Premier League Transfer News

30 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကြိုးစားနေပြီး ဒီရည်မှန်းချက် မအောင်မြင်ခဲ့ရတော့ ဘက်တစ်ကစားသမား နာဘီလ် ဖီကီယာအပြင် နော့ဝစ်ချ်ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာကိုလည်း အရန်အစီအစဉ်အဖြစ် သတ်မှတ်ထား။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဂိုးသမား လီနို၊ နောက်ခံလူ ဂါဘရီယယ်လ်နဲ့ တီယာနီ၊ ကွင်းလယ်လူ ပါတေးနဲ့ စမစ်ရိုး၊ တောင်ပံကစားသမား ဆာကာတို့ ၆ ဦးကိုသာ သူ့ရဲ့ အမာခံကစားသမားတွေအဖြစ် ရှုမြင်ထားပြီး ကျန်တဲ့ ၅ နေရာအတွက် ကစားသမားသစ်တွေနဲ့ လက်ရှိကစားသမားတွေထဲက ခြေစွမ်းပြနိုင်သူကို ဘတ်ဂျက်အရ ချိန်ညှိသုံးစွဲသွားဖို့ စီစဉ်နေ။

– အီဂျစ်လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေ သွားရောက်ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီ အနေနဲ့ နည်းပြ ဟော့ဆမ် အယ်လ်ဘာဒရီနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး သူ့ကို ပွဲထွက် ၁၁ ယောက်ထဲ ထည့်သွင်းခြင်း မပြုခဲ့တာအတွက် လူစားဝင်ကစားခိုင်းတာကို ငြင်းဆန်သွားခဲ့။

– အသင်းရဲ့ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေပြီး အသက်အရွယ်ကြီးရင့်လာတဲ့ နာမည်ကြီးတိုက်စစ်မှူးနှစ်ဦးနေရာမှာ အစားထိုးဖို့အတွက် ဖီအိုရင်တီးနားအသင်းမှာ ခြေစွမ်းပြသနေတဲ့ ဆားဘီးယားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို ဥရောပအသင်းကြီးတချို့နဲ့အပြိုင် ခေါ်ယူဖို့ ပစ်မှတ်ထားနေ။

– အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို လုပ်ခကြီးကြီးပေးပြီး သက်တမ်းတိုးခဲ့တာဟာ အမ်းမရိတ်ကို နည်းပြ မီခယ်လ် အာတီတာလိုချင်တဲ့ ကစားသမားတွေ ရောက်ရှိလာအောင် မျှားစာအနေနဲ့ အသုံးချနိုင်ဖို့သာဖြစ်ပြီး တကယ်တမ်းမှာ အသင်းရဲ့ အဓိက ကစားသမားအဖြစ်ထက် တစ်ဆင့်နိမ့်တဲ့ အနေအထားမှာသာ သတ်မှတ်ထားကြောင်း သုံးသပ်နေကြ။

– ဝက်စ်ဘရွန်းအသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်က ဒီအသင်းမှာ ကစားခွင့်များများ ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်စကားဆိုလိုက်ပြီး သူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ ခြေစွမ်းတိုးတက်လာခဲ့တယ်လို့ ခံစားမိကြောင်း ပြောကြားသွား။

– အာဆင်နယ်နဲ့ စပါးစ်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းရဲ့ ဗဟိုနောက်ခံလူ အီဗန် အန်ဒစ်ကာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ စီစဉ်နေပြီး စာချုပ်လျော်ကြေးအဖြစ် ပေါင် ၂၃ သန်း ထည့်သွင်းသွားမယ်လို့ သတင်းထွက်ပေါ်လာ။

– အာဆင်နယ်အသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားရဲ့ မိခင်အနေနဲ့ အထူးကြပ်မတ်ကုသဆောင် ICU ထဲကို တင်ပို့ ကုသခဲ့ရတဲ့အတွက် ဥရုဂွေးလက်ရွေးစင်အသင်းက ခွင့်နဲ့ ပြန်လည်စေလွှတ်ပေးခဲ့။

– စတုဂတ်အသင်းရဲ့ အားကစားဒါရိုက်တာ ဆဗင် မစ်စ်လင်တက်က သူတို့အနေနဲ့ နောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်ကို အာဆင်နယ်ဆီက နောက်ထပ်တစ်ရာသီ ဆက်လက်ငှားရမ်းသွားလိုကြောင်း ထုတ်ဖော်သွားခဲ့ပြီး ကစားသမားကလည်း သူ့ရဲ့ ကစားခွင့်နဲ့ ဂျာမနီရဲ့ ရာသီဥတုကို သဘောကျနေပြီး ဆက်လက်ကစားလိုကြောင်း ဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဆီကေန ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူႏိုင္ဖို႔ အရွိန္ျမႇင့္ႀကိဳးစားေနၿပီး ဒီရည္မွန္းခ်က္ မေအာင္ျမင္ခဲ့ရေတာ့ ဘက္တစ္ကစားသမား နာဘီလ္ ဖီကီယာအျပင္ ေနာ့ဝစ္ခ်္ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာကိုလည္း အရန္အစီအစဥ္အျဖစ္ သတ္မွတ္ထား။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဂိုးသမား လီႏို၊ ေနာက္ခံလူ ဂါဘရီယယ္လ္နဲ႔ တီယာနီ၊ ကြင္းလယ္လူ ပါေတးနဲ႔ စမစ္႐ိုး၊ ေတာင္ပံကစားသမား ဆာကာတို႔ ၆ ဦးကိုသာ သူ႔ရဲ႕ အမာခံကစားသမားေတြအျဖစ္ ရႈျမင္ထားၿပီး က်န္တဲ့ ၅ ေနရာအတြက္ ကစားသမားသစ္ေတြနဲ႔ လက္ရွိကစားသမားေတြထဲက ေျခစြမ္းျပႏိုင္သူကို ဘတ္ဂ်က္အရ ခ်ိန္ညႇိသုံးစြဲသြားဖို႔ စီစဥ္ေန။

– အီဂ်စ္လက္ေ႐ြးစင္အသင္းနဲ႔အတူ ႏိုင္ငံတကာပြဲစဥ္ေတြ သြားေရာက္ကစားေနတဲ့ အာဆင္နယ္ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီ အေနနဲ႔ နည္းျပ ေဟာ့ဆမ္ အယ္လ္ဘာဒရီနဲ႔ ျပႆနာျဖစ္ပြားခဲ့ၿပီး သူ႔ကို ပြဲထြက္ ၁၁ ေယာက္ထဲ ထည့္သြင္းျခင္း မျပဳခဲ့တာအတြက္ လူစားဝင္ကစားခိုင္းတာကို ျငင္းဆန္သြားခဲ့။

– အသင္းရဲ႕ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြျဖစ္ေနၿပီး အသက္အ႐ြယ္ႀကီးရင့္လာတဲ့ နာမည္ႀကီးတိုက္စစ္မႉးႏွစ္ဦးေနရာမွာ အစားထိုးဖို႔အတြက္ ဖီအိုရင္တီးနားအသင္းမွာ ေျခစြမ္းျပသေနတဲ့ ဆားဘီးယားတိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ဥေရာပအသင္းႀကီးတခ်ိဳ႕နဲ႔အၿပိဳင္ ေခၚယူဖို႔ ပစ္မွတ္ထားေန။

– အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို လုပ္ခႀကီးႀကီးေပးၿပီး သက္တမ္းတိုးခဲ့တာဟာ အမ္းမရိတ္ကို နည္းျပ မီခယ္လ္ အာတီတာလိုခ်င္တဲ့ ကစားသမားေတြ ေရာက္ရွိလာေအာင္ မွ်ားစာအေနနဲ႔ အသုံးခ်ႏိုင္ဖို႔သာျဖစ္ၿပီး တကယ္တမ္းမွာ အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ထက္ တစ္ဆင့္နိမ့္တဲ့ အေနအထားမွာသာ သတ္မွတ္ထားေၾကာင္း သုံးသပ္ေနၾက။

– ဝက္စ္ဘ႐ြန္းအသင္းကို အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္က ဒီအသင္းမွာ ကစားခြင့္မ်ားမ်ား ရရွိခဲ့တဲ့အတြက္ ေက်းဇူးတင္စကားဆိုလိုက္ၿပီး သူ႔အေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္နဲ႔အတူ ေျခစြမ္းတိုးတက္လာခဲ့တယ္လို႔ ခံစားမိေၾကာင္း ေျပာၾကားသြား။

– အာဆင္နယ္နဲ႔ စပါးစ္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ ဘြန္ဒက္စ္လီဂါကလပ္ ဖရန႔္ဖတ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ အီဗန္ အန္ဒစ္ကာအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးျမႇင့္သြားဖို႔ စီစဥ္ေနၿပီး စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ေပါင္ ၂၃ သန္း ထည့္သြင္းသြားမယ္လို႔ သတင္းထြက္ေပၚလာ။

– အာဆင္နယ္အသင္းကေန အက္သလက္တီကို မက္ဒရစ္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားရဲ႕ မိခင္အေနနဲ႔ အထူးၾကပ္မတ္ကုသေဆာင္ ICU ထဲကို တင္ပို႔ ကုသခဲ့ရတဲ့အတြက္ ဥ႐ုေဂြးလက္ေ႐ြးစင္အသင္းက ခြင့္နဲ႔ ျပန္လည္ေစလႊတ္ေပးခဲ့။

– စတုဂတ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဆဗင္ မစ္စ္လင္တက္က သူတို႔အေနနဲ႔ ေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို အာဆင္နယ္ဆီက ေနာက္ထပ္တစ္ရာသီ ဆက္လက္ငွားရမ္းသြားလိုေၾကာင္း ထုတ္ေဖာ္သြားခဲ့ၿပီး ကစားသမားကလည္း သူ႔ရဲ႕ ကစားခြင့္နဲ႔ ဂ်ာမနီရဲ႕ ရာသီဥတုကို သေဘာက်ေနၿပီး ဆက္လက္ကစားလိုေၾကာင္း ဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.