Premier League Transfer News

26 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ဂိုးသမား ဘန်းဒ် လီနိုအနေနဲ့ ဂျာမနီအသင်းဖော် မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဂျိုနတ်စ် ဟော့ဖ်မန်းမှာ ကိုဗစ်တွေ့ရှိချိန်မှာ အတူတွဲဖက် လေ့ကျင့်မိခဲ့တယ်လို့ သိရပြီး သူ့အနေနဲ့ မန်စီးတီးကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်နဲ့အတူ ကွာရန်တင်းရတော့မှာဖြစ်ပြီး လာမယ့်ပွဲတွေမှာ အသင်းကို ဇန်နဝါရီက ရောက်ရှိလာခဲ့တဲ့ မတ်ရိုင်ယန်ကိုပဲ အားကိုးရဖွယ်ရှိလာ။

– အသင်းမှာ ခြေစွမ်းပြသနေတဲ့ ခရွိုင်ဒန် ဒီဘရိုင်းနားအမည်ရ လူငယ်ကစားသမား အီမီးလ် စမစ်ရိုးကို အမ်းမရိတ်မှာ ကာလာကြာရှည်စွာ ဆက်လက်ရှိနေစေမယ့် စာချုပ်တစ်ရပ်ကို သက်တမ်းတိုးချုပ်ဆိုနိုင်ဖို့ အာဆင်နယ်တာဝန်ရှိသူတွေဘက်က ပြင်ဆင်နေ။

– ဂါဘရီယယ်လ် မာတီနယ်လီကို ပွဲထွက်စာရင်းမှာ နေရာပေးဖို့ ခက်ခဲနေပုံဟာ မန်ချက်စတာစီးတီးအသင်းမှာ ဂွါဒီယိုလာ ရင်ဆိုင်ခဲ့ရတဲ့ ဖိုဒန်ပြဿနာနဲ့ အလားတူဖြစ်နေပြီး မီခယ်လ် အာတီတာအနေနဲ့ လာမယ့်ပွဲတွေမှာ ဘရာဇီးလ်သားကို ဘယ်လိုနေရာပေးရမယ်ဆိုတာ အတုယူပြီး တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းသွားဖွယ်ရှိနေ။

– စကော့တလန်အသင်းမှာ ကီရန် တီယာနီအနေနဲ့ နောက်တန်းသုံးယောက်ရဲ့ ဘယ်အစွန်လူအဖြစ်သာ ကစားနေရတာကို အာဆင်နယ် ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပြီး လက်ရှိဘယ်နောက်ခံလူအဖြစ် ကစားနေတဲ့ အန်ဒီ ရောဘတ်ဆန်ထက် သာလွန်တဲ့ ခြေစွမ်းကို ပြသနိုင်ရဲ့သားနဲ့ စိတ်ကြိုက်နေရာမှာ ကစားခွင့်မရမှုအပေါ် နည်းပြ စတိဗ် ကလာ့ခ်ကို အပြစ်တင်ခဲ့ကြ။

– ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနီဒန်း ဇီဒန်းက ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်မှာ ဘာနေဗျူးအနာဂတ် ခိုင်ခိုင်မာမာရှိနေပြီး လက်ရှိ အာဆင်နယ်အသင်းဆီ အငှားချခဲ့တယ်ဆိုတာဟာ ကစားသမားရဲ့ ယုံကြည်မှု မြင့်မားလာစေဖို့သာဖြစ်သလို ရောင်းချသွားနိုင်ခြေက သုညရာခိုင်နှုန်းသာဖြစ်ကြောင်း ရှင်းလင်း။

– အာဆင်နယ်ပရိသတ်တွေနဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာတို့ကြားမှာ လက်ရှိအချိန်အထိ အမြင်မကြည်ကြသေးဘဲ ဆွစ်ကွင်းလယ်လူအနေနဲ့ သူအနီကတ်ထိရင် တခြားဘောလုံးသမားတွေ အနီကတ်ထိတာထက် ပိုပြီးဝေဖန်ခံရကြောင်း ဆိုလိုက်ချိန်မှာ ပရိသတ်တွေကတော့ လာမယ့်ရာသီမှာ သူ့ကို ရတဲ့ ဈေးနဲ့ ရောင်းထုတ်ပြီး ဘရိုက်တန်ရဲ့ ဘီဆူးမားနဲ့ အစားထိုးစေချင်နေကြ။

– အမ်းမရိတ်မှာ အခန်းကဏ္ဍ တဖြည်းဖြည်း ပျောက်ဆုံးခဲ့ပြီဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ်နဲ့တောင် ကစားခွင့်မရတော့တဲ့ ဒုတိယ ရာသီဝက်က အခြေအနေတွေကို လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားအနေနဲ့ စိတ်ပျက်နေပြီး ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတွေက ခေါ်ယူလိုနေတဲ့ အာဂျင်တီးနားသား ဂီဒို ရိုဒရီးရက်ဇ်ဟာ ရီးရဲလ်ဘက်တစ်အသင်းက ပိုင်ဆိုင်တဲ့ ကစားသမား မဟုတ်ဘူးလို့ သိရပြီး ကွင်းလယ်လူအနေနဲ့ ကလပ်အမေရိကအသင်းကနေ နှစ်နှစ်အငှားနဲ့ ရောက်ရှိနေတာ ဖြစ်လို့ မက္ကဆီကိုကလပ်နဲ့ပဲ စကားပြောရမှာဖြစ်သလို လက်ရှိ သူတို့နှစ်သင်းကြား သဘောတူညီထားမှုက အခက်အခဲဖြစ်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ မာတင် အော်ဒီဂွါဒ်ကို မခေါ်ယူနိုင်တော့ဘူးဆိုရင် အရန်အစီအစဉ်ကို စဉ်းစားထားခဲ့ပြီး မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ဟက်ထရစ်သွင်းပြီး ယူရိုပါလိဂ်က ထွက်ခွာစေခဲ့တဲ့ ဒီနာမို ဇာဂရက်ဇ်ကွင်းလယ်လူ မီဆလပ်ဗ် အော်ဆစ်ချ်ကို ပစ်မှတ်ထားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ဂိုးသမား ဘန္းဒ္ လီႏိုအေနနဲ႔ ဂ်ာမနီအသင္းေဖာ္ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဂ်ိဳနတ္စ္ ေဟာ့ဖ္မန္းမွာ ကိုဗစ္ေတြ႕ရွိခ်ိန္မွာ အတူတြဲဖက္ ေလ့က်င့္မိခဲ့တယ္လို႔ သိရၿပီး သူ႔အေနနဲ႔ မန္စီးတီးကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္နဲ႔အတူ ကြာရန္တင္းရေတာ့မွာျဖစ္ၿပီး လာမယ့္ပြဲေတြမွာ အသင္းကို ဇန္နဝါရီက ေရာက္ရွိလာခဲ့တဲ့ မတ္႐ိုင္ယန္ကိုပဲ အားကိုးရဖြယ္ရွိလာ။

– အသင္းမွာ ေျခစြမ္းျပသေနတဲ့ ခ႐ြိဳင္ဒန္ ဒီဘ႐ိုင္းနားအမည္ရ လူငယ္ကစားသမား အီမီးလ္ စမစ္႐ိုးကို အမ္းမရိတ္မွာ ကာလာၾကာရွည္စြာ ဆက္လက္ရွိေနေစမယ့္ စာခ်ဳပ္တစ္ရပ္ကို သက္တမ္းတိုးခ်ဳပ္ဆိုႏိုင္ဖို႔ အာဆင္နယ္တာဝန္ရွိသူေတြဘက္က ျပင္ဆင္ေန။

– ဂါဘရီယယ္လ္ မာတီနယ္လီကို ပြဲထြက္စာရင္းမွာ ေနရာေပးဖို႔ ခက္ခဲေနပုံဟာ မန္ခ်က္စတာစီးတီးအသင္းမွာ ဂြါဒီယိုလာ ရင္ဆိုင္ခဲ့ရတဲ့ ဖိုဒန္ျပႆနာနဲ႔ အလားတူျဖစ္ေနၿပီး မီခယ္လ္ အာတီတာအေနနဲ႔ လာမယ့္ပြဲေတြမွာ ဘရာဇီးလ္သားကို ဘယ္လိုေနရာေပးရမယ္ဆိုတာ အတုယူၿပီး တူညီတဲ့ လမ္းစဥ္ကို ေလွ်ာက္လွမ္းသြားဖြယ္ရွိေန။

– စေကာ့တလန္အသင္းမွာ ကီရန္ တီယာနီအေနနဲ႔ ေနာက္တန္းသုံးေယာက္ရဲ႕ ဘယ္အစြန္လူအျဖစ္သာ ကစားေနရတာကို အာဆင္နယ္ ပရိသတ္ေတြက မေက်မနပ္ျဖစ္ေနၾကၿပီး လက္ရွိဘယ္ေနာက္ခံလူအျဖစ္ ကစားေနတဲ့ အန္ဒီ ေရာဘတ္ဆန္ထက္ သာလြန္တဲ့ ေျခစြမ္းကို ျပသႏိုင္ရဲ႕သားနဲ႔ စိတ္ႀကိဳက္ေနရာမွာ ကစားခြင့္မရမႈအေပၚ နည္းျပ စတိဗ္ ကလာ့ခ္ကို အျပစ္တင္ခဲ့ၾက။

– ရီးရဲလ္မက္ဒရစ္နည္းျပ ဇီနီဒန္း ဇီဒန္းက ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္မွာ ဘာေနဗ်ဴးအနာဂတ္ ခိုင္ခိုင္မာမာရွိေနၿပီး လက္ရွိ အာဆင္နယ္အသင္းဆီ အငွားခ်ခဲ့တယ္ဆိုတာဟာ ကစားသမားရဲ႕ ယုံၾကည္မႈ ျမင့္မားလာေစဖို႔သာျဖစ္သလို ေရာင္းခ်သြားႏိုင္ေျခက သုညရာခိုင္ႏႈန္းသာျဖစ္ေၾကာင္း ရွင္းလင္း။

– အာဆင္နယ္ပရိသတ္ေတြနဲ႔ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာတို႔ၾကားမွာ လက္ရွိအခ်ိန္အထိ အျမင္မၾကည္ၾကေသးဘဲ ဆြစ္ကြင္းလယ္လူအေနနဲ႔ သူအနီကတ္ထိရင္ တျခားေဘာလုံးသမားေတြ အနီကတ္ထိတာထက္ ပိုၿပီးေဝဖန္ခံရေၾကာင္း ဆိုလိုက္ခ်ိန္မွာ ပရိသတ္ေတြကေတာ့ လာမယ့္ရာသီမွာ သူ႔ကို ရတဲ့ ေဈးနဲ႔ ေရာင္းထုတ္ၿပီး ဘ႐ိုက္တန္ရဲ႕ ဘီဆူးမားနဲ႔ အစားထိုးေစခ်င္ေနၾက။

– အမ္းမရိတ္မွာ အခန္းက႑ တျဖည္းျဖည္း ေပ်ာက္ဆုံးခဲ့ၿပီျဖစ္ၿပီး လူစားဝင္ကစားသမားအျဖစ္နဲ႔ေတာင္ ကစားခြင့္မရေတာ့တဲ့ ဒုတိယ ရာသီဝက္က အေျခအေနေတြကို လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားအေနနဲ႔ စိတ္ပ်က္ေနၿပီး ဝက္စ္ဟမ္းအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းနဲ႔ ဝက္စ္ဟမ္းအသင္းေတြက ေခၚယူလိုေနတဲ့ အာဂ်င္တီးနားသား ဂီဒို ႐ိုဒရီးရက္ဇ္ဟာ ရီးရဲလ္ဘက္တစ္အသင္းက ပိုင္ဆိုင္တဲ့ ကစားသမား မဟုတ္ဘူးလို႔ သိရၿပီး ကြင္းလယ္လူအေနနဲ႔ ကလပ္အေမရိကအသင္းကေန ႏွစ္ႏွစ္အငွားနဲ႔ ေရာက္ရွိေနတာ ျဖစ္လို႔ မကၠဆီကိုကလပ္နဲ႔ပဲ စကားေျပာရမွာျဖစ္သလို လက္ရွိ သူတို႔ႏွစ္သင္းၾကား သေဘာတူညီထားမႈက အခက္အခဲျဖစ္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ မာတင္ ေအာ္ဒီဂြါဒ္ကို မေခၚယူႏိုင္ေတာ့ဘူးဆိုရင္ အရန္အစီအစဥ္ကို စဥ္းစားထားခဲ့ၿပီး ေျမာက္လန္ဒန္ဒါဘီ ၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ဟက္ထရစ္သြင္းၿပီး ယူ႐ိုပါလိဂ္က ထြက္ခြာေစခဲ့တဲ့ ဒီနာမို ဇာဂရက္ဇ္ကြင္းလယ္လူ မီဆလပ္ဗ္ ေအာ္ဆစ္ခ်္ကို ပစ္မွတ္ထားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.