Premier League Transfer News

28 Mar ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ အသက် ၃၀ နားကပ်နေတဲ့ ကစားသမားတွေအတွက် ငွေများများသုံးလေ့မရှိပေမယ့် သူတို့အသင်းအနေနဲ့ အတွေ့အကြုံနဲ့ ခြေစွမ်းမကျသေးတဲ့သူတွေကိုတော့ ခေါ်ယူနေတယ်ဆိုတာ ကွင်းလယ်လူ သီယာဂိုက သက်သေဖြစ်ခဲ့တာကြောင့် နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို နွေရာသီမှာ ကမ်းလှမ်းနိုင်တယ်လို့ ခန့်မှန်းနေကြ။

– ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရတော့ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ နောက်ခံလူ အိုဇန် ကာဘက်ခ်ရဲ့ အနာဂတ်က အန်းဖီးလ်မှာ မရှိနိုင်တော့ဘူးလို့ သိရပြီး သူ့အစား တိုရီနိုနောက်ခံလူ ဝီလ်ဖရီး ဆင်ဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– ဘိုင်ယန်မြူးနစ်အသင်းတစ်သင်းတည်းမှာ တစ်သက်လုံးကစားသွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားတာမျိုး မဟုတ်ဘဲ သူအနေနဲ့ တစ်ချိန်မှာ အသင်းပြောင်းရွှေ့နိုင်ပြီး လီဗာပူးလ်ကို ရောက်သွားတဲ့ သီယာဂိုလိုမျိုး ဖြစ်နိုင်ကြောင်း ကွင်းလယ်တိုက်စစ်မှူး သောမတ်စ် မူလာက ထုတ်ဖော်သွားခဲ့။

– ဆားဘီးယားအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ခေါင်းတိုက်ဂိုးနှစ်ဂိုးကို ပါးပါးနပ်နပ်နဲ့ လှလှပပသွင်းယူပေးခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဒီယိုဂို ဂျိုတာရဲ့ စွမ်းဆောင်ရည်ကို လီဗာပူးလ်ပရိသတ်တွေက သဘောကျနေကြပြီး အန်းဖီးလ်ကို ဆက်လက် ယူဆောင်လာနိုင်ဖို့ မျှော်လင့်ကြောင်းဆိုနေကြ။

– စကော့တလန်ချန်ပီယံ ပူပူနွေးနွေး ရိန်းဂျားစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဂျာမိန်း ဒီဖိုးက သူတို့ရဲ့နည်းပြ စတီဗင် ဂျရတ်ဟာ မကြာခင် အချိန်အတွင်းမှာ လီဗာပူးလ်အသင်းရဲ့ နည်းပြရာထူးကို ဆက်ခံသွားဖို့ ဆန္ဒပြင်းပြနေတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့။

– မိုဟာမက် ဆာလားအနေနဲ့ နွေရာသီမှာ ယှဉ်ပြိုင်ကစားမယ့် အီဂျစ်အိုလံပစ်ဘောလုံးအသင်းရဲ့ လူစာရင်းမှာ အသက်ကျော်လွန်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာမယ်လို့ နည်းပြ ရှော်ကီ ဂါရစ်ဘ်က အတည်ပြုခဲ့အပြီးမှာ ပြိုင်ပွဲမှာ ပါဝင်ရင် လီဗာပူးလ်အသင်းနဲ့ လမ်းခွဲရနိုင်ကြောင်း ခန့်မှန်းမှုတွေ မြင့်တက်လာ။

– နည်းပြ ယာဂန် ကလော့ပ်နဲ့ ဖရန့် ဒီဘိုးတို့အကြားမှာ ပြဿနာဖြစ်စေခဲ့တဲ့ လီဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျီးလ် ဗန်ဒိုက်အနေနဲ့ လန်းဆန်းတက်ကြွနေသလို ကြံ့ခိုင်မှု တိုးတက်ကောင်းမွန်နေပြီး နိုင်ငံ့ကိုယ်စားပြုဖို့အတွက်တော့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရဖွယ် ရှိနေကြောင်း လက်ရွေးစင်အသင်းဖော် မက်သိုင်းစ် ဒလစ်ထ် ပြောကြား။

– လီဗာပူးလ်အသင်းကနေ ဟာသာဘာလင်ကို အငှားနဲ့ သွားရောက်ကစားပြီး အောင်မြင်ခဲ့ပေမယ့် တူညီတဲ့ အပြာကျားဝတ်စုံအတွင်းမှာ ကစားရတဲ့ ပေါ်တိုအသင်းဆီ အငှားမှာတော့ ကွင်းလယ်လူ မာကို ဂရူယစ်ချ်ရဲ့ အားထုတ်မှုတွေက မအောင်မြင်ဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး နွေရာသီမှာ အသင်းဆီ ပြန်ရောက်လာမှာဖြစ်သလို နောက်ထပ်အသင်းသစ် ရှာဖွေရဖို့ရှိနေ။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ နွေရာသီမှာ ဗဟိုနောက်ခံလူသစ်တွေ ထပ်မံရှာဖွေဖို့ ပစ်မှတ်ထားနေသလို အငှားခေါ်ယူထားတဲ့ ကာဘက်ခ်ကို ရှော်လ်ကာ ပြန်ပို့ပြီး ဘန်ဒေးဗီးစ်ကိုလည်း မသုံးလိုကြောင်းနဲ့ ဂျိုယယ်လ် မာတစ်ပ်ကိုတော့ ရောင်းချသွားဖို့ အားကစား ဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ဆီ တောင်းဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ အသက္ ၃၀ နားကပ္ေနတဲ့ ကစားသမားေတြအတြက္ ေငြမ်ားမ်ားသုံးေလ့မရွိေပမယ့္ သူတို႔အသင္းအေနနဲ႔ အေတြ႕အႀကဳံနဲ႔ ေျခစြမ္းမက်ေသးတဲ့သူေတြကိုေတာ့ ေခၚယူေနတယ္ဆိုတာ ကြင္းလယ္လူ သီယာဂိုက သက္ေသျဖစ္ခဲ့တာေၾကာင့္ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေႏြရာသီမွာ ကမ္းလွမ္းႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

– ကြၽမ္းက်င္သူေတြရဲ႕ သုံးသပ္ခ်က္အရေတာ့ ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပႏိုင္ေပမယ့္ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ရဲ႕ အနာဂတ္က အန္းဖီးလ္မွာ မရွိႏိုင္ေတာ့ဘူးလို႔ သိရၿပီး သူ႔အစား တိုရီႏိုေနာက္ခံလူ ဝီလ္ဖရီး ဆင္ဂိုကို ေခၚယူဖို႔ စိတ္ဝင္စားေန။

– ဘိုင္ယန္ျမဴးနစ္အသင္းတစ္သင္းတည္းမွာ တစ္သက္လုံးကစားသြားမယ္လို႔ သႏၷိ႒ာန္ခ်မွတ္ထားတာမ်ိဳး မဟုတ္ဘဲ သူအေနနဲ႔ တစ္ခ်ိန္မွာ အသင္းေျပာင္းေ႐ႊ႕ႏိုင္ၿပီး လီဗာပူးလ္ကို ေရာက္သြားတဲ့ သီယာဂိုလိုမ်ိဳး ျဖစ္ႏိုင္ေၾကာင္း ကြင္းလယ္တိုက္စစ္မႉး ေသာမတ္စ္ မူလာက ထုတ္ေဖာ္သြားခဲ့။

– ဆားဘီးယားအသင္းနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီအသင္းအတြက္ ေခါင္းတိုက္ဂိုးႏွစ္ဂိုးကို ပါးပါးနပ္နပ္နဲ႔ လွလွပပသြင္းယူေပးခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာရဲ႕ စြမ္းေဆာင္ရည္ကို လီဗာပူးလ္ပရိသတ္ေတြက သေဘာက်ေနၾကၿပီး အန္းဖီးလ္ကို ဆက္လက္ ယူေဆာင္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းဆိုေနၾက။

– စေကာ့တလန္ခ်န္ပီယံ ပူပူေႏြးေႏြး ရိန္းဂ်ားစ္အသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး ဂ်ာမိန္း ဒီဖိုးက သူတို႔ရဲ႕နည္းျပ စတီဗင္ ဂ်ရတ္ဟာ မၾကာခင္ အခ်ိန္အတြင္းမွာ လီဗာပူးလ္အသင္းရဲ႕ နည္းျပရာထူးကို ဆက္ခံသြားဖို႔ ဆႏၵျပင္းျပေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့။

– မိုဟာမက္ ဆာလားအေနနဲ႔ ေႏြရာသီမွာ ယွဥ္ၿပိဳင္ကစားမယ့္ အီဂ်စ္အိုလံပစ္ေဘာလုံးအသင္းရဲ႕ လူစာရင္းမွာ အသက္ေက်ာ္လြန္တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္လာမယ္လို႔ နည္းျပ ေရွာ္ကီ ဂါရစ္ဘ္က အတည္ျပဳခဲ့အၿပီးမွာ ၿပိဳင္ပြဲမွာ ပါဝင္ရင္ လီဗာပူးလ္အသင္းနဲ႔ လမ္းခြဲရႏိုင္ေၾကာင္း ခန႔္မွန္းမႈေတြ ျမင့္တက္လာ။

– နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ ဖရန႔္ ဒီဘိုးတို႔အၾကားမွာ ျပႆနာျဖစ္ေစခဲ့တဲ့ လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗာဂ်ီးလ္ ဗန္ဒိုက္အေနနဲ႔ လန္းဆန္းတက္ႂကြေနသလို ႀကံ့ခိုင္မႈ တိုးတက္ေကာင္းမြန္ေနၿပီး ႏိုင္ငံ့ကိုယ္စားျပဳဖို႔အတြက္ေတာ့ သူကိုယ္တိုင္ပဲ ဆုံးျဖတ္ရဖြယ္ ရွိေနေၾကာင္း လက္ေ႐ြးစင္အသင္းေဖာ္ မက္သိုင္းစ္ ဒလစ္ထ္ ေျပာၾကား။

– လီဗာပူးလ္အသင္းကေန ဟာသာဘာလင္ကို အငွားနဲ႔ သြားေရာက္ကစားၿပီး ေအာင္ျမင္ခဲ့ေပမယ့္ တူညီတဲ့ အျပာက်ားဝတ္စုံအတြင္းမွာ ကစားရတဲ့ ေပၚတိုအသင္းဆီ အငွားမွာေတာ့ ကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္ရဲ႕ အားထုတ္မႈေတြက မေအာင္ျမင္ဘူးလို႔ပဲ ဆိုရမွာျဖစ္ၿပီး ေႏြရာသီမွာ အသင္းဆီ ျပန္ေရာက္လာမွာျဖစ္သလို ေနာက္ထပ္အသင္းသစ္ ရွာေဖြရဖို႔ရွိေန။

– နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ေႏြရာသီမွာ ဗဟိုေနာက္ခံလူသစ္ေတြ ထပ္မံရွာေဖြဖို႔ ပစ္မွတ္ထားေနသလို အငွားေခၚယူထားတဲ့ ကာဘက္ခ္ကို ေရွာ္လ္ကာ ျပန္ပို႔ၿပီး ဘန္ေဒးဗီးစ္ကိုလည္း မသုံးလိုေၾကာင္းနဲ႔ ဂ်ိဳယယ္လ္ မာတစ္ပ္ကိုေတာ့ ေရာင္းခ်သြားဖို႔ အားကစား ဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္ဆီ ေတာင္းဆိုထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.