Other Leagues Premier League Serie A

ရလဒ်တွေ မကောင်းပေမယ့် ကံကောင်းနေသေးလို့ ထိုင်ခုံမြဲနေတဲ့ နည်းပြများ

ပေါလို ဖွန်ဆီကာ

ရိုးမားအသင်းရဲ့နည်းပြအဖြစ် ၂၀၁၉ နွေရာသီမှာ စတင်တာဝန်ယူခဲ့ပြီး တာထွက်ရာသီမှာပဲ အသင်းကို အဆင့် ၅ ရအောင် ကြိုးစားပေးခဲ့တယ်။ နည်းပြတယောက်အနေနဲ့ မမှားသင့်တဲ့အမှားကို မှားခဲ့လို့ ဇန်နဝါရီမှာ အသင်းနဲ့လမ်းခွဲရမလို ဖြစ်ခဲ့တဲ့သူပါ။ ကိုပါအီတာလီယာဖလားမှာ ဥပဒေပ အပိုလူစားခွင့်ကို သုံးခဲ့လို့ ရိုးမားက ပြိုင်ပွဲကထုတ်ပယ်ခံခဲ့ရတယ်။ လက်ရှိစီးရီးအေမှာ ရမှတ် ၅၀ နဲ့ အဆင့် ၆ မှာရပ်တည်နေတယ်။ ကံကောင်းထောက်မစွာနဲ့ အသင်းမှာ ဆက်ရှိနေသေးတဲ့ နည်းပြဖြစ်ပါတယ်။ သူ့ကို ဆာရီနဲ့ အစားထိုးဖို့ ရိုးမားက ပြင်ဆင်နေပြီဖြစ်ပါတယ်။

စတိဗ် ဘရုစ်

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်လူသိများတဲ့ နည်းပြကြီးဖြစ်တယ်။ နယူးကာဆယ်ကို လက်ရှိပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၇ နေရာမှာ တန်းမဆင်းဖို့ ရုန်းကန်နေစေတယ်။ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာနိုင်တဲ့အထိ ရလဒ်ဆိုးရွားနေတယ်။ နယူးကာဆယ်ပရိသတ်တွေက သူ့ကိုအလုပ်ထုတ်ဖို့ ၃ ကြိမ်တိုင် ဆန္ဒပြတောင်းဆိုခဲ့ပေမယ့် အသင်းပိုင်ရှင် မိုက်ခ်အက်ရှ်လေက လျစ်လျူရှုထားပြီး သူနဲ့အတူ ရှေ့ဆက်နေတယ်။ နယူးကာဆယ်ရဲ့အနာဂတ်ကတော့ လှဖို့မရှိပါဘူး။ တန်းဆင်းဇုန်ထဲက အစွမ်းကုန် ရုန်းပြီးရင်တော့ စတိဗ် ဘရုစ်ဟာ အသင်းနဲ့လမ်းခွဲသင့်နေပါပြီ။

ဂျော်ဂျီ ဂျေဆူးစ်

ဘင်ဖီကာအသင်းရဲ့နည်းပြဖြစ်လို့ အတန်ငယ်စိမ်းနေနိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကမှ စတင်တာဝန်ယူတာဖြစ်တယ်။ ပေါ်တူဂီ ဘောလုံးသမိုင်းတလျှောက် အကြီးမားဆုံး ငွေသုံးစွဲခွင့်ရခဲ့တယ်။ အသင်းရဲ့ထောက်ခံမှုကိုရပြီး ယူရို ၁၀၅ သန်းအထိ သုံးစွဲပြီး ဈေးကွက်မှာလှုပ်ရှားခဲ့တယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်မှာတင် ဖျာလိပ်ပြန်ခဲ့ရပြီး ပြည်တွင်းဖလားတွေကလည်း ဆက်တိုက်ထွက်ခွာခဲ့ရပြီးဖြစ်တယ်။ အမှတ်ပေးဇယား အဆင့် ၃ မှာ ရှိနေပြီး ထိပ်ဆုံးက စပို့တင်းနဲ့ ၁၃ မှတ်ပြတ်နေတာပါ။ သူဟာဘင်ဖီကာမှာ အလုပ်မဖြစ်ဘူးလို့ ပရိသတ်တွေက တောင်းဆိုနေကြတာက အသင်းကနေ ထုတ်ပယ်ခံရဖို့နီးလာစေသော်ငြား လက်ရှိမှာတော့ ကံကောင်းနေဆဲ နည်းပြတဦးပါပဲ။

အန်ဒရေ ပီယာလို

ယူဗင်တပ်စ်အသင်းက ၁၀ နှစ်ဆက် စီးရီးအေချန်ပီယံဖြစ်ဖို့ ကျားလိုက်သလို လိုက်ချင်နေတဲ့အသင်းဖြစ်တယ်။ အခုခြေစွမ်းအရတော့ ရောက်လုနီးမှ လက်ပန်းကျနေတဲ့အသင်းအဖြစ် မြင်တွေ့နေရတယ်။ အသင်းကို ရောက်ရောက်ချင်း တာထွက်ရာသီမှာပဲ စီးရီးအေချန်ပီယံတန်းဖြစ်ခဲ့တဲ့ နည်းပြဆာရီကိုတောင် ယူဗင်တပ်စ်အသင်းက ထုတ်ပယ်ခဲ့ဖူးတယ်။ ဘောလုံးလောရဲ့ မျက်နှာသစ်မဟုတ်ပေမယ့် လူသစ်နည်းပြဖြစ်တဲ့ ပီယာလိုလက်ထဲကို ယုံကြည်ပြီး အသင်းကို ပုံအပ်လိုက်တယ်။

အခုတော့ ယူဗင်တပ်စ်က ချန်ပီယံလိဂ်ကွာတားတောင် မတက်နိုင်ဘဲ ပြုတ်လာတယ်။ စီးရီးအေမှာ အဆင့် ၃ ကိုရောက်နေပြီး ထိပ်ဆုံးက အင်တာမီလန်နဲ့ ၁၀ မှတ်ပြတ်နေတယ်။ ပီယာလိုအနေနဲ့ ကိုပါအီတာလီယာဖလား ဖိုင်နယ်ကို တက်နိုင်ပေမယ့် ဖိအားတွေအောက်ကို ရောက်နေတယ်။ ရလဒ်တွေက ယူဗင်တပ်စ်အဆင့်အတန်းကို မမီဘူး။ အဆင့်မီခြေစွမ်းလည်း ပျောက်ဆုံးသွားခဲ့ရပြီ။ ဒီလိုအချိန်မှာ ထိပ်သီးအသင်းတွေရဲ့နည်းပြအတော်များများက ပြုတ်သွားတာများပါတယ်။ ယူဗင်တပ်စ်နဲ့ ခွာပြဲရတော့မယ့် ကြိုးစခပ်တဲတဲကလေးကပဲ ပီယာလိုအတွက် ကံကောင်းနေသေးတဲ့ အခြေအနေတခုလို့ ယူဆရမှာပါ။

ဂျိုဆေး မော်ရင်ညို

မော်ရင်ညိုအကြောင်းပြောမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဆိုသလိုကို ရှည်လျားထွေပြားပြီး ရှုပ်ထွေးပွေလီလွန်းပါတယ်။ Special One ဘဝကနေ အတက်အကျခပ်ကြမ်းကြမ်းနဲ့ ဆူးတောထဲက မော်ရင်ညိုဖြစ်လာတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ပေးခဲ့တဲ့ ပိုချက်တီနိုကို အလုပ်ထုတ်ပစ်ခဲ့တဲ့ စပါးစ်ဥက္ကဌလီဗိုင်းက မော်ရင်ညိုကို ယုံမှတ်လို့ ပုံအပ်ပြီး အသင်းကိုထိုးထည့်ခဲ့တယ်။

နည်းပြနှစ်ဦးရဲ့ စနစ်တည်ဆောက်ပုံက ပြဒါးတလမ်း သံတလမ်းဖြစ်တယ်။ ဒီလိုသာဓကကို စပါးစ်က ထပ်သယ်ဆောင်လာတယ်။ ရေတိုဆုဖလား အောင်မြင်မှုကို မျှော်မှန်းချက်ဟာ စပါးကို မြေစာပင်ဖြစ်စေသလားလို့ တွေးဆစရာပါ။ စွဲမက်ဖွယ်စွမ်းဆောင်ရည်နဲ့ စိတ်လှုပ်စရာကောင်းလှတဲ့ စပါးစ်ရဲ့ကစားပုံဟာ နေ့ချင်းညချင်းမှာ ပျင်းရိစရာကောင်းပြီး ခံစစ်အားပြုတဲ့ ပိတ်ဆို့ကစားပုံဖြစ်လာတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကိုသာ အသက်လိုအားကိုးလာရတယ်။ အခုတော့ သူတို့နှစ်ဦးရဲ့သွင်းဂိုးတွေဟာ ခြောက်ခမ်းမြစ်ကြီးလိုပါပဲ။ ဘာဆက်လုပ်ရမှန်းမသိအောင်ကို ကုန်ဆုံးသွားတဲ့ ကစားသမားနှစ်ဦးအဖြစ် မြင်လာရတယ်။ စပါးစ်ရဲ့ကစားပုံက ကွင်းထဲမှာ တုံးအသွားတယ်။ ဒိုင်နမို ဇာဂရက်ဘ်လိုအသင်းကို အရေးနိမ့်ပြီး ဥရောပပြိုင်ပွဲက ထွက်ရတဲ့အဖြစ်ကနေ အာဆင်နယ်ကိုဆက်တိုက်ရှုံးတယ်။

အခုအချိန်မှာ မော်ရင်ညိုကို ထုတ်ပစ်ဖို့ စပါးစ်ပရိသတ်တွေက တခဲနက်အော်ဟစ်လာကြပြီ။ မော်ရင်ညိုကို အလုပ်ခန့်ခဲ့တဲ့ လီဗိုင်းတယောက် ဒီအချိန်မှာ စာချုပ်လျော်ကြေးနဲ့ အိတ်ဖောင်းပြီးပြန်သွားတဲ့ မော်ရင်ညိုကိုသာ ငေးကြည့်ဖို့ရာ အတော်လေးနီးစပ်နေတယ်ဆိုရမှာပါ။ စပါးစ်အသင်းကို ပိုချစ်မြတ်နိုးတယ်ဆိုရင်တော့ မော်ရင်ညိုနဲ့ခွါပြဲသင့်နေတာဖြစ်ပါတယ်။ လီဗိုင်း လူရွေးမှားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပါလို ဖြန္ဆီကာ

႐ိုးမားအသင္းရဲ႕နည္းျပအျဖစ္ ၂၀၁၉ ေႏြရာသီမွာ စတင္တာဝန္ယူခဲ့ၿပီး တာထြက္ရာသီမွာပဲ အသင္းကို အဆင့္ ၅ ရေအာင္ ႀကိဳးစားေပးခဲ့တယ္။ နည္းျပတေယာက္အေနနဲ႔ မမွားသင့္တဲ့အမွားကို မွားခဲ့လို႔ ဇန္နဝါရီမွာ အသင္းနဲ႔လမ္းခြဲရမလို ျဖစ္ခဲ့တဲ့သူပါ။ ကိုပါအီတာလီယာဖလားမွာ ဥပေဒပ အပိုလူစားခြင့္ကို သုံးခဲ့လို႔ ႐ိုးမားက ၿပိဳင္ပြဲကထုတ္ပယ္ခံခဲ့ရတယ္။ လက္ရွိစီးရီးေအမွာ ရမွတ္ ၅၀ နဲ႔ အဆင့္ ၆ မွာရပ္တည္ေနတယ္။ ကံေကာင္းေထာက္မစြာနဲ႔ အသင္းမွာ ဆက္ရွိေနေသးတဲ့ နည္းျပျဖစ္ပါတယ္။ သူ႔ကို ဆာရီနဲ႔ အစားထိုးဖို႔ ႐ိုးမားက ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

စတိဗ္ ဘ႐ုစ္

ပရီးမီးယားလိဂ္ရဲ႕ နာမည္ေက်ာ္လူသိမ်ားတဲ့ နည္းျပႀကီးျဖစ္တယ္။ နယူးကာဆယ္ကို လက္ရွိပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁၇ ေနရာမွာ တန္းမဆင္းဖို႔ ႐ုန္းကန္ေနေစတယ္။ ေနာက္ဆုံး ၈ ပြဲမွာ ၁ ပြဲသာႏိုင္တဲ့အထိ ရလဒ္ဆိုး႐ြားေနတယ္။ နယူးကာဆယ္ပရိသတ္ေတြက သူ႔ကိုအလုပ္ထုတ္ဖို႔ ၃ ႀကိမ္တိုင္ ဆႏၵျပေတာင္းဆိုခဲ့ေပမယ့္ အသင္းပိုင္ရွင္ မိုက္ခ္အက္ရွ္ေလက လ်စ္လ်ဴရႈထားၿပီး သူနဲ႔အတူ ေရွ႕ဆက္ေနတယ္။ နယူးကာဆယ္ရဲ႕အနာဂတ္ကေတာ့ လွဖို႔မရွိပါဘူး။ တန္းဆင္းဇုန္ထဲက အစြမ္းကုန္ ႐ုန္းၿပီးရင္ေတာ့ စတိဗ္ ဘ႐ုစ္ဟာ အသင္းနဲ႔လမ္းခြဲသင့္ေနပါၿပီ။

ေဂ်ာ္ဂ်ီ ေဂ်ဆူးစ္

ဘင္ဖီကာအသင္းရဲ႕နည္းျပျဖစ္လို႔ အတန္ငယ္စိမ္းေနႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လကမွ စတင္တာဝန္ယူတာျဖစ္တယ္။ ေပၚတူဂီ ေဘာလုံးသမိုင္းတေလွ်ာက္ အႀကီးမားဆုံး ေငြသုံးစြဲခြင့္ရခဲ့တယ္။ အသင္းရဲ႕ေထာက္ခံမႈကိုရၿပီး ယူ႐ို ၁၀၅ သန္းအထိ သုံးစြဲၿပီး ေဈးကြက္မွာလႈပ္ရွားခဲ့တယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ေျခစစ္ပြဲအဆင့္မွာတင္ ဖ်ာလိပ္ျပန္ခဲ့ရၿပီး ျပည္တြင္းဖလားေတြကလည္း ဆက္တိုက္ထြက္ခြာခဲ့ရၿပီးျဖစ္တယ္။ အမွတ္ေပးဇယား အဆင့္ ၃ မွာ ရွိေနၿပီး ထိပ္ဆုံးက စပို႔တင္းနဲ႔ ၁၃ မွတ္ျပတ္ေနတာပါ။ သူဟာဘင္ဖီကာမွာ အလုပ္မျဖစ္ဘူးလို႔ ပရိသတ္ေတြက ေတာင္းဆိုေနၾကတာက အသင္းကေန ထုတ္ပယ္ခံရဖို႔နီးလာေစေသာ္ျငား လက္ရွိမွာေတာ့ ကံေကာင္းေနဆဲ နည္းျပတဦးပါပဲ။

အန္ဒေရ ပီယာလို

ယူဗင္တပ္စ္အသင္းက ၁၀ ႏွစ္ဆက္ စီးရီးေအခ်န္ပီယံျဖစ္ဖို႔ က်ားလိုက္သလို လိုက္ခ်င္ေနတဲ့အသင္းျဖစ္တယ္။ အခုေျခစြမ္းအရေတာ့ ေရာက္လုနီးမွ လက္ပန္းက်ေနတဲ့အသင္းအျဖစ္ ျမင္ေတြ႕ေနရတယ္။ အသင္းကို ေရာက္ေရာက္ခ်င္း တာထြက္ရာသီမွာပဲ စီးရီးေအခ်န္ပီယံတန္းျဖစ္ခဲ့တဲ့ နည္းျပဆာရီကိုေတာင္ ယူဗင္တပ္စ္အသင္းက ထုတ္ပယ္ခဲ့ဖူးတယ္။ ေဘာလုံးေလာရဲ႕ မ်က္ႏွာသစ္မဟုတ္ေပမယ့္ လူသစ္နည္းျပျဖစ္တဲ့ ပီယာလိုလက္ထဲကို ယုံၾကည္ၿပီး အသင္းကို ပုံအပ္လိုက္တယ္။

အခုေတာ့ ယူဗင္တပ္စ္က ခ်န္ပီယံလိဂ္ကြာတားေတာင္ မတက္ႏိုင္ဘဲ ျပဳတ္လာတယ္။ စီးရီးေအမွာ အဆင့္ ၃ ကိုေရာက္ေနၿပီး ထိပ္ဆုံးက အင္တာမီလန္နဲ႔ ၁၀ မွတ္ျပတ္ေနတယ္။ ပီယာလိုအေနနဲ႔ ကိုပါအီတာလီယာဖလား ဖိုင္နယ္ကို တက္ႏိုင္ေပမယ့္ ဖိအားေတြေအာက္ကို ေရာက္ေနတယ္။ ရလဒ္ေတြက ယူဗင္တပ္စ္အဆင့္အတန္းကို မမီဘူး။ အဆင့္မီေျခစြမ္းလည္း ေပ်ာက္ဆုံးသြားခဲ့ရၿပီ။ ဒီလိုအခ်ိန္မွာ ထိပ္သီးအသင္းေတြရဲ႕နည္းျပအေတာ္မ်ားမ်ားက ျပဳတ္သြားတာမ်ားပါတယ္။ ယူဗင္တပ္စ္နဲ႔ ခြာၿပဲရေတာ့မယ့္ ႀကိဳးစခပ္တဲတဲကေလးကပဲ ပီယာလိုအတြက္ ကံေကာင္းေနေသးတဲ့ အေျခအေနတခုလို႔ ယူဆရမွာပါ။

ဂ်ဳိေဆး ေမာ္ရင္ညိဳ

ေမာ္ရင္ညိဳအေၾကာင္းေျပာမယ္ဆိုရင္ေတာ့ ေျပာမဆုံးေပါင္ ေတာသုံးေထာင္ ဆိုသလိုကို ရွည္လ်ားေထြျပားၿပီး ရႈပ္ေထြးေပြလီလြန္းပါတယ္။ Special One ဘဝကေန အတက္အက်ခပ္ၾကမ္းၾကမ္းနဲ႔ ဆူးေတာထဲက ေမာ္ရင္ညိဳျဖစ္လာတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ပို႔ေပးခဲ့တဲ့ ပိုခ်က္တီႏိုကို အလုပ္ထုတ္ပစ္ခဲ့တဲ့ စပါးစ္ဥကၠဌလီဗိုင္းက ေမာ္ရင္ညိဳကို ယုံမွတ္လို႔ ပုံအပ္ၿပီး အသင္းကိုထိုးထည့္ခဲ့တယ္။

နည္းျပႏွစ္ဦးရဲ႕ စနစ္တည္ေဆာက္ပုံက ျပဒါးတလမ္း သံတလမ္းျဖစ္တယ္။ ဒီလိုသာဓကကို စပါးစ္က ထပ္သယ္ေဆာင္လာတယ္။ ေရတိုဆုဖလား ေအာင္ျမင္မႈကို ေမွ်ာ္မွန္းခ်က္ဟာ စပါးကို ေျမစာပင္ျဖစ္ေစသလားလို႔ ေတြးဆစရာပါ။ စြဲမက္ဖြယ္စြမ္းေဆာင္ရည္နဲ႔ စိတ္လႈပ္စရာေကာင္းလွတဲ့ စပါးစ္ရဲ႕ကစားပုံဟာ ေန႔ခ်င္းညခ်င္းမွာ ပ်င္းရိစရာေကာင္းၿပီး ခံစစ္အားျပဳတဲ့ ပိတ္ဆို႔ကစားပုံျဖစ္လာတယ္။ အသင္းရဲ႕တိုက္စစ္ပိုင္းမွာ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္ကိုသာ အသက္လိုအားကိုးလာရတယ္။ အခုေတာ့ သူတို႔ႏွစ္ဦးရဲ႕သြင္းဂိုးေတြဟာ ေျခာက္ခမ္းျမစ္ႀကီးလိုပါပဲ။ ဘာဆက္လုပ္ရမွန္းမသိေအာင္ကို ကုန္ဆုံးသြားတဲ့ ကစားသမားႏွစ္ဦးအျဖစ္ ျမင္လာရတယ္။ စပါးစ္ရဲ႕ကစားပုံက ကြင္းထဲမွာ တုံးအသြားတယ္။ ဒိုင္နမို ဇာဂရက္ဘ္လိုအသင္းကို အေရးနိမ့္ၿပီး ဥေရာပၿပိဳင္ပြဲက ထြက္ရတဲ့အျဖစ္ကေန အာဆင္နယ္ကိုဆက္တိုက္ရႈံးတယ္။

အခုအခ်ိန္မွာ ေမာ္ရင္ညိဳကို ထုတ္ပစ္ဖို႔ စပါးစ္ပရိသတ္ေတြက တခဲနက္ေအာ္ဟစ္လာၾကၿပီ။ ေမာ္ရင္ညိဳကို အလုပ္ခန႔္ခဲ့တဲ့ လီဗိုင္းတေယာက္ ဒီအခ်ိန္မွာ စာခ်ဳပ္ေလ်ာ္ေၾကးနဲ႔ အိတ္ေဖာင္းၿပီးျပန္သြားတဲ့ ေမာ္ရင္ညိဳကိုသာ ေငးၾကည့္ဖို႔ရာ အေတာ္ေလးနီးစပ္ေနတယ္ဆိုရမွာပါ။ စပါးစ္အသင္းကို ပိုခ်စ္ျမတ္ႏိုးတယ္ဆိုရင္ေတာ့ ေမာ္ရင္ညိဳနဲ႔ခြါၿပဲသင့္ေနတာျဖစ္ပါတယ္။ လီဗိုင္း လူေ႐ြးမွားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.