La Liga Premier League Transfer News

ပါတေးနဲ့ အားမရသေးလို့ စပိန်ကလပ်တွေကို ငွေကြေးထောက်ပံ့ပေးဦးမယ့် အာတီတာ

အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်း ပေးခဲ့ရပြီး အက်သလက်တီကိုက ခြေစွမ်းကို တဝက်တောင် မမီတဲ့ သောမတ်စ် ပါတေးကို အားမလိုအားမရဖြစ်နေတဲ့ နည်းပြ မီခယ်လ် အာတီတာဟာ နောက်ထပ်လာလီဂါကွင်းလယ်လူတစ်ဦးကို ခေါ်ယူပြီး စပိန်ကလပ်တွေအတွက် ငွေကြေးထောက်ပံ့မှုတွေကို ထပ်မံပြုလုပ်သွားဦးမယ်လို့ ဆိုပါတယ်။

အက်သလက်တီကိုက ခြေစွမ်းကို မမီချိန်မှာ ဂိုးဧရိယာထိပ်ကနေ ပွဲကြည့်စင်ပေါ် မကြာခဏ လှမ်းလှမ်းကန်နေတဲ့ ဂါနာသားကိုတော့ ပရိသတ်တွေက ငှက်ပစ်တာတွေ မလုပ်ပါနဲ့တော့လို့ တောင်းဆိုခဲ့ကြပြီးမှာ သူက ဒီလိုဆိုရင်လည်း မလုပ်တော့ပါဘူးလို့ ကတိပေးသွားခဲ့အပြီး မန်စီးတီး လက်ထောက်နည်းပြဟောင်းအနေနဲ့ ကွင်းလယ်ကို ထပ်မံအားဖြည့်ဖို့ ရီးရဲလ်ဘက်တစ်ကနေ လူခေါ်ဦးမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဂီဒို ရိုဒရီးရက်ဇ်လို့ အမည်ရတဲ့ ကွင်းလယ်လူဟာ ဆီဗီးလ်အခြေစိုက်ကလပ် ဘက်တစ်ကို ဒီရာသီမှာမှ မက္ကဆီကိုလီဂါMXကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် လာလီဂါ ၂၅ ပွဲနဲ့ ကိုပါဒယ်လ်ရေး ၃ ပွဲတို့ ကစားအပြီး ပြိုင်ပွဲတစ်ခုမှာ တစ်ဂိုးစီ သွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

လာမယ့် သင်္ကြန်ပြီးရင် အသက် ၂၇ နှစ် ပြည့်မြောက်မှာဖြစ်တဲ့ အာဂျင်တီးနားသားဟာ သူ့ရဲ့ ကစားသမားဘဝကို ပြည်တွင်းအင်အားကြီး ရေးဗားပလိတ်မှာ စတင်ခဲ့ပေမယ့် သိပ်ကြာကြာမကစားလိုက်ရဘဲ လီဂါMXရဲ့ တီဟွာနာအသင်းကို စတင်ပြောင်းရွှေ့ခဲ့ပြီး နောက်တစ်ရာသီမှာတော့ ထိပ်တန်းကလပ် အမေရိကားအသင်းကို ပြောင်းရွှေ့ခဲ့သလို ခြေစွမ်းပြနိုင်ခဲ့လို့ ဘက်တစ်က ခေါ်ယူလိုက်တာပါ။

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ၁၀ ပွဲကစားပြီး ၁ ဂိုး သွင်းယူထားနိုင်တဲ့ ရိုဒရီးရက်ဇ်ဟာ ဥရောပမှာ ကစားဖို့အတွက်တော့ အီတလီပတ်စ်ပို့ကို ကိုင်ဆောင်ထားခဲ့ပြီး ဘက်တစ်နဲ့ ပေါင် ၆၈ သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားခဲ့သလို ကွင်းလယ်အဖျက်ပိုင်းမှာ ကစားသူတစ်ဦးလို့ သိရပါတယ်။

အသင်းရဲ့ ကွင်းလယ်မှာ လူတွေ များနေပေမယ့် ပွဲမစည်သေးဘူးလို့ ယူဆနေတဲ့ ကွင်းလယ်လူဟောင်းကြီး အာတီတာကတော့ သူ့ကို ရဖို့ဆိုရင် လျော်ကြေးစာချုပ်ကို အသုံးပြုရရင်လည်း စိတ်မရှိဘူးလို့ သိရပြီး ဘက်တစ်နဲ့ ဆွေးနွေးဖို့ထက် လာလီဂါအဖွဲ့ချုပ်နဲ့ တိုက်ရိုက်ဆွးနွေးဖို့ ဆန္ဒရှိနေတယ်လို့လည်း ဆိုပါတယ်။

သောမတ်စ် ပါတေး ရှိပြီးသားအချိန်မှာ အင်္ဂလန်မြေနဲ့ အသားကျဖို့ ခက်ခဲတဲ့ အာဂျင်တီးနားသားတစ်ယောက်ကို ဥရောပမှာ တစ်ရာသီသာ ကစားပြီးချိန်မှာ ခေါ်ယူမယ်ဆိုတာကတော့ အာဆင်နယ်အသင်းအတွက် တော်တော်လေးစွန့်စားရမယ့် လုပ်ရပ်မျိုးဖြစ်နေပြီး ဒီအသင်းမှာ တန်ဂိုတွေဟာ အောင်မြင်မှုလည်း မရခဲ့ဖူးတာကြောင့် ရှားရှားပါးပါး လက်စွမ်းပြတဲ့ မာတီနက်ဇ်အလွန်မှာ ဂီဒို ရိုဒရီးရက်ဇ်ကို ခေါ်ယူရင် ဘာတွေဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅ သန္း ေပးခဲ့ရၿပီး အက္သလက္တီကိုက ေျခစြမ္းကို တဝက္ေတာင္ မမီတဲ့ ေသာမတ္စ္ ပါေတးကို အားမလိုအားမရျဖစ္ေနတဲ့ နည္းျပ မီခယ္လ္ အာတီတာဟာ ေနာက္ထပ္လာလီဂါကြင္းလယ္လူတစ္ဦးကို ေခၚယူၿပီး စပိန္ကလပ္ေတြအတြက္ ေငြေၾကးေထာက္ပံ့မႈေတြကို ထပ္မံျပဳလုပ္သြားဦးမယ္လို႔ ဆိုပါတယ္။

အက္သလက္တီကိုက ေျခစြမ္းကို မမီခ်ိန္မွာ ဂိုးဧရိယာထိပ္ကေန ပြဲၾကည့္စင္ေပၚ မၾကာခဏ လွမ္းလွမ္းကန္ေနတဲ့ ဂါနာသားကိုေတာ့ ပရိသတ္ေတြက ငွက္ပစ္တာေတြ မလုပ္ပါနဲ႔ေတာ့လို႔ ေတာင္းဆိုခဲ့ၾကၿပီးမွာ သူက ဒီလိုဆိုရင္လည္း မလုပ္ေတာ့ပါဘူးလို႔ ကတိေပးသြားခဲ့အၿပီး မန္စီးတီး လက္ေထာက္နည္းျပေဟာင္းအေနနဲ႔ ကြင္းလယ္ကို ထပ္မံအားျဖည့္ဖို႔ ရီးရဲလ္ဘက္တစ္ကေန လူေခၚဦးမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဂီဒို ႐ိုဒရီးရက္ဇ္လို႔ အမည္ရတဲ့ ကြင္းလယ္လူဟာ ဆီဗီးလ္အေျခစိုက္ကလပ္ ဘက္တစ္ကို ဒီရာသီမွာမွ မကၠဆီကိုလီဂါMXကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ လာလီဂါ ၂၅ ပြဲနဲ႔ ကိုပါဒယ္လ္ေရး ၃ ပြဲတို႔ ကစားအၿပီး ၿပိဳင္ပြဲတစ္ခုမွာ တစ္ဂိုးစီ သြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။

လာမယ့္ သၾကၤန္ၿပီးရင္ အသက္ ၂၇ ႏွစ္ ျပည့္ေျမာက္မွာျဖစ္တဲ့ အာဂ်င္တီးနားသားဟာ သူ႔ရဲ႕ ကစားသမားဘဝကို ျပည္တြင္းအင္အားႀကီး ေရးဗားပလိတ္မွာ စတင္ခဲ့ေပမယ့္ သိပ္ၾကာၾကာမကစားလိုက္ရဘဲ လီဂါMXရဲ႕ တီဟြာနာအသင္းကို စတင္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ေနာက္တစ္ရာသီမွာေတာ့ ထိပ္တန္းကလပ္ အေမရိကားအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သလို ေျခစြမ္းျပႏိုင္ခဲ့လို႔ ဘက္တစ္က ေခၚယူလိုက္တာပါ။

အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔ ၁၀ ပြဲကစားၿပီး ၁ ဂိုး သြင္းယူထားႏိုင္တဲ့ ႐ိုဒရီးရက္ဇ္ဟာ ဥေရာပမွာ ကစားဖို႔အတြက္ေတာ့ အီတလီပတ္စ္ပို႔ကို ကိုင္ေဆာင္ထားခဲ့ၿပီး ဘက္တစ္နဲ႔ ေပါင္ ၆၈ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့သလို ကြင္းလယ္အဖ်က္ပိုင္းမွာ ကစားသူတစ္ဦးလို႔ သိရပါတယ္။

အသင္းရဲ႕ ကြင္းလယ္မွာ လူေတြ မ်ားေနေပမယ့္ ပြဲမစည္ေသးဘူးလို႔ ယူဆေနတဲ့ ကြင္းလယ္လူေဟာင္းႀကီး အာတီတာကေတာ့ သူ႔ကို ရဖို႔ဆိုရင္ ေလ်ာ္ေၾကးစာခ်ဳပ္ကို အသုံးျပဳရရင္လည္း စိတ္မရွိဘူးလို႔ သိရၿပီး ဘက္တစ္နဲ႔ ေဆြးေႏြးဖို႔ထက္ လာလီဂါအဖြဲ႕ခ်ဳပ္နဲ႔ တိုက္႐ိုက္ဆြးေႏြးဖို႔ ဆႏၵရွိေနတယ္လို႔လည္း ဆိုပါတယ္။

ေသာမတ္စ္ ပါေတး ရွိၿပီးသားအခ်ိန္မွာ အဂၤလန္ေျမနဲ႔ အသားက်ဖို႔ ခက္ခဲတဲ့ အာဂ်င္တီးနားသားတစ္ေယာက္ကို ဥေရာပမွာ တစ္ရာသီသာ ကစားၿပီးခ်ိန္မွာ ေခၚယူမယ္ဆိုတာကေတာ့ အာဆင္နယ္အသင္းအတြက္ ေတာ္ေတာ္ေလးစြန႔္စားရမယ့္ လုပ္ရပ္မ်ိဳးျဖစ္ေနၿပီး ဒီအသင္းမွာ တန္ဂိုေတြဟာ ေအာင္ျမင္မႈလည္း မရခဲ့ဖူးတာေၾကာင့္ ရွားရွားပါးပါး လက္စြမ္းျပတဲ့ မာတီနက္ဇ္အလြန္မွာ ဂီဒို ႐ိုဒရီးရက္ဇ္ကို ေခၚယူရင္ ဘာေတြျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.