဖစ္ေနတယ္။

ဒါေၾကာင့္ အာတီတာရဲ႕ ယူ႐ိုပါလိဂ္အိပ္မက္ကလည္း ေတာက္ေတာက္ပပျဖစ္လာဖို႔ ပြဲစဥ္ဇယားက အက်ိဳးျပဳေနတာကို ျမင္ေတြ႕ရတာေၾကာင့္ အသင္းပရိသတ္ေတြအတြက္ ဒိီရာသီအသိမ္း ရင္ခုန္သံ၊ ေမွ်ာ္လင့္ခ်က္ေတြက ပိုၿပီးစီးပိုင္လာေစမွာျဖစ္တယ္။ အာတီတာနဲ႔ အာဆင္နယ္ရဲ႕ အထြဋ္အထိပ္ ရာသီတခုျဖစ္လာမလားဆိုတာကေတာ့ စိတ္လႈပ္ရွားစြာနဲ႔ ဆက္လက္ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.