Premier League Transfer News

29 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းမှာ ပျော်ရွှင်နေပြီး ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အတွက် နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ရီးရဲလ်မက်ဒရစ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားဖို့ ပြင်ဆင်နေပြီး အပြီးသတ် ခေါ်ယူဖို့ သဘောတူညီချက် မရရင်တောင်မှာ နောက်ထပ် တစ်ရာသီ အငှားသက်တမ်းတိုးနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေ။

– သတင်းတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ ပေါင်သန်း ၃၀ နဲ့ သဘောတူညီနိုင်ခဲ့ပေမယ့် တွန့်ဆုတ်နေခဲ့ပြီး အငှားနဲ့ ခေါ်ယူတဲ့ အမှားအယွင်း ပြုလုပ်ခဲ့ပြီးတဲ့နောက် လက်ရှိ အချိန်မှာတော့ ခြေစွမ်းအရ ပေါင်သန်း ၅၀ ကနေ စတင်ပေးချေရနိုင်ကြောင်း သိရ။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ကွင်းလယ်လူ ဂရာနစ် ချာကာအတွက် အသင်းသစ် ရှာဖွေပေးနိုင်ခဲ့မယ်ဆိုရင် ရှက်ဖီးလ်ဒ် ယူနိုက်တက်အသင်းရဲ့ နော်ဝေကွင်းလယ်လူ ဆန်ဒါ ဘာဂါကို သူ့ရဲ့ နိုင်ငံအသင်းခေါင်းဆောင်ရှိရာ အမ်းမရိတ်ကို ခေါ်ယူသွားဖို့ စီစဉ်နေ။

– စတုဂတ်အသင်းကို နှစ်ရာသီအငှားနဲ့ သွားရောက်ကစားအပြီးမှာ အသင်းကို တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာလည်း ခြေစွမ်းပြနိုင်ခဲ့မှုကြောင့် နောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်အနေနဲ့ ဂရိလက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းခေါင်းဆောင်ဟောင်း တိုနီ အက်ဒမ်စ်ရဲ့ ဝေဖန်မှုဖြစ်တဲ့ အော်ဒီဂွါဒ်ဟာ အီမီးလ် စမစ်ရိုးရဲ့ တက်လမ်းကို ပိတ်ဆို့ထားစေမယ်ဆိုတဲ့ အချက်ကို ပယ်ချလိုက်ပြီး အသင်းတစ်သင်းမှာ ကွဲပြားတဲ့ အစီအစဉ်တွေရှိပြီး အသင်းလူစာရင်းကိုလည်း တောင့်တင်းဖို့နဲ့ ဟန်ချက်ညီဖို့ လုပ်ဆောင်တတ်ရတယ်လို့ နည်းပြအဖြစ် မအောင်မြင်သေးတဲ့သူကို သာသာနဲ့နာနာ တုံ့ပြန်သွားခဲ့။

– အင်တာမီလန်နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီအပေါ် အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုကို ညာနောက်ခံလူဟောင်း ဘာကာရီ ဆက်ညာက အံ့ဩချီးကျူးသွားခဲ့ပြီး မော်ရိုကိုနောက်ခံလူရဲ့ တိုက်စစ်ပိုင်းကို မမောမပန်း ပံ့ပိုးနိုင်မှုအတွက်လည်း သဘောကျကြောင်းဆို။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းအတွက် ငွေကြေးချွေတာမယ်ဆိုရင်တော့ နွေရာသီမှာ အသင်းက ထွက်ခွာသွားနိုင်တဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ မာတင် အော်ဒီဂွါဒ်တို့ရဲ့ နှစ်ယောက်စာကို Cover လုပ်ပေးနိုင်မယ့် အသက် ၂၇ နှစ်အရွယ် ကွင်းလယ် တိုက်စစ်သမား နာဘီလ် ဖီကီယာကို ဘက်တစ်အသင်းကနေ ပေါင် ၂၆ သန်းနဲ့ ခေါ်ယူသွားဖို့ ရှိနေ။

– မီခယ်လ် အာတီတာအနေနဲ့ ကွင်းလယ်လူ အော်ဒီဂွါဒ်ကို အပြီးသတ် မခေါ်ယူနိုင်ဘူးဆိုရင် လူစာရင်းမှာ အဓိကနေရာကို မပေးသင့်ဘူးလို့ ပေါလ်မာဆန်ရဲ့ ဝေဖန်ခဲ့မှုကို ပရိသတ်တွေက တွစ်တာမှာ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပြီး အငှားစာချုပ်ရဲ့သဘောကို နားမလည်ဘဲ ရူးရူးနှမ်းနှမ်းပြောဆိုမှုလို့ ရေးသားခဲ့ကြ။

– ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ အာဆင်နယ်က နောက်ဆုံးအသင်းအဖြစ် ပါဝင်လာခဲ့ပြီး မန်ချက်စတာမြို့ခံအသင်းတွေနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေသလို လန်ဒန်အင်အားကြီး စပါးစ်၊ ချဲလ်ဆီးတို့တွေကလည်း စိတ်ဝင်စားနေ။

– နောက်ခံလူဟောင်း ဆက်ညာက ဟက်တာ ဘယ်လာရင်အနေနဲ့ အသင်းကနေ ထွက်ခွာသင့်ပြီဖြစ်ပြီး လက်ရှိအနေအထားဟာ အသင်းနဲ့ ကစားသမားနှစ်ဦးနှစ်ဖက်အတွက် လမ်းခွဲလိုက်တာက ပိုမိုကောင်းမွန်နိုင်သလို စိန်ခေါ်မှုသစ်တွေကို ရှာဖွေသွားဖို့ တိုက်တွန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းမွာ ေပ်ာ္႐ႊင္ေနၿပီး ေျခစြမ္းျပသေနတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အတြက္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ရီးရဲလ္မက္ဒရစ္တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးသြားဖို႔ ျပင္ဆင္ေနၿပီး အၿပီးသတ္ ေခၚယူဖို႔ သေဘာတူညီခ်က္ မရရင္ေတာင္မွာ ေနာက္ထပ္ တစ္ရာသီ အငွားသက္တမ္းတိုးႏိုင္ဖို႔ ႀကိဳးစားသြားဖြယ္ရွိေန။

– သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ ေပါင္သန္း ၃၀ နဲ႔ သေဘာတူညီႏိုင္ခဲ့ေပမယ့္ တြန႔္ဆုတ္ေနခဲ့ၿပီး အငွားနဲ႔ ေခၚယူတဲ့ အမွားအယြင္း ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ လက္ရွိ အခ်ိန္မွာေတာ့ ေျခစြမ္းအရ ေပါင္သန္း ၅၀ ကေန စတင္ေပးေခ်ရႏိုင္ေၾကာင္း သိရ။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအတြက္ အသင္းသစ္ ရွာေဖြေပးႏိုင္ခဲ့မယ္ဆိုရင္ ရွက္ဖီးလ္ဒ္ ယူႏိုက္တက္အသင္းရဲ႕ ေနာ္ေဝကြင္းလယ္လူ ဆန္ဒါ ဘာဂါကို သူ႔ရဲ႕ ႏိုင္ငံအသင္းေခါင္းေဆာင္ရွိရာ အမ္းမရိတ္ကို ေခၚယူသြားဖို႔ စီစဥ္ေန။

– စတုဂတ္အသင္းကို ႏွစ္ရာသီအငွားနဲ႔ သြားေရာက္ကစားအၿပီးမွာ အသင္းကို တန္းတက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ဘြန္ဒက္စ္လီဂါမွာလည္း ေျခစြမ္းျပႏိုင္ခဲ့မႈေၾကာင့္ ေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္အေနနဲ႔ ဂရိလက္ေ႐ြးစင္အသင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရ။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း တိုနီ အက္ဒမ္စ္ရဲ႕ ေဝဖန္မႈျဖစ္တဲ့ ေအာ္ဒီဂြါဒ္ဟာ အီမီးလ္ စမစ္႐ိုးရဲ႕ တက္လမ္းကို ပိတ္ဆို႔ထားေစမယ္ဆိုတဲ့ အခ်က္ကို ပယ္ခ်လိုက္ၿပီး အသင္းတစ္သင္းမွာ ကြဲျပားတဲ့ အစီအစဥ္ေတြရွိၿပီး အသင္းလူစာရင္းကိုလည္း ေတာင့္တင္းဖို႔နဲ႔ ဟန္ခ်က္ညီဖို႔ လုပ္ေဆာင္တတ္ရတယ္လို႔ နည္းျပအျဖစ္ မေအာင္ျမင္ေသးတဲ့သူကို သာသာနဲ႔နာနာ တုံ႔ျပန္သြားခဲ့။

– အင္တာမီလန္ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီအေပၚ အာဆင္နယ္အသင္းရဲ႕ စိတ္ဝင္စားမႈကို ညာေနာက္ခံလူေဟာင္း ဘာကာရီ ဆက္ညာက အံ့ဩခ်ီးက်ဴးသြားခဲ့ၿပီး ေမာ္႐ိုကိုေနာက္ခံလူရဲ႕ တိုက္စစ္ပိုင္းကို မေမာမပန္း ပံ့ပိုးႏိုင္မႈအတြက္လည္း သေဘာက်ေၾကာင္းဆို။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းအတြက္ ေငြေၾကးေခြၽတာမယ္ဆိုရင္ေတာ့ ေႏြရာသီမွာ အသင္းက ထြက္ခြာသြားႏိုင္တဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔ရဲ႕ ႏွစ္ေယာက္စာကို Cover လုပ္ေပးႏိုင္မယ့္ အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္ တိုက္စစ္သမား နာဘီလ္ ဖီကီယာကို ဘက္တစ္အသင္းကေန ေပါင္ ၂၆ သန္းနဲ႔ ေခၚယူသြားဖို႔ ရွိေန။

– မီခယ္လ္ အာတီတာအေနနဲ႔ ကြင္းလယ္လူ ေအာ္ဒီဂြါဒ္ကို အၿပီးသတ္ မေခၚယူႏိုင္ဘူးဆိုရင္ လူစာရင္းမွာ အဓိကေနရာကို မေပးသင့္ဘူးလို႔ ေပါလ္မာဆန္ရဲ႕ ေဝဖန္ခဲ့မႈကို ပရိသတ္ေတြက တြစ္တာမွာ ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾကၿပီး အငွားစာခ်ဳပ္ရဲ႕သေဘာကို နားမလည္ဘဲ ႐ူး႐ူးႏွမ္းႏွမ္းေျပာဆိုမႈလို႔ ေရးသားခဲ့ၾက။

– ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္မႉး ေပၚလို ဒီဘားလားကို ေခၚယူခ်င္တဲ့ အသင္းေတြထဲမွာ အာဆင္နယ္က ေနာက္ဆုံးအသင္းအျဖစ္ ပါဝင္လာခဲ့ၿပီး မန္ခ်က္စတာၿမိဳ႕ခံအသင္းေတြနဲ႔အၿပိဳင္ ေခၚယူရဖြယ္ရွိေနသလို လန္ဒန္အင္အားႀကီး စပါးစ္၊ ခ်ဲလ္ဆီးတို႔ေတြကလည္း စိတ္ဝင္စားေန။

– ေနာက္ခံလူေဟာင္း ဆက္ညာက ဟက္တာ ဘယ္လာရင္အေနနဲ႔ အသင္းကေန ထြက္ခြာသင့္ၿပီျဖစ္ၿပီး လက္ရွိအေနအထားဟာ အသင္းနဲ႔ ကစားသမားႏွစ္ဦးႏွစ္ဖက္အတြက္ လမ္းခြဲလိုက္တာက ပိုမိုေကာင္းမြန္ႏိုင္သလို စိန္ေခၚမႈသစ္ေတြကို ရွာေဖြသြားဖို႔ တိုက္တြန္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.