Premier League

ဖာနန္ဒက္စ္နဲ႔ အီဂါလိုတို႔လိုလူေတြ လိုအပ္ေနတာလို႔ မက္ေတာ္မီေနးႀကဳိဆုိ

မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ဇန္နဝါရီအေျပာင္းအေရႊ႕မပိတ္သိမ္းခင္ေရာက္ရွိလာခဲ့တဲ့ တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုနဲ႔ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔လို ကစားသမားေတြ အမွန္တကယ္လိုအပ္ေနတာျဖစ္ၿပီး မိမိအေနနဲ႔ ႀကဳိဆုိေၾကာင္း ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးက ေျပာၾကားလုိက္ပါတယ္။

“သူတုိ႔ကို ပထမဆုံးေတြ႕လုိက္ရတဲ့ အေတြ႕အႀကဳံမွာတင္ ကစားသမားေကာင္းေတြဆုိတာ ေကာင္းေကာင္းႀကီးေျပာႏုိင္ပါတယ္”လို႔ မက္ေတာ္မီေနးက ဆုိခဲ့ၿပီး “သူတုိ႔ဟာ မန္ခ်က္စတာယူႏုိက္တက္မွာ လိုအပ္ေနတဲ့ လူေကာင္းသူေကာင္းေတြျဖစ္တယ္ဆုိတာေတာ့ ေသခ်ာပါတယ္” လို႔လည္း ေျပာၾကားသြားခဲ့ပါတယ္။

အားလပ္ရက္ရေနတဲ့ အသင္းသားေတြအေနနဲ႔ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔မွာ အသင္းဆီ ျပန္လည္ပူးေပါင္းရမွာျဖစ္ၿပီး အဲ့ဒီေနာက္ တစ္ပတ္ေလာက္အၾကာမွာ ဒဏ္ရာကေန ျပန္လည္ သက္သာလာႏိုင္တဲ့ အသက္ ၂၃ ႏွစ္အရြယ္ စေကာ့တလန္သားက အျမန္ဆုံးတြဲကစားခ်င္ေနၿပီလို႔လည္း ဆုိပါတယ္။

“သူတုိ႔က တကယ္လည္း သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာႏုိင္တဲ့သူမ်ဳိးလုိ႔ ခံစားရပါတယ္။ တစ္ခ်ိန္မွာ ကၽြန္ေတာ္တုိ႔ အတူတူ ညစာထြက္စားဖို႔ ေမွ်ာ္လင့္ထားပါတယ္”လုိ႔လည္း မက္ေတာ္မီေနးက ေျပာခဲ့ၿပီး အသင္းအတြက္လည္း အမ်ားႀကီးေမွ်ာ္လင့္ထားတယ္လို႔ သူက ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းတြက္ ပရီးမီးယားလိဂ္ ၂၂ ပြဲမွာ ၁၄ ဂုိး ရယူေပးထားတဲ့ အဓိကတုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႕ဒ္ရဲ႕ ေက်ာဒဏ္ရာက လအနည္းငယ္ေလာက္ ၾကာျမင့္ႏိုင္တာမို႔ ႏုိင္ဂ်ီးရီးယားတုိက္စစ္မွဴး အီဂါလိုကို အေျပာင္းအေရႊ႕ေနာက္ဆုံးအခ်ိန္မွာ ကပ္ၿပီး အားျဖည့္ခဲ့ရတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းမှာ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်သိမ်းခင်ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုနဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်တို့လို ကစားသမားတွေ အမှန်တကယ်လိုအပ်နေတာဖြစ်ပြီး မိမိအနေနဲ့ ကြိုဆိုကြောင်း ကွင်းလယ်လူ စကော့ မက်တော်မီနေးက ပြောကြားလိုက်ပါတယ်။

“သူတို့ကို ပထမဆုံးတွေ့လိုက်ရတဲ့ အတွေ့အကြုံမှာတင် ကစားသမားကောင်းတွေဆိုတာ ကောင်းကောင်းကြီးပြောနိုင်ပါတယ်”လို့ မက်တော်မီနေးက ဆိုခဲ့ပြီး “သူတို့ဟာ မန်ချက်စတာယူနိုက်တက်မှာ လိုအပ်နေတဲ့ လူကောင်းသူကောင်းတွေဖြစ်တယ်ဆိုတာတော့ သေချာပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

အားလပ်ရက်ရနေတဲ့ အသင်းသားတွေအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အသင်းဆီ ပြန်လည်ပူးပေါင်းရမှာဖြစ်ပြီး အဲ့ဒီနောက် တစ်ပတ်လောက်အကြာမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာနိုင်တဲ့ အသက် ၂၃ နှစ်အရွယ် စကော့တလန်သားက အမြန်ဆုံးတွဲကစားချင်နေပြီလို့လည်း ဆိုပါတယ်။

“သူတို့က တကယ်လည်း သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်တဲ့သူမျိုးလို့ ခံစားရပါတယ်။ တစ်ချိန်မှာ ကျွန်တော်တို့ အတူတူ ညစာထွက်စားဖို့ မျှော်လင့်ထားပါတယ်”လို့လည်း မက်တော်မီနေးက ပြောခဲ့ပြီး အသင်းအတွက်လည်း အများကြီးမျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတွက် ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ၁၄ ဂိုး ရယူပေးထားတဲ့ အဓိကတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ကျောဒဏ်ရာက လအနည်းငယ်လောက် ကြာမြင့်နိုင်တာမို့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုကို အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ကပ်ပြီး အားဖြည့်ခဲ့ရတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.