Premier League Transfer News

26 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့နေရာအတွက် လာမယ့်ပွဲတွေမှာ အာမက် ဂျယ်လိုနဲ့ အစားထိုးသွားဖို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက စဉ်းစားနေပြီး အိုင်ဗရီကို့စ်သားလေးအနေနဲ့ မန်ချက်စတာယူနိုက်တက် အရန်အသင်းပွဲစဉ်တွေမှာ ခြေစွမ်းပြသထားနိုင်ခဲ့။

– လာမယ့်ရာသီမှာ အသုံးပြုမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဝေးကွင်းအင်္ကျီသစ်ကို အွန်လိုင်းမီဒီယာတွေမှာ ပေါက်ကြားခဲ့ပြီး အဖြူနဲ့ပေါ်မှာ အပြာရောင် အတွန့်ချိုးထားတဲ့ မျဉ်းကြောင်းတွေအပြင် ရင်ဘတ်စပွန်ဆာအဖြစ် ကွန်ပျူတာဆော့ဝဲကုမ္ပဏီ Team Viewer က ပါဝင်လာခဲ့ပြီး အက်ဒီးဒတ်စ်ရဲ့ အစင်းသုံးကြောင်းလိုဂိုအစား ၁၉၇၂ နှစ်မှာ စတင်ခဲ့တဲ့ Trefoil ပဲရွက်ပုံ လိုဂိုကိုလည်း အသုံးပြုထားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် ဥရောပအသင်းကြီးတွေက အလိုရှိနေခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကို လက်လွှတ်ဖို့ တွန့်ဆုတ်နေခဲ့တဲ့ ဒေါ့မွန်အသင်းအနေနဲ့ နော်ဝေသားအတွက် ယူရိုသန်း ၁၈၀ ဈေးနှုန်းသတ်မှတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ သူရနေတာထက် ကစားသမားတွေကို လစာနှုန်းပိုမပေးဖို့ ပြောခဲ့ဖူးတဲ့ ဆာအဲလက်စ် ဖာဂူဆန်အတွက် စိတ်ပျက်စရာတစ်ခုအဖြစ် စကော့တလန်သား ဂန္ထဝင်နည်းပြကြီးထက် ပိုမိုတဲ့ လစာငွေနဲ့ နည်းပြ ဆိုးလ်ရှားကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေ။

– လီဗာပူးလ်အသင်းရဲ့အိမ်ကွင်း အန်းဖီးလ်မှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီး သူတို့တွေကို ချန်ပီယံလိဂ်က ဖြုတ်ချခဲ့ဖူးတဲ့ ကွင်းလယ်လူ မားကို့စ် ယော်ရန်တေးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး အသက် ၂၆ နှစ်အရွယ် စပိန်သားအတွက် ပေါင်သန်း ၆၀ ကနေ ၆၅ သန်းကြား ကျသင့်ဖွယ်ရှိနေ။

– ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောအနေနဲ့ မတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ဆန်ကာတင်စာရင်း ၈ ဦးထဲမှာ ပါဝင်နိုင်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့လည်း တစ်လတာအကောင်းဆုံးဆုအတွက် ပဏာမ ရွေးချယ်ထားတဲ့ နည်းပြစာရင်း ၄ ဦးထဲကို ပါဝင်နေခဲ့။

– အသင်းအားကစားဒါရိုက်တာ ဂျွန်မာတပ်ဖ်နဲ့ ပြဿနာဖြစ်ပွားပြီး ၁၇ နာရီအကြာမှာ နုတ်ထွက်ခဲ့တဲ့ ယူနိုက်တက်ပထမအသင်း တိုးတက်မှုတာဝန်ခံ နစ်ကီဘတ်အနေနဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပြီး အိုးလ်ထရက်ဖို့ဒ်ကို အဝင်အထွက်လွဲခဲ့သူနှစ်ဦး ဆုံစည်းနိုင်ဖွယ်ရှိနေ။

– ဆန်မာရီနိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပွဲချိန်ပြည့်ကစားခဲ့ပြီး အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင် ဂိုးသွင်းယူဖို့ ဖန်တီးပေးနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းက ယူနိုက်တက်အငှားကစားသမား ဂျက်ဆီ လင်ဂတ်ကို အင်္ဂလန်နည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်က ချီးကျူးသွားခဲ့။

– ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းရဲ့ ဈေးနှုန်းကြီးမြင့်မှုကြောင့် ယူနိုက်တက်တို့ လက်ရှောင်ဖွယ်ရှိနေပြီး လာမယ့်နွေရာသီမှာ ဖရန့်ဖတ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကို ပြောင်းလဲခေါ်ယူသွားဖို့အတွက် ဘာစီလိုနာအသင်းနဲ့ ပြိုင်ဆိုင်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အဂၤလန္အသင္းရဲ႕ လူစာရင္းကေန ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ခဲ့ရတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ေနရာအတြက္ လာမယ့္ပြဲေတြမွာ အာမက္ ဂ်ယ္လိုနဲ႔ အစားထိုးသြားဖို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက စဥ္းစားေနၿပီး အိုင္ဗရီကို႔စ္သားေလးအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ အရန္အသင္းပြဲစဥ္ေတြမွာ ေျခစြမ္းျပသထားႏိုင္ခဲ့။

– လာမယ့္ရာသီမွာ အသုံးျပဳမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အေဝးကြင္းအက်ႌသစ္ကို အြန္လိုင္းမီဒီယာေတြမွာ ေပါက္ၾကားခဲ့ၿပီး အျဖဴနဲ႔ေပၚမွာ အျပာေရာင္ အတြန႔္ခ်ိဳးထားတဲ့ မ်ဥ္းေၾကာင္းေတြအျပင္ ရင္ဘတ္စပြန္ဆာအျဖစ္ ကြန္ပ်ဴတာေဆာ့ဝဲကုမၸဏီ Team Viewer က ပါဝင္လာခဲ့ၿပီး အက္ဒီးဒတ္စ္ရဲ႕ အစင္းသုံးေၾကာင္းလိုဂိုအစား ၁၉၇၂ ႏွစ္မွာ စတင္ခဲ့တဲ့ Trefoil ပဲ႐ြက္ပုံ လိုဂိုကိုလည္း အသုံးျပဳထားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအပါအဝင္ ဥေရာပအသင္းႀကီးေတြက အလိုရွိေနခဲ့တဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းကို လက္လႊတ္ဖို႔ တြန႔္ဆုတ္ေနခဲ့တဲ့ ေဒါ့မြန္အသင္းအေနနဲ႔ ေနာ္ေဝသားအတြက္ ယူ႐ိုသန္း ၁၈၀ ေဈးႏႈန္းသတ္မွတ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ သူရေနတာထက္ ကစားသမားေတြကို လစာႏႈန္းပိုမေပးဖို႔ ေျပာခဲ့ဖူးတဲ့ ဆာအဲလက္စ္ ဖာဂူဆန္အတြက္ စိတ္ပ်က္စရာတစ္ခုအျဖစ္ စေကာ့တလန္သား ဂႏၴဝင္နည္းျပႀကီးထက္ ပိုမိုတဲ့ လစာေငြနဲ႔ နည္းျပ ဆိုးလ္ရွားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေန။

– လီဗာပူးလ္အသင္းရဲ႕အိမ္ကြင္း အန္းဖီးလ္မွာ ႏွစ္ဂိုးသြင္းယူေပးခဲ့ၿပီး သူတို႔ေတြကို ခ်န္ပီယံလိဂ္က ျဖဳတ္ခ်ခဲ့ဖူးတဲ့ ကြင္းလယ္လူ မားကို႔စ္ ေယာ္ရန္ေတးကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းက စိတ္ဝင္စားေနၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ စပိန္သားအတြက္ ေပါင္သန္း ၆၀ ကေန ၆၅ သန္းၾကား က်သင့္ဖြယ္ရွိေန။

– ယူႏိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူ လုခ္ေရွာအေနနဲ႔ မတ္လအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားဆု ဆန္ကာတင္စာရင္း ၈ ဦးထဲမွာ ပါဝင္ႏိုင္ခဲ့ၿပီး နည္းျပ ဆိုးလ္ရွားအေနနဲ႔လည္း တစ္လတာအေကာင္းဆုံးဆုအတြက္ ပဏာမ ေ႐ြးခ်ယ္ထားတဲ့ နည္းျပစာရင္း ၄ ဦးထဲကို ပါဝင္ေနခဲ့။

– အသင္းအားကစားဒါ႐ိုက္တာ ဂြၽန္မာတပ္ဖ္နဲ႔ ျပႆနာျဖစ္ပြားၿပီး ၁၇ နာရီအၾကာမွာ ႏုတ္ထြက္ခဲ့တဲ့ ယူႏိုက္တက္ပထမအသင္း တိုးတက္မႈတာဝန္ခံ နစ္ကီဘတ္အေနနဲ႔ တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္နီ ကိုင္တြယ္ေနတဲ့ ဒါဘီေကာင္တီအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေနၿပီး အိုးလ္ထရက္ဖို႔ဒ္ကို အဝင္အထြက္လြဲခဲ့သူႏွစ္ဦး ဆုံစည္းႏိုင္ဖြယ္ရွိေန။

– ဆန္မာရီႏိုနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာ ပြဲခ်ိန္ျပည့္ကစားခဲ့ၿပီး အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ ဂိုးသြင္းယူဖို႔ ဖန္တီးေပးႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္းက ယူႏိုက္တက္အငွားကစားသမား ဂ်က္ဆီ လင္ဂတ္ကို အဂၤလန္နည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္က ခ်ီးက်ဴးသြားခဲ့။

– ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းရဲ႕ ေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ ယူႏိုက္တက္တို႔ လက္ေရွာင္ဖြယ္ရွိေနၿပီး လာမယ့္ေႏြရာသီမွာ ဖရန႔္ဖတ္အသင္းရဲ႕ ေပၚတူဂီတိုက္စစ္မႉး အန္ဒရီ ေဆးလ္ဗားကို ေျပာင္းလဲေခၚယူသြားဖို႔အတြက္ ဘာစီလိုနာအသင္းနဲ႔ ၿပိဳင္ဆိုင္သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.