Bundesliga Premier League Transfer News

လီယြန္ ဘုိင္လီကို လက္ဦးမွဳ ရယူၿပီး ေခၚယူႏိုင္ဖို႔ ႀကဳိးစားေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ သူတုိ႔ရဲ႕ ေႏြရာသီမွာ ထြက္ခြာေတာ့မယ့္ ဝါရင့္ေတာင္ပံကစားသမားေတြရဲ႕ ေနရာမွာ ျပန္လည္အစားထိုးဖို႔ ဂ်ာမန္ကလပ္ ေဘယာေလဗာကူဆင္အသင္းရဲ႕ ေတာင္ပံကစားသမား လီယြန္ ဘုိင္လီကို တျခားပရီးမီးယားလိဂ္အသင္းေတြထက္ လက္ဦးမွဳရယူၿပီး ေခၚယူႏုိင္ဖို႔ ႀကဳိးစားေနပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းက စိတ္ဝင္စားေနတဲ့ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိထက္ ေဈးသက္သာႏိုင္ၿပီး အသင္းႀကီးေတြနဲ႔ ခက္ခက္ခဲခဲ လုရဖြယ္လည္း မရွိတဲ့ ဒီအသက္ ၂၂ ႏွစ္အရြယ္ ဂ်ေမကာလက္ေရြးစင္ကစားသမားကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ အျမန္ဆုံး ညႇိႏွဳိင္းေဆြးေႏြးသြားဖို႔လည္း ရွိေနပါတယ္။

ေႏြရာသီမွာ အသင္းကေန ဘရာဇီးလ္ေတာင္ပံကစားသမား ဝီလီယန္နဲ႔ စပိန္ေတာင္ပံကစားသမား ပက္ဒ႐ိုတုိ႔ ႏွစ္ဦးစလုံးကို လက္လႊတ္ဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ ေသြးသစ္ေလာင္းေရး မူဝါဒကို ကိုင္စြဲေနပုံရၿပီး နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ ကစားသမားေရးရာ အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကာယာတုိ႔ရဲ႕ ေရႊ႕ကြက္ေတြကလည္း ျမန္ဆန္ေနတာကို ေတြ႕ရပါတယ္။

ဘုိင္လီကို ဘုိင္ယန္ျမဴးနစ္အသင္းကေန စိတ္ဝင္စားေနေပမယ့္ ေလဗာကူဆင္ဘက္ကေတာ့ ဂ်ာမန္အသင္းခ်င္း ေရာင္းခ်သြားဖို႔ စိတ္ကူးမရွိဘူးလို႔ ဆုိထားခဲ့ၿပီး သူ႕ရဲ႕ လားရာက ပရီးမီးယားလိဂ္ကိုပဲ ရွိေနႏုိင္ေပမယ့္ ခ်ဲလ္ဆီးအေနနဲ႔ ဆန္ခ်ဳိကို မေခၚယူႏုိင္တဲ့ အသင္းေတြရဲ႕ ယွဥ္ၿပဳိင္ ကမ္းလွမ္းလာမွဳေတြကိုေတာ့ ႀကဳံေတြ႕ရႏုိင္ပါတယ္။

အသင္းကေန ေတာက္ပစျပဳေနၿပီး ေျခစြမ္းေကာင္းမြန္တဲ့ လူငယ္ေတြကို ေႏြရာသီမွာ ေရာင္းခ်ၿပီး အသင္းကို ျပန္လည္ျပင္ဆင္သြားဖို႔ ရွိေနတဲ့ ေလဗာကူဆင္ဘက္ကေတာ့ ဘိုင္လီအတြက္ ခ်ဲလ္ဆီးအသင္းကို ေပါင္ ၈၅ သန္းကေန စတင္ေတာင္းဆုိသြားဖြယ္ရွိေနၿပီး ေဈးညႇိႏွဳိင္းမွဳအရေတာ့ ဘယ္ေလာက္နဲ႔ အဆင္ေျပသြားမယ္ဆုိတာကို ေစာင့္ၾကည့္ရႏုိင္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ နွေရာသီမှာ ထွက်ခွာတော့မယ့် ဝါရင့်တောင်ပံကစားသမားတွေရဲ့ နေရာမှာ ပြန်လည်အစားထိုးဖို့ ဂျာမန်ကလပ် ဘေယာလေဗာကူဆင်အသင်းရဲ့ တောင်ပံကစားသမား လီယွန် ဘိုင်လီကို တခြားပရီးမီးယားလိဂ်အသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုထက် ဈေးသက်သာနိုင်ပြီး အသင်းကြီးတွေနဲ့ ခက်ခက်ခဲခဲ လုရဖွယ်လည်း မရှိတဲ့ ဒီအသက် ၂၂ နှစ်အရွယ် ဂျမေကာလက်ရွေးစင်ကစားသမားကို ချဲလ်ဆီးအသင်းအနေနဲ့ အမြန်ဆုံး ညှိနှိုင်းဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

နွေရာသီမှာ အသင်းကနေ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယန်နဲ့ စပိန်တောင်ပံကစားသမား ပက်ဒရိုတို့ နှစ်ဦးစလုံးကို လက်လွှတ်ဖို့ ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ သွေးသစ်လောင်းရေး မူဝါဒကို ကိုင်စွဲနေပုံရပြီး နည်းပြ ဖရန့် လမ်းပတ်နဲ့ ကစားသမားရေးရာ အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကာယာတို့ရဲ့ ရွှေ့ကွက်တွေကလည်း မြန်ဆန်နေတာကို တွေ့ရပါတယ်။

ဘိုင်လီကို ဘိုင်ယန်မြူးနစ်အသင်းကနေ စိတ်ဝင်စားနေပေမယ့် လေဗာကူဆင်ဘက်ကတော့ ဂျာမန်အသင်းချင်း ရောင်းချသွားဖို့ စိတ်ကူးမရှိဘူးလို့ ဆိုထားခဲ့ပြီး သူ့ရဲ့ လားရာက ပရီးမီးယားလိဂ်ကိုပဲ ရှိနေနိုင်ပေမယ့် ချဲလ်ဆီးအနေနဲ့ ဆန်ချိုကို မခေါ်ယူနိုင်တဲ့ အသင်းတွေရဲ့ ယှဉ်ပြိုင် ကမ်းလှမ်းလာမှုတွေကိုတော့ ကြုံတွေ့ရနိုင်ပါတယ်။

အသင်းကနေ တောက်ပစပြုနေပြီး ခြေစွမ်းကောင်းမွန်တဲ့ လူငယ်တွေကို နွေရာသီမှာ ရောင်းချပြီး အသင်းကို ပြန်လည်ပြင်ဆင်သွားဖို့ ရှိနေတဲ့ လေဗာကူဆင်ဘက်ကတော့ ဘိုင်လီအတွက် ချဲလ်ဆီးအသင်းကို ပေါင် ၈၅ သန်းကနေ စတင်တောင်းဆိုသွားဖွယ်ရှိနေပြီး ဈေးညှိနှိုင်းမှုအရတော့ ဘယ်လောက်နဲ့ အဆင်ပြေသွားမယ်ဆိုတာကို စောင့်ကြည့်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.