Premier League

ေလ့က်င့္ခန္းေတြ အိမ္မွာ လုပ္ေဆာင္ေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ကို တြန္းလွန္ေနတဲ့ ဟဒ္ဆန္-အိုဒြဳိင္း

ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြဳိင္းအေနနဲ႔ ကူးစက္ခံထားရတဲ့ ကို႐ိုဗိုင္းရပ္စ္ကို တြန္းလွန္ေနၿပီး သူ႕ရဲ႕ ႀကံ့ခုိင္မွဳကို အေကာင္းဆုံး ျပန္လည္တည္ေဆာက္ေနေၾကာင္း ဗီဒီယိုဖိုင္နဲ႔အတူ ပရိသတ္ေတြကို အသိေပးအေၾကာင္းၾကားလုိက္ပါတယ္။

ဟဒ္ဆန္-အိုဒြဳိင္းဟာ ပရီးမီးယားလိဂ္ကစားသမားေတြထဲက ပထမဆုံး ဒီေရာဂါပိုးကို စစ္ေဆးေတြ႕ရွိသူျဖစ္ၿပီး ဒီျဖစ္ရပ္ေၾကာင့္ ခ်ဲလ္ဆီး အသင္းအေနနဲ႔ ကစားသမားေတြကို ၁၄ ရက္တုိင္တုိင္ အိမ္မွာ ခြဲျခားေစာင့္ၾကည့္ထားဖို႔ စီစဥ္ခဲ့ရသလို မလုိက္နာတဲ့ ေမဆန္ေမာင့္နဲ႔ အသင္းလည္း ျပႆနာအခ်ဳိ႕ရွိခဲ့ပါတယ္။

တနလၤာေန႔ညကေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာ သုံးရက္ေလာက္ တိတ္ဆိတ္ေနခဲ့တဲ့ ဟဒ္ဆန္-အိုဒြဳိင္းက သူ႕အေနနဲ႔ ခံစားေနရတဲ့ ေရာဂါလကၡဏာေတြက ျပန္လည္ေကာင္းမြန္ေနခဲ့ၿပီျဖစ္ၿပီး သူ႕ရဲ႕ အင္တာဂရမ္မွာ ေလ့က်င့္ေရးစက္ဘီးေပၚ ႀကံ့ခိုင္ေရးလုပ္ေဆာင္ေနတဲ့ ပုံစံကို တင္ခဲ့တာလည္းျဖစ္ပါတယ္။

“အိမ္မွာေနၿပီး အလုပ္ျပန္လုပ္ႏုိင္ဖို႔(ေဘာလုံးျပန္ကစားႏုိင္ဖို႔)လုပ္ေဆာင္ေနတယ္”လို႔ ဟတ္ဒ္ဆန္-အိုဒြဳိင္းက ဆုိခဲ့ၿပီး သူ႕ရဲ႕ ပုံစံကေတာ့ အရင္က ဖ်ားနာအေအးမိသလို ခံစားရတာေတြအားလုံးကို ေက်ာ္လြန္ႏိုင္ခဲ့ၿပီး အာဆင္နယ္နည္းျပ မုိက္ကယ္ အာတီတာလိုပဲ တုိးတက္ေကာင္းမြန္လ်က္ ရွိေနၿပီလို႔ ယုံၾကည္ရပါတယ္။

“အားလုံးပဲ… ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္ကေတာ့ ဒီဗိုင္းရပ္စ္ေၾကာင့္ ကၽြန္ေတာ္ ေနမေကာင္းခဲ့တာ အားလုံးသတိထားမိၾကမွာပါ။ အခုေတာ့ ဒီေရာဂါကေန ကၽြန္ေတာ္ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ၿပီး က်န္းမာေရးလမ္းညႊန္မွဳေတြအတုိင္း လုပ္ေဆာင္ရင္း သူမ်ားေတြနဲ႔ မေတြ႕ေအာင္ ေနခဲ့ပါတယ္။ အားလုံးနဲ႔ အျမန္ဆုံးျပန္ေတြ႕ရဖို႔ ေမွ်ာ္လင့္ေနၿပီး ေဘာလုံးကြင္းထဲကို အျမန္ဆုံးေျခခ်ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဟဒ္ဆန္-အိုဒြဳိင္းက ဗီဒီယိုထဲမွာ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ ကူးစက်ခံထားရတဲ့ ကိုရိုဗိုင်းရပ်စ်ကို တွန်းလှန်နေပြီး သူ့ရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံး ပြန်လည်တည်ဆောက်နေကြောင်း ဗီဒီယိုဖိုင်နဲ့အတူ ပရိသတ်တွေကို အသိပေးအကြောင်းကြားလိုက်ပါတယ်။

ဟဒ်ဆန်-အိုဒွိုင်းဟာ ပရီးမီးယားလိဂ်ကစားသမားတွေထဲက ပထမဆုံး ဒီရောဂါပိုးကို စစ်ဆေးတွေ့ရှိသူဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ ကစားသမားတွေကို ၁၄ ရက်တိုင်တိုင် အိမ်မှာ ခွဲခြားစောင့်ကြည့်ထားဖို့ စီစဉ်ခဲ့ရသလို မလိုက်နာတဲ့ မေဆန်မောင့်နဲ့ အသင်းလည်း ပြဿနာအချို့ရှိခဲ့ပါတယ်။

တနင်္လာနေ့ညကတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ သုံးရက်လောက် တိတ်ဆိတ်နေခဲ့တဲ့ ဟဒ်ဆန်-အိုဒွိုင်းက သူ့အနေနဲ့ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေက ပြန်လည်ကောင်းမွန်နေခဲ့ပြီဖြစ်ပြီး သူ့ရဲ့ အင်တာဂရမ်မှာ လေ့ကျင့်ရေးစက်ဘီးပေါ် ကြံ့ခိုင်ရေးလုပ်ဆောင်နေတဲ့ ပုံစံကို တင်ခဲ့တာလည်းဖြစ်ပါတယ်။

“အိမ်မှာနေပြီး အလုပ်ပြန်လုပ်နိုင်ဖို့(ဘောလုံးပြန်ကစားနိုင်ဖို့)လုပ်ဆောင်နေတယ်”လို့ ဟတ်ဒ်ဆန်-အိုဒွိုင်းက ဆိုခဲ့ပြီး သူ့ရဲ့ ပုံစံကတော့ အရင်က ဖျားနာအအေးမိသလို ခံစားရတာတွေအားလုံးကို ကျော်လွန်နိုင်ခဲ့ပြီး အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာလိုပဲ တိုးတက်ကောင်းမွန်လျက် ရှိနေပြီလို့ ယုံကြည်ရပါတယ်။

“အားလုံးပဲ… ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ ဒီဗိုင်းရပ်စ်ကြောင့် ကျွန်တော် နေမကောင်းခဲ့တာ အားလုံးသတိထားမိကြမှာပါ။ အခုတော့ ဒီရောဂါကနေ ကျွန်တော် ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်မှုတွေအတိုင်း လုပ်ဆောင်ရင်း သူများတွေနဲ့ မတွေ့အောင် နေခဲ့ပါတယ်။ အားလုံးနဲ့ အမြန်ဆုံးပြန်တွေ့ရဖို့ မျှော်လင့်နေပြီး ဘောလုံးကွင်းထဲကို အမြန်ဆုံးခြေချနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဟဒ်ဆန်-အိုဒွိုင်းက ဗီဒီယိုထဲမှာ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.