Premier League

အိမ္မွာ မေနဘဲ ေဘာလုံးထြက္ကစားမိလို႔ ခ်ဲလ္ဆီးအသင္းကို ေတာင္းပန္ခဲ့ရတဲ့ ေမဆန္ေမာင့္

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္လူ ေမဆန္ေမာင့္ဟာ ကို႐ိုနာဗုိင္းရပ္စ္အႏၲရာယ္ေၾကာင့္ ခြဲျခားေစာင့္ၾကည့္ကာလကို ေဆာင္ရြက္ေနစဥ္မွာ အိမ္မွာ မေနဘဲ ေဘာလုံးကြင္းတစ္ကြင္းကုိ သြားၿပီး သူငယ္ခ်င္းေတြနဲ႔ ကစားခဲ့တာကို သတင္းဌာနေတြက ေဖာ္ျပခဲ့အၿပီးမွာ အသင္းကို ေတာင္းပန္ခဲ့ရပါတယ္။

ဒီျဖစ္ရပ္မွာ အသက္ ၂၁ ႏွစ္အရြယ္ ခ်ဲလ္ဆီးကြင္းလယ္လူဟာ သူငယ္ခ်င္းေတြကို ကိုယ္တုိင္စုစည္းၿပီး ကားနဲ႔ ေခၚလာခဲ့ပုံရၿပီး ေဘာလုံးကြင္းမွာ တစ္ဖက္ကို ၅ ေယာက္ ခြဲကစားခဲ့သလို ဒီထဲမွာ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္လည္း ပါဝင္ေနခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ က်န္းမာေရးအာဏာပုိင္ေတြက ခ်မွတ္ထားတဲ့ လမ္းညႊန္ခ်က္နဲ႔ စည္းမ်ဥ္းေတြအတုိင္း လုိက္နာဖို႔ သူတို႔ကစားသမားေတြကို ညႊန္ၾကားထားၿပီး ဒါကို ေမဆန္ေမာင့္ဟာ သူ႕သူငယ္ခ်င္းတစ္ဦးျဖစ္ၿပီး တူညီတဲ့ ကန္႔သတ္ထားမွဳမ်ဳိး မရွိတဲ့ ဒက္ကလန္ ႐ိုက္စ္နဲ႔အတူ ဘားနက္ေဒသက ထရင့္ပါ့ခ္ ေဘာလုံးကစားကြင္းကို သြားခဲ့တာလည္းျဖစ္ပါတယ္။

အသင္းရဲ႕ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးကေတာ့ ဒါဟာ တာဝန္ယူမွဳ မရွိတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ဟဒ္ဆန္-အိုဒြဳိင္းကို ကို႐ိုနာဗုိင္းရပ္စ္ပုိး ေတြ႕ရွိထားခ်ိန္မွာ ဂ႐ုမစိုက္တဲ့ အျပဳအမူမ်ဳိး လုပ္ခဲ့တဲ့ ေမဆန္ေမာင့္ကို အျပစ္တင္သြားခဲ့ၿပီး အသင္းအေနနဲ႔ ႀကီးမားတဲ့ ဒဏ္ေငြခ်မွတ္သြားဖို႔လည္း ရွိတယ္လုိ႔ ဆုိပါတယ္။

ေမဆန္ေမာင့္ကေတာ့ ဒီေနာက္ပုိင္းမွာ နည္းျပ ဖရန္႔ လမ္းပတ္ကို ဖုန္းေခၚၿပီး ေတာင္းပန္စကားေျပာခဲ့တယ္လို႔ သိရၿပီး ေလ့က်င့္ေရးကြင္းကို ၁၄ ရက္မလာဘဲ အိမ္မွာ ခြဲျခားေနထိုင္ေစာင့္ၾကည့္ရမယ့္အစား ဒီလိုအျပဳအမူကို လုပ္ေဆာင္ခဲ့တဲ့သူ႕ကို မ်က္ျမင္သက္ေသေတြနဲ႔ မီဒီယာေတြေပၚမွာ ျပစ္တင္ေျပာဆုိမွဳေတြ ရွိေနခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ မေဆန်မောင့်ဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ခွဲခြားစောင့်ကြည့်ကာလကို ဆောင်ရွက်နေစဉ်မှာ အိမ်မှာ မနေဘဲ ဘောလုံးကွင်းတစ်ကွင်းကို သွားပြီး သူငယ်ချင်းတွေနဲ့ ကစားခဲ့တာကို သတင်းဌာနတွေက ဖော်ပြခဲ့အပြီးမှာ အသင်းကို တောင်းပန်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ အသက် ၂၁ နှစ်အရွယ် ချဲလ်ဆီးကွင်းလယ်လူဟာ သူငယ်ချင်းတွေကို ကိုယ်တိုင်စုစည်းပြီး ကားနဲ့ ခေါ်လာခဲ့ပုံရပြီး ဘောလုံးကွင်းမှာ တစ်ဖက်ကို ၅ ယောက် ခွဲကစားခဲ့သလို ဒီထဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်လည်း ပါဝင်နေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကျန်းမာရေးအာဏာပိုင်တွေက ချမှတ်ထားတဲ့ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာဖို့ သူတို့ကစားသမားတွေကို ညွှန်ကြားထားပြီး ဒါကို မေဆန်မောင့်ဟာ သူ့သူငယ်ချင်းတစ်ဦးဖြစ်ပြီး တူညီတဲ့ ကန့်သတ်ထားမှုမျိုး မရှိတဲ့ ဒက်ကလန် ရိုက်စ်နဲ့အတူ ဘားနက်ဒေသက ထရင့်ပါ့ခ် ဘောလုံးကစားကွင်းကို သွားခဲ့တာလည်းဖြစ်ပါတယ်။

အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒါဟာ တာဝန်ယူမှု မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဟဒ်ဆန်-အိုဒွိုင်းကို ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားချိန်မှာ ဂရုမစိုက်တဲ့ အပြုအမူမျိုး လုပ်ခဲ့တဲ့ မေဆန်မောင့်ကို အပြစ်တင်သွားခဲ့ပြီး အသင်းအနေနဲ့ ကြီးမားတဲ့ ဒဏ်ငွေချမှတ်သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

မေဆန်မောင့်ကတော့ ဒီနောက်ပိုင်းမှာ နည်းပြ ဖရန့် လမ်းပတ်ကို ဖုန်းခေါ်ပြီး တောင်းပန်စကားပြောခဲ့တယ်လို့ သိရပြီး လေ့ကျင့်ရေးကွင်းကို ၁၄ ရက်မလာဘဲ အိမ်မှာ ခွဲခြားနေထိုင်စောင့်ကြည့်ရမယ့်အစား ဒီလိုအပြုအမူကို လုပ်ဆောင်ခဲ့တဲ့သူ့ကို မျက်မြင်သက်သေတွေနဲ့ မီဒီယာတွေပေါ်မှာ ပြစ်တင်ပြောဆိုမှုတွေ ရှိနေခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.