Premier League

ဟာလန်းနဲ့ ဘာဆာအပြောင်းအရွှေ့အတွက် အေးဂျင့် ရွိုင်အိုလာ ဘာစီလိုနာကို ရောက်ရှိလာ

ဒေါ့မန်တိုက်စစ်မှူးဖြစ်တဲ့ နော်ဝေဂိုးသွင်းစက် အာလင်း ဟာလန်းရဲ့ ဖခင် Alf-Inge နဲ့ ကစားသမားရဲ့ အေးဂျင့် မီနို ရွိုင်အိုလာတို့ဟာ ဟာလန်းရဲ့အပြောင်းအရွှေ့ကိစ္စ ဆောင်ရွက်ဖို့ ဘာစီလိုနာရောက်ရှိနေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

စပိန်သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဥက္ကဌ လာပေါ့တာရဲ့ ညာလက်ရုံးဟာ ဟာလန်းရဲ့ဖခင်နဲ့ အေးဂျင့်တို့ကို လေဆိပ်မှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ သိရှိရပြီး ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ကာ အကြိုသဘောတူညီမှုတွေရယူခဲ့တယ်လို့ တင်ပြသွားခဲ့တာပါ။

ဘာစီလိုနာအသင်းနဲ့ ရွိုင်အိုလာတို့ရဲ့ ဆက်ဆံရေးဟာ ယူနိုက်တက်၊ မန်စီးတီးတို့နဲ့ မတူခြားနားစွာပဲ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတရပ်ကို ပိုင်ဆိုင်ထားကြတာဖြစ်ပြီး ဒီအချက်ကပဲ ဟာလန်းနဲ့ ဘာစီလိုနာတို့ရဲ့ ​အပြောင်းအရွှေ့မှာ တွန်းအားတရပ်ဖြစ်လာမယ်လို့ သုံးသပ်သူတွေက ယုံကြည်ထားကြတာပါ။

ဘုဘောက်ပြောတတ်တဲ့ ရွိုင်အိုလာကို သိမ်းသွင်းထားနိုင်တဲ့ ဘာစီလိုနာဟာ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့စရိတ် ကြီးကြီးမားမား အသုံးပြုနိုင်စွမ်း မရှိရင်တောင်မှ ဟာလန်းနဲ့ လက်တွဲခွင့် ရသွားဖွယ်ရှိတယ်လို့ သုံးသပ်ခံထားရပါတယ်။

ဘာစီလိုနာအနေနဲ့ ပေါင်သန်းရာချီပြီး ထုတ်သုံးဖို့ မဖြစ်နိုင်တဲ့ ဘဏ္ဍာရေးအကျပ်အတည်းက ဟာလန်းနဲ့ အပြောင်းအရွှေ့ကို ဆုံးဖြတ်ပေးနိုင်ဖို့ အလားအလာနည်းနေပြီး ကစားသမားရဲ့ ဆန္ဒကိုက ဘာစီလိုနာဖြစ်နေလို့ ဒါဟာ အောင်မြင်မှုတခုအဖြစ် သီးပွင့်လာနိုင်​ခြေကိုလည်း တွေ့နေရတယ်။

ဒါ့အပြင် ဟာလန်းရဲ့ ကစားသမားဘဝအနာဂတ်မှာ ရှေ့ရေးကို အမြော်အမြင်ရှိရှိနဲ့ ကြည့်တယ်မယ်ဆိုရင် ဘာစီလိုနာအသင်းက သူနဲ့ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်တယ်လို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ နေဝင်ဘုရင်ဖြစ်လာမယ့် မက်ဆီရဲ့ နေရာကိုဆက်ခံဖို့ ဟာလန်းအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်သလို အများထင်နေသလို စပိန်ကို ပြောင်းရွှေ့ရောက်ရှိသွားမလား ဆိုတာတော့ စောင့်ကြည့်စရာဖြစ်လာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေဒါ့မန္တိုက္စစ္မႉးျဖစ္တဲ့ ေနာ္ေဝဂိုးသြင္းစက္ အာလင္း ဟာလန္းရဲ႕ ဖခင္ Alf-Inge နဲ႔ ကစားသမားရဲ႕ ေအးဂ်င့္ မီႏို ႐ြိဳင္အိုလာတို႔ဟာ ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕ကိစၥ ေဆာင္႐ြက္ဖို႔ ဘာစီလိုနာေရာက္ရွိေနၿပီျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပလာပါတယ္။

စပိန္သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဥကၠဌ လာေပါ့တာရဲ႕ ညာလက္႐ုံးဟာ ဟာလန္းရဲ႕ဖခင္နဲ႔ ေအးဂ်င့္တို႔ကို ေလဆိပ္မွာ လာေရာက္ေတြ႕ဆုံခဲ့တယ္လို႔ သိရွိရၿပီး ေဆြးေႏြးေျပာဆိုမႈေတြ ျပဳလုပ္ကာ အႀကိဳသေဘာတူညီမႈေတြရယူခဲ့တယ္လို႔ တင္ျပသြားခဲ့တာပါ။

ဘာစီလိုနာအသင္းနဲ႔ ႐ြိဳင္အိုလာတို႔ရဲ႕ ဆက္ဆံေရးဟာ ယူႏိုက္တက္၊ မန္စီးတီးတို႔နဲ႔ မတူျခားနားစြာပဲ အလြန္ေကာင္းမြန္တဲ့ ဆက္ဆံေရးတရပ္ကို ပိုင္ဆိုင္ထားၾကတာျဖစ္ၿပီး ဒီအခ်က္ကပဲ ဟာလန္းနဲ႔ ဘာစီလိုနာတို႔ရဲ႕ ​အေျပာင္းအေ႐ႊ႕မွာ တြန္းအားတရပ္ျဖစ္လာမယ္လို႔ သုံးသပ္သူေတြက ယုံၾကည္ထားၾကတာပါ။

ဘုေဘာက္ေျပာတတ္တဲ့ ႐ြိဳင္အိုလာကို သိမ္းသြင္းထားႏိုင္တဲ့ ဘာစီလိုနာဟာ လာမယ့္ေႏြရာသီမွာ အေျပာင္းအေ႐ႊ႕စရိတ္ ႀကီးႀကီးမားမား အသုံးျပဳႏိုင္စြမ္း မရွိရင္ေတာင္မွ ဟာလန္းနဲ႔ လက္တြဲခြင့္ ရသြားဖြယ္ရွိတယ္လို႔ သုံးသပ္ခံထားရပါတယ္။

ဘာစီလိုနာအေနနဲ႔ ေပါင္သန္းရာခ်ီၿပီး ထုတ္သုံးဖို႔ မျဖစ္ႏိုင္တဲ့ ဘ႑ာေရးအက်ပ္အတည္းက ဟာလန္းနဲ႔ အေျပာင္းအေ႐ႊ႕ကို ဆုံးျဖတ္ေပးႏိုင္ဖို႔ အလားအလာနည္းေနၿပီး ကစားသမားရဲ႕ ဆႏၵကိုက ဘာစီလိုနာျဖစ္ေနလို႔ ဒါဟာ ေအာင္ျမင္မႈတခုအျဖစ္ သီးပြင့္လာႏိုင္​ေျခကိုလည္း ေတြ႕ေနရတယ္။

ဒါ့အျပင္ ဟာလန္းရဲ႕ ကစားသမားဘဝအနာဂတ္မွာ ေရွ႕ေရးကို အေျမာ္အျမင္ရွိရွိနဲ႔ ၾကည့္တယ္မယ္ဆိုရင္ ဘာစီလိုနာအသင္းက သူနဲ႔ အသင့္ေတာ္ဆုံးေ႐ြးခ်ယ္မႈျဖစ္တယ္လို႔ တိုက္တြန္းမႈေတြလည္း ရွိေနပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ေနဝင္ဘုရင္ျဖစ္လာမယ့္ မက္ဆီရဲ႕ ေနရာကိုဆက္ခံဖို႔ ဟာလန္းအတြက္ ႀကိဳတင္ျပင္ဆင္ေနတာျဖစ္သလို အမ်ားထင္ေနသလို စပိန္ကို ေျပာင္းေ႐ႊ႕ေရာက္ရွိသြားမလား ဆိုတာေတာ့ ေစာင့္ၾကည့္စရာျဖစ္လာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.