Premier League

ခရစ္စတီယာနို ရော်နယ်လ်ဒို မလုပ်နိုင်တဲ့ မက်ဆီရဲ့ ခြားနားထူးချွန်တဲ့ ထူးခြားတဲ့အမူအကျင့်ကို ချီးကျူးလိုက်တဲ့ အွန်နရီ

လူအတော်များများရဲ့မြင်ကွင်းထဲမှာ မက်ဆီရဲ့ပုံရိပ်တွေ၊ အလိမ်အခေါက်တွေ၊ နဲ့ ဘောလုံးကစားပုံတွေက ပြောင်မြောက်လွန်းလို့ ဖျောက်ဖျက်ပစ်လို့ မရအောင်ကို စွဲတင်ကျန်ရစ်ပြီး လွှမ်းမိုးထားတယ်ဆိုတာ ငြင်းဆန်လို့ မရပါဘူး။ သူ့ကို မကြိုက်တဲ့သူ ဆိုရင်တောင်မှ ကမ္ဘာ့ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး ဘောလုံးသမားအဖြစ် လက်ခံထားရပါတယ်။

လက်ရှိ အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ဒီရာသီလာလီဂါမှာ ၂၆ ပွဲကစားပြီး ၂၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်နဲ့ ငယ်မူငယ်သွေး​ခြေစွမ်းကို ကြရွလွန်းစွာ ဆက်လက်ပြသနေဆဲဖြစ်တာကို မြင်တွေ့ရနေရတယ်။

တကယ့်ကို ရှားရှားပါးပါး ကစားသမားတွေထဲက ထူးခြားတဲ့ကစားသမားတယောက်ဖြစ်တဲ့ မက်​ဆီရဲ့ အရှေ့မှာ မလဲပြိုခဲ့ဖူးတဲ့ ခံစစ်မှူးဆိုတာ လက်ချိုးရေရင်တောင် လက်တဖက်ပြည့်ဖို့ အတော်ခဲယဥ်းမှာပါ။ သူ့ရဲ့ မွေးရာပါ ဘောလုံးပါရမီက တခေတ်မှာတယောက်အနေနဲ့ ဘောလုံးလိမ်ခေါက်ကျော်ဖြတ်မှုမှာ ဆရာတဆူအဖြစ် သတ်မှတ်ရမှာပါ။

ဘောလုံးကို ဆွဲတက်လာတဲ့ မက်ဆီကို တားဆီးဖို့ကြိုးစားရင်း ဖင်ထိုင်လျက်လဲကျခဲ့တဲ့ ဘိုတန်ရဲ့ ၂၀၁၅ ခုနှစ်က အရှက်ရဖွယ်ဖြစ်ရပ်က အကျော်ကြားဖြစ်ခဲ့ပြီး ဒါက အကောင်းဆုံးသက်သေဖြစ်ပါတယ်။

မက်ဆီရဲ့ထူးခြားချက်က ဒီစွမ်းရည်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရိသတ်ရှေ့မြင်ကွင်းမှာမှ ထုတ်ဖော်အသုံးချတာမဟုတ်ဘဲ ပရိသတ်မမြင်သိနိုင်တဲ့ လေ့ကျင့်ရေးအစီအစဥ်မှာလည်း ကောင်းကောင်း အသုံးချတယ်လို့ သိရတာပါ။

ဒါနဲ့ပတ်သက်ပြီး ဘာဆာအသင်းဖော် သီယာရီ အွန်နရီက မက်ဆီဟာ လေ့ကျင့်ရေးကွင်းမှာ လိမ်ခေါက်ကျော်ဖြတ်နေရင်း ပြစ်ဒဏ်အကျူးလွန်ခံရလို့ နည်းပြက ပြစ်ဒဏ်ဘော မသတ်မှတ်ပေးရင်တောင် ဒေါသကြီးတတ်လေ့ရှိကြောင်း ဆိုခဲ့ပြီး ဖြစ်ရပ်မှန်တခုကိုလည်း အခုလို ရှင်းပြခဲ့ပါတယ်။

ဂိုးသမားဆီ ဘောလုံးပြန်ရောက်သွားတော့ မက်ဆီက ဘောလုံးပြန်ဆင်းတောင်းတယ်။ ဂိုးသမားက သူ့ကို ဘောလုံး ထိုးပေးလိုက်တယ်။ ပြီးတော့ မက်ဆီက တသင်းလုံးကို လိမ်ခေါက် ကျော်ဖြတ်ပြေးပြီး အငြိုးတကြီးပုံစံနံ့ ဂိုးသွင်းပစ်တော့တာပဲဗျာ။

ကျွန်တော်အနေနဲ့ဆိုရင်တော့ ဒါမျိုးကို ကျောင်းတုန်းက ဘောလုံးကွင်းမှာ လုပ်လေ့ရှိတာပေါ့ဗျာ။ ကလေးငယ်လေးတွေနဲ့ ဘောလုံးကစားရင်လည်း အလှအပလေးတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့်ဗျာ။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားကြီးတွေကိုမှ လုပ်ပြသွားတာဗျ။ ယာယာ တိုရေး၊ ပူယိုးလ်၊ ဇာဗီ၊ အင်နေယက်စတာ၊ ဘူးစကွက်စ်တို့လို ကစားသမားတွေကို ပက်လက်လန်အောင် လုပ်သွားတာဗျာ။ ပြီးတော့ဗျာ…. တခါတလေလုပ်တယ်မထင်နဲ့နော်။ ခဏခဏကို လုပ်လေ့ရှိတာပေါ့ဗျာ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကရော ဒါမျိုးလုပ်လေ့ရှိသလားဆိုရင်တော့ ကျွန်တော်မ​မြင်ဖူးပါဘူး။ ကျွန်တော်က ဇီဒန်း၊ ရော်နယ်ဒင်ညိုတို့နဲ့လည်း အတူကစားဖူးပေမယ့် သူတို့လည်း ဒီလိုမလုပ်ကြပါဘူး။ အဲဒီအချိန်မှာပဲ မက်ဆီဟာ ကျွန်တော်တို့ တွေ့မြင်ဖူးတဲ့ ဘယ်ကစားသမားမျိုးနဲ့ မတူညီတဲ့သူ၊ သီးသန့်ကွဲထွက်နေတဲ့ ခြားနားထူးချွန်တဲ့သူဆိုတာကို သဘောပေါက်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

လူအေတာ္မ်ားမ်ားရဲ႕ျမင္ကြင္းထဲမွာ မက္ဆီရဲ႕ပုံရိပ္ေတြ၊ အလိမ္အေခါက္ေတြ၊ နဲ႔ ေဘာလုံးကစားပုံေတြက ေျပာင္ေျမာက္လြန္းလို႔ ေဖ်ာက္ဖ်က္ပစ္လို႔ မရေအာင္ကို စြဲတင္က်န္ရစ္ၿပီး လႊမ္းမိုးထားတယ္ဆိုတာ ျငင္းဆန္လို႔ မရပါဘူး။ သူ႔ကို မႀကိဳက္တဲ့သူ ဆိုရင္ေတာင္မွ ကမာၻ႔ေဘာလုံးေလာကရဲ႕ ထာဝရအေကာင္းဆုံး ေဘာလုံးသမားအျဖစ္ လက္ခံထားရပါတယ္။

လက္ရွိ အသက္ ၃၃ ႏွစ္အ႐ြယ္ မက္ဆီဟာ ဒီရာသီလာလီဂါမွာ ၂၆ ပြဲကစားၿပီး ၂၃ ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၈ ႀကိမ္နဲ႔ ငယ္မူငယ္ေသြး​ေျခစြမ္းကို ၾက႐ြလြန္းစြာ ဆက္လက္ျပသေနဆဲျဖစ္တာကို ျမင္ေတြ႕ရေနရတယ္။

တကယ့္ကို ရွားရွားပါးပါး ကစားသမားေတြထဲက ထူးျခားတဲ့ကစားသမားတေယာက္ျဖစ္တဲ့ မက္​ဆီရဲ႕ အေရွ႕မွာ မလဲၿပိဳခဲ့ဖူးတဲ့ ခံစစ္မႉးဆိုတာ လက္ခ်ိဳးေရရင္ေတာင္ လက္တဖက္ျပည့္ဖို႔ အေတာ္ခဲယဥ္းမွာပါ။ သူ႔ရဲ႕ ေမြးရာပါ ေဘာလုံးပါရမီက တေခတ္မွာတေယာက္အေနနဲ႔ ေဘာလုံးလိမ္ေခါက္ေက်ာ္ျဖတ္မႈမွာ ဆရာတဆူအျဖစ္ သတ္မွတ္ရမွာပါ။

ေဘာလုံးကို ဆြဲတက္လာတဲ့ မက္ဆီကို တားဆီးဖို႔ႀကိဳးစားရင္း ဖင္ထိုင္လ်က္လဲက်ခဲ့တဲ့ ဘိုတန္ရဲ႕ ၂၀၁၅ ခုႏွစ္က အရွက္ရဖြယ္ျဖစ္ရပ္က အေက်ာ္ၾကားျဖစ္ခဲ့ၿပီး ဒါက အေကာင္းဆုံးသက္ေသျဖစ္ပါတယ္။

မက္ဆီရဲ႕ထူးျခားခ်က္က ဒီစြမ္းရည္ကို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ပရိသတ္ေရွ႕ျမင္ကြင္းမွာမွ ထုတ္ေဖာ္အသုံးခ်တာမဟုတ္ဘဲ ပရိသတ္မျမင္သိႏိုင္တဲ့ ေလ့က်င့္ေရးအစီအစဥ္မွာလည္း ေကာင္းေကာင္း အသုံးခ်တယ္လို႔ သိရတာပါ။

ဒါနဲ႔ပတ္သက္ၿပီး ဘာဆာအသင္းေဖာ္ သီယာရီ အြန္နရီက မက္ဆီဟာ ေလ့က်င့္ေရးကြင္းမွာ လိမ္ေခါက္ေက်ာ္ျဖတ္ေနရင္း ျပစ္ဒဏ္အက်ဴးလြန္ခံရလို႔ နည္းျပက ျပစ္ဒဏ္ေဘာ မသတ္မွတ္ေပးရင္ေတာင္ ေဒါသႀကီးတတ္ေလ့ရွိေၾကာင္း ဆိုခဲ့ၿပီး ျဖစ္ရပ္မွန္တခုကိုလည္း အခုလို ရွင္းျပခဲ့ပါတယ္။

ဂိုးသမားဆီ ေဘာလုံးျပန္ေရာက္သြားေတာ့ မက္ဆီက ေဘာလုံးျပန္ဆင္းေတာင္းတယ္။ ဂိုးသမားက သူ႔ကို ေဘာလုံး ထိုးေပးလိုက္တယ္။ ၿပီးေတာ့ မက္ဆီက တသင္းလုံးကို လိမ္ေခါက္ ေက်ာ္ျဖတ္ေျပးၿပီး အၿငိဳးတႀကီးပုံစံနံ႔ ဂိုးသြင္းပစ္ေတာ့တာပဲဗ်ာ။

ကြၽန္ေတာ္အေနနဲ႔ဆိုရင္ေတာ့ ဒါမ်ိဳးကို ေက်ာင္းတုန္းက ေဘာလုံးကြင္းမွာ လုပ္ေလ့ရွိတာေပါ့ဗ်ာ။ ကေလးငယ္ေလးေတြနဲ႔ ေဘာလုံးကစားရင္လည္း အလွအပေလးေတြ လုပ္ေလ့ရွိပါတယ္။ ဒါေပမယ့္ဗ်ာ။ မက္ဆီက ကမာၻ႔အေကာင္းဆုံးကစားသမားႀကီးေတြကိုမွ လုပ္ျပသြားတာဗ်။ ယာယာ တိုေရး၊ ပူယိုးလ္၊ ဇာဗီ၊ အင္ေနယက္စတာ၊ ဘူးစကြက္စ္တို႔လို ကစားသမားေတြကို ပက္လက္လန္ေအာင္ လုပ္သြားတာဗ်ာ။ ၿပီးေတာ့ဗ်ာ…. တခါတေလလုပ္တယ္မထင္နဲ႔ေနာ္။ ခဏခဏကို လုပ္ေလ့ရွိတာေပါ့ဗ်ာ။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေရာ ဒါမ်ိဳးလုပ္ေလ့ရွိသလားဆိုရင္ေတာ့ ကြၽန္ေတာ္မ​ျမင္ဖူးပါဘူး။ ကြၽန္ေတာ္က ဇီဒန္း၊ ေရာ္နယ္ဒင္ညိဳတို႔နဲ႔လည္း အတူကစားဖူးေပမယ့္ သူတို႔လည္း ဒီလိုမလုပ္ၾကပါဘူး။ အဲဒီအခ်ိန္မွာပဲ မက္ဆီဟာ ကြၽန္ေတာ္တို႔ ေတြ႕ျမင္ဖူးတဲ့ ဘယ္ကစားသမားမ်ိဳးနဲ႔ မတူညီတဲ့သူ၊ သီးသန္႔ကြဲထြက္ေနတဲ့ ျခားနားထူးခြၽန္တဲ့သူဆိုတာကို သေဘာေပါက္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.