Premier League

ရင်ထဲက ပေါက်ကွဲမှုနဲ့ မီးတောက်တွေအကြောင်း ထုတ်ဖော်ပြောပြလိုက်တဲ့ မေဆန်မောင့်

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း လမ်းပတ်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်တနေရာ အခိုင်အမာရယူခဲ့တဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ လမ်းပတ်ထုတ်ပယ်ခံရပြီးနောက် နည်းပြသစ်ဖြစ်လာတဲ့ တူဟယ်လ်ရဲ့ ပထမဆုံးပွဲစဥ်မှာပဲ အသင်းလူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရကာ အရန်ခုံကို အပို့ခံခဲ့ရလို့ ရင်ထဲမှာ အတော်လေးနာကျည်းခဲ့ရပြီး ဒါကပဲ သူ့ကို အခုလိုခြေစွမ်းပြစေဖို့ မီးတောက်တခုလို တွန်းအားဖြစ်စေခဲ့ကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

လက်ရှိမှာ တူဟယ်လ်ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ၃ လတာကာလအရ မေဆန်မောင့်ဟာ နည်းပြရဲ့ အဓိက ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး တောက်ပတဲ့ခြေစွမ်းကို ပြသနေတာပါ။ သူ့ရဲ့ အမြင့်ဆုံးခြေစွမ်းအဖြစ် အန်ဖီးလ်မြေမှာ လီဗာပူးလ်ကို သွင်းယူခဲ့တဲ့ အနိုင်ဂိုးကို မြင်နိုင်မှာဖြစ်သလို

“ဝုဗ်နဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရတဲ့ ကျွန်တော့်အတွက်က ဒီလိုချန်လှပ်ခံရတာမျိုးကို အရင်တည်းက ရင်ဆိုင်ဖူးပြီးသားပါ။ အသက် ၁၈၊ ၁၉ လောက်တုန်းက ဗီတက်ဆီ အန်ဟမ်းအသင်းမှာ အငှားထွက်ကစားတော့ အစပိုင်း တလ၊ နှစ်လလောက်က ကစားခွင့်တောင် မရခဲ့ပါဘူး။”

” ကျွန်တော့်အသင်းအတွက် ပေးဆပ်ကစားချင်စိတ်က ကျွန်တော့်ရင်ထဲမှာ မီးတောက်လို လောင်ကျွမ်းနေတယ်ဗျာ။ မန်နေဂျာသစ် တူဟယ်လ်ရဲ့ ပထမဆုံးပွဲစဥ်မှာပဲ ကျွန်တော့်ကို ချန်လှပ်ခဲ့တယ်။ ဒါကို ဆုံးဖြတ်ချက်တခုအနေနဲ့ သဘောပေါက် နားလည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ချယ်လ်ဆီးပထမလူစာရင်းထဲမှာ ငါရအောင်ပြန်ကစားမယ်လို့ ကြီးမားတဲ့ တွန်းအားဖြစ်စေခဲ့တာပါ။ ဒါဟာ ကျွန်တော့်ရင်ထဲက မီးတောက်ကြီးကို လောင်စာဖြည့်လိုက်သလိုပါပဲ”

“ကျွန်တော် ပွဲထွက်ခွင့်ရချိန်မှာ ကောင်းကောင်းအားထုတ်ခဲ့တယ်။ တကယ့်ကို အလုပ်​ကြိုးစားခဲ့တယ်။ ကျွန်တော်တို့အသင်းဟာ ခက်ခဲတဲ့ပွဲစဥ်တွေကို ကျော်လွှားအောင်မြင်ခဲ့တယ်။ ဒါက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကျွန်တော်တို့အသင်း အလုပ်ကြိုးစားခဲ့လို့ နည်းပြသစ်လက်ထက်မှာ အသင်းရဲ့ လမ်းကြောင်းသစ်တာထွက်က အတော်လေးလှပနေပါပြီ” လို့ ၂၂ နှစ်အရွယ် အင်္ဂလန်သားက ပြောပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပေဟာင္း လမ္းပတ္လက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္တေနရာ အခိုင္အမာရယူခဲ့တဲ့ ကြင္းလယ္ကစားသမား ေမဆန္ေမာင့္ဟာ လမ္းပတ္ထုတ္ပယ္ခံရၿပီးေနာက္ နည္းျပသစ္ျဖစ္လာတဲ့ တူဟယ္လ္ရဲ႕ ပထမဆုံးပြဲစဥ္မွာပဲ အသင္းလူစာရင္းကေန ဖယ္ထုတ္ခံခဲ့ရကာ အရန္ခုံကို အပို႔ခံခဲ့ရလို႔ ရင္ထဲမွာ အေတာ္ေလးနာက်ည္းခဲ့ရၿပီး ဒါကပဲ သူ႔ကို အခုလိုေျခစြမ္းျပေစဖို႔ မီးေတာက္တခုလို တြန္းအားျဖစ္ေစခဲ့ေၾကာင္း ထုတ္ေဖာ္ဝန္ခံသြားခဲ့ပါတယ္။

လက္ရွိမွာ တူဟယ္လ္ရဲ႕ ခ်ယ္လ္ဆီးနည္းျပဘဝ ၃ လတာကာလအရ ေမဆန္ေမာင့္ဟာ နည္းျပရဲ႕ အဓိက ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး ေတာက္ပတဲ့ေျခစြမ္းကို ျပသေနတာပါ။ သူ႔ရဲ႕ အျမင့္ဆုံးေျခစြမ္းအျဖစ္ အန္ဖီးလ္ေျမမွာ လီဗာပူးလ္ကို သြင္းယူခဲ့တဲ့ အႏိုင္ဂိုးကို ျမင္ႏိုင္မွာျဖစ္သလို

“ဝုဗ္နဲ႔ပြဲမွာ အရန္ခုံထိုင္ခဲ့ရတဲ့ ကြၽန္ေတာ့္အတြက္က ဒီလိုခ်န္လွပ္ခံရတာမ်ိဳးကို အရင္တည္းက ရင္ဆိုင္ဖူးၿပီးသားပါ။ အသက္ ၁၈၊ ၁၉ ေလာက္တုန္းက ဗီတက္ဆီ အန္ဟမ္းအသင္းမွာ အငွားထြက္ကစားေတာ့ အစပိုင္း တလ၊ ႏွစ္လေလာက္က ကစားခြင့္ေတာင္ မရခဲ့ပါဘူး။”

” ကြၽန္ေတာ့္အသင္းအတြက္ ေပးဆပ္ကစားခ်င္စိတ္က ကြၽန္ေတာ့္ရင္ထဲမွာ မီးေတာက္လို ေလာင္ကြၽမ္းေနတယ္ဗ်ာ။ မန္ေနဂ်ာသစ္ တူဟယ္လ္ရဲ႕ ပထမဆုံးပြဲစဥ္မွာပဲ ကြၽန္ေတာ့္ကို ခ်န္လွပ္ခဲ့တယ္။ ဒါကို ဆုံးျဖတ္ခ်က္တခုအေနနဲ႔ သေဘာေပါက္ နားလည္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ခ်ယ္လ္ဆီးပထမလူစာရင္းထဲမွာ ငါရေအာင္ျပန္ကစားမယ္လို႔ ႀကီးမားတဲ့ တြန္းအားျဖစ္ေစခဲ့တာပါ။ ဒါဟာ ကြၽန္ေတာ့္ရင္ထဲက မီးေတာက္ႀကီးကို ေလာင္စာျဖည့္လိုက္သလိုပါပဲ”

“ကြၽန္ေတာ္ ပြဲထြက္ခြင့္ရခ်ိန္မွာ ေကာင္းေကာင္းအားထုတ္ခဲ့တယ္။ တကယ့္ကို အလုပ္​ႀကိဳးစားခဲ့တယ္။ ကြၽန္ေတာ္တို႔အသင္းဟာ ခက္ခဲတဲ့ပြဲစဥ္ေတြကို ေက်ာ္လႊားေအာင္ျမင္ခဲ့တယ္။ ဒါက စိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔အသင္း အလုပ္ႀကိဳးစားခဲ့လို႔ နည္းျပသစ္လက္ထက္မွာ အသင္းရဲ႕ လမ္းေၾကာင္းသစ္တာထြက္က အေတာ္ေလးလွပေနပါၿပီ” လို႔ ၂၂ ႏွစ္အ႐ြယ္ အဂၤလန္သားက ေျပာျပသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.