Premier League Transfer News

ပေါလ်အင့်စ်ရဲ့ ဆေးနဲ့ ယူနိုက်တက်တို့ စီးတီးတို့ကို တန်ဂိုလက်စားချေမှုဖြစ်ပေါ်မလား

မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ပေါလ်အင့်စ်က အသင်းဟောင်းရဲ့ တိုက်စစ်ပိုင်းကို ကြည့်ရတာ စိတ်ပျက်နေပြီး ဒီအတွက် လာမယ့်ရာသီမှာ အားဖြည့်ဖို့ လိုအပ်နေရာမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးရဲ့ ဆာဂျီယို အဂွေရိုကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ဒီအတိုင်းသာ အကောင်အထည်ပေါ်လာခဲ့ရင်တော့ ယူနိုက်တက်တို့အနေနဲ့ သူတို့ရဲ့ မြို့ခံပြိုင်ဘက်ကို လက်စားချေနိုင်ဖို့ ရှိနေသလို ၂၀၀၈ ခုနှစ်က စီးတီးတို့ဆီကို ပြောင်းရွှေ့သွားခဲ့ပြီး Welcome to Manchester လို့ နေရာအနှံ့ Billboard နဲ့ ဂုဏ်ဆာဖူးခဲ့တဲ့ အာဂျင်တီးနားသား ကားလို့စ် တီဗက်ဇ်ရဲ့ ဖြစ်ရပ်ကို အပြန်အလှန်အနေနဲ့ ချေမိနိုင်မှာလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့ကို ပထမဆုံး ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲရတဲ့ အရသာကို သင်ပေးခဲ့တဲ့ တိုက်စစ်မှူး အဂွေရိုဟာ လက်ရှိအချိန်အထိ အစ်တီဟတ်မှာ စာချုပ်သစ် ကမ်းလှမ်းခြင်း မခံရသေးဘဲရှိနေပြီး သူ့အတွက် အကြိုသဘောတူ ဆွေးနွေးဖို့ကိုတော့ ပြည်တွင်းကလပ်တွေအနေနဲ့ စည်းမျဉ်းတွေအရ လုပ်ဆောင်ခွင့် မရှိခဲ့လို့သာ အသင်းကြီးတွေထဲမှာ ကမ်းလှမ်းမှု တရားဝင် မပေါ်ပေါက်နိုင်သေးတာလည်းဖြစ်ပါတယ်။

ပေါလ်အင့်စ်ကတော့ တီဗက်ဇ်ရဲ့ အပြောင်းအရွှေ့ထက် ဒီကိစ္စမှာ အဲရစ် ကန်တိုနာရဲ့ အပြောင်းအရွှေ့နဲ့ပဲ ထပ်တူပြုခဲ့ပြီး လိဒ်စ်ယူနိုက်တက်ရဲ့ သူရဲကောင်းဘဝကနေ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်ခဲ့သလိုမျိုး အဂွေရိုအနေနဲ့ ဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့သွားပြီး လေးရာသီ ကစားခဲ့တဲ့ တီဗက်ဇ်ရဲ့ Service မျိုးကိုတော့ အဂွေရိုဆီကနေ မျှော်လင့်ဖို့ ခက်ခဲနိုင်ပြီး သူ့အနေနဲ့ လာမယ့်ရာသီအစမှာ အသက် ၃၃ နှစ်ပြည့်ပြီဖြစ်လို့ နှစ်ရာသီလောက်ပဲ မျှော်လင့်နိုင်မှာဖြစ်သလို သူ့ကို ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္မွာ ကစားခဲ့ဖူးတဲ့ ကြင္းလယ္လူေဟာင္း ေပါလ္အင့္စ္က အသင္းေဟာင္းရဲ႕ တိုက္စစ္ပိုင္းကို ၾကည့္ရတာ စိတ္ပ်က္ေနၿပီး ဒီအတြက္ လာမယ့္ရာသီမွာ အားျဖည့္ဖို႔ လိုအပ္ေနရာမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးရဲ႕ ဆာဂ်ီယို အေဂြ႐ိုကို ေခၚယူသင့္တယ္လို႔ တိုက္တြန္းလိုက္ပါတယ္။

ဒီအတိုင္းသာ အေကာင္အထည္ေပၚလာခဲ့ရင္ေတာ့ ယူႏိုက္တက္တို႔အေနနဲ႔ သူတို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ကို လက္စားေခ်ႏိုင္ဖို႔ ရွိေနသလို ၂၀၀၈ ခုႏွစ္က စီးတီးတို႔ဆီကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး Welcome to Manchester လို႔ ေနရာအႏွံ႔ Billboard နဲ႔ ဂုဏ္ဆာဖူးခဲ့တဲ့ အာဂ်င္တီးနားသား ကားလို႔စ္ တီဗက္ဇ္ရဲ႕ ျဖစ္ရပ္ကို အျပန္အလွန္အေနနဲ႔ ေခ်မိႏိုင္မွာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးတို႔ကို ပထမဆုံး ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲရတဲ့ အရသာကို သင္ေပးခဲ့တဲ့ တိုက္စစ္မႉး အေဂြ႐ိုဟာ လက္ရွိအခ်ိန္အထိ အစ္တီဟတ္မွာ စာခ်ဳပ္သစ္ ကမ္းလွမ္းျခင္း မခံရေသးဘဲရွိေနၿပီး သူ႔အတြက္ အႀကိဳသေဘာတူ ေဆြးေႏြးဖို႔ကိုေတာ့ ျပည္တြင္းကလပ္ေတြအေနနဲ႔ စည္းမ်ဥ္းေတြအရ လုပ္ေဆာင္ခြင့္ မရွိခဲ့လို႔သာ အသင္းႀကီးေတြထဲမွာ ကမ္းလွမ္းမႈ တရားဝင္ မေပၚေပါက္ႏိုင္ေသးတာလည္းျဖစ္ပါတယ္။

ေပါလ္အင့္စ္ကေတာ့ တီဗက္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕ထက္ ဒီကိစၥမွာ အဲရစ္ ကန္တိုနာရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပဲ ထပ္တူျပဳခဲ့ၿပီး လိဒ္စ္ယူႏိုက္တက္ရဲ႕ သူရဲေကာင္းဘဝကေန မန္ခ်က္စတာယူႏိုက္တက္မွာ ေအာင္ျမင္ခဲ့သလိုမ်ိဳး အေဂြ႐ိုအေနနဲ႔ ဒီလိုပဲ ျဖစ္လာလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕သြားၿပီး ေလးရာသီ ကစားခဲ့တဲ့ တီဗက္ဇ္ရဲ႕ Service မ်ိဳးကိုေတာ့ အေဂြ႐ိုဆီကေန ေမွ်ာ္လင့္ဖို႔ ခက္ခဲႏိုင္ၿပီး သူ႔အေနနဲ႔ လာမယ့္ရာသီအစမွာ အသက္ ၃၃ ႏွစ္ျပည့္ၿပီျဖစ္လို႔ ႏွစ္ရာသီေလာက္ပဲ ေမွ်ာ္လင့္ႏိုင္မွာျဖစ္သလို သူ႔ကို ခ်ဲလ္ဆီးအသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.