Premier League Transfer News

30 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းက အလိုရှိနေခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ရောင်းချသွားဖို့ မရှိဘဲ အသင်းရဲ့ ဒီရာသီ စီးရီအေ ချန်ပီယံဆုကို ရယူပြီးရင် ပိုမိုကောင်းမွန်တောင့်တင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်ဖို့သာ ရည်ရွယ်ထားကြောင်း အင်တာမီလန် တာဝန်ရှိသူတွေက တုံ့ပြန်သွား။

– မန်ချက်စတာစီးတီးနဲ့ City Football Group တို့အနေနဲ့ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်ရဲ့ တောင်ပံတိုက်စစ်မှူး ဝက်စ်လီကို ခေါ်ယူဖို့ ကြိုးစားနေပြီး ယူရို ၁၂ သန်းနဲ့ ဒီရာသီကုန်မှာ အရောင်းအဝယ်ဖြစ်နိုင်ကြောင်း ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျော်ဂျီ နီကိုလာက သတင်းပေးပို့သွားခဲ့။

– မန်စီးတီးအသင်းကနေ ရာသီကုန်မှာ အနားယူဖွယ်ရှိနေတဲ့ ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ညိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် အာဂျင်တီးနားကလပ် ရေးဗားပလိတ်ရဲ့ ကွင်းလယ်လူ နီကိုလတ်စ် ဒီလာခရုဇ်ကို စောင့်ကြည့်နေပြီး အသက် ၂၃ နှစ်အရွယ် ဥရုဂွေးသား အတွက် ပေါင် ၁၈ သန်းတန် လျော်ကြေးစာချုပ်ရှိနေကြာင်းဆို။

– ပြီးခဲ့တဲ့ မတ်လအတွင်း ကစားခဲ့တဲ့ ကလပ်အသင်းပွဲစဉ်တွေအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ မန်ချက်စတာစီးတီးပရိသတ်တွေက ရွေးချယ်ပေးအပ်တဲ့ အစ်တီဟတ် တစ်လတာ အကောင်းဆုံးဆုကို ဆွတ်ခူးရရှိသွားခဲ့။

– မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စီးတီးအသင်းတွေ လူငယ်လူကောင်းလေးတွေကို ရှာဖွေပေးရာမှာ စွမ်းဆောင်ရည် မြင့်မြင့်မားမား ပြသခဲ့တဲ့ ကစားသမားခေါ်ယူရေး တာဝန်ခံ စတီဖင် အာဂျီဝိုလီကို သူတို့ရဲ့ လူငယ်အကယ်ဒမီအတွက် ကစားသမားရှာဖွေရာမှာ ဦးဆောင်စေဖို့ ချဉ်းကပ်နေ။

– အသင်းပြောင်းရွှေ့လာပြီး အသင်းသစ်အတွက် ကြီးကြီးမားမား အကျိုးပြုနိုင်သူတွေထဲမှာ အမြင့်မားဆုံးအဖြစ် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းတွေက ကစားသမားတွေထက် ကျော်လွန်ပြီး မန်စီးတီးနောက်ခံလူ ရူဘင် ဒီယက်စ်က ရွေးချယ်ခံခဲ့ရပြီး ကျစ်လျစ်မာကျောခဲ့တဲ့ နောက်တန်းက သက်သေဖြစ်ခဲ့။

– အသင်းလိုက်ကစားပုံ ကောင်းမွန်ခြင်းမရှိဘဲ ခံစစ်ပိုင်းက ပေးဂိုးတွေ များနေခဲ့သလို သူ့ရဲ့ ဦးဆောင်သွင်းဂိုးတွေကိုလည်း နိုင်ပွဲမရစေဘဲ အလဟဿလုပ်ပစ်ခဲ့တဲ့ ဒေါ့မွန်အသင်းကို တိုက်စစ်မှူး အာလင်း ဟားလန်းက စိတ်ပျက်နေပြီဖြစ်ပြီး လာမယ့် နွေရာသီမှာ အသင်းက ထွက်ခွာဖို့ ကြိုးစားသွားဖွယ်ရှိနေပြီး မန်စီးတီးတို့အတွက် အချက်ပေးသံဖြစ်လာ။

– မန်ချက်စတာစီးတီးအသင်းပရိသတ်တွေအနေနဲ့ အသင်းကို ပရီးမီးယားလိဂ် ဆုဖလားနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး ထာဝရ ဂိုးသွင်းဘုရင် အဖြစ် ရှိနေတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ အစ်တီဟတ်အနာဂတ်ဟာ ပြီးဆုံးသွားခဲ့ပြီလို့ ထင်မြင်နေကြပြီး စာချုပ်သက်တမ်းမတိုးဘဲ ထွက်ခွာခိုင်းဖို့ အကြံပြုနေကြ။

– တည်ငြိမ်မှုနဲ့ စွမ်းဆောင်ရည်ကို ယုံစားလို့ မရတဲ့ ဘင်ဂျမင် မန်ဒီနဲ့ တိုက်စစ်တောင်ပံကစားသမားအဖြစ်ကနေ နောက်ကို ဆင်းကစားနေရတဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့ရဲ့ ဘယ်နောက်ခံနေရာအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ စပို့တင်း လစ္စဘွန်း လူငယ်နောက်ခံလူ နူနို မန်ဒက်စ်ကို အလိုရှိနေပြီး နွေရာသီမှာ အားဖြည့်သွားဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းက အလိုရွိေနခဲ့တဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ေရာင္းခ်သြားဖို႔ မရွိဘဲ အသင္းရဲ႕ ဒီရာသီ စီးရီေအ ခ်န္ပီယံဆုကို ရယူၿပီးရင္ ပိုမိုေကာင္းမြန္ေတာင့္တင္းတဲ့အသင္းျဖစ္ေအာင္ တည္ေဆာက္ဖို႔သာ ရည္႐ြယ္ထားေၾကာင္း အင္တာမီလန္ တာဝန္ရွိသူေတြက တုံ႔ျပန္သြား။

– မန္ခ်က္စတာစီးတီးနဲ႔ City Football Group တို႔အေနနဲ႔ ဘရာဇီးလ္ကလပ္ ပါးလ္မီးရပ္စ္ရဲ႕ ေတာင္ပံတိုက္စစ္မႉး ဝက္စ္လီကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး ယူ႐ို ၁၂ သန္းနဲ႔ ဒီရာသီကုန္မွာ အေရာင္းအဝယ္ျဖစ္ႏိုင္ေၾကာင္း ေဘာလုံးဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ေဂ်ာ္ဂ်ီ နီကိုလာက သတင္းေပးပို႔သြားခဲ့။

– မန္စီးတီးအသင္းကေန ရာသီကုန္မွာ အနားယူဖြယ္ရွိေနတဲ့ ကြင္းလယ္အဖ်က္ကစားသမား ဖာနန္ဒင္ညိဳရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ အာဂ်င္တီးနားကလပ္ ေရးဗားပလိတ္ရဲ႕ ကြင္းလယ္လူ နီကိုလတ္စ္ ဒီလာခ႐ုဇ္ကို ေစာင့္ၾကည့္ေနၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ဥ႐ုေဂြးသား အတြက္ ေပါင္ ၁၈ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ရွိေနၾကာင္းဆို။

– ၿပီးခဲ့တဲ့ မတ္လအတြင္း ကစားခဲ့တဲ့ ကလပ္အသင္းပြဲစဥ္ေတြအတြက္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြက ေ႐ြးခ်ယ္ေပးအပ္တဲ့ အစ္တီဟတ္ တစ္လတာ အေကာင္းဆုံးဆုကို ဆြတ္ခူးရရွိသြားခဲ့။

– ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ စီးတီးအသင္းေတြ လူငယ္လူေကာင္းေလးေတြကို ရွာေဖြေပးရာမွာ စြမ္းေဆာင္ရည္ ျမင့္ျမင့္မားမား ျပသခဲ့တဲ့ ကစားသမားေခၚယူေရး တာဝန္ခံ စတီဖင္ အာဂ်ီဝိုလီကို သူတို႔ရဲ႕ လူငယ္အကယ္ဒမီအတြက္ ကစားသမားရွာေဖြရာမွာ ဦးေဆာင္ေစဖို႔ ခ်ဥ္းကပ္ေန။

– အသင္းေျပာင္းေ႐ႊ႕လာၿပီး အသင္းသစ္အတြက္ ႀကီးႀကီးမားမား အက်ိဳးျပဳႏိုင္သူေတြထဲမွာ အျမင့္မားဆုံးအျဖစ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ၿပိဳင္ဘက္ပရီးမီးယားလိဂ္အသင္းေတြက ကစားသမားေတြထက္ ေက်ာ္လြန္ၿပီး မန္စီးတီးေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က ေ႐ြးခ်ယ္ခံခဲ့ရၿပီး က်စ္လ်စ္မာေက်ာခဲ့တဲ့ ေနာက္တန္းက သက္ေသျဖစ္ခဲ့။

– အသင္းလိုက္ကစားပုံ ေကာင္းမြန္ျခင္းမရွိဘဲ ခံစစ္ပိုင္းက ေပးဂိုးေတြ မ်ားေနခဲ့သလို သူ႔ရဲ႕ ဦးေဆာင္သြင္းဂိုးေတြကိုလည္း ႏိုင္ပြဲမရေစဘဲ အလဟႆလုပ္ပစ္ခဲ့တဲ့ ေဒါ့မြန္အသင္းကို တိုက္စစ္မႉး အာလင္း ဟားလန္းက စိတ္ပ်က္ေနၿပီျဖစ္ၿပီး လာမယ့္ ေႏြရာသီမွာ အသင္းက ထြက္ခြာဖို႔ ႀကိဳးစားသြားဖြယ္ရွိေနၿပီး မန္စီးတီးတို႔အတြက္ အခ်က္ေပးသံျဖစ္လာ။

– မန္ခ်က္စတာစီးတီးအသင္းပရိသတ္ေတြအေနနဲ႔ အသင္းကို ပရီးမီးယားလိဂ္ ဆုဖလားနဲ႔ စတင္မိတ္ဆက္ေပးခဲ့ၿပီး ထာဝရ ဂိုးသြင္းဘုရင္ အျဖစ္ ရွိေနတဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုရဲ႕ အစ္တီဟတ္အနာဂတ္ဟာ ၿပီးဆုံးသြားခဲ့ၿပီလို႔ ထင္ျမင္ေနၾကၿပီး စာခ်ဳပ္သက္တမ္းမတိုးဘဲ ထြက္ခြာခိုင္းဖို႔ အႀကံျပဳေနၾက။

– တည္ၿငိမ္မႈနဲ႔ စြမ္းေဆာင္ရည္ကို ယုံစားလို႔ မရတဲ့ ဘင္ဂ်မင္ မန္ဒီနဲ႔ တိုက္စစ္ေတာင္ပံကစားသမားအျဖစ္ကေန ေနာက္ကို ဆင္းကစားေနရတဲ့ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတို႔ရဲ႕ ဘယ္ေနာက္ခံေနရာအတြက္ မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ စပို႔တင္း လစၥဘြန္း လူငယ္ေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို အလိုရွိေနၿပီး ေႏြရာသီမွာ အားျဖည့္သြားဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.