Premier League

ဆီနီေဂါႏုိင္ငံအတြက္ က်န္းမာေရးအေထာက္အကူအျဖစ္ လွဴဒါန္းမွဳျပဳခဲ့တဲ့ မာေနး

လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံကစားသမား ဆာဒီယို မာေနးဟာ မိခင္ေျမ ဆီနီေဂါႏုိင္ငံအတြက္ လိုအပ္ေနတဲ့ က်န္းမာေရးဆုိင္ရာ ပစၥည္းေတြအတြက္ အေထာက္အပံ့ ေပးခဲ့ၿပီး ကို႐ိုနာဗုိင္းရပ္စ္ တားဆီးကာကြယ္ေရးအတြက္ ေပါင္ ၄၁၀၀၀ ကို လွဴဒါန္းလုိက္ေၾကာင္း သိရပါတယ္။

မာေနးရဲ႕ ေမြးရပ္ေျမ ဆီနီေဂါႏုိင္ငံဟာ COVID-19 ကပ္ေရာဂါကို တားဆီးဖို႔ အမွန္တကယ္ လိုအပ္ခ်က္ေတြ ရွိေနခဲ့သလို ႏုိင္ငံတြင္းမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိရသူ ၂၇ ဦးအထိ ရွိသြားခဲ့ၿပီလို႔ သိရၿပီး ႏုိင္ငံ့သမၼတျဖစ္သူ မက္ကီ ေဆာလ္အေနနဲ႔လည္း စာသင္ေက်ာင္းေတြကို ပိတ္သိမ္းထားဖို႔ အမိန္႔ထုတ္ျပန္ခဲ့ရပါတယ္။

ခ်န္ပီယံလိဂ္ဆုဖလားကို ၿပီးခဲ့တဲ့ႏွစ္က ရယူႏုိင္ခဲ့တဲ့ မာေနးရဲ႕ အလွဴအတြက္ ေအးဂ်င့္ျဖစ္သူက သူ႕ရဲ႕ကစားသမားအေနနဲ႔ ဆီနီေဂါႏုိင္ငံ အတြင္းက အေျခအေနကို သိရွိခဲ့တာနဲ႔တစ္ၿပဳိင္နက္ လွဴဒါန္းမွဳကို စတင္ခဲ့တာျဖစ္တယ္လို႔ ဆိုခဲ့ၿပီး သူတုိ႔ႏုိင္ငံရဲ႕ ေငြေၾကးပမာဏ သန္း ၃၀ နဲ႔ ညီမွ်တဲ့ ေပါင္စတာလင္ေငြကို ေပးအပ္ခဲ့တာလည္းျဖစ္တယ္လို႔ ဆုိပါတယ္။

မာေနးအေနနဲ႔ သူ႕ရဲ႕ ေမြးရပ္ေျမ ဆီနီေဂါရဲ႕ ႏုိင္ငံသားအားလုံးကို သူ႕ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္ေတြကေန ဒီဗိုင္းရပ္စ္အႏၲရာယ္ဟာ အလြန္အမင္း ျပင္းထန္တာမို႔ ဂ႐ုစိုက္ၾကဖို႔ ေျပာၾကားခဲ့ၿပီး အားလုံးအေနနဲ႔ ႀကဳိတင္ကာကြယ္ႏုိင္ဖို႔ လက္ေတြကို စကၠန္႔ ၃၀ အနည္းဆုံး ေဆးေၾကာမွဳျပဳၾကဖို႔လည္း မွာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ညႊန္ၾကားခ်က္ေတြနဲ႔အတူ မာေဆးဆိုက္က ေနအိမ္မွာ တစ္ကိုယ္ေတာ္ ေလ့က်င့္ခန္းေတြ ျပဳလုပ္ေနခဲ့တဲ့ မာေနးအတြက္ေတာ့ ဝမ္းသာစရာသတင္းေကာင္းအျဖစ္ ဆီနီေဂါႏုိင္ငံက ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ၂၇ ဦးထဲက ၂ ဦးဟာ ပုံမွန္က်န္းမာေရးအေျခအေနကို ျပန္လည္ေရာက္လာခဲ့ၿပီဆုိတာကိုလည္း ေနာက္ဆုံးသတင္းေတြအရ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးဟာ မိခင်မြေ ဆီနီဂေါနိုင်ငံအတွက် လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေအတွက် အထောက်အပံ့ ပေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် ပေါင် ၄၁၀၀၀ ကို လှူဒါန်းလိုက်ကြောင်း သိရပါတယ်။

မာနေးရဲ့ မွေးရပ်မြေ ဆီနီဂေါနိုင်ငံဟာ COVID-19 ကပ်ရောဂါကို တားဆီးဖို့ အမှန်တကယ် လိုအပ်ချက်တွေ ရှိနေခဲ့သလို နိုင်ငံတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိရသူ ၂၇ ဦးအထိ ရှိသွားခဲ့ပြီလို့ သိရပြီး နိုင်ငံ့သမ္မတဖြစ်သူ မက်ကီ ဆောလ်အနေနဲ့လည်း စာသင်ကျောင်းတွေကို ပိတ်သိမ်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်ဆုဖလားကို ပြီးခဲ့တဲ့နှစ်က ရယူနိုင်ခဲ့တဲ့ မာနေးရဲ့ အလှူအတွက် အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားအနေနဲ့ ဆီနီဂေါနိုင်ငံ အတွင်းက အခြေအနေကို သိရှိခဲ့တာနဲ့တစ်ပြိုင်နက် လှူဒါန်းမှုကို စတင်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပြီး သူတို့နိုင်ငံရဲ့ ငွေကြေးပမာဏ သန်း ၃၀ နဲ့ ညီမျှတဲ့ ပေါင်စတာလင်ငွေကို ပေးအပ်ခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

မာနေးအနေနဲ့ သူ့ရဲ့ မွေးရပ်မြေ ဆီနီဂေါရဲ့ နိုင်ငံသားအားလုံးကို သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ ဒီဗိုင်းရပ်စ်အန္တရာယ်ဟာ အလွန်အမင်း ပြင်းထန်တာမို့ ဂရုစိုက်ကြဖို့ ပြောကြားခဲ့ပြီး အားလုံးအနေနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ လက်တွေကို စက္ကန့် ၃၀ အနည်းဆုံး ဆေးကြောမှုပြုကြဖို့လည်း မှာကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ညွှန်ကြားချက်တွေနဲ့အတူ မာဆေးဆိုက်က နေအိမ်မှာ တစ်ကိုယ်တော် လေ့ကျင့်ခန်းတွေ ပြုလုပ်နေခဲ့တဲ့ မာနေးအတွက်တော့ ဝမ်းသာစရာသတင်းကောင်းအဖြစ် ဆီနီဂေါနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ၂၇ ဦးထဲက ၂ ဦးဟာ ပုံမှန်ကျန်းမာရေးအခြေအနေကို ပြန်လည်ရောက်လာခဲ့ပြီဆိုတာကိုလည်း နောက်ဆုံးသတင်းတွေအရ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.