Premier League Transfer News

29 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းနှစ်သောင်းနဲ့ ဆွေးနွေးနေပြီလို့ ဆိုနေတဲ့ တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်နဲ့ လက်မှတ်ရေးထိုးဖို့ကို ဆိုင်းငံ့ထားဖို့ ပရိသတ်တွေက ဝိုင်းဝန်းတောင်းဆိုခဲ့ကြပြီး ရာသီကုန်အထိ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ဖို့ တိုက်တွန်းခဲ့ကြ။

– ချန်ပီယံလိဂ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သောမတ်စ် မူလာက အသင်းအနေနဲ့ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ဖို့ ကြိုးကြိုးစားစား လေ့ကျင့်ထားသင့်ကြောင်းနဲ့ သူတို့အကြောင်း ကောင်းကောင်းသိတဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာက အချိန်မရွေး အလဲထိုးနိုင်ကြောင်း ကြိုတင်သတိပေး။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ နွေရာသီမှာ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ခေါ်ယူဖို့ကိစ္စကို မေ့ပစ်ပြီး ဂျူဗင်တပ်စ်အသင်းကနေ ရောင်းချသွားဖို့ရှိနေတဲ့ အက်ဒရီယင် ရာဗျိုကို ဦးစားပေးစဉ်းစားသင့်သလို ပြင်သစ်သားဟာ ဂွါဒီယိုလာကို နည်းစနစ်ပိုင်းအရ ပိုမိုအကျိုးပြုမယ့်သူလို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– စီးတီးတို့အနေနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မယ့် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအတွက် စာချုပ်သစ် မကမ်းလှမ်းတာ မဟုတ်ဘဲ ကမ်းလှမ်းထားခဲ့ပေမယ့် လက်ရှိလစာငွေကို တော်တော်လေး လျှော့ယူရမယ့်အချက်ကို အာဂျင်တီးနားသားဘက်က သဘောမတူလို့ အောင်မြင်မှု မရခဲ့တာလို့ သိရ။

– အသင်းရဲ့ ဝါရင့်ကစားသမားတွေထဲက ကွင်းလယ်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားကို စာချုပ်သက်တမ်းတိုးဖို့ဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်ပြီး ဝါရင့်ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ညိုကိုတော့ အသင်းမှာ ဆက်လက်ကစားစေဖို့ထက် ဂွါဒီယိုလာရဲ့ နည်းပြအဖွဲ့ထဲမှာပဲ တစ်နေရာ ပေးအပ်သွားဖို့ စဉ်းစားထား။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက သူ့နဲ့ မြို့ခံပြိုင်ဘက်နောက်ခံလူ ဂျွန်စတုန်းစ်တို့ကြားထဲက ဆက်ဆံရေးကောင်းကို ထုတ်ဖော်သွားခဲ့ပြီး အင်္ဂလန်အသင်းဖော်ချင်းအနေနဲ့ ကစားပုံကောင်းတာကို တွေ့မြင်လိုပေမယ့် စီးတီးတို့ နိုင်ပွဲရတာကိုတော့ မတွေ့ချင်ဘူးလို့ ဝန်ခံသွားခဲ့။

– အင်တာမီလန်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းဆီကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး သူတို့အနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ပြန်လည်ရောင်းချပေးမယ်လို့ ညှိနှိုင်းလာကြောင်း သတင်းထွက်ပေါ်လာ။

– မန်ချက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြနေပြီး အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ နောက်ခံလူ ဂျွန်စတုန်းစ်က ဒီနွေရာသီမှာ အသင်းကို ရူဘင် ဒီယက်စ်နဲ့ နာသန် အာကေတို့လို ကစားသမားတွေ ရောက်ရှိလာမှုဟာ သူ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်စေခဲ့ပြီး ခုလိုမျိုး ခြေစွမ်းကို ပိုင်ဆိုင်နိုင်ခဲ့တာလို့ ထုတ်ဖော်သွား။

– ပရီးမီးယားလိဂ်အသင်းကြီးတချို့က ခေါ်ယူလိုနေတဲ့ တိုက်စစ်မှူး ဒန်နီအင်းစ်အတွက် ဆောက်သမ်တန်အသင်းအနေနဲ့ ပေါင်သန်း ၁၀၀ ပေးရမယ်လို့ ဈေးနှုန်းသတ်မှတ်လိုက်ပြီး မန်ချက်စတာစီးတီးအသင်းကပဲ သူတို့လူကို ခေါ်ယူသွားနိုင်လိမ့်မယ်လို့ သတင်းလွှင့်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းႏွစ္ေသာင္းနဲ႔ ေဆြးေႏြးေနၿပီလို႔ ဆိုေနတဲ့ ေတာင္ပံ ကစားသမား ရာဟင္းမ္ စတာလင္နဲ႔ လက္မွတ္ေရးထိုးဖို႔ကို ဆိုင္းငံ့ထားဖို႔ ပရိသတ္ေတြက ဝိုင္းဝန္းေတာင္းဆိုခဲ့ၾကၿပီး ရာသီကုန္အထိ ေျခစြမ္းျပႏိုင္မလား ေစာင့္ၾကည့္ဖို႔ တိုက္တြန္းခဲ့ၾက။

– ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းတစ္သင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ေသာမတ္စ္ မူလာက အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ဖို႔ ႀကိဳးႀကိဳးစားစား ေလ့က်င့္ထားသင့္ေၾကာင္းနဲ႔ သူတို႔အေၾကာင္း ေကာင္းေကာင္းသိတဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာက အခ်ိန္မေ႐ြး အလဲထိုးႏိုင္ေၾကာင္း ႀကိဳတင္သတိေပး။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေႏြရာသီမွာ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ေခၚယူဖို႔ကိစၥကို ေမ့ပစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကေန ေရာင္းခ်သြားဖို႔ရွိေနတဲ့ အက္ဒရီယင္ ရာဗ်ိဳကို ဦးစားေပးစဥ္းစားသင့္သလို ျပင္သစ္သားဟာ ဂြါဒီယိုလာကို နည္းစနစ္ပိုင္းအရ ပိုမိုအက်ိဳးျပဳမယ့္သူလို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– စီးတီးတို႔အေနနဲ႔ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းျပည့္မယ့္ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအတြက္ စာခ်ဳပ္သစ္ မကမ္းလွမ္းတာ မဟုတ္ဘဲ ကမ္းလွမ္းထားခဲ့ေပမယ့္ လက္ရွိလစာေငြကို ေတာ္ေတာ္ေလး ေလွ်ာ့ယူရမယ့္အခ်က္ကို အာဂ်င္တီးနားသားဘက္က သေဘာမတူလို႔ ေအာင္ျမင္မႈ မရခဲ့တာလို႔ သိရ။

– အသင္းရဲ႕ ဝါရင့္ကစားသမားေတြထဲက ကြင္းလယ္ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားကို စာခ်ဳပ္သက္တမ္းတိုးဖို႔ဟာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဦးစားေပး ရည္မွန္းခ်က္ျဖစ္ၿပီး ဝါရင့္ကြင္းလယ္အဖ်က္ကစားသမား ဖာနန္ဒင္ညိဳကိုေတာ့ အသင္းမွာ ဆက္လက္ကစားေစဖို႔ထက္ ဂြါဒီယိုလာရဲ႕ နည္းျပအဖြဲ႕ထဲမွာပဲ တစ္ေနရာ ေပးအပ္သြားဖို႔ စဥ္းစားထား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားက သူ႔နဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ေနာက္ခံလူ ဂြၽန္စတုန္းစ္တို႔ၾကားထဲက ဆက္ဆံေရးေကာင္းကို ထုတ္ေဖာ္သြားခဲ့ၿပီး အဂၤလန္အသင္းေဖာ္ခ်င္းအေနနဲ႔ ကစားပုံေကာင္းတာကို ေတြ႕ျမင္လိုေပမယ့္ စီးတီးတို႔ ႏိုင္ပြဲရတာကိုေတာ့ မေတြ႕ခ်င္ဘူးလို႔ ဝန္ခံသြားခဲ့။

– အင္တာမီလန္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းဆီကို ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္ခဲ့ၿပီး သူတို႔အေနနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ျပန္လည္ေရာင္းခ်ေပးမယ္လို႔ ညႇိႏႈိင္းလာေၾကာင္း သတင္းထြက္ေပၚလာ။

– မန္ခ်က္စတာစီးတီးအသင္းမွာ ေျခစြမ္းျပေနၿပီး အဂၤလန္အသင္းမွာ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္က ဒီေႏြရာသီမွာ အသင္းကို ႐ူဘင္ ဒီယက္စ္နဲ႔ နာသန္ အာေကတို႔လို ကစားသမားေတြ ေရာက္ရွိလာမႈဟာ သူ႔အတြက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေစခဲ့ၿပီး ခုလိုမ်ိဳး ေျခစြမ္းကို ပိုင္ဆိုင္ႏိုင္ခဲ့တာလို႔ ထုတ္ေဖာ္သြား။

– ပရီးမီးယားလိဂ္အသင္းႀကီးတခ်ိဳ႕က ေခၚယူလိုေနတဲ့ တိုက္စစ္မႉး ဒန္နီအင္းစ္အတြက္ ေဆာက္သမ္တန္အသင္းအေနနဲ႔ ေပါင္သန္း ၁၀၀ ေပးရမယ္လို႔ ေဈးႏႈန္းသတ္မွတ္လိုက္ၿပီး မန္ခ်က္စတာစီးတီးအသင္းကပဲ သူတို႔လူကို ေခၚယူသြားႏိုင္လိမ့္မယ္လို႔ သတင္းလႊင့္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.