Premier League
၁၈.၃.၂၀၂၀၊ ၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
တစ်နေ့တာ ကရိုဏ်း
UNICODE: တစ်နေ့တာ တိထီနှင့် ယုဂ်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅း၂၅ အထိ တိထီ ၁၀ လုံး။ ကျော်လျှင် ၁၁ လုံး။ အထူးယုဂ်ကောင်း(သို့)ယုဂ်ဆိုးမရှိ။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
မွန်းလွဲ ၁၃း၅၉ အထိ ပြုဗ္ဗာသဋ္ဌ်နက္ခတ်၊ ကျော်လျှင် ဥတ္တရာသဋ္ဌ်နက္ခတ်။ နေ့လယ် ၁၂း၄၅ အထိ ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။ ကျော်လျှင် ပရီဃယုဂ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရခြင်း၊ အခက်အခဲ၊ အတားအဆီးအား ကျော်ဖြတ်ပြီးမှ ချမ်းသာရာရခြင်းများ ရှိမည်။
တစ်နေ့တာ ကရိုဏ်း
ညနေ ၁၆း၅၀ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ နောက်တစ်နေ့နံနက် ၅း၂၅ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅း၂၅ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)