Premier League

ရာသီကုန်မှာ ဘာမှမရဘဲ ရူးချင်ယောင်ဆောင်လို့ မရဘူးလို့ သတိပေးခံလိုက်ရတဲ့ ဆိုးလ်ရှား

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က ယူနိုက်တက်အသင်းအနေနဲ့ အခု ပရီးမီးယားလိဂ်ရာသီအသိမ်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး အဆင့် ၄ အောက်ကို လျှောကျသွားဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားကြောင်း ဟောကိန်းထုတ်သွားခဲ့ပါတယ်။

လက်ရှိမှာ ပရီးမီယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ အဆင့် ၃ လက်စတာကို ၁ မှတ်ဖြတ်ထားပြီး အဆင့် ၄ ချယ်လ်ဆီးကို ၆ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ဖို့ ရေပန်းစားခဲ့သော်ငြား ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၄ ပွဲအထိ သရေကျခဲ့တာကြောင့် အဆင့် ၁ နေရာက မြို့ခံရန်ဘက် မန်စီးတီးအသင်းရဲ့ ၁၄ မှတ်အကွာ၊ နောက်ကောက်ချခြင်းကို ခံခဲ့ရတဲ့နောက် လက်ကျန် ၉ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ အဆင့် ၂ နေရာကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားဖို့ အာရုံစိုက်ရတော့မှာဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ တိုက်ပွဲဝင်ရတော့မယ့် အခြေအနေဆီ ရောက်ရှိလာတာပါ။

“ယူနိုက်တက်က ကမ္ဘာ့အကြီးမြတ်ဆုံးအသင်းလို့ ကျွန်တော်က ပြောပါများလာတော့ လူတွေကရယ်မောနေကြပါတယ်။ အရှိတရားကိုကြည့်ရင်တော့ ယူနိုက်တက်က အောင်မြင်မှုတခု ပြန်ရဖို့ လိုအပ်နေတယ်။ မန်စီးတီးကို အနိုင်ကန်တယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။ ဆုဖလားအောင်မြင်မှုကိုပါ ရှာဖွေရပါတော့မယ်”

“အခု ဒါကိုလုပ်ပြဖို့ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ရပါမယ်။ လုပ်စရာ ဒါပဲကျန်ပါတော့တယ်။ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တော့ သံသယဖြစ်စရာအကြောင်းမရှိပါဘူး။ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့လို အသင်းတွေ ခြေချော်နေချိန်မှာ အိုလေက အဆင့် ၄ အပြင်ဘက်ကို ထွက်မသွားနိုင်ပါဘူး။ ဒါက သူ့တာဝန်ကျေအောင် လုပ်ကိုလုပ်ရမယ့်အလုပ်ပါ။ တကယ်က လူတွေ အပေါ်ယံကြည့် နေသလိုမျိုး အဆင့် ၄ အတွင်း ရပ်တည်နိုင်ဖို့ဆိုတာ ပါးစပ်ကပြောသလောက် မလွယ်ကူတဲ့ အလုပ်ပါပဲ” လို့ ပေါလ်မာဆန်က သူ့ရဲ့ သုံးသပ်ချက်နဲ့အတူ ယူနိုက်တက်နဲ့ ပတ်သက်လို့ ဟောကိန်းထုတ်လိုက်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ကစားသမားေဟာင္း ေပါလ္မာဆင္က ယူႏိုက္တက္အသင္းအေနနဲ႔ အခု ပရီးမီးယားလိဂ္ရာသီအသိမ္းမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရၿပီး အဆင့္ ၄ ေအာက္ကို ေလွ်ာက်သြားဖို႔ မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္ထားေၾကာင္း ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

လက္ရွိမွာ ပရီးမီယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၂ ေနရာမွာ ရပ္တည္ေနတဲ့ ယူႏိုက္တက္အသင္းဟာ အဆင့္ ၃ လက္စတာကို ၁ မွတ္ျဖတ္ထားၿပီး အဆင့္ ၄ ခ်ယ္လ္ဆီးကို ၆ မွတ္ျဖတ္ထားတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို သိမ္းပိုက္ဖို႔ ေရပန္းစားခဲ့ေသာ္ျငား ပရီးမီးယားလိဂ္ ေနာက္ဆုံး ၇ ပြဲမွာ ၄ ပြဲအထိ သေရက်ခဲ့တာေၾကာင့္ အဆင့္ ၁ ေနရာက ၿမိဳ႕ခံရန္ဘက္ မန္စီးတီးအသင္းရဲ႕ ၁၄ မွတ္အကြာ၊ ေနာက္ေကာက္ခ်ျခင္းကို ခံခဲ့ရတဲ့ေနာက္ လက္က်န္ ၉ ပြဲ ကစားဖို႔ က်န္ရွိေနခ်ိန္မွာ အဆင့္ ၂ ေနရာကို ၿမဲၿမဲၿမံၿမံ ဆုပ္ကိုင္ထားဖို႔ အာ႐ုံစိုက္ရေတာ့မွာျဖစ္သလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္သာ တိုက္ပြဲဝင္ရေတာ့မယ့္ အေျခအေနဆီ ေရာက္ရွိလာတာပါ။

“ယူႏိုက္တက္က ကမာၻ႔အႀကီးျမတ္ဆုံးအသင္းလို႔ ကြၽန္ေတာ္က ေျပာပါမ်ားလာေတာ့ လူေတြကရယ္ေမာေနၾကပါတယ္။ အရွိတရားကိုၾကည့္ရင္ေတာ့ ယူႏိုက္တက္က ေအာင္ျမင္မႈတခု ျပန္ရဖို႔ လိုအပ္ေနတယ္။ မန္စီးတီးကို အႏိုင္ကန္တယ္ဆို႐ုံနဲ႔ မလုံေလာက္ပါဘူး။ ဆုဖလားေအာင္ျမင္မႈကိုပါ ရွာေဖြရပါေတာ့မယ္”

“အခု ဒါကိုလုပ္ျပဖို႔ ယူ႐ိုပါလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ရပါမယ္။ လုပ္စရာ ဒါပဲက်န္ပါေတာ့တယ္။ ယူႏိုက္တက္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေတာ့ သံသယျဖစ္စရာအေၾကာင္းမရွိပါဘူး။ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္တို႔လို အသင္းေတြ ေျခေခ်ာ္ေနခ်ိန္မွာ အိုေလက အဆင့္ ၄ အျပင္ဘက္ကို ထြက္မသြားႏိုင္ပါဘူး။ ဒါက သူ႔တာဝန္ေက်ေအာင္ လုပ္ကိုလုပ္ရမယ့္အလုပ္ပါ။ တကယ္က လူေတြ အေပၚယံၾကည့္ ေနသလိုမ်ိဳး အဆင့္ ၄ အတြင္း ရပ္တည္ႏိုင္ဖို႔ဆိုတာ ပါးစပ္ကေျပာသေလာက္ မလြယ္ကူတဲ့ အလုပ္ပါပဲ” လို႔ ေပါလ္မာဆန္က သူ႔ရဲ႕ သုံးသပ္ခ်က္နဲ႔အတူ ယူႏိုက္တက္နဲ႔ ပတ္သက္လို႔ ေဟာကိန္းထုတ္လိုက္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.