Premier League Transfer News

27 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်မှာ အသက် ၃၀ အတွင်းကို ချဉ်းနင်းဝင်ရောက်လာနေကြတဲ့ ကီဗင် ဒီဘရိုင်းနား၊ အစ်လ်ကေ ဂွန်ဒိုးဝမ်နဲ့ ရီယက် မာရက်ဇ်တို့နေရာကို အစားဝင်နိုင်ဖို့ အက်စ်တန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေ။

– ဘာစီလိုနာနဲ့ မန်ချက်စတာစီးတီးအသင်းတွေအနေနဲ့ စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ ရိုမီလူ လူကာကူးကို ခေါ်ယူဖို့ ပေါင်သန်း ၈၀ အထက် ပေးချေသွားဖို့ ဆန္ဒရှိနေပေမယ့် အင်တာမီလန်အသင်းကတော့ ရောင်းချလိုစိတ်မရှိကြောင်း သိရ။

– အင်္ဂလန်အသင်းရဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ကစားရတဲ့ ဆန်မာရီနိုနဲ့ ပွဲစဉ်မှာ မန်ချက်စတာမြို့ခံနှစ်သင်းက ကစားသမားနှစ်ဦးကို ပရိသတ်တွေ ရှုတ်ချခဲ့ကြပြီး ဂျက်ဆီ လင်ဂတ်နဲ့ ရာဟင်းမ် စတာလင်တို့ဟာ ကစားကွက်ထဲ မပါဘဲ တစ်ကိုယ်ကောင်းဆန်စွာ ကစားနေတယ်လို့ ဝေဖန်ခဲ့ကြ။

– လာမယ့်နွေရာသီမှာ ယူရိုသန်း ၁၈၀ (ပေါင် ၁၅၄ သန်း) ကျသင့်မယ်လို့ ဒေါ့မွန်ဘက်က သတိပေးလိုက်တဲ့အတွက်ကြောင့် မန်စီးတီးအပါအဝင် ဥရောပအသင်းကြီးတွေအနေနဲ့ ၂၀၂၁ မှာ ဟားလန်းအတွက် လက်ရှောင်ကြဖွယ်ရှိပြီး ယူရို ၇၅ သန်းနဲ့ ရရှိနိုင်မယ့် ၂၀၂၂ ကို စောင့်မျှော်ကြဖွယ်ရှိနေ။

– မတ်လမကုန်ခင်မှာပဲ နိုင်ငံတကာပွဲတွေကြောင့် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုက စောစောစီးစီးမှာပဲ ပဏာမစာရင်း ထွက်ပေါ်လာပြီး အသင်းအတွက် နိုင်ပွဲနှစ်ပွဲမှာ သုံးဂိုးသွင်းယူပေးခဲ့တဲ့ အယ်လ်ဂျီးရီးယား တောင်ပံကစားသမား ရီယက် မာရက်ဇ် ပါဝင်နေ။

– လာမယ့်နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကနေ ရောင်းချဖွယ်ရှိနေတဲ့ ကွင်းလယ်လူ အက်ဒရီယင် ရာဗျိုကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေပြီး လာမယ့်ဧပြီလမှာ အသက် ၂၆ နှစ်ပြည့်မယ့် ပြင်သစ်သားအနေနဲ့လည်း ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လိုနေ။

– မန်စီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်ဟာ အင်္ဂလန်ဂန္ထဝင် ပေါလ် ဂက်စကွိုင်နောက်ပိုင်း လက်ရွေးစင်အသင်းဆီကို စိတ်လှုပ်ရှားစရာ ကစားပုံကို ပြန်လည်ယူဆောင်လာခဲ့သူဖြစ်ပြီး ဒီထက်ပိုကောင်းလာနိုင်သလို ထိပ်တန်းအဆင့်ကို တက်ရောက်ဦးမှာ ဖြစ်ကြောင်း လက်ရွေးစင်ဟောင်း ထရီဗာ ဖရန်စစ် ချီးကျူး။

– အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဝင်ဘလီကွင်းကြီးမှာ ပြိုင်ဘက် ချဲလ်ဆီးနဲ့ ကစားရမယ့်ရက်ကို ဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပြီဖြစ်ပြီး ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) စနေနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ယှဉ်ပြိုင်သွားကြဖို့ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ လူငယ်နောက်ခံလူ နူနို မန်ဒက်စ်ကို အရယူခေါ်ဖို့ သင့်ပြီး ယူရိုသန်း ၇၀ တန် လျော်ကြေးစာချုပ်နဲ့ ၁၈ နှစ်သားဟာ စီနီယာနောက်ခံလူ ဂျာအို ကန်ဆယ်လိုထက် သာလွန်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတယ်လို့ ဖာဘရီဇီယို ရိုမာနို ထောက်ပြတိုက်တွန်းသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: