Premier League

ကြင္းလယ္လူ မာတစ္ကို တစ္ႏွစ္သက္တမ္းတုိးစာခ်ဳပ္ခ်ဳပ္ဆုိမယ့္ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဝါရင့္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ နီမန္ဂ်ာ မာတစ္ကို ၂၀၂၁ ခုႏွစ္အထိ ရွိေနေစမယ့္ တစ္ႏွစ္သက္တမ္းတုိး စာခ်ဳပ္ကို ထပ္မံေပးအပ္ခ်ဳပ္ဆုိသြားဖို႔ ရွိေနေၾကာင္းနဲ႔ ဒုတိယရာသီဝက္မွာ ျပသခဲ့တဲ့ ေျခစြမ္းကိုလည္း နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက သေဘာက်ေနေၾကာင္း သိရပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆားဘီးယားကြင္းလယ္လူဟာ သူ႕ရဲ႕ အေတြ႕အႀကဳံရင့္က်က္မွဳေတြနဲ႔ ကြင္းလယ္ခံစစ္ကို ဦးေဆာင္ႏုိင္သလို ေနာက္တန္းေတြရဲ႕ ေရွ႕ကလည္း ပါးပါးနပ္နပ္ ကာကြယ္ကစားေပးႏုိင္သူျဖစ္လို႔ လက္ရွိအခ်ိန္အထိေတာ့ ခံစစ္ကစားဖို႔ လိုအပ္တဲ့ ပြဲေတြမွာ သူ႕ရဲ႕ အေရးပါမွဳက ထင္ရွားေနဆဲျဖစ္ပါတယ္။

အသင္းရဲ႕ ကြင္းလယ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတုိ႔ကို အသုံးျပဳမယ္ဆုိရင္ေတာ့ မာတစ္အေနနဲ႔ အလွည့္အက် အရန္ခုံထုိင္ရဖြယ္ရွိေန ေပမယ့္ ခံစစ္ပုိင္းလိုအပ္ခ်က္ႀကီးမားမယ့္ ပြဲေတြမွာေတာ့ သူနဲ႔ တျခားကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဖရက္ဒ္ကို အလ်ဥ္းသင့္သလို အသုံးျပဳသြားရဖြယ္လည္း ရွိေနပါတယ္။

ေမာ္ရင္ဟိုလက္ထက္မွာ အသင္းကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၄၅ သန္းနဲ႔ ခ်ဲလ္ဆီးအသင္းကေန ေရာက္ရွိလာခဲ့တဲ့ မာတစ္ကို အင္တာမီလန္အသင္းအျပင္ တျခားဥေရာပအသင္းေတြကလည္း ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကၿပီး ယူႏုိက္တက္အေနနဲ႔ကေတာ့ အုိးလ္ထရက္ဖို႔ဒ္မွာ ဆက္လက္ထိန္းသိမ္းသြားဖို႔ကို စီစဥ္ေနပါတယ္။

ခ်ဲလ္ဆီးအသင္းက ေခၚယူထားစဥ္က သုံးႏွစ္စာခ်ဳပ္အျပင္ တစ္ႏွစ္သက္တမ္းတုိး ခ်ဳပ္ဆုိခြင့္ ထည့္သြင္းထားခဲ့တဲ့ မာတစ္ဟာ မန္ခ်က္စတာ ယူႏုိက္တက္အသင္းမွာ ပြဲေပါင္း ၁၀၉ ပြဲ ကစားၿပီး ၄ ဂိုးသြင္းယူထားႏုိင္ခဲ့သလို ဒီဝါရင့္ကြင္းလယ္လူအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ထက္ ဆက္ရွိဖို႔ကိုပဲ ပုိၿပီး စိတ္ဝင္စားဖြယ္ရွိေၾကာင္းလည္း ကစားသမားရဲ႕ ေျပာဖူးခဲ့တဲ့ စကားေတြအရ ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ နီမန်ဂျာ မာတစ်ကို ၂၀၂၁ ခုနှစ်အထိ ရှိနေစေမယ့် တစ်နှစ်သက်တမ်းတိုး စာချုပ်ကို ထပ်မံပေးအပ်ချုပ်ဆိုသွားဖို့ ရှိနေကြောင်းနဲ့ ဒုတိယရာသီဝက်မှာ ပြသခဲ့တဲ့ ခြေစွမ်းကိုလည်း နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက သဘောကျနေကြောင်း သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆားဘီးယားကွင်းလယ်လူဟာ သူ့ရဲ့ အတွေ့အကြုံရင့်ကျက်မှုတွေနဲ့ ကွင်းလယ်ခံစစ်ကို ဦးဆောင်နိုင်သလို နောက်တန်းတွေရဲ့ ရှေ့ကလည်း ပါးပါးနပ်နပ် ကာကွယ်ကစားပေးနိုင်သူဖြစ်လို့ လက်ရှိအချိန်အထိတော့ ခံစစ်ကစားဖို့ လိုအပ်တဲ့ ပွဲတွေမှာ သူ့ရဲ့ အရေးပါမှုက ထင်ရှားနေဆဲဖြစ်ပါတယ်။

အသင်းရဲ့ ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ကို အသုံးပြုမယ်ဆိုရင်တော့ မာတစ်အနေနဲ့ အလှည့်အကျ အရန်ခုံထိုင်ရဖွယ်ရှိနေ ပေမယ့် ခံစစ်ပိုင်းလိုအပ်ချက်ကြီးမားမယ့် ပွဲတွေမှာတော့ သူနဲ့ တခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖရက်ဒ်ကို အလျဉ်းသင့်သလို အသုံးပြုသွားရဖွယ်လည်း ရှိနေပါတယ်။

မော်ရင်ဟိုလက်ထက်မှာ အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနဲ့ ချဲလ်ဆီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာတစ်ကို အင်တာမီလန်အသင်းအပြင် တခြားဥရောပအသင်းတွေကလည်း ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ယူနိုက်တက်အနေနဲ့ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ထိန်းသိမ်းသွားဖို့ကို စီစဉ်နေပါတယ်။

ချဲလ်ဆီးအသင်းက ခေါ်ယူထားစဉ်က သုံးနှစ်စာချုပ်အပြင် တစ်နှစ်သက်တမ်းတိုး ချုပ်ဆိုခွင့် ထည့်သွင်းထားခဲ့တဲ့ မာတစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပွဲပေါင်း ၁၀၉ ပွဲ ကစားပြီး ၄ ဂိုးသွင်းယူထားနိုင်ခဲ့သလို ဒီဝါရင့်ကွင်းလယ်လူအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ထက် ဆက်ရှိဖို့ကိုပဲ ပိုပြီး စိတ်ဝင်စားဖွယ်ရှိကြောင်းလည်း ကစားသမားရဲ့ ပြောဖူးခဲ့တဲ့ စကားတွေအရ ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.