Premier League UCL&UEL

စပိန်အစိုးရကြောင့် လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့ ဥရောပမှာ အားသာမှုလျော့ကျသွားဖွယ်ရှိနေ

အင်္ဂလန်နိုင်ငံရဲ့ ကိုဗစ်ပြန့်ပွားမှုအခြေအနေအရ သူတို့ကို သံသယစာရင်းဝင်အဖြစ် စပိန်ဘက်က ကန့်သတ်မှုကို လက်ရှိမှာ ဖြေလျှော့ပေးခဲ့တာကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နေကြတဲ့ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့အနေနဲ့ အားသာမှု လျော့ကျသွားဖွယ်ရှိနေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအချိန်အထိ ရှုံးထွက်အဆင့်မှာ ဂျာမနီဘက် ကန့်သတ်မှုတွေကြောင့် အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ကို အန်းဖီးလ်မှာ ကစားခွင့် မရသေးဘဲ ဟန်ဂေရီနိုင်ငံမှာ သွားရောက်ကစားခဲ့ရသလို စပိန်အသင်းတွေနဲ့ တွေ့ဆုံရာမှာ အဝေးကွင်း မကစားဘဲ အသာစီးရနေတဲ့ ယူနိုက်တက်တို့ကတော့ ဆိုစီဒက်အသင်းကို ကျော်ဖြတ်အပြီး ဒီတစ်ကြိမ်မှာတော့ စတင်ကစားရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ကန့်သတ်ချက်စည်းမျဉ်းတွေကြောင့် အသင်းတွေအနေနဲ့ အိမ်ကွင်းမှာ လက်ခံကစားခွင့် ရရှိနေချိန်မှာ စပိန်နိုင်ငံကတော့ နောက်ထပ်တစ်ကျော့စာ စောင့်ခဲ့ပုံပေါ်ပြီး လက်ရှိမှာ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ်က ယူနိုက်တက်ကင်းဒမ်းအတွက် ကန့်သတ်ချက်ကို ဖြေလျှော့လိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်တို့အနေနဲ့ ဂရန်နာဒါကို အိမ်ကွင်းအဝေးကွင်းစည်းမျဉ်းအရ ကြားကွင်းမှာ မဟုတ်တော့ဘဲ မျှမျှတတ ရင်ဆိုင်ရမှာ ဖြစ်သလို လီဗာပူးလ်အသင်းအနေနဲ့လည်း ကြားကွင်းချည်းကစားရတဲ့ ဘဝကနေ လွတ်မြောက်ပြီး ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ ရင်ဆိုင်သွားရဖွယ်ရှိနေပါတယ်။

တစ်နည်းအားဖြင့်တော့ စပိန်ဘက်က ခုလို ဖြေလျှော့မှုဟာ အိမ်ကွင်းနဲ့ ကြားကွင်းမှာ ကစားပြီး အဝေးကွင်းကို ရှောင်လွှဲနိုင်ခွင့်ရှိနေတဲ့ အင်္ဂလန်အသင်းတွေအတွက်တော့ အားသာချက်တစ်ခုကို ဆုံးရှုံးလိုက်ရတာဖြစ်ပြီး ခက်ခဲတဲ့ အဝေးကွင်း ရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ရဖို့ ရှိလာခဲ့သလို ကစားသမားနဲ့ နည်းပြတွေအနေနဲ့လည်း ပိုမိုကြိုးစားပြင်ဆင်ရဖွယ်ရှိနေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ႏိုင္ငံရဲ႕ ကိုဗစ္ျပန႔္ပြားမႈအေျခအေနအရ သူတို႔ကို သံသယစာရင္းဝင္အျဖစ္ စပိန္ဘက္က ကန႔္သတ္မႈကို လက္ရွိမွာ ေျဖေလွ်ာ့ေပးခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္မွာ ယွဥ္ၿပိဳင္ေနၾကတဲ့ လီဗာပူးလ္အသင္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔အေနနဲ႔ အားသာမႈ ေလ်ာ့က်သြားဖြယ္ရွိေနပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိအခ်ိန္အထိ ရႈံးထြက္အဆင့္မွာ ဂ်ာမနီဘက္ ကန႔္သတ္မႈေတြေၾကာင့္ အိမ္ကြင္းအေဝးကြင္းႏွစ္ေက်ာ့ကို အန္းဖီးလ္မွာ ကစားခြင့္ မရေသးဘဲ ဟန္ေဂရီႏိုင္ငံမွာ သြားေရာက္ကစားခဲ့ရသလို စပိန္အသင္းေတြနဲ႔ ေတြ႕ဆုံရာမွာ အေဝးကြင္း မကစားဘဲ အသာစီးရေနတဲ့ ယူႏိုက္တက္တို႔ကေတာ့ ဆိုစီဒက္အသင္းကို ေက်ာ္ျဖတ္အၿပီး ဒီတစ္ႀကိမ္မွာေတာ့ စတင္ကစားရေတာ့မွာျဖစ္ပါတယ္။

အဂၤလန္ရဲ႕ ကန႔္သတ္ခ်က္စည္းမ်ဥ္းေတြေၾကာင့္ အသင္းေတြအေနနဲ႔ အိမ္ကြင္းမွာ လက္ခံကစားခြင့္ ရရွိေနခ်ိန္မွာ စပိန္ႏိုင္ငံကေတာ့ ေနာက္ထပ္တစ္ေက်ာ့စာ ေစာင့္ခဲ့ပုံေပၚၿပီး လက္ရွိမွာ စပိန္ဝန္ႀကီးခ်ဳပ္ ပက္ဒ႐ို ဆန္ခ်က္ဇ္က ယူႏိုက္တက္ကင္းဒမ္းအတြက္ ကန႔္သတ္ခ်က္ကို ေျဖေလွ်ာ့လိုက္ၿပီလို႔ ေၾကျငာခဲ့ပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ ဂရန္နာဒါကို အိမ္ကြင္းအေဝးကြင္းစည္းမ်ဥ္းအရ ၾကားကြင္းမွာ မဟုတ္ေတာ့ဘဲ မွ်မွ်တတ ရင္ဆိုင္ရမွာ ျဖစ္သလို လီဗာပူးလ္အသင္းအေနနဲ႔လည္း ၾကားကြင္းခ်ည္းကစားရတဲ့ ဘဝကေန လြတ္ေျမာက္ၿပီး ရီးရဲလ္မက္ဒရစ္ကို အိမ္ကြင္းအေဝးကြင္းႏွစ္ေက်ာ့ ရင္ဆိုင္သြားရဖြယ္ရွိေနပါတယ္။

တစ္နည္းအားျဖင့္ေတာ့ စပိန္ဘက္က ခုလို ေျဖေလွ်ာ့မႈဟာ အိမ္ကြင္းနဲ႔ ၾကားကြင္းမွာ ကစားၿပီး အေဝးကြင္းကို ေရွာင္လႊဲႏိုင္ခြင့္ရွိေနတဲ့ အဂၤလန္အသင္းေတြအတြက္ေတာ့ အားသာခ်က္တစ္ခုကို ဆုံးရႈံးလိုက္ရတာျဖစ္ၿပီး ခက္ခဲတဲ့ အေဝးကြင္း ရင္ဆိုင္မႈေတြနဲ႔ ႀကဳံေတြ႕ရဖို႔ ရွိလာခဲ့သလို ကစားသမားနဲ႔ နည္းျပေတြအေနနဲ႔လည္း ပိုမိုႀကိဳးစားျပင္ဆင္ရဖြယ္ရွိေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.