Premier League

တိုက်စစ်မှူးကျိန်စာမိနေပြီလို့ ချယ်လ်ဆီးပရိသတ်တွေ ညည်းတွား

ပြီးခဲ့တဲ့ညက ယူရိုဖလားခြေစစ်ပွဲမှာ ဂျာမဏီအသင်းဟာ မြောက်မက်ဆီဒိုးနီးယားအသင်းကို အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီတိုက်စစ်မှူး တီမို ဗာနာဟာ အပိုင်အခွင့်အရေးကောင်းကို လွဲချော်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ အဆုံးသတ်ပိုင်းညံ့ဖျင်းမှုကို ပရိသတ်တွေ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြကြောင်း သိရှိရပါတယ်။

ဂိုးပေါက်ရှေ့မှာ ဗာနာရဲ့ယုံကြည်မှုပျောက်ဆုံးနေမှုဟာ ရုပ်ပျက်ဆင်းပျက်အဆင့်အထိ ရောက်လာပြီလို့ ပရိသတ်တွေက ညည်းတွားခဲ့တာဖြစ်ပြီး ဒီအမြင်က လွဲမှားတယ်လို့လည်း မဆိုနိုင်သလို ချယ်လ်ဆီးအသင်းမှာ တိုက်စစ်မှူး ဒရော့ဘာနောက်ပိုင်း “တိုက်စစ်မှုးကျိန်စာသင့်” နေတယ်လို့ ချယ်လ်ဆီးအမာခံတွေက စိတ်ပျက်လက်ပျက် ညည်းညူခဲ့ကြတာပါ။

စတမ်းဖို့ဒ်ဘရစ်ချ်မြေကို ကြီးမားတဲ့ မျှော်လင့်ချက်အသစ်တွေ သယ်ဆောင်ပြီး ရောက်ရှိလာခဲ့တဲ့ ဗာနာဟာ မြောက်လန်ဒန်အရပ်မှာတော့ တိုက်စစ်မှူးအဖြစ် စိတ်ချရလောက်အောင်အထိ မစွမ်းဆောင်နိင်ခဲ့ဘဲ ထင်သလောက်မပေါက်ခဲ့ပါဘူး။

မိမိတို့ကလပ်အသင်းက ကစားသမားတွေကို နိုင်ငံတကာအဆင့်မှာ ​ခြေစွမ်းပြတာကို မြင်တွေ့ခံစားချင်တဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့ မျှော်လင့်ချက်ကိုလည်း ဗာနာက ပြီးခဲ့တဲ့ညက ဂျာမနီအတွက် အကြီးမားဆုံး ဂိုးပေါက်လွဲချော်မှုနဲ့အတူ ရိုက်ချိုးသွားခဲ့ပါတယ်။

ထင်မှတ်မထားတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ဂျာမနီဟာ ယူရိုခြေစစ်ပွဲမှာ ရုန်းကန်ရဖို့ဖြစ်လာခဲ့သလို ချယ်လ်ဆီးနည်းပြ လမ်းပတ်နဲ့ တူဟယ်လ်ရဲ့ လက်အောက်မှာ ပြိုင်ပွဲစုံ ၁၀ ဂိုးသာသွင်းထားနိုင်တဲ့ ဗာနာရဲ့ ခြေစွမ်းဟာ လက်ရွေးစင်အဆင့်မှာလည်း ထူးမခြားနားဇာတ်တခုလိုပဲ သူ့ရဲ့ပရိသတ်တွေကို အတော်လေး စိတ်ညစ်ညူးစေခဲ့တာပါ။

DUISBURG, GERMANY – MARCH 31: Ilkay Guendogan of Germany reacts after Timo Werner of Germany misses a chance to shoot a goal during the FIFA World Cup 2022 Qatar qualifying match between Germany and North Macedonia on March 31, 2021 in Duisburg, Germany. (Photo by Boris Streubel/Getty Images)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ယူ႐ိုဖလားေျခစစ္ပြဲမွာ ဂ်ာမဏီအသင္းဟာ ေျမာက္မက္ဆီဒိုးနီးယားအသင္းကို အံ့အားသင့္ဖြယ္ရာ ရႈံးနိမ့္ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ ဂ်ာမနီတိုက္စစ္မႉး တီမို ဗာနာဟာ အပိုင္အခြင့္အေရးေကာင္းကို လြဲေခ်ာ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး သူ႔ရဲ႕ အဆုံးသတ္ပိုင္းညံ့ဖ်င္းမႈကို ပရိသတ္ေတြ အေတာ္ေလး စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ၾကေၾကာင္း သိရွိရပါတယ္။

ဂိုးေပါက္ေရွ႕မွာ ဗာနာရဲ႕ယုံၾကည္မႈေပ်ာက္ဆုံးေနမႈဟာ ႐ုပ္ပ်က္ဆင္းပ်က္အဆင့္အထိ ေရာက္လာၿပီလို႔ ပရိသတ္ေတြက ညည္းတြားခဲ့တာျဖစ္ၿပီး ဒီအျမင္က လြဲမွားတယ္လို႔လည္း မဆိုႏိုင္သလို ခ်ယ္လ္ဆီးအသင္းမွာ တိုက္စစ္မႉး ဒေရာ့ဘာေနာက္ပိုင္း “တိုက္စစ္မႈးက်ိန္စာသင့္” ေနတယ္လို႔ ခ်ယ္လ္ဆီးအမာခံေတြက စိတ္ပ်က္လက္ပ်က္ ညည္းညဴခဲ့ၾကတာပါ။

စတမ္းဖို႔ဒ္ဘရစ္ခ်္ေျမကို ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္အသစ္ေတြ သယ္ေဆာင္ၿပီး ေရာက္ရွိလာခဲ့တဲ့ ဗာနာဟာ ေျမာက္လန္ဒန္အရပ္မွာေတာ့ တိုက္စစ္မႉးအျဖစ္ စိတ္ခ်ရေလာက္ေအာင္အထိ မစြမ္းေဆာင္နိင္ခဲ့ဘဲ ထင္သေလာက္မေပါက္ခဲ့ပါဘူး။

မိမိတို႔ကလပ္အသင္းက ကစားသမားေတြကို ႏိုင္ငံတကာအဆင့္မွာ ​ေျခစြမ္းျပတာကို ျမင္ေတြ႕ခံစားခ်င္တဲ့ ခ်ယ္လ္ဆီးပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကိုလည္း ဗာနာက ၿပီးခဲ့တဲ့ညက ဂ်ာမနီအတြက္ အႀကီးမားဆုံး ဂိုးေပါက္လြဲေခ်ာ္မႈနဲ႔အတူ ႐ိုက္ခ်ိဳးသြားခဲ့ပါတယ္။

ထင္မွတ္မထားတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့တဲ့ ဂ်ာမနီဟာ ယူ႐ိုေျခစစ္ပြဲမွာ ႐ုန္းကန္ရဖို႔ျဖစ္လာခဲ့သလို ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္နဲ႔ တူဟယ္လ္ရဲ႕ လက္ေအာက္မွာ ၿပိဳင္ပြဲစုံ ၁၀ ဂိုးသာသြင္းထားႏိုင္တဲ့ ဗာနာရဲ႕ ေျခစြမ္းဟာ လက္ေ႐ြးစင္အဆင့္မွာလည္း ထူးမျခားနားဇာတ္တခုလိုပဲ သူ႔ရဲ႕ပရိသတ္ေတြကို အေတာ္ေလး စိတ္ညစ္ညဴးေစခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.